ေလာ္ရိုး၏ ပရီးမီးယားလိဂ္ အဖြင့္သီတင္းပတ္ ပြဲစဥ္ (၁) အတြက္ ခန္႔မွန္းခ်က္မ်ား

[Zawgyi] ဘီဘီစီမွ ေလာ္႐ိုးရဲ႕ ဒီတပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁ ပြဲေတြအတြက္ သံုးသပ္ခ်က္မ်ားကို Sports Home Time ပရိသတ္မ်ားအတြက္ ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္။

လီဗာပူး Vs ေနာ၀စ္ခ်္

ၾသဂုတ္လ ၁၀၊ စေနေန႔ မနက္ ၁း၃၀ နာရီ

ဒီပြဲအတြက္ အန္ဖီးကြင္းမွာရွိေနမွာျဖစ္ျပီး လီဗာပူးအႏုိင္ရဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ၾကားရက္မွာ စူပါဖလား ယွဥ္ျပိဳင္ရဖို႔ ရွိေပမယ့္ ယာဂင္ကေလာ့ပ္ဟာ သန္မာတဲ့ လူစာရင္းကို ထုတ္သံုးမွာျဖစ္ျပီး ပံုမွန္ သံုးေယာက္တြဲတိုက္စစ္ကို အသံုးျပဳလာႏုိင္ပါတယ္။ ပရီးမီးယားလိဂ္တန္းတက္အသင္းေတြလိုပဲ ေနာ၀စ္ခ်္က ခံစစ္သိပ္မေကာင္းပါဘူး။ ပရီးမီးယားလိဂ္မွာ သူတို႔ သြင္းဂိုးေတြ ရမလားလည္းရွိပါတယ္။

သူတို႔ရဲ႕တိုက္စစ္သမား ပူကီဟာ ခ်န္ပီယံရွစ္မွာ ဂိုးသြင္းေကာင္းေပမယ့္ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၁၀ ဂိုးရမယ္ မထင္ပါဘူး။ ေနာ၀စ္ခ်္ဟာ စြမ္းအားအျပည့္နဲ႔ ပြဲထြက္မွာျဖစ္ေပမယ့္ လီဗာပူးကို ျပႆနာေတြ အမ်ားၾကီး ေပးႏုိင္မယ္ မထင္ပါဘူး။ ေနာ၀စ္ခ်္က လာမယ့္လေတြမွာ ခက္ခဲတဲ့အခ်ိန္ေတြကို ရင္ဆိုင္ရပါမယ္။

ေလာ္ရိုး ခန္႕မွန္းရလဒ္။ ။ လီဗာပူး ၂-၀ ေနာ၀စ္ခ်္

၀က္စ္ဟမ္း Vs မန္စီးတီး

ၾသဂုတ္လ ၁၀၊ စေနေန႔ ညေန ၆း၀၀ နာရီ

ျပီးခဲ့တဲ့ ကြန္ျမဴနတီဒိုင္း ပထမပိုင္းမွာ မန္စီးတီးကစားခဲ့ပံုနဲ႔ ကြင္းလယ္လူ ရိုဒရီရဲ႕ ကစားပံုေတြကို သေဘာေတြ႔ပါတယ္။ ဝက္ဟမ္းက ကစားသမားေကာင္းေတြေခၚယူဖို႔ အလုပ္မ်ားတဲ့ ေႏြကာလကို ေက်ာ္ျဖတ္ထားရတယ္။ သူတို႔ ဘယ္ေလာက္ ပံုစံေကာင္းေနမလဲ၊ မန္စီးတီးကို ေျခေခ်ာ္ေစမွာလားဆိုတာ ေစာင့္ၾကည့္ရပါမယ္။ မန္စီးတီးက လန္ဒန္ကြင္းကိုသြားျပီး ဝက္ဟမ္းကို ဒုကၡၾကီးေပးမွာပါ။ ေနာက္ဆံုးသြားခဲ့တဲ့ ေလးၾကိမ္က ၅-၀၊ ၄-၀၊ ၄-၁နဲ႔ ၄-၀ ေတြ ဂိုးျပန္ထားေပမယ့္ ဒီတစ္ၾကိမ္ေတာ့ ခက္ခဲမယ္လို႔ ထင္ပါတယ္။

ေလာ္ရိုး ခန္႕မွန္းရလဒ္။ ။ ၀က္စ္ဟမ္း ၁-၂ မန္စီးတီး

ဘုန္းေမာက္ Vs ရွက္ဖီးယူနိုက္တက္

ၾသဂုတ္လ ၁၀၊ စေနေန႔ ည ၈း၃၀ နာရီ

ရွက္ဖီးကို က်ေနာ္ အထင္ၾကီးပါတယ္။ သူ႔တို႔အသင္းကစားဟန္မွာ အားလံုးကလည္း ေဘာလံုးနဲ႔ သက္ေသာင့္သက္သာရွိတယ္။ ဘုန္းေမာက္ရဲ႕ ျပႆနာကေတာ့ အဆံုးသတ္မႈ အပိုင္းမွာပါ။ ဒီပြဲကေတာ့ ဘုန္းေမာက္က ေဘာလံုးေကာင္းေကာင္းကစားႏုိင္ေပမယ့္ ရွက္ဖီးကလည္း အားထုတ္မွာပါ။ ႏွစ္သင္းေျခစြမ္းက သိပ္မကြာပဲ ရလဒ္က နီးနီးစပ္စပ္ပဲျဖစ္မွာပါ။

ေလာ္ရိုး ခန္႕မွန္းရလဒ္။ ။ ဘုန္းေမာက္ ၁-၁ ရွက္ဖီးယူနိုက္တက္

ဘန္ေလ Vs ေဆာက္သမ္တန္

ၾသဂုတ္လ ၁၀၊ စေနေန႔ ည ၈း၃၀ နာရီ

ႏွစ္သင္းလံုးက လူေခၚယူမႈေတြ အမ်ားၾကီး မလုပ္ထားဘူး။ မႏွစ္က ဘန္ေလဟာ ယူရိုပါလိဂ္ကို ယွဥ္ျပိဳင္ရတဲ့ ရိုက္ခတ္မႈ ရွိခဲ့ေပမယ့္ ဒီရာသီမွာ သူတို႔ကို ၾကည့္ရမွာက ပိုစိတ္လႈပ္ရွားေစတယ္။ လြယ္ကူတဲ့ပြဲတစ္ပြဲ ျဖစ္လာမွာေတာ့ မဟုတ္ဘူး။

ေလာ္ရိုး ခန္႕မွန္းရလဒ္။ ။ ဘန္ေလ ၂-၁ ေဆာက္သမ္တန္

ခရစၥတယ္ပဲေလ့စ္ Vs အဲဗာတန္

ၾသဂုတ္လ ၁၀၊ စေနေန႔ ည ၈း၃၀ နာရီ

အဲဗာတန္က ဇာဟာကို ေခၚယူေပမယ့္ မေအာင္ျမင္ခဲ့ဘူး။ သူက ဒီအပတ္မွာ ပဲေလစ့္အတြက္ပဲ ကစားေပးလိမ့္မယ္။ ပဲေလစ့္က မက္ကတ္သီနဲ႔ ကာေဟးတို႔ကို ေခၚယူထားႏုိင္တယ္။ ပဲေလစ့္အတြက္ ျပႆနာက သြင္းဂိုးေတြျဖစ္ျပီး အဲဗာတန္ရဲ႕ လက္မွတ္ထိုးမႈ အသစ္ေတြကေကာ ဘာလုပ္ျပႏုိင္မလဲက စိတ္ဝင္စားစရာပါပဲ။

ေလာ္ရိုး ခန္႕မွန္းရလဒ္။ ။ ခရစၥတယ္ပဲေလ့စ္ ၁-၁ အဲဗာတန္

၀က္ဖို႔ဒ္ Vs ဘရိုက္တန္

ၾသဂုတ္လ ၁၀၊ စေနေန႔ ည ၈း၃၀ နာရီ

မႏွစ္ကေတာ့ ဝက္ဖိုဒ့္က ေလးပြဲဆက္အႏုိင္နဲ႔ ရာသီစခဲ့တယ္။ ဒါေပမယ့္ ေျခစြမ္းမတည္ျငိမ္တာက ခန္႔မွန္းရခက္ေစပါတယ္။ ဘရိုက္တန္မန္ေနဂ်ာက ခံစစ္ကေန တည္ေဆာက္မႈအျမဲလုပ္တဲ့ သူပါ။ သူတို႔ေတြက ျပိဳင္ဘက္ဧရိယာထဲ တက္ကစားဖို႔လိုတယ္။ ခံစစ္ကစားဖို႔ထက္ ျပိဳင္ဘက္ေတြကို ျခိမ္းေျခာက္ရမယ္။

ေလာ္ရိုး ခန္႕မွန္းရလဒ္။ ။ ၀က္ဖို႔ဒ္ ၂-၀ ဘရိုက္တန္

စပါး Vs အက္စတြန္ဗီလာ

ၾသဂုတ္လ ၁၀၊ စေနေန႔ ည ၁၁း၀၀ နာရီ

အက္စတြန္ဗီလာက ကစားသမားသစ္ေတြ အမ်ားၾကီးကို ေခၚယူထားတယ္။ သူတို႔က ခ်န္ပီယံရွစ္မွာလည္း ပံုစံေကာင္းေတြနဲ႔ တက္လာတာပါ။ သူတို႔အတြက္ေတာ့ စပါးက ေတာင့္တင္းလြန္းပါတယ္။ တန္းတက္အသင္းေတြထဲမွာ အက္စတြန္ဗီလာကေတာ့ လိဂ္မွာတင္က်န္ေနဖို႔ အခြင့္အေရး အမ်ားဆံုးပါပဲ။

ေလာ္ရိုး ခန္႕မွန္းရလဒ္။ ။ စပါး ၂-၀ အက္စတြန္ဗီလာ

လက္စတာ Vs ၀ုဗ္

ၾသဂုတ္လ ၁၁၊ တနဂၤေႏြေန႔ ည ၇း၃၀ နာရီ

လူေတြက လက္စတာဟာ ၾကီးေျခာက္ၾကီးထဲ ဝင္ႏုိင္တဲ့ အသင္းလို႔ ေျပာၾကေပမယ့္ က်ေနာ္ကေတာ့ မထင္ပါဘူး။ မက္ဂြဲရားကို ယူႏုိက္တက္ထံ ေပါင္ ၈၀ သန္းနဲ႔ ေရာင္းထုတ္လုိက္ျပီး အစားထိုးမႈ ျပန္မလုပ္တာကို က်ေနာ္ နားမလည္ႏုိင္ဘူး။ သူတို႔က ဗာဒီရဲ႕ သြင္းဂိုးေတြအေပၚမွာ မွီခိုလြန္းေနတယ္။ သူဒဏ္ရာရရင္ လက္စတာ ဒုကၡေရာက္ျပီပဲ။

ဝုဗ္ကလည္း မႏွစ္က အဆင့္ ၇ နဲ႔ ရာသီသိမ္းေတာ့ ဒီရာသီမွာ ပိုျမင့္တဲ့ အဆင့္မွာ ရပ္တည္ဖို႔ ရည္မွန္းေနတာပါ။ ဒါေပမယ့္လို႔ အဆင့္ ၁၀ အထဲ ဝင္ဖို႔ရည္မွန္းဖို႔ကပဲ ပိုျဖစ္ႏုိင္ပါတယ္။ ဝုဗ္က ခံစစ္အခိုင္ကစားတဲ့ အသင္းေတြကို ေဖာက္ထြက္ရခက္တယ္ဆိုတာ မႏွစ္က ျမင္ခဲ့ျပီးျပီး ဒီေတာ့ သူတို႔ ဘယ္လို ကစားမယ္ဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ျပီး ပိုေကာင္းလာသင့္တယ္။ ဒါေပမယ့္ အဖြင့္ပြဲကိုေတာ့ ႏုိင္ဖို႔ မလြယ္ပါဘူး။

ေလာ္ရိုး ခန္႕မွန္းရလဒ္။ ။ လက္စတာ ၂-၁ ၀ုဗ္

နယူးကာဆယ္ Vs အာဆင္နယ္

ၾသဂုတ္လ ၁၁၊ တနဂၤေႏြေန႔ ည ၇း၃၀ နာရီ

နယူးကာဆယ္ပရိသတ္ေတြက ရာဖာကို ႏွစ္သက္ၾကတယ္ဆိုတာ နားလည္ေပမယ့္ စတိဗ္ဘရုစ္ကလည္း မန္ေနဂ်ာေကာင္းပါ။ ပရီးမီးယားလိဂ္မွာ အလုပ္ေကာင္းေတြ အမ်ားၾကီး လုပ္ထားႏုိင္တယ္။ အသင္းပရိသတ္ေတြက သူ႔ေနာက္က ေထာက္ခံေပးဖို႔ လိုပါတယ္။ အာဆင္နယ္က အားေကာင္းတဲ့ ေခၚယူမႈေတြ ရထားတာကလည္း ဘရုစ္အတြက္ ခက္ခဲေစမွာပါ။ တိုက္စစ္က ျပိဳင္ပြဲတိုင္းကို အႏုိင္ရဖို႔ လံုေလာက္သလို လူးဝစ္နဲ႔ တီရာေနးတို႔ကိုလည္း ေခၚယူထားပါတယ္။

ေလာ္ရိုး ခန္႕မွန္းရလဒ္။ ။ နယူးကာဆယ္ ၀-၂ အာဆင္နယ္

မန္ခ်က္စတာ ယူနိုက္တက္ Vs ခ်ယ္ဆီး

ၾသဂုတ္လ ၁၁၊ တနဂၤေႏြေန႔ ည ၁၀း၀၀ နာရီ

ခ်ယ္ဆီးမန္ေနဂ်ာဘဝ လမ္းပတ္ရဲ႕ ပထမဆံုးပြဲပါ။ သူဟာ ဒါဘီအသင္းမန္ေနဂ်ာအျဖစ္နဲ႔ အိုထရတ္ဖိုဒ့္မွာ ႏုိင္ပြဲရခဲ့ျပီးပါျပီ။ အျပာေရာင္ေတြကို ဦးေဆာင္ခြင့္ရေပမယ့္ လူသစ္ေခၚယူဖို႔ေတာ့ အခြင့္အေရး မရခဲ့ဘူး။ ခ်ယ္ဆီးရဲ႕ သြင္းဂိုးေတြက ဘယ္ကလာမယ္ဆိုတာကို က်ေနာ္ ၾကည့္ခ်င္ပါတယ္။ ဒီရာသီမွာ အဆင့္ေလးအတြင္းဝင္ရင္ လမ္းပတ္အတြက္ ေအာင္ျမင္တာပါပဲ။ ယူႏုိက္တက္ မန္ေနဂ်ာဆိုးရွားအတြက္လည္း အတူတူပါပဲ။

ေလာ္ရိုး ခန္႕မွန္းရလဒ္။ ။ မန္ခ်က္စတာ ယူနိုက္တက္ ၁-၁ ခ်ယ္ဆီး

Sports Home Time

[Unicode] ဘီဘီစီမှ လော်ရိုးရဲ့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁ ပွဲတွေအတွက် သုံးသပ်ချက်များကို Sports Home Time ပရိသတ်များအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

လီဗာပူး Vs နောဝစ်ချ်

သြဂုတ်လ ၁၀၊ စနေနေ့ မနက် ၁း၃၀ နာရီ

ဒီပွဲအတွက် အန်ဖီးကွင်းမှာရှိနေမှာဖြစ်ပြီး လီဗာပူးအနိုင်ရဖို့ မျှော်လင့်နေပါတယ်။ ကြားရက်မှာ စူပါဖလား ယှဉ်ပြိုင်ရဖို့ ရှိပေမယ့် ယာဂင်ကလော့ပ်ဟာ သန်မာတဲ့ လူစာရင်းကို ထုတ်သုံးမှာဖြစ်ပြီး ပုံမှန် သုံးယောက်တွဲတိုက်စစ်ကို အသုံးပြုလာနိုင်ပါတယ်။ ပရီးမီးယားလိဂ်တန်းတက်အသင်းတွေလိုပဲ နောဝစ်ချ်က ခံစစ်သိပ်မကောင်းပါဘူး။ ပရီးမီးယားလိဂ်မှာ သူတို့ သွင်းဂိုးတွေ ရမလားလည်းရှိပါတယ်။

သူတို့ရဲ့တိုက်စစ်သမား ပူကီဟာ ချန်ပီယံရှစ်မှာ ဂိုးသွင်းကောင်းပေမယ့် ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၀ ဂိုးရမယ် မထင်ပါဘူး။ နောဝစ်ချ်ဟာ စွမ်းအားအပြည့်နဲ့ ပွဲထွက်မှာဖြစ်ပေမယ့် လီဗာပူးကို ပြဿနာတွေ အများကြီး ပေးနိုင်မယ် မထင်ပါဘူး။ နောဝစ်ချ်က လာမယ့်လတွေမှာ ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ရပါမယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ လီဗာပူး ၂-၀ နောဝစ်ချ်

ဝက်စ်ဟမ်း Vs မန်စီးတီး

သြဂုတ်လ ၁၀၊ စနေနေ့ ညနေ ၆း၀၀ နာရီ

ပြီးခဲ့တဲ့ ကွန်မြူနတီဒိုင်း ပထမပိုင်းမှာ မန်စီးတီးကစားခဲ့ပုံနဲ့ ကွင်းလယ်လူ ရိုဒရီရဲ့ ကစားပုံတွေကို သဘောတွေ့ပါတယ်။ ဝက်ဟမ်းက ကစားသမားကောင်းတွေခေါ်ယူဖို့ အလုပ်များတဲ့ နွေကာလကို ကျော်ဖြတ်ထားရတယ်။ သူတို့ ဘယ်လောက် ပုံစံကောင်းနေမလဲ၊ မန်စီးတီးကို ခြေချော်စေမှာလားဆိုတာ စောင့်ကြည့်ရပါမယ်။ မန်စီးတီးက လန်ဒန်ကွင်းကိုသွားပြီး ဝက်ဟမ်းကို ဒုက္ခကြီးပေးမှာပါ။ နောက်ဆုံးသွားခဲ့တဲ့ လေးကြိမ်က ၅-ဝ၊ ၄-ဝ၊ ၄-၁နဲ့ ၄-၀ တွေ ဂိုးပြန်ထားပေမယ့် ဒီတစ်ကြိမ်တော့ ခက်ခဲမယ်လို့ ထင်ပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ဝက်စ်ဟမ်း ၁-၂ မန်စီးတီး

ဘုန်းမောက် Vs ရှက်ဖီးယူနိုက်တက်

သြဂုတ်လ ၁၀၊ စနေနေ့ ည ၈း၃၀ နာရီ

ရှက်ဖီးကို ကျနော် အထင်ကြီးပါတယ်။ သူ့တို့အသင်းကစားဟန်မှာ အားလုံးကလည်း ဘောလုံးနဲ့ သက်သောင့်သက်သာရှိတယ်။ ဘုန်းမောက်ရဲ့ ပြဿနာကတော့ အဆုံးသတ်မှု အပိုင်းမှာပါ။ ဒီပွဲကတော့ ဘုန်းမောက်က ဘောလုံးကောင်းကောင်းကစားနိုင်ပေမယ့် ရှက်ဖီးကလည်း အားထုတ်မှာပါ။ နှစ်သင်းခြေစွမ်းက သိပ်မကွာပဲ ရလဒ်က နီးနီးစပ်စပ်ပဲဖြစ်မှာပါ။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် ၁-၁ ရှက်ဖီးယူနိုက်တက်

ဘန်လေ Vs ဆောက်သမ်တန်

သြဂုတ်လ ၁၀၊ စနေနေ့ ည ၈း၃၀ နာရီ

နှစ်သင်းလုံးက လူခေါ်ယူမှုတွေ အများကြီး မလုပ်ထားဘူး။ မနှစ်က ဘန်လေဟာ ယူရိုပါလိဂ်ကို ယှဉ်ပြိုင်ရတဲ့ ရိုက်ခတ်မှု ရှိခဲ့ပေမယ့် ဒီရာသီမှာ သူတို့ကို ကြည့်ရမှာက ပိုစိတ်လှုပ်ရှားစေတယ်။ လွယ်ကူတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာတော့ မဟုတ်ဘူး။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ဘန်လေ ၂-၁ ဆောက်သမ်တန်

ခရစ္စတယ်ပဲလေ့စ် Vs အဲဗာတန်

သြဂုတ်လ ၁၀၊ စနေနေ့ ည ၈း၃၀ နာရီ

အဲဗာတန်က ဇာဟာကို ခေါ်ယူပေမယ့် မအောင်မြင်ခဲ့ဘူး။ သူက ဒီအပတ်မှာ ပဲလေစ့်အတွက်ပဲ ကစားပေးလိမ့်မယ်။ ပဲလေစ့်က မက်ကတ်သီနဲ့ ကာဟေးတို့ကို ခေါ်ယူထားနိုင်တယ်။ ပဲလေစ့်အတွက် ပြဿနာက သွင်းဂိုးတွေဖြစ်ပြီး အဲဗာတန်ရဲ့ လက်မှတ်ထိုးမှု အသစ်တွေကကော ဘာလုပ်ပြနိုင်မလဲက စိတ်ဝင်စားစရာပါပဲ။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ခရစ္စတယ်ပဲလေ့စ် ၁-၁ အဲဗာတန်

ဝက်ဖို့ဒ် Vs ဘရိုက်တန်

သြဂုတ်လ ၁၀၊ စနေနေ့ ည ၈း၃၀ နာရီ

မနှစ်ကတော့ ဝက်ဖိုဒ့်က လေးပွဲဆက်အနိုင်နဲ့ ရာသီစခဲ့တယ်။ ဒါပေမယ့် ခြေစွမ်းမတည်ငြိမ်တာက ခန့်မှန်းရခက်စေပါတယ်။ ဘရိုက်တန်မန်နေဂျာက ခံစစ်ကနေ တည်ဆောက်မှုအမြဲလုပ်တဲ့ သူပါ။ သူတို့တွေက ပြိုင်ဘက်ဧရိယာထဲ တက်ကစားဖို့လိုတယ်။ ခံစစ်ကစားဖို့ထက် ပြိုင်ဘက်တွေကို ခြိမ်းခြောက်ရမယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ဝက်ဖို့ဒ် ၂-၀ ဘရိုက်တန်

စပါး Vs အက်စတွန်ဗီလာ

သြဂုတ်လ ၁၀၊ စနေနေ့ ည ၁၁း၀၀ နာရီ

အက်စတွန်ဗီလာက ကစားသမားသစ်တွေ အများကြီးကို ခေါ်ယူထားတယ်။ သူတို့က ချန်ပီယံရှစ်မှာလည်း ပုံစံကောင်းတွေနဲ့ တက်လာတာပါ။ သူတို့အတွက်တော့ စပါးက တောင့်တင်းလွန်းပါတယ်။ တန်းတက်အသင်းတွေထဲမှာ အက်စတွန်ဗီလာကတော့ လိဂ်မှာတင်ကျန်နေဖို့ အခွင့်အရေး အများဆုံးပါပဲ။

လော်ရိုး ခန့်မှန်းရလဒ်။ ။ စပါး ၂-၀ အက်စတွန်ဗီလာ

လက်စတာ Vs ဝုဗ်

သြဂုတ်လ ၁၁၊ တနင်္ဂနွေနေ့ ည ရး၃၀ နာရီ

လူတွေက လက်စတာဟာ ကြီးခြောက်ကြီးထဲ ဝင်နိုင်တဲ့ အသင်းလို့ ပြောကြပေမယ့် ကျနော်ကတော့ မထင်ပါဘူး။ မက်ဂွဲရားကို ယူနိုက်တက်ထံ ပေါင် ၈၀ သန်းနဲ့ ရောင်းထုတ်လိုက်ပြီး အစားထိုးမှု ပြန်မလုပ်တာကို ကျနော် နားမလည်နိုင်ဘူး။ သူတို့က ဗာဒီရဲ့ သွင်းဂိုးတွေအပေါ်မှာ မှီခိုလွန်းနေတယ်။ သူဒဏ်ရာရရင် လက်စတာ ဒုက္ခရောက်ပြီပဲ။

ဝုဗ်ကလည်း မနှစ်က အဆင့် ၇ နဲ့ ရာသီသိမ်းတော့ ဒီရာသီမှာ ပိုမြင့်တဲ့ အဆင့်မှာ ရပ်တည်ဖို့ ရည်မှန်းနေတာပါ။ ဒါပေမယ့်လို့ အဆင့် ၁၀ အထဲ ဝင်ဖို့ရည်မှန်းဖို့ကပဲ ပိုဖြစ်နိုင်ပါတယ်။ ဝုဗ်က ခံစစ်အခိုင်ကစားတဲ့ အသင်းတွေကို ဖောက်ထွက်ရခက်တယ်ဆိုတာ မနှစ်က မြင်ခဲ့ပြီးပြီး ဒီတော့ သူတို့ ဘယ်လို ကစားမယ်ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး ပိုကောင်းလာသင့်တယ်။ ဒါပေမယ့် အဖွင့်ပွဲကိုတော့ နိုင်ဖို့ မလွယ်ပါဘူး။

လော်ရိုး ခန့်မှန်းရလဒ်။ ။ လက်စတာ ၂-၁ ဝုဗ်

နယူးကာဆယ် Vs အာဆင်နယ်

သြဂုတ်လ ၁၁၊ တနင်္ဂနွေနေ့ ည ရး၃၀ နာရီ

နယူးကာဆယ်ပရိသတ်တွေက ရာဖာကို နှစ်သက်ကြတယ်ဆိုတာ နားလည်ပေမယ့် စတိဗ်ဘရုစ်ကလည်း မန်နေဂျာကောင်းပါ။ ပရီးမီးယားလိဂ်မှာ အလုပ်ကောင်းတွေ အများကြီး လုပ်ထားနိုင်တယ်။ အသင်းပရိသတ်တွေက သူ့နောက်က ထောက်ခံပေးဖို့ လိုပါတယ်။ အာဆင်နယ်က အားကောင်းတဲ့ ခေါ်ယူမှုတွေ ရထားတာကလည်း ဘရုစ်အတွက် ခက်ခဲစေမှာပါ။ တိုက်စစ်က ပြိုင်ပွဲတိုင်းကို အနိုင်ရဖို့ လုံလောက်သလို လူးဝစ်နဲ့ တီရာနေးတို့ကိုလည်း ခေါ်ယူထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် ဝ-၂ အာဆင်နယ်

မန်ချက်စတာ ယူနိုက်တက် Vs ချယ်ဆီး

သြဂုတ်လ ၁၁၊ တနင်္ဂနွေနေ့ ည ၁၀း၀၀ နာရီ

ချယ်ဆီးမန်နေဂျာဘဝ လမ်းပတ်ရဲ့ ပထမဆုံးပွဲပါ။ သူဟာ ဒါဘီအသင်းမန်နေဂျာအဖြစ်နဲ့ အိုထရတ်ဖိုဒ့်မှာ နိုင်ပွဲရခဲ့ပြီးပါပြီ။ အပြာရောင်တွေကို ဦးဆောင်ခွင့်ရပေမယ့် လူသစ်ခေါ်ယူဖို့တော့ အခွင့်အရေး မရခဲ့ဘူး။ ချယ်ဆီးရဲ့ သွင်းဂိုးတွေက ဘယ်ကလာမယ်ဆိုတာကို ကျနော် ကြည့်ချင်ပါတယ်။ ဒီရာသီမှာ အဆင့်လေးအတွင်းဝင်ရင် လမ်းပတ်အတွက် အောင်မြင်တာပါပဲ။ ယူနိုက်တက် မန်နေဂျာဆိုးရှားအတွက်လည်း အတူတူပါပဲ။

လော်ရိုး ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ ယူနိုက်တက် ၁-၁ ချယ်ဆီး

Sports Home Time