ၾကာသပေတးေန႔ ပရီးမီးယားလိဂ္ နံနက္ခင္းသတင္းမ်ား

[Zawgyi] မန္စီးတီးတိုက္စစ္သမား ဆာေနး ျပင္းထန္တဲ့ ဒူးဒဏ္ရာ ရရွိသြားတာေၾကာင့္ ဘိုင္ယန္ျမဴးနစ္ဘက္က ေခၚယူဖို႔ ၾကိဳးစားမႈအား ေနာက္ဆုတ္သြားခဲ့ျပီ ျဖစ္ပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္ဟာ မနွစ္က ကဲ့သို႔ မန္စီးတီး၊ လီဗာပူး နွစ္သင္းတည္းသာ ခ်န္ပီယံဆုအတြက္ အျပိဳင္လုရတဲ့ အျဖစ္မ်ိဳး ရွိမွာ မဟုတ္ဘဲ အျခား စိန္ေခၚနိုင္တဲ့အသင္းေတြ ရွိလိမ့္မယ္ ယံုၾကည္ေၾကာင္း ဂြာဒီယိုလာက ေျပာဆိုထားပါတယ္။

မန္စီးတီး တိုက္စစ္သမား ရာဟင္းစတားလင္းက ပို ေျခစြမ္းေကာင္းလာဖို႔သာ ရွိျပီး ဒီရာသီ ေရႊဖိနပ္ဆုရွင္ ျဖစ္လာနုိင္ေၾကာင္း Talk Sport ကေလာင္ရွင္ Adrian Durham က သံုးသပ္ေျပာဆိုထားပါတယ္။

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္က လာမယ့္ရာသီ ပရီးမီးယားလိဂ္ အမွတ္ေပးဖလားကို စိန္ေခၚနုိင္တဲ့အသင္း ၆ သင္းေလာက္ ရွိျပီး ျပိဳင္ဆိုင္မႈ ျပင္းထန္ဦးမယ္လို႔ မွတ္ခ်က္ျပဳလိုက္ပါတယ္။

လီဗာပူးတိုက္စစ္သမား ရွာကြီရီဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ပြဲကစားခြင့္မ်ား ပိုရလာဖို႔ ရွိျပီး ကစားသမားသစ္ မ်ားမ်ား စားစား မေခၚယူနိုင္ေပမယ့္ ရွာကြီရီ ပို ကစားခြင့္ ရလာပါက အသင္းကို အင္အားျဖည့္တင္းရာ ေရာက္ကာ ကာမိမယ္လို႔ ကေလာ့ပ္က ေမွ်ာ္လင့္ထားပါတယ္။

ရွာကြီရီကို ျပင္သစ္ကလပ္ မိုနာကိုအသင္းက အငွားနဲ႕ ေခၚယူဖို႔ ၾကိဳးစားေနျပီး လီဗာပူးအသင္းမွာ ထက္ လစာပိုေပးဖို႔ စီစဥ္ကာ စည္းရံုးေနဆဲ ျဖစ္ပါတယ္။

ခ်ယ္ဆီးခံစစ္မွဴး ေဒးဗစ္လူး၀စ္ဟာ စတန္းဖို႔ ဘရစ္ခ်္ကေန အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕လိုေနျပီး ေလ့က်င့္ေရးမွာပါ ပါ၀င္ဖို႔ ပ်က္ကြက္ခဲ့ပါတယ္။ အာဆင္နယ္နည္းျပ အမ္မရီကလည္း အေျပာင္းအေရႊ႕ မပိတ္ခင္ ေနာက္ဆံုးရက္မွာ ဗဟိုခံစစ္မွဴးတစ္ဦး အရေခၚယူရန္ စိတ္အားထက္သန္ေနပါတယ္။

ခ်ယ္ဆီးအသင္း လက္ရွိ လူစာရင္းမွာ အဂၤလန္ ငယ္ေမြးျခံေပါက္ မဟုတ္တဲ့ non-homegrown ကစားသမား ၁၈ ေယာက္ထိ ရွိေနျပီး ပရီးမီးယားလိဂ္ ခြင့္ျပဳမွာက ၁၇ ေယာက္သာ ရွိလို႔ တစ္ေယာက္ အသင္း ထြက္ခြာရမယ့္ အေနအထားရွိေနပါတယ္။

ရိမ္းဂ်ားစ္နည္းျပ စတီဗင္ဂ်ရတ္ဟာ ျပီးခဲ့တဲ့နွစ္ ေႏြက ေမဆန္ေမာင့္ကို ရိမ္းဂ်ားစ္သို႔ ေခၚယူဖို႔ ၾကိဳးစားခဲ့ေၾကာင္း ေမာင့္ရဲ႕ ဖခင္ ျဖစ္သူက ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

စပါးကြင္းလယ္ကစားသမား အလီက ၄င္း ငယ္စဥ္ဘ၀ စံနမူနာထား အားက်ရတဲ့ ကစားသမားေတြက စတီဗင္ဂ်ရတ္နဲ႕ ေရာ္နယ္ဒင္ဟို ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။ အလီက ဘရာဇီးသားရဲ႕ ေျခစြမ္း ဗီဒီယိုမ်ားကို ရွာေဖြၾကည့္ရႈရင္း ၾကီးျပင္းလာခဲ့ရတယ္လို႔ ဆိုပါတယ္။

ေကာ္တင္ညိဳကို အငွားနဲ႕ ေခၚယူဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရတာေၾကာင့္ စပါးက ဘရာဇီးသားကို ေခၚယူဖို႔ ၾကိဳးစားမႈ အဆံုးသတ္လိုက္ျပီ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ လူငယ္ခံစစ္မွဴး ဒိုမိနစ္ သြန္ပဆင္ကို ဘရန္႔ဖို႔ဒ္ အသင္းထံ ေရာင္းခ််ခဲ့ျပီ ျဖစ္ျပီး ကစားသမားက ေဆးစစ္မွႈခံယူေနျပီ ျဖစ္ပါတယ္။ သြန္ပဆင္က ျပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္-၂ လူငယ္လိဂ္မွာ ၁၃ ပြဲ ပါ၀င္ကစားခဲ့ပါတယ္။

ဒီေႏြမွာ စာခ်ဳပ္ကုန္ဆံုးလို႔ အသင္းက ထြက္ခြာသြားတဲ့ တိုက္စစ္မွဴး ဒန္နီ ၀ဲလ္ဘတ္ဟာ ဝတ္ဖိုဒ့္အသင္းသို႔ ေရာက္ရွိသြားျပီ ျဖစ္ျပီး ၄င္းကို ပရီးမီးယားလိဂ္မွာ ဆက္လက္ ျမင္ေတြ႔ရဦးမွာပါ။

ေဘာ္ဒိုးအသင္းသို႔ ေရာက္ရွိသြားျပီ ျဖစ္တဲ့ အာဆင္နယ္ခံစစ္မွဴး ကိုစီရယ္နီက ၄င္းဟာ ကလပ္အသင္းကို မေလးမစား ျပဳလုပ္လိုျခင္း အလ်င္း မရွိခဲ့ေၾကာင္း ေျပာဆိုကာ အသင္းက ထြက္ခါနီး ျပႆနာအခ်ိဳ႕ ရွိခဲ့တာ အတြက္ ေျဖရွင္းထားပါတယ္။

ယူႏိုက္တက္က ေစာင့္ၾကည့္ေလ့လာမႈေတြ ျပဳလုပ္ေနတယ္လုိ႔ သတင္းေတြ ေပၚထြက္ေနတဲ့ အသက္ (၁၉) ႏွစ္အ႐ြယ္ လူငယ္ ကစားသမားေလး Hakon Evjen ကေတာ့ ယူႏိုက္တက္မွာ ကစားရဖို႔ဟာ သူ႕ဆႏၵျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားသြားခဲ့ပါတယ္။

အင္တာမီလန္ဟာ ယူနိုက္တက္ တိုက္စစ္မွဴး လူကာကူအတြက္ ကမ္းလွမ္းမႈ အသစ္ ျပဳလုပ္ထားျပီး ဘယ္လ္ဂ်ီယံသားကို အရ ေခၚယူနိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။ လူကာကူရဲ႕ ေအးဂ်င့္ Federico Pastorello ဟာ အဂၤလန္သုိ႔ ေရာက္ရွိေနျပီး ယူနိုက္တက္ တာ၀န္ရွိသူမ်ားနဲ႕ ေဆြးေႏြးမႈ ျပဳလုပ္ေနရာ အင္တာမီလန္သို႔ ေျပာင္းခြင့္ျပဳဖို႔ နႈတ္အားျဖင့္ သေဘာတူညီမႈ ရထားျပီလို႔ သိရပါတယ္။

ယူနိုက္တက္ ဒီေႏြမွာ ပစ္မွတ္ထားခဲ့တဲ့ ခရစၥတယ္ပဲေလ့စ္ တိုက္စစ္မွဴး ဇာဟာ က ၄င္းကို ထြက္ခြာခြင့္ျပဳဖို႔ ပဲေလ့စ္အသင္းထံ ေျပာင္းေရႊ႕ခြင့္ တင္ခဲ့ေၾကာင္း သတင္းထြက္လာျပီးေနာက္ ဇာဟာကို ေခၚယူဖို႔ ျပန္ၾကိဳးစားရန္ ယူနိုက္တက္ ပရိသတ္မ်ားက ေတာင္းဆိုမႈေတြ ရွိေနပါတယ္။ ဇာဟာကို လတ္တေလာ ၾကိဳးပမ္းေနတာကေတာ့ အဲဗာတန္အသင္း ျဖစ္ပါတယ္။

Sports Home Time

[Unicode] မန်စီးတီးတိုက်စစ်သမား ဆာနေး ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိသွားတာကြောင့် ဘိုင်ယန်မြူးနစ်ဘက်က ခေါ်ယူဖို့ ကြိုးစားမှုအား နောက်ဆုတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ဟာ မနှစ်က ကဲ့သို့ မန်စီးတီး၊ လီဗာပူး နှစ်သင်းတည်းသာ ချန်ပီယံဆုအတွက် အပြိုင်လုရတဲ့ အဖြစ်မျိုး ရှိမှာ မဟုတ်ဘဲ အခြား စိန်ခေါ်နိုင်တဲ့အသင်းတွေ ရှိလိမ့်မယ် ယုံကြည်ကြောင်း ဂွာဒီယိုလာက ပြောဆိုထားပါတယ်။

မန်စီးတီး တိုက်စစ်သမား ရာဟင်းစတားလင်းက ပို ခြေစွမ်းကောင်းလာဖို့သာ ရှိပြီး ဒီရာသီ ရွှေဖိနပ်ဆုရှင် ဖြစ်လာနိုင်ကြောင်း Talk Sport ကလောင်ရှင် Adrian Durham က သုံးသပ်ပြောဆိုထားပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က လာမယ့်ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တဲ့အသင်း ၆ သင်းလောက် ရှိပြီး ပြိုင်ဆိုင်မှု ပြင်းထန်ဦးမယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။

လီဗာပူးတိုက်စစ်သမား ရှာကွီရီဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ပွဲကစားခွင့်များ ပိုရလာဖို့ ရှိပြီး ကစားသမားသစ် များများ စားစား မခေါ်ယူနိုင်ပေမယ့် ရှာကွီရီ ပို ကစားခွင့် ရလာပါက အသင်းကို အင်အားဖြည့်တင်းရာ ရောက်ကာ ကာမိမယ်လို့ ကလော့ပ်က မျှော်လင့်ထားပါတယ်။

ရှာကွီရီကို ပြင်သစ်ကလပ် မိုနာကိုအသင်းက အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီး လီဗာပူးအသင်းမှာ ထက် လစာပိုပေးဖို့ စီစဉ်ကာ စည်းရုံးနေဆဲ ဖြစ်ပါတယ်။

ချယ်ဆီးခံစစ်မှူး ဒေးဗစ်လူးဝစ်ဟာ စတန်းဖို့ ဘရစ်ချ်ကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လိုနေပြီး လေ့ကျင့်ရေးမှာပါ ပါဝင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အမ်မရီကလည်း အပြောင်းအရွှေ့ မပိတ်ခင် နောက်ဆုံးရက်မှာ ဗဟိုခံစစ်မှူးတစ်ဦး အရခေါ်ယူရန် စိတ်အားထက်သန်နေပါတယ်။

ချယ်ဆီးအသင်း လက်ရှိ လူစာရင်းမှာ အင်္ဂလန် ငယ်မွေးခြံပေါက် မဟုတ်တဲ့ non-homegrown ကစားသမား ၁၈ ယောက်ထိ ရှိနေပြီး ပရီးမီးယားလိဂ် ခွင့်ပြုမှာက ၁၇ ယောက်သာ ရှိလို့ တစ်ယောက် အသင်း ထွက်ခွာရမယ့် အနေအထားရှိနေပါတယ်။

ရိမ်းဂျားစ်နည်းပြ စတီဗင်ဂျရတ်ဟာ ပြီးခဲ့တဲ့နှစ် နွေက မေဆန်မောင့်ကို ရိမ်းဂျားစ်သို့ ခေါ်ယူဖို့ ကြိုးစားခဲ့ကြောင်း မောင့်ရဲ့ ဖခင် ဖြစ်သူက ဖွင့်ဟပြောဆိုခဲ့ပါတယ်။

စပါးကွင်းလယ်ကစားသမား အလီက ၄င်း ငယ်စဉ်ဘဝ စံနမူနာထား အားကျရတဲ့ ကစားသမားတွေက စတီဗင်ဂျရတ်နဲ့ ရော်နယ်ဒင်ဟို ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အလီက ဘရာဇီးသားရဲ့ ခြေစွမ်း ဗီဒီယိုများကို ရှာဖွေကြည့်ရှုရင်း ကြီးပြင်းလာခဲ့ရတယ်လို့ ဆိုပါတယ်။

ကော်တင်ညိုကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတာကြောင့် စပါးက ဘရာဇီးသားကို ခေါ်ယူဖို့ ကြိုးစားမှု အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ လူငယ်ခံစစ်မှူး ဒိုမိနစ် သွန်ပဆင်ကို ဘရန့်ဖို့ဒ် အသင်းထံ ရောင်းချျခဲ့ပြီ ဖြစ်ပြီး ကစားသမားက ဆေးစစ်မှှုခံယူနေပြီ ဖြစ်ပါတယ်။ သွန်ပဆင်က ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်-၂ လူငယ်လိဂ်မှာ ၁၃ ပွဲ ပါဝင်ကစားခဲ့ပါတယ်။

ဒီနွေမှာ စာချုပ်ကုန်ဆုံးလို့ အသင်းက ထွက်ခွာသွားတဲ့ တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘတ်ဟာ ဝတ်ဖိုဒ့်အသင်းသို့ ရောက်ရှိသွားပြီ ဖြစ်ပြီး ၎င်းကို ပရီးမီးယားလိဂ်မှာ ဆက်လက် မြင်တွေ့ရဦးမှာပါ။

ဘော်ဒိုးအသင်းသို့ ရောက်ရှိသွားပြီ ဖြစ်တဲ့ အာဆင်နယ်ခံစစ်မှူး ကိုစီရယ်နီက ၄င်းဟာ ကလပ်အသင်းကို မလေးမစား ပြုလုပ်လိုခြင်း အလျင်း မရှိခဲ့ကြောင်း ပြောဆိုကာ အသင်းက ထွက်ခါနီး ပြဿနာအချို့ ရှိခဲ့တာ အတွက် ဖြေရှင်းထားပါတယ်။

ယူနိုက်တက်က စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ပေါ်ထွက်နေတဲ့ အသက် (၁၉) နှစ်အရွယ် လူငယ် ကစားသမားလေး Hakon Evjen ကတော့ ယူနိုက်တက်မှာ ကစားရဖို့ဟာ သူ့ဆန္ဒဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အင်တာမီလန်ဟာ ယူနိုက်တက် တိုက်စစ်မှူး လူကာကူအတွက် ကမ်းလှမ်းမှု အသစ် ပြုလုပ်ထားပြီး ဘယ်လ်ဂျီယံသားကို အရ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ လူကာကူရဲ့ အေးဂျင့် Federico Pastorello ဟာ အင်္ဂလန်သို့ ရောက်ရှိနေပြီး ယူနိုက်တက် တာဝန်ရှိသူများနဲ့ ဆွေးနွေးမှု ပြုလုပ်နေရာ အင်တာမီလန်သို့ ပြောင်းခွင့်ပြုဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရထားပြီလို့ သိရပါတယ်။

ယူနိုက်တက် ဒီနွေမှာ ပစ်မှတ်ထားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဇာဟာ က ၄င်းကို ထွက်ခွာခွင့်ပြုဖို့ ပဲလေ့စ်အသင်းထံ ပြောင်းရွှေ့ခွင့် တင်ခဲ့ကြောင်း သတင်းထွက်လာပြီးနောက် ဇာဟာကို ခေါ်ယူဖို့ ပြန်ကြိုးစားရန် ယူနိုက်တက် ပရိသတ်များက တောင်းဆိုမှုတွေ ရှိနေပါတယ်။ ဇာဟာကို လတ်တလော ကြိုးပမ်းနေတာကတော့ အဲဗာတန်အသင်း ဖြစ်ပါတယ်။

Sports Home Time