[Zawgyi] လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ဟာ အသင္း မန္ေနဂ်ာ ျဖစ္လာတဲ့ ၂၀၁၅ က စလို႔ အသင္းအတြက္ မယံုနိုုင္စရာ တိုးတက္မႈေတြ ျဖစ္ထြန္းလာေအာင္ လုပ္ေဆာင္ ျပထားပါတယ္။ ဒီေလးနွစ္ အတြင္း လီဗာပူးအသင္းဟာ အဆင္ ေလးအတြင္း ၀င္ဖို႔ ရုန္းကေနရတဲ့ အသင္းကေန ပရီးမီးယားလိဂ္ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲမ်ားမွာ ဗိုလ္စြဲဖို႔ စိန္ေခၚနိုင္စြမ္းရွိတဲ့ အသင္း ျဖစ္လာခဲ့ပါျပီ။
ဒါက ကမၻာ့အဆင့္အရည္အေသြးရွိတဲ့ ပါရမီရွိ တိုက္စစ္သမား ဆာလက္၊ ဗန္ဒိုက္၊ အယ္လီဆန္၊ ဖာမီနိုတို႔ကို ေခၚယူနိုင္ခဲ့ျခင္းေၾကာင့္ ပါ၀င္ သလို လူငယ္ေတြ ရြက္ပုန္းသီးေတြ ျဖစ္တဲ့ ထရန္႔ အလက္ဇႏၵါးအာနိုး၊ ဂ်ိဳးကိုမက္ဇ္၊ ေရာ္ဘတ္ဆန္၊ ဟန္ဒါဆန္တို႔ကို တကယ့္ အားသာခ်က္ အရည္အေသြးမွန္ ေျခေပၚလာေအာင္ လုပ္ေဆာင္ေပးနုိင္ခဲ့တာေတြလည္း ပါ၀င္ပါတယ္။
ေလးနွစ္ အတြင္းမွာပဲ လီဗာပူး လူစာရင္းမွာ အေျပာင္းအလဲ မ်ားသြား ျဖစ္ခဲ့ျပီး ၂၀၁၃-၁၄ က ဗိုလ္စြဲလုနီးပါး ရွိခဲ့ေသာ လူစာရင္းကေန က်န္ရွိေနတဲ့ ကစားသမားက ဟန္ဒါဆန္ တစ္ေယာက္သာ ရွိေတာ့ျပီး အမ်ားစုကေတာ့ ကေလာ့ပ္ေရာင္းတာ စာခ်ဳပ္ကုန္တာနဲ႕ အသင္းကေန ထြက္ခြာကုန္ၾကျပီ ျဖစ္ပါတယ္။
ဂိုးသမား မင္ညိဳလတ္ဟာ ဒီတပတ္ အေစာပိုင္းကပဲ Brugge ကလပ္အသင္းထံ ေျပာင္းေရႊ႕ေၾကး ေပါင္ ၆.၄ သန္းနဲ႕ ေျပာင္းသြားျပီ ျဖစ္ပါတယ္။ ဒီနွစ္ေတြ အတြင္း ကေလာ့ပ္က ကစားသမား ေရာင္းခ်မႈေတြလည္း လိုအပ္သလို ေျပာင္ေျမာက္စြာ ဆံုးျဖတ္ခဲ့တာေတြ ရွိပါတယ္။
ကေလာ့ပ္ ေရာက္လာျပီးေနာက္ ထြက္ခြာသြားတဲ့ ေရာင္းခ်ခံလိုက္ရတဲ့ လီဗာပူး ကစားသမား စာရင္းကို ေဖာ္ျပေပးပါမယ္။ စုစုေပါင္း ကစားသမား ၃၆ ေယာက္ ထြက္ခြာသြားရာမွာ ေရာင္းခ် ရရွိေငြက ေပါင္ 338,350,000 ျဖစ္ပါတယ္။
- JOSE ENRIQUE – RELEASED
- KOLO TOURE – RELEASED
- JORDAN ROSSITER – RELEASED
- JOAO CARLOS TEIXEIRA – RELEASED
- JEROME SINCLAIR – RELEASED
- SAMED YESIL – RELEASED
- SERGI CANOS – NORWICH CITY – £4.5M
- MARTIN SKRTEL – FENERBAHCE – £5.5M
- JORDAN IBE – BOURNEMOUTH – £15M
- JOE ALLEN – STOKE CITY – £13M
- BRAD SMITH – BOURNEMOUTH – £6M
- CHRISTIAN BENTEKE – CRYSTAL PALACE – £32M
- LUIS ALBERTO – LAZIO – £6M
- MARIO BALOTELLI – OGC NICE – FREE
- TIAGO ILORI – READING – £3.75M
- JACK DUNN – RELEASED
- ALEX MANNINGER – RELEASED
- ANDRE WISDOM – DERBY COUNTY – £4.5M
- LUCAS LEIVA – LAZIO – £5M
- RYAN FULTON – HAMILTON ACADEMICAL – FREE
- KEVIN STEWART – HULL CITY – £8M
- MAMADOU SAKHO – CRYSTAL PALACE – £26M
- PHILIPPE COUTINHO – BARCELONA – £142M
- CAMERON BRANNAGAN – OXFORD UNITED – £200,000
- EMRE CAN – JUVENTUS – FREE
- DANNY WARD – LEICESTER CITY – £12.5M
- RAGNAR KLAVAN – CAGLIARI – £2M
- DOMINIC SOLANKE – BOURNEMOUTH – £19M
- LAZAR MARKOVIC – FULHAM – FREE
- RAFAEL CAMACHO – SPORTING LISON – £7M
- DANIEL STURRIDGE – RELEASED
- ALBERTO MORENO – RELEASED
- ADAM BOGDAN – RELEASED
- CONNOR RANDALL – RELEASED
- DANNY INGS – SOUTHAMPTON – £20M
- SIMON MIGNOLET – CLUB BRUGGE – £6.4M
ေကာ္တင္ညိဳိကို ဘာစီလိုနာထံ ေရာင္းခ်မႈကေန လီဗာပူးက ၁၄၂ သန္း ရရွိတာ ျဖစ္ေပမယ့္ ေက်နပ္စရာ အေကာင္းဆံုး ေရာင္းခ်မႈ အေနနဲ႕ ဘန္တီကီနဲ႕ ဆာခို နွစ္ေယာင္ေပါင္း ေပါင္ ၅၈ သန္းနဲ႕ ပဲေလ့စ္ကို ေရာင္းခ်ရတာက ပရိသတ္ သေဘာက်မႈ ပိုမ်ားတာလည္း ရွိပါတယ္။ ဘန္တီကီက ပဲေလ့စ္ေရာက္ျပီး ေျခစြမ္းက်ဆင္းသြားသလို ဆာခိုကလည္း လီဗာပူးအသင္းအတြက္ လံုေလာက္ ေကာင္းမြန္မႈ မရွိခဲ့ပါဘူး။
Sports Home Time
[Unicode] လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ အသင်း မန်နေဂျာ ဖြစ်လာတဲ့ ၂၀၁၅ က စလို့ အသင်းအတွက် မယုံနိုုင်စရာ တိုးတက်မှုတွေ ဖြစ်ထွန်းလာအောင် လုပ်ဆောင် ပြထားပါတယ်။ ဒီလေးနှစ် အတွင်း လီဗာပူးအသင်းဟာ အဆင် လေးအတွင်း ဝင်ဖို့ ရုန်းကနေရတဲ့ အသင်းကနေ ပရီးမီးယားလိဂ် ချန်ပီယံလိဂ် ပြိုင်ပွဲများမှာ ဗိုလ်စွဲဖို့ စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်း ဖြစ်လာခဲ့ပါပြီ။
ဒါက ကမ္ဘာ့အဆင့်အရည်အသွေးရှိတဲ့ ပါရမီရှိ တိုက်စစ်သမား ဆာလက်၊ ဗန်ဒိုက်၊ အယ်လီဆန်၊ ဖာမီနိုတို့ကို ခေါ်ယူနိုင်ခဲ့ခြင်းကြောင့် ပါဝင်သလို လူငယ်တွေ ရွက်ပုန်းသီးတွေ ဖြစ်တဲ့ ထရန့် အလက်ဇန္ဒါးအာနိုး၊ ဂျိုးကိုမက်ဇ်၊ ရော်ဘတ်ဆန်၊ ဟန်ဒါဆန်တို့ကို တကယ့် အားသာချက် အရည်အသွေးမှန် ခြေပေါ်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့တာတွေလည်း ပါဝင်ပါတယ်။
လေးနှစ် အတွင်းမှာပဲ လီဗာပူး လူစာရင်းမှာ အပြောင်းအလဲ များသွား ဖြစ်ခဲ့ပြီး ၂၀၁၃-၁၄ က ဗိုလ်စွဲလုနီးပါး ရှိခဲ့သော လူစာရင်းကနေ ကျန်ရှိနေတဲ့ ကစားသမားက ဟန်ဒါဆန် တစ်ယောက်သာ ရှိတော့ပြီး အများစုကတော့ ကလော့ပ်ရောင်းတာ စာချုပ်ကုန်တာနဲ့ အသင်းကနေ ထွက်ခွာကုန်ကြပြီ ဖြစ်ပါတယ်။
ဂိုးသမား မင်ညိုလတ်ဟာ ဒီတပတ် အစောပိုင်းကပဲ Brugge ကလပ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၆.၄ သန်းနဲ့ ပြောင်းသွားပြီ ဖြစ်ပါတယ်။ ဒီနှစ်တွေ အတွင်း ကလော့ပ်က ကစားသမား ရောင်းချမှုတွေလည်း လိုအပ်သလို ပြောင်မြောက်စွာ ဆုံးဖြတ်ခဲ့တာတွေ ရှိပါတယ်။
ကလော့ပ် ရောက်လာပြီးနောက် ထွက်ခွာသွားတဲ့ ရောင်းချခံလိုက်ရတဲ့ လီဗာပူး ကစားသမား စာရင်းကို ဖော်ပြပေးပါမယ်။ စုစုပေါင်း ကစားသမား ၃၆ ယောက် ထွက်ခွာသွားရာမှာ ရောင်းချ ရရှိငွေက ပေါင် 338,350,000 ဖြစ်ပါတယ်။
- JOSE ENRIQUE – RELEASED
- KOLO TOURE – RELEASED
- JORDAN ROSSITER – RELEASED
- JOAO CARLOS TEIXEIRA – RELEASED
- JEROME SINCLAIR – RELEASED
- SAMED YESIL – RELEASED
- SERGI CANOS – NORWICH CITY – £4.5M
- MARTIN SKRTEL – FENERBAHCE – £5.5M
- JORDAN IBE – BOURNEMOUTH – £15M
- JOE ALLEN – STOKE CITY – £13M
- BRAD SMITH – BOURNEMOUTH – £6M
- CHRISTIAN BENTEKE – CRYSTAL PALACE – £32M
- LUIS ALBERTO – LAZIO – £6M
- MARIO BALOTELLI – OGC NICE – FREE
- TIAGO ILORI – READING – £3.75M
- JACK DUNN – RELEASED
- ALEX MANNINGER – RELEASED
- ANDRE WISDOM – DERBY COUNTY – £4.5M
- LUCAS LEIVA – LAZIO – £5M
- RYAN FULTON – HAMILTON ACADEMICAL – FREE
- KEVIN STEWART – HULL CITY – £8M
- MAMADOU SAKHO – CRYSTAL PALACE – £26M
- PHILIPPE COUTINHO – BARCELONA – £142M
- CAMERON BRANNAGAN – OXFORD UNITED – £200,000
- EMRE CAN – JUVENTUS – FREE
- DANNY WARD – LEICESTER CITY – £12.5M
- RAGNAR KLAVAN – CAGLIARI – £2M
- DOMINIC SOLANKE – BOURNEMOUTH – £19M
- LAZAR MARKOVIC – FULHAM – FREE
- RAFAEL CAMACHO – SPORTING LISON – £7M
- DANIEL STURRIDGE – RELEASED
- ALBERTO MORENO – RELEASED
- ADAM BOGDAN – RELEASED
- CONNOR RANDALL – RELEASED
- DANNY INGS – SOUTHAMPTON – £20M
- SIMON MIGNOLET – CLUB BRUGGE – £6.4M
ကော်တင်ညိိုကို ဘာစီလိုနာထံ ရောင်းချမှုကနေ လီဗာပူးက ၁၄၂ သန်း ရရှိတာ ဖြစ်ပေမယ့် ကျေနပ်စရာ အကောင်းဆုံး ရောင်းချမှု အနေနဲ့ ဘန်တီကီနဲ့ ဆာခို နှစ်ယောင်ပေါင်း ပေါင် ၅၈ သန်းနဲ့ ပဲလေ့စ်ကို ရောင်းချရတာက ပရိသတ် သဘောကျမှု ပိုများတာလည်း ရှိပါတယ်။ ဘန်တီကီက ပဲလေ့စ်ရောက်ပြီး ခြေစွမ်းကျဆင်းသွားသလို ဆာခိုကလည်း လီဗာပူးအသင်းအတွက် လုံလောက် ကောင်းမွန်မှု မရှိခဲ့ပါဘူး။
Sports Home Time