ပရီးမီးယားလိဂ္နဲ႔ လီဗာပူးအသင္းသားေတြ လႊမ္းမိုးခဲ့တဲ့ UEFA အေကာင္းဆံုး ဆန္ကာတင္စာရင္း

ယူအီးအက္ဖ္ေအဟာ ဒီေန႔မွာ ၂၀၁၈-၂၀၁၉ရာသီ ခ်န္ပီယံလိဂ္ရဲ႕ ေနရာအလိုက္ အေကာင္းဆံုးဆုအတြက္ ဆန္ကာတင္ ကစားသမား စာရင္းကို ေၾကညာခဲ့ပါတယ္။

ဆုေတြကို ၂၀၁၈-၂၀၁၉ ရာသီကေန အေကာင္းဆံုး ဂိုးသမား၊ အေကာင္းဆံုး ေနာက္ခံလူ၊ အေကာင္းဆံုး ကြင္းလယ္လူနဲ႔ အေကာင္းဆံုး တိုက္စစ္မွဴး အျဖစ္ ေပးအပ္သြားမွာ ျဖစ္ပါတယ္။ ၂၀၁၉-၂၀၂၀ ရာသီ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ မဲခြဲပဲြ က်င္းပမယ့္ ျသဂုတ္ ၂၉ရက္ ၾကာသပေတးေန႔ မိုနာကိုမွာပဲ ေပးအပ္မွာ ျဖစ္ပါတယ္။

ဒိုင္ေတြကို ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ ကလပ္၃၂သင္းရဲ႕ နည္းျပေတြ၊ ယူအီးအက္ဖ္ေအရဲ႕ ၅၅ ေယာက္အဖြဲ႔အစည္း တစ္ခုစီက ဂ်ာနယ္လစ္ ၅၅ေယာက္ နဲ႔ ဥေရာပ အားကစား မီဒီယာက ေရြးခ်ယ္ထားတဲ့ သူေတြနဲ႔ ဖြဲ႔စည္းထားတာပါ။ နည္းျပေတြကို သူတို႔အသင္းက ကစားသမားေတြအတြက္ မဲေပးဖို႔ ခြင့္မျပဳထားပါဘူး။

နည္းျပေတြနဲ႔ ဂ်ာနယ္လစ္ေတြကို အမ်ိဳးအစား တစ္ခုစီအတြက္ ငါးမွတ္၊ သံုးမွတ္၊ တစ္မွတ္စီ ခြဲၿပီး ဆန္ကာတင္ ကစားသမား သံုးေယာက္ ကို ေရြးခ်ယ္ေစခဲ့ပါတယ္။ ေနာက္ဆံုးရလဒ္ကိုေတာ့ နည္းျပေတြနဲ႔ ဂ်ာနယ္လစ္ေတြ ေပးထားတဲ့ မဲအေရအတြက္ အားလံုးေပါင္းၿပီး ဆံုးျဖတ္မွာပါ။

ပရီးမီးယားလိဂ္နဲ႔ လီဗာပူးအသင္း ကစားသမားေတြ လႊမ္းမိုးထားခဲ့ျပီး အမ်ိဳးအစား တစ္ခုစီက အမွတ္အမ်ားဆံုး ရတဲ့ ဆန္ကာတင္ ကစားသမား သံုးေယာက္ကို နာမည္အကၡရာ အစဥ္အတိုင္း ေဖာ္ျပေပးပါမယ္။

ဂိုးသမား

  • အယ္လီဆန္ ဘက္ကာ (လီဗာပူး၊ ဘရာဇီး)
  • ဟူဂို လိုရစ္ (ေတာ့တင္ဟမ္ ၊ ျပင္သစ္)
  • တာစတီဂ်န္ (ဘာစီလိုနာ ၊ ဂ်ာမနီ)

ေနာက္ခံလူ

  • အလက္ဇန္းဒါး အာႏိုး (လီဗာပူး ၊ အဂၤလန္)
  • ဒီလစ္ (ေအဂ်က္ (ယခု ဂ်ဴဗင္တပ္) ၊ နယ္သာလန္)
  • ဗန္ဒိုက္ (လီဗာပူး၊ နယ္သာလန္)

ကြင္းလယ္လူ

  • ဒီေဂ်ာင္ (ေအဂ်က္ (ယခု ဘာစီလိုနာ) ၊ နယ္သာလန္)
  • အဲရစ္ဆင္ (ေတာ့တင္ဟမ္ ၊ ဒိန္းမတ္)
  • ေဂ်ာ္ဒန္ ဟန္ဒါဆန္ (လီဗာပူး၊ အဂၤလန္)

တိုက္စစ္မွဴး

  • မာေနး ( လီဗာပူး၊ ဆီနီေဂါ)
  • မက္ဆီ (ဘာစီလိုနာ ၊ အာဂ်င္တီးနား)
  • ေရာ္နယ္ဒို (ဂ်ဴဗင္တပ္ ၊ ေပၚတူဂီ )

ယူအီးအက္ဖ္ေအဟာ ၂၀၁၈-၂၀၁၉ ရာသီ ယူ႐ိုပါလိဂ္ရဲ႕ အေကာင္းဆံုး ဆုေတြရဲ႕ ဆန္ကာတင္ စာရင္းကိုလဲ ေၾကညာခဲ့ပါတယ္။ ဒီဆုကိုလဲ ျသဂုတ္ ၃၀ရက္ ေသာၾကာေန႔ မိုနာကိုမွာ က်င္းပမယ့္ ၂၀၁၉-၂၀၂၀ ရာသီ အုပ္စုမဲခြဲပြဲမွာပဲ ေပးအပ္သြားမွာပါ။

ဒိုင္ေတြအျဖစ္ အုပ္စုအဆင့္က ကလပ္ ၄၈ ခုရဲ႕ နည္းျပေတြနဲ႔ ဥေရာပ အားကစား မီဒီယာက ဂ်ာနယ္လစ္ ၅၅ေယာက္တို႔ကို ေရြးခ်ယ္ေစခဲ့ပါတယ္။ နည္းျပေတြကို သူတို႔အသင္းက ကစားသမားေတြအတြက္ မဲေပးဖို႔ ခြင့္မျပဳထားပါဘူး။

နည္းျပေတြနဲ႔ ဂ်ာနယ္လစ္ေတြကို ငါးမွတ္၊ သံုးမွတ္၊ တစ္မွတ္စီ ခြဲၿပီး ဆန္ကာတင္ ကစားသမား သံုးေယာက္ ကို ေရြးခ်ယ္ေစခဲ့ပါတယ္။ ေနာက္ဆံုးရလဒ္ကိုေတာ့ နည္းျပေတြနဲ႔ ဂ်ာနယ္လစ္ေတြ ေပးထားတဲ့ မဲအေရအတြက္ အားလံုးေပါင္းၿပီး ဆံူးျဖတ္မွာပါ။ အားလံုးထဲမွာ အမွတ္အမ်ားဆံုး ရတဲ့ ဆန္ကာတင္ ကစားသမား သံုးေယာက္ကို နာမည္အကၡရာ အစဥ္အတိုင္း ေဖာ္ျပေပးပါမယ္။

  • အိုလီဗာဂ်ီ႐ူး (ခ်ယ္ဆီး၊ ျပင္သစ္)
  • အီဒင္ဟာဇက္ (ခ်ယ္ဆီး (ယခု ရီးရဲလ္မက္ဒရစ္) ၊ ဘယ္လ္ဂ်ီယမ္ )
  • လူကာဂ်ိဳဗစ္ (ဖရန္႔ဖတ္(ယခု ရီးရဲလ္မက္ဒရစ္ ၊ ဆားဘီးယား)

Sports Home Time

[Unicode] ယူအီးအက်ဖ်အေဟာ ဒီနေ့မှာ ၂၀၁၈-၂၀၁၉ရာသီ ချန်ပီယံလိဂ်ရဲ့ နေရာအလိုက် အကောင်းဆုံးဆုအတွက် ဆန်ကာတင် ကစားသမား စာရင်းကို ကြေညာခဲ့ပါတယ်။

ဆုတွေကို ၂၀၁၈-၂၀၁၉ ရာသီကနေ အကောင်းဆုံး ဂိုးသမား၊ အကောင်းဆုံး နောက်ခံလူ၊ အကောင်းဆုံး ကွင်းလယ်လူနဲ့ အကောင်းဆုံး တိုက်စစ်မှူး အဖြစ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲပွဲ ကျင်းပမယ့် သြဂုတ် ၂၉ရက် ကြာသပတေးနေ့ မိုနာကိုမှာပဲ ပေးအပ်မှာ ဖြစ်ပါတယ်။

ဒိုင်တွေကို ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့် ကလပ်၃၂သင်းရဲ့ နည်းပြတွေ၊ ယူအီးအက်ဖ်အေရဲ့ ၅၅ ယောက်အဖွဲ့အစည်း တစ်ခုစီက ဂျာနယ်လစ် ၅၅ယောက် နဲ့ ဥရောပ အားကစား မီဒီယာက ရွေးချယ်ထားတဲ့ သူတွေနဲ့ ဖွဲ့စည်းထားတာပါ။ နည်းပြတွေကို သူတို့အသင်းက ကစားသမားတွေအတွက် မဲပေးဖို့ ခွင့်မပြုထားပါဘူး။

နည်းပြတွေနဲ့ ဂျာနယ်လစ်တွေကို အမျိုးအစား တစ်ခုစီအတွက် ငါးမှတ်၊ သုံးမှတ်၊ တစ်မှတ်စီ ခွဲပြီး ဆန်ကာတင် ကစားသမား သုံးယောက် ကို ရွေးချယ်စေခဲ့ပါတယ်။ နောက်ဆုံးရလဒ်ကိုတော့ နည်းပြတွေနဲ့ ဂျာနယ်လစ်တွေ ပေးထားတဲ့ မဲအရေအတွက် အားလုံးပေါင်းပြီး ဆုံးဖြတ်မှာပါ။

ပရီးမီးယားလိဂ်နဲ့ လီဗာပူးအသင်း ကစားသမားတွေ လွှမ်းမိုးထားခဲ့ပြီး အမျိုးအစား တစ်ခုစီက အမှတ်အများဆုံး ရတဲ့ ဆန်ကာတင် ကစားသမား သုံးယောက်ကို နာမည်အက္ခရာ အစဉ်အတိုင်း ဖော်ပြပေးပါမယ်။

ဂိုးသမား

  • အယ်လီဆန် ဘက်ကာ (လီဗာပူး၊ ဘရာဇီး)
  • ဟူဂို လိုရစ် (တော့တင်ဟမ် ၊ ပြင်သစ်)
  • တာစတီဂျန် (ဘာစီလိုနာ ၊ ဂျာမနီ)

နောက်ခံလူ

  • အလက်ဇန်းဒါး အာနိုး (လီဗာပူး ၊ အင်္ဂလန်)
  • ဒီလစ် (အေဂျက် (ယခု ဂျူဗင်တပ်) ၊ နယ်သာလန်)
  • ဗန်ဒိုက် (လီဗာပူး၊ နယ်သာလန်)

ကွင်းလယ်လူ

  • ဒီဂျောင် (အေဂျက် (ယခု ဘာစီလိုနာ) ၊ နယ်သာလန်)
  • အဲရစ်ဆင် (တော့တင်ဟမ် ၊ ဒိန်းမတ်)
  • ဂျော်ဒန် ဟန်ဒါဆန် (လီဗာပူး၊ အင်္ဂလန်)

တိုက်စစ်မှူး

  • မာနေး ( လီဗာပူး၊ ဆီနီဂေါ)
  • မက်ဆီ (ဘာစီလိုနာ ၊ အာဂျင်တီးနား)
  • ရော်နယ်ဒို (ဂျူဗင်တပ် ၊ ပေါ်တူဂီ )

ယူအီးအက်ဖ်အေဟာ ၂၀၁၈-၂၀၁၉ ရာသီ ယူရိုပါလိဂ်ရဲ့ အကောင်းဆုံး ဆုတွေရဲ့ ဆန်ကာတင် စာရင်းကိုလဲ ကြေညာခဲ့ပါတယ်။ ဒီဆုကိုလဲ သြဂုတ် ၃၀ရက် သောကြာနေ့ မိုနာကိုမှာ ကျင်းပမယ့် ၂၀၁၉-၂၀၂၀ ရာသီ အုပ်စုမဲခွဲပွဲမှာပဲ ပေးအပ်သွားမှာပါ။

ဒိုင်တွေအဖြစ် အုပ်စုအဆင့်က ကလပ် ၄၈ ခုရဲ့ နည်းပြတွေနဲ့ ဥရောပ အားကစား မီဒီယာက ဂျာနယ်လစ် ၅၅ယောက်တို့ကို ရွေးချယ်စေခဲ့ပါတယ်။ နည်းပြတွေကို သူတို့အသင်းက ကစားသမားတွေအတွက် မဲပေးဖို့ ခွင့်မပြုထားပါဘူး။

နည်းပြတွေနဲ့ ဂျာနယ်လစ်တွေကို ငါးမှတ်၊ သုံးမှတ်၊ တစ်မှတ်စီ ခွဲပြီး ဆန်ကာတင် ကစားသမား သုံးယောက် ကို ရွေးချယ်စေခဲ့ပါတယ်။ နောက်ဆုံးရလဒ်ကိုတော့ နည်းပြတွေနဲ့ ဂျာနယ်လစ်တွေ ပေးထားတဲ့ မဲအရေအတွက် အားလုံးပေါင်းပြီး ဆူံးဖြတ်မှာပါ။ အားလုံးထဲမှာ အမှတ်အများဆုံး ရတဲ့ ဆန်ကာတင် ကစားသမား သုံးယောက်ကို နာမည်အက္ခရာ အစဉ်အတိုင်း ဖော်ပြပေးပါမယ်။

  • အိုလီဗာဂျီရူး (ချယ်ဆီး၊ ပြင်သစ်)
  • အီဒင်ဟာဇက် (ချယ်ဆီး (ယခု ရီးရဲလ်မက်ဒရစ်) ၊ ဘယ်လ်ဂျီယမ် )
  • လူကာဂျိုဗစ် (ဖရန့်ဖတ်(ယခု ရီးရဲလ်မက်ဒရစ် ၊ ဆားဘီးယား)

Sports Home Time