ခ်ယ္ဆီးနဲ႔ သတင္းၾကီးေနတဲ့ တိုက္စစ္မွဴးကို ထိပ္တန္းအဆင့္မွာ ကစားႏုိင္သူလို႔ လူးဝစ္ဇ္ ခ်ီးက်ဴး

[Zawgyi] ခ်ယ္ဆီးေနာက္ခံလူ ေဒးဗစ္လူးဝစ္ဇ္ က ပစ္မွတ္ကစားသမား ျဖစ္တဲ့ ေကာ္လမ္ဝဲလ္ဆန္ ဟာ အသင္းအတြက္ ကစားေပးဖို႔အတြက္ ေကာင္းမြန္တဲ့သူျဖစ္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။

အဂၤါေန႔က သတင္းစာရွင္းလင္းပြဲမွာ လက္ေထာက္မန္ေနဂ်ာ ဂီရန္ဖန္ကိုဇိုလာက ကလပ္ဟာ ဝဲလ္ဆန္ကို စိတ္ဝင္စားေနေၾကာင္း အတည္ျပဳ ျပာၾကားခဲ့တာပါ။ အယ္ဗာ႐ို မိုရာတာ နဲ႔ အိုလီဗာ ဂ်ီ႐ူးတို႔ဟာ ယခုရာသီ ပရီးမီးယားလိဂ္ မွာ ႏွစ္ေယာက္ေပါင္း ၆ ဂိုးသာ သြင္းယူထားႏိုင္တာျဖစ္ပါတယ္။

ဝဲလ္ဆန္ဟာ တစ္ေယာက္ထဲ ၈ ဂိုးသြင္းထားၿပီး ဘုန္းေမာက္အသင္းနဲ႔ အထင္ႀကီးေလာက္စရာ ပထမ ရာသီဝက္အၿပီးမွာ အဂၤလန္သားအေနနဲ႔ ဘယ္ထိပ္သီးကလပ္အတြက္မဆို ကစားဖို႔အဆင္သင့္ျဖစ္ေနလိမ့္မယ္လို႔ လူးဝစ္ဇ္က ထင္ေနပါတယ္။

” သူက အံ့ၾသစရာေကာင္းေအာင္ ႀကီးက်ယ္တဲ့ ကစားသမား တစ္ေယာက္ျဖစ္ပါတယ္။ က်ေနာ္ဟာ ဘုန္းေမာက္ရဲ႕ ကစားပုံ၊ သူတို႔နည္းျပရဲ႕ ပြဲကိုခ်ဥ္းကပ္ပုံ၊ သူတို႔ကစားသမားေတြရဲ႕ ကစားပုံကို သေဘာက်ပါတယ္။ သူတို႔မွာ အမႊာေတြ အမ်ားႀကီးရွိတယ္လို႔ေတာင္ ဝီလီယမ္နဲ႔ အၿမဲတမ္း ဟာသလုပ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔မွာ အရည္အေသြး နဲ႔ အျမန္ႏႈန္း တူညီတဲ့ကစားသမားေတြ မ်ားစြာရွိလို႔ပါ။

ဝဲလ္ဆန္က အသင္းမွာ ေကာင္းေကာင္းလုပ္ေဆာင္ႏိုင္ပါတယ္။ သူဟာ စြမ္းအားအျပည့္၊ ေကာင္းမြန္တဲ့ လႈပ္ရွားမႈေတြနဲ႔ ထိပ္တန္း နံပါတ္ကိုး တစ္ေယာက္ပါ။ သူဟာ ဂိုးေတြအမ်ားႀကီး သြင္းေနၿပီး အဂၤလန္ အသင္းနဲ႔ ပထမဆုံးပြဲမွာလဲ ေကာင္းေကာင္းလုပ္ျပႏိုင္ခဲ့ပါတယ္။ ဒီတိုင္း သူဆက္သြားမယ္ဆိုရင္ ကမာၻ႔အေကာင္းဆုံး အသင္းေတြမွာ ကစားတဲ့ သူတစ္ေယာက္ ျဖစ္လာႏိုင္ပါတယ္။ ”

ဟုဒ္ဆန္ အိုဒြိဳင္းကလဲ အလားအလာရွိတဲ့ လူငယ္ေလးတစ္ေယာက္ျဖစ္ၿပီး ကလပ္မွာ တိုးတက္ေစဖို႔ ကူညီေပးလိုတယ္လို႔ လူးဝစ္က ဆိုပါတယ္။

” သူဟာ ႀကီးက်ယ္တဲ့ေကာင္ေလးတစ္ေယာက္ပါ။ အဂၤလန္က အံ့အားသင့္ဖြယ္ ပါရမီရွိတဲ့ ကစားသမားတေယာက္ျဖစ္ပါတယ္။ သူ႔အေနနဲ႔ အမ်ားႀကီးတိုးတက္ဖို႔ ရွိပါေသးတယ္။ ဒါေပမယ့္ အသက္ ၁၈ ႏွစ္အ႐ြယ္ ကစားသမား တေယာက္အတြက္ ဒါက ပုံမွန္ပါပဲ။ သူဟာ အခြင့္အေရး ရလာတဲ့အခါ ေကာင္းေကာင္းစြမ္းေဆာင္ႏိုင္ၿပီး အလားအလာရွိတဲ့ ေကာင္ေလးတေယာက္လို႔ က်ေနာ္ထင္ပါတယ္။ သူ႔အေနနဲ႔ ကစားဖို႔ အခြင့္အေရးရလာတဲ့အခါ သူ႔အလုပ္သူလုပ္ဖို႔ပဲ လိုပါတယ္။ က်ေနာ္တို႔ဟာ ေန႔တိုင္း သူ႔ကို ကူညီေပးၿပီး ကစားရတာ ပိုေပ်ာ္လာေအာင္ လုပ္ေပးပါတယ္။ ”

နည္းျပဆာရီအေပၚ အျမင္နဲ႔ပတ္သက္ၿပီးေတာ့လဲ ေဒးဗစ္လူးဝစ္ဇ္ က ” သူဟာ ႀကီးက်ယ္တဲ့ နည္းျပတေယာက္ပါ။ ႀကီးက်ယ္တဲ့ အေတြးအေခၚ နဲ႔ စိတ္အားထက္သန္သူျဖစ္ပါတယ္။ က်ေနာ္တို႔က သူ႔ကို ေပ်ာ္ေအာင္ လုပ္ေပးခ်င္ပါတယ္။ က်ေနာ္တို႔ ဖလားရေအာင္ လုပ္ႏိုင္မယ္ဆိုရင္ အဲ့ဒါက သူ႔ကို ေပ်ာ္႐ႊင္ေစပါလိမ့္မယ္။

လိဂ္ဖလားၿပိဳင္ပြဲက အၿမဲအေရးႀကီးပါတယ္။ ဒါက က်ေနာ္တို႔ ေအာင္ျမင္ႏိုင္တဲ့ ေနာက္ထပ္ဖလားတလုံးပါ။ လူတိုင္းက ဒါကို လိုခ်င္တယ္။ က်ေနာ္လဲ လိုခ်င္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ က်ေနာ့္ကစားသမားဘဝ အဂၤလန္ မွာ ခ်ယ္ဆီးနဲ႔အတူ ဒါက က်ေနာ္မရဖူးေသးတဲ့ဟာပါ။ ဆုဖလားေတြေအာင္ျမင္ဖို႔ ပြဲႀကီးေတြ ၿပိဳင္ပြဲႀကီးေတြ ကစားဖို႔က အၿမဲႀကီးက်ယ္ပါတယ္။ ဘယ္လို႔နာမည္ပဲ ျဖစ္ျဖစ္ ကိစၥမရွိပါဘူး။ ေအာင္ျမင္မႈက ႀကီးက်ယ္တဲ့ အရာပါ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

Sports Home Time

[Uniocde] ချယ်ဆီးနောက်ခံလူ ဒေးဗစ်လူးဝစ်ဇ် က ပစ်မှတ်ကစားသမား ဖြစ်တဲ့ ကော်လမ်ဝဲလ်ဆန် ဟာ အသင်းအတွက် ကစားပေးဖို့အတွက် ကောင်းမွန်တဲ့သူဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ လက်ထောက်မန်နေဂျာ ဂီရန်ဖန်ကိုဇိုလာက ကလပ်ဟာ ဝဲလ်ဆန်ကို စိတ်ဝင်စားနေကြောင်း အတည်ပြု ပြာကြားခဲ့တာပါ။ အယ်ဗာရို မိုရာတာ နဲ့ အိုလီဗာ ဂျီရူးတို့ဟာ ယခုရာသီ ပရီးမီးယားလိဂ် မှာ နှစ်ယောက်ပေါင်း ၆ ဂိုးသာ သွင်းယူထားနိုင်တာဖြစ်ပါတယ်။

ဝဲလ်ဆန်ဟာ တစ်ယောက်ထဲ ၈ ဂိုးသွင်းထားပြီး ဘုန်းမောက်အသင်းနဲ့ အထင်ကြီးလောက်စရာ ပထမ ရာသီဝက်အပြီးမှာ အင်္ဂလန်သားအနေနဲ့ ဘယ်ထိပ်သီးကလပ်အတွက်မဆို ကစားဖို့အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ လူးဝစ်ဇ်က ထင်နေပါတယ်။

” သူက အံ့သြစရာကောင်းအောင် ကြီးကျယ်တဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ကျနော်ဟာ ဘုန်းမောက်ရဲ့ ကစားပုံ၊ သူတို့နည်းပြရဲ့ ပွဲကိုချဉ်းကပ်ပုံ၊ သူတို့ကစားသမားတွေရဲ့ ကစားပုံကို သဘောကျပါတယ်။ သူတို့မှာ အမွှာတွေ အများကြီးရှိတယ်လို့တောင် ဝီလီယမ်နဲ့ အမြဲတမ်း ဟာသလုပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ အရည်အသွေး နဲ့ အမြန်နှုန်း တူညီတဲ့ကစားသမားတွေ များစွာရှိလို့ပါ။

ဝဲလ်ဆန်က အသင်းမှာ ကောင်းကောင်းလုပ်ဆောင်နိုင်ပါတယ်။ သူဟာ စွမ်းအားအပြည့်၊ ကောင်းမွန်တဲ့ လှုပ်ရှားမှုတွေနဲ့ ထိပ်တန်း နံပါတ်ကိုး တစ်ယောက်ပါ။ သူဟာ ဂိုးတွေအများကြီး သွင်းနေပြီး အင်္ဂလန် အသင်းနဲ့ ပထမဆုံးပွဲမှာလဲ ကောင်းကောင်းလုပ်ပြနိုင်ခဲ့ပါတယ်။ ဒီတိုင်း သူဆက်သွားမယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး အသင်းတွေမှာ ကစားတဲ့ သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ”

ဟုဒ်ဆန် အိုဒွိုင်းကလဲ အလားအလာရှိတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပြီး ကလပ်မှာ တိုးတက်စေဖို့ ကူညီပေးလိုတယ်လို့ လူးဝစ်က ဆိုပါတယ်။

” သူဟာ ကြီးကျယ်တဲ့ကောင်လေးတစ်ယောက်ပါ။ အင်္ဂလန်က အံ့အားသင့်ဖွယ် ပါရမီရှိတဲ့ ကစားသမားတယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ အများကြီးတိုးတက်ဖို့ ရှိပါသေးတယ်။ ဒါပေမယ့် အသက် ၁၈ နှစ်အရွယ် ကစားသမား တယောက်အတွက် ဒါက ပုံမှန်ပါပဲ။ သူဟာ အခွင့်အရေး ရလာတဲ့အခါ ကောင်းကောင်းစွမ်းဆောင်နိုင်ပြီး အလားအလာရှိတဲ့ ကောင်လေးတယောက်လို့ ကျနော်ထင်ပါတယ်။ သူ့အနေနဲ့ ကစားဖို့ အခွင့်အရေးရလာတဲ့အခါ သူ့အလုပ်သူလုပ်ဖို့ပဲ လိုပါတယ်။ ကျနော်တို့ဟာ နေ့တိုင်း သူ့ကို ကူညီပေးပြီး ကစားရတာ ပိုပျော်လာအောင် လုပ်ပေးပါတယ်။ ”

နည်းပြဆာရီအပေါ် အမြင်နဲ့ပတ်သက်ပြီးတော့လဲ ဒေးဗစ်လူးဝစ်ဇ် က ” သူဟာ ကြီးကျယ်တဲ့ နည်းပြတယောက်ပါ။ ကြီးကျယ်တဲ့ အတွေးအခေါ် နဲ့ စိတ်အားထက်သန်သူဖြစ်ပါတယ်။ ကျနော်တို့က သူ့ကို ပျော်အောင် လုပ်ပေးချင်ပါတယ်။ ကျနော်တို့ ဖလားရအောင် လုပ်နိုင်မယ်ဆိုရင် အဲ့ဒါက သူ့ကို ပျော်ရွှင်စေပါလိမ့်မယ်။

လိဂ်ဖလားပြိုင်ပွဲက အမြဲအရေးကြီးပါတယ်။ ဒါက ကျနော်တို့ အောင်မြင်နိုင်တဲ့ နောက်ထပ်ဖလားတလုံးပါ။ လူတိုင်းက ဒါကို လိုချင်တယ်။ ကျနော်လဲ လိုချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော့်ကစားသမားဘဝ အင်္ဂလန် မှာ ချယ်ဆီးနဲ့အတူ ဒါက ကျနော်မရဖူးသေးတဲ့ဟာပါ။ ဆုဖလားတွေအောင်မြင်ဖို့ ပွဲကြီးတွေ ပြိုင်ပွဲကြီးတွေ ကစားဖို့က အမြဲကြီးကျယ်ပါတယ်။ ဘယ်လို့နာမည်ပဲ ဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ အောင်မြင်မှုက ကြီးကျယ်တဲ့ အရာပါ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

Sports Home Time