အဂၤလန္ကလပ္ေတြကို မ်က္ႏွာသာမေပးျခင္းေၾကာင့္ ေပါင္းသန္း ၁၀၀ ေက်ာ္ ဆံုးရံွဴးမယ့္ စပါး

အဂၤလန္အေျပာင္းအေရႊ႔ ေစ်းကြက္မပိတ္ခင္မွာ အဲရစ္ဆန္နဲ႔ အန္ဒါဝီရယ္ကို ပရီးမီးယားလိဂ္အသင္းေတြထံ ေရာင္းထုတ္သြားဖို႔ ေစ်းကိုင္ေနတဲ့ စပါးဟာ မၾကာခင္မွာ ေစ်းကြက္ကေန ေပါင္ သန္း ၁၀၀ ေလာက္ထိ နစ္နာသြားဖို႔ ရွိေနပါတယ္။

ပရီးမီးယားလိဂ္အသင္းေတြဟာ ၾသဂုတ္လ ၈ ရက္ေန႔ ညေန ၅ နာရီ (ျဗိတိန္စံေတာ္ခ်ိန္) အထိပဲ ကစားသမား အေျပာင္းအေရႊ႔ ေခၚယူမႈေတြကို ျပဳလုပ္ႏုိင္ေပမယ့္ အီတလီ၊ စပိန္၊ ဂ်ာမနီနဲ႔ ျပင္သစ္တို႔ကေတာ့ ေနာက္ထပ္ သံုးပတ္ေလာက္ထိ ထပ္လုပ္ႏုိင္ဦးမွာျဖစ္ပါတယ္။

စပါးဟာ ဖာနန္ဒက္စ္ (သို႔) လိုဆယ္ဆိုကို ေခၚယူဖို႔ ၾကိဳးစားေနေပမယ့္ အဲရစ္ဆန္ကေတာ့ ကလပ္အသင္းမွာပဲ ဆက္ရွိေနဦးမွာပါ။ ဒိန္းမတ္ကြင္းလယ္လူကို ဂ်ဴဗင္တပ္၊ ရီးရဲလ္မက္ဒရစ္၊ တီကိုတုိ႔က စိတ္ဝင္စားေနခဲ့တာေၾကာင့္ အဂၤလန္ျပင္ပကလပ္ေတြဟာ အဂၤလန္ေစ်းကြက္ ပိတ္ခ်ိတ္မွာေတာင္ ေခၚယူခြင့္ ရေနဦးမွာျဖစ္တယ္။ အဲရစ္ဆန္ကိုရဖို႔ အင္တာမီလန္ကလည္း စိတ္ဝင္စားေနပါတယ္။

စပါးဥကၠဌ လီဗိုင္းက အဲရစ္ဆန္အတြက္ ေျပာင္းေရႊ႔ေၾကး ေပါင္ ၁၃၀ သန္း ေစ်းသက္မွတ္ထားျပီး အကယ္လို႔ အဂၤလန္အသင္းေတြထံ ေစ်းကြက္မပိတ္ခင္ မေရာင္းထုတ္ဘူးဆိုရင္ အဂၤလန္ျပင္ပ ကလပ္အသင္းေတြဟာ ေစ်းကြက္ပိတ္အျပီးမွာ ေပါင္ ၅၀ သန္း ေအာက္နဲ႔ ဝင္ေရာက္လာမွာျဖစ္တယ္။ အဲရစ္ဆန္ဟာ စပါးအသင္းနဲ႔ စာခ်ဳပ္ ၁၂ လပဲ က်န္ရွိေတာ့ျပီး ဒီေႏြမွာ မေရာင္းဘူးဆိုရင္ ကစားသမားအတြက္ ေျပာင္းေရႊ႔ေၾကး တစ္ျပားတစ္ခ်ပ္မွ ရဖို႔ မရွိပါဘူး။

စပါးတို႔အေနနဲ႔ လိုဆယ္ဆုိကို ေခၚယူႏုိင္ျပီး အဲရစ္ဆန္လည္း ဆက္ရွိေနမယ္ဆိုရင္ စာခ်ဳပ္သစ္ သေဘာတူညီမႈ မလုပ္ထားတဲ့ ကြင္းလယ္လူဟာ အရန္ခံုကို ေျပာင္းရဖို႔ ရွိေနတာျဖစ္တယ္။ ဂ်ဴဗင္တပ္ကလည္း အဲရစ္ဆန္ကို ေခၚယူလိုေပမယ့္ ဦးစားေပးက ေပါ့ဘာျဖစ္သလို ရီးရဲလ္မက္ဒရစ္ကလည္း ေပါ့ဘာကိုပဲ ပိုမို ဦးစားေပးထားပါတယ္။

ဒါတင္မကေသးပဲ စပါးဟာ အန္ဒါဝီရယ္ကို ေရာင္းထုတ္ဖို႔ရာမွာလည္း ေစ်းကိုင္ထားပါတယ္။ အရင္လတုန္းက ဘယ္ဂ်ီယံခံစစ္မွဴးကို ေပါင္ ၂၅ သန္းနဲ႔ ေခၚယူခြင့္ဆိုတဲ့ စာခ်ဳပ္ဟာ ဒီလမွာေတာ့ ကုန္ဆံုးခဲ့ပါျပီ။ စပါးဘက္ကေတာ့ ေပါင္ ၄၀ သန္း ေစ်းတင္ခဲ့ျပီး သူ႔ကို စိတ္ဝင္စားေနတဲ့ ရိုးမားကေတာ့ ေပါင္ ၂၅ သန္းေအာက္ပဲ ေပးလိုစိတ္ရွိေနလို႔ ဒီေႏြမွာ မေရာင္းရင္ ေျပာင္းေရႊ႔ေၾကး တစ္ျပားမွ ရမွာ မဟုတ္ပါဘူး။

စပါးအေနနဲ႔ အဲရစ္ဆန္နဲ႔ အန္ဒါဝီရယ္ကို အဂၤလန္အသင္းေတြထံ ေရာင္းထုတ္ဖို႔ စိတ္မဝင္စားျခင္းက ဒီဇာတ္လမ္းေတြကို စတင္လာေစခဲ့တာပါ။ ဒါေၾကာင့္လည္း ဒီေႏြမွာ အဂၤလန္ျပင္ပကလပ္ေတြထံ ကစားသမားေတြကို ေစ်းေပါေပါနဲ႔ ေရာင္းထုတ္မလား ေျပာင္းေရႊ႔ေၾကး သန္း ၁၀၀ ေက်ာ္ အဆံုးခံမလား ဆိုတဲ့ အေနအထားကို ေရာက္ေနခဲ့တာျဖစ္ပါတယ္။

Sports Home Time

[Unicode] အင်္ဂလန်အပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင်မှာ အဲရစ်ဆန်နဲ့ အန်ဒါဝီရယ်ကို ပရီးမီးယားလိဂ်အသင်းတွေထံ ရောင်းထုတ်သွားဖို့ ဈေးကိုင်နေတဲ့ စပါးဟာ မကြာခင်မှာ ဈေးကွက်ကနေ ပေါင် သန်း ၁၀၀ လောက်ထိ နစ်နာသွားဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေဟာ သြဂုတ်လ ၈ ရက်နေ့ ညနေ ၅ နာရီ (ဗြိတိန်စံတော်ချိန်) အထိပဲ ကစားသမား အပြောင်းအရွှေ့ ခေါ်ယူမှုတွေကို ပြုလုပ်နိုင်ပေမယ့် အီတလီ၊ စပိန်၊ ဂျာမနီနဲ့ ပြင်သစ်တို့ကတော့ နောက်ထပ် သုံးပတ်လောက်ထိ ထပ်လုပ်နိုင်ဦးမှာဖြစ်ပါတယ်။

စပါးဟာ ဖာနန်ဒက်စ် (သို့) လိုဆယ်ဆိုကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် အဲရစ်ဆန်ကတော့ ကလပ်အသင်းမှာပဲ ဆက်ရှိနေဦးမှာပါ။ ဒိန်းမတ်ကွင်းလယ်လူကို ဂျူဗင်တပ်၊ ရီးရဲလ်မက်ဒရစ်၊ တီကိုတို့က စိတ်ဝင်စားနေခဲ့တာကြောင့် အင်္ဂလန်ပြင်ပကလပ်တွေဟာ အင်္ဂလန်ဈေးကွက် ပိတ်ချိတ်မှာတောင် ခေါ်ယူခွင့် ရနေဦးမှာဖြစ်တယ်။ အဲရစ်ဆန်ကိုရဖို့ အင်တာမီလန်ကလည်း စိတ်ဝင်စားနေပါတယ်။

စပါးဥက္ကဌ လီဗိုင်းက အဲရစ်ဆန်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၃၀ သန်း ဈေးသက်မှတ်ထားပြီး အကယ်လို့ အင်္ဂလန်အသင်းတွေထံ ဈေးကွက်မပိတ်ခင် မရောင်းထုတ်ဘူးဆိုရင် အင်္ဂလန်ပြင်ပ ကလပ်အသင်းတွေဟာ ဈေးကွက်ပိတ်အပြီးမှာ ပေါင် ၅၀ သန်း အောက်နဲ့ ဝင်ရောက်လာမှာဖြစ်တယ်။ အဲရစ်ဆန်ဟာ စပါးအသင်းနဲ့ စာချုပ် ၁၂ လပဲ ကျန်ရှိတော့ပြီး ဒီနွေမှာ မရောင်းဘူးဆိုရင် ကစားသမားအတွက် ပြောင်းရွှေ့ကြေး တစ်ပြားတစ်ချပ်မှ ရဖို့ မရှိပါဘူး။

စပါးတို့အနေနဲ့ လိုဆယ်ဆိုကို ခေါ်ယူနိုင်ပြီး အဲရစ်ဆန်လည်း ဆက်ရှိနေမယ်ဆိုရင် စာချုပ်သစ် သဘောတူညီမှု မလုပ်ထားတဲ့ ကွင်းလယ်လူဟာ အရန်ခုံကို ပြောင်းရဖို့ ရှိနေတာဖြစ်တယ်။ ဂျူဗင်တပ်ကလည်း အဲရစ်ဆန်ကို ခေါ်ယူလိုပေမယ့် ဦးစားပေးက ပေါ့ဘာဖြစ်သလို ရီးရဲလ်မက်ဒရစ်ကလည်း ပေါ့ဘာကိုပဲ ပိုမို ဦးစားပေးထားပါတယ်။

ဒါတင်မကသေးပဲ စပါးဟာ အန်ဒါဝီရယ်ကို ရောင်းထုတ်ဖို့ရာမှာလည်း ဈေးကိုင်ထားပါတယ်။ အရင်လတုန်းက ဘယ်ဂျီယံခံစစ်မှူးကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူခွင့်ဆိုတဲ့ စာချုပ်ဟာ ဒီလမှာတော့ ကုန်ဆုံးခဲ့ပါပြီ။ စပါးဘက်ကတော့ ပေါင် ၄၀ သန်း ဈေးတင်ခဲ့ပြီး သူ့ကို စိတ်ဝင်စားနေတဲ့ ရိုးမားကတော့ ပေါင် ၂၅ သန်းအောက်ပဲ ပေးလိုစိတ်ရှိနေလို့ ဒီနွေမှာ မရောင်းရင် ပြောင်းရွှေ့ကြေး တစ်ပြားမှ ရမှာ မဟုတ်ပါဘူး။

စပါးအနေနဲ့ အဲရစ်ဆန်နဲ့ အန်ဒါဝီရယ်ကို အင်္ဂလန်အသင်းတွေထံ ရောင်းထုတ်ဖို့ စိတ်မဝင်စားခြင်းက ဒီဇာတ်လမ်းတွေကို စတင်လာစေခဲ့တာပါ။ ဒါကြောင့်လည်း ဒီနွေမှာ အင်္ဂလန်ပြင်ပကလပ်တွေထံ ကစားသမားတွေကို ဈေးပေါပေါနဲ့ ရောင်းထုတ်မလား ပြောင်းရွှေ့ကြေး သန်း ၁၀၀ ကျော် အဆုံးခံမလား ဆိုတဲ့ အနေအထားကို ရောက်နေခဲ့တာဖြစ်ပါတယ်။

Sports Home Time