Player Scout | အနာဂတ္မွာ ၾကီး ၆ ၾကီးထံ ေျပာင္းေရႊ႔ေရာက္ရွိႏုိင္တဲ့ ပရီးမီးယားလိဂ္ လူငယ္ေျခတက္မ်ား

ပရီးမီးယားလိဂ္ျပိဳင္ပြဲဟာ မၾကာခင္မွာ ျပန္လည္စတင္ေတာ့မွာျဖစ္ျပီး ပရိသတ္ စိတ္လႈပ္ရွားရတဲ့ ပြဲစဥ္ေတြနဲ႔အတူ ရင္ခုန္စရာအသစ္ေတြဟာ သီတင္းပတ္အကုန္ေတြမွာ ထပ္မံ ေရာက္ရွိလာဦးမွာပါ။

ဒီေႏြမွာ ပဲေလစ့္ကေန ယူႏုိက္တက္ကို ေျပာင္းခဲ့တဲ့ လူငယ္ကစားသမား ဘစ္ဆာကာ၊ အာဆင္နယ္မွာ ေတာက္ပေနတဲ့ ဂြမ္ေဒါင္ဇီ၊ လီဗာပူးရဲ႕စတား ထရန္႔၊ ခ်ယ္ဆီးနဲ႔ လမ္းပတ္တို႔ရဲ႕ လူငယ္စီမံကိန္း၊ မန္စီးတီးရဲ႕ ဖိုဒန္ အစရွိတဲ့ ကစားသမားေတြလိုပဲ အျခားေသာ ကလပ္အသင္းေတြမွ လူငယ္ေလးေတြကလည္း ေျခစြမ္းျပႏုိင္ဖုိ႔ ၾကိဳးစားသြားၾကေတာ့မွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ အသင္းငယ္ေတြမွာ ပံုမွန္ပြဲထြက္ခြင့္နဲ႔အတူ တိုးတက္မႈေတြကို ရွာေဖြျပီး အနာဂတ္မွာ ထိပ္သီးအသင္းေတြထံ ေျပာင္းေရႊ႔ဖို႔ အလားအလာၾကီးရွိတဲ့ ကစားသမားေတြကို ေဖာ္ျပသြားမွာျဖစ္ပါတယ္။

Max Aarons

  • Club: Norwich City
  • Age: 19
  • Position: Right-back

ေနာ့ဝစ္ ခ်န္ပီယံရွစ္ကို အႏုိင္ရျပီး ပရီးမီးယားလိဂ္ထံ တန္းတက္လာႏုိင္မႈမွာ ပြဲေပါင္း ၄၁ ပြဲ ပါဝင္ကစားခဲ့တဲ့ အာရြန္ကလည္း အဓိကက်ပါတယ္။ သူဟာ ညာအစြန္ေနရာကို ကစားရသူျဖစ္ျပီး တုိက္စစ္လုိက္ပါမႈ အားေကာင္းသလို ခံစစ္လံုသူလည္းျဖစ္တယ္။ ဘယ္အစြန္နဲ႔ လိုအပ္လာရင္ ကြင္းလယ္ေနရာကေနပါ ကစားႏုိင္ပါတယ္။ ယူႏုိက္တက္နဲ႔ စပါးတို႔က ဒီေႏြမွာ သူ႔ကို ေခၚယူႏုိင္ဖုိ႔ ၾကိဳးစားခဲ့ေသးေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

၂၀၁၈-၂၀၁၉ ေဘာလံုးရာသီ ခ်န္ပီယံရွစ္ အေကာင္းဆံုးအသင္းမွာ ပါဝင္ႏုိင္ခဲ့တဲ့ အာရြန္ဟာ ေနာ့ဝစ္နဲ႔ ၅ ႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုထားပါတယ္။ ဆယ္ေက်ာ္သက္ေလးဟာ ေဘာလံုးကိုင္ကစားရဲသလို အရွိန္ေကာင္းသူလည္းျဖစ္တယ္။ အဂၤလန္ရဲ႕ ဒုတိယတန္းကေန အဆင့္ျမင့္တန္းကို ေရာက္လာခ်ိန္မွာ သူ႔ရဲ႕တိုးတက္မႈဟာ အရွိန္အဟုန္နဲ႔ ျမင့္တက္လာဖို႔ ရွိေနပါတယ္။

Morgan Gibbs-White

  • Club: Wolves
  • Age: 19
  • Position: Midfielder

ဝုဗ္ကြင္းလယ္လူ ေမာ္ဂန္ ဂစ္ဝိုက္ဟာ မႏွစ္က ဝုဗ္အသင္း အဆင့္ ၇ ေနရာက အဆံုးသတ္မႈမွာ ပြဲေပါင္း ၂၆ ပြဲ ကစားခြင့္ရခဲ့ပါတယ္။ ပြဲထြက္ကစားသမားေနရာက ၅ ၾကိမ္ပဲ ကစားခြင့္ရခဲ့ေပမယ့္ ထိပ္ဆံုး ၆ သင္းနဲ႔ ယူရိုပါလိဂ္ကို ယွဥ္ျပိဳင္သြားရမယ့္ ဝုဗ္အသင္းအတြက္ ဒီရာသီမွာေတာ့ ပိုမိုအေရးပါလာမယ့္ ကစားသမားျဖစ္တယ္။ ေမာ္ဂန္ဟာ ဝုဗ္အသင္းရဲ႕ အကယ္ဒမီကေန ထြက္ေပၚလာတဲ့ ကစားသမားေလးလည္းျဖစ္ပါတယ္။

ကြင္းလယ္လူအေနနဲ႔ အျမင္ရွိျပီး ေဘာလံုး ထိန္းခ်ဳပ္ႏုိင္စြမ္း ေကာင္းမြန္တယ္။ သူဟာ တုိက္စစ္လိုက္ႏုိင္သလို အတြင္းလူေနရာကေနလည္း ကစားႏုိင္တယ္။ အဂၤလန္ ယူ-၂၁ လက္ေရြးစင္ဟာ သြင္းဂိုးနည္းပါးျခင္းကိုေတာ့ ၾကိဳးစားရဦးမွာျဖစ္ျပီး ရာသီၾကိဳတုန္းက နယူးကာဆယ္နဲ႔ပြဲမွာ ေတာက္ပတဲ့ အရည္အခ်င္းေတြ ျပသႏုိင္ခဲ့ပါတယ္။

Lloyd Kelly

  • Club: Bournemouth
  • Age: 20
  • Position: Left-back/centre-back

ခ်န္ပီယံရွစ္ကလပ္ ဘရစၥတိုစီးတီးကေန ေပါင္ ၁၃ သန္းနဲ႔ ေခၚယူခဲ့တဲ့ လိြဳက္ကယ္လီဟာ ခံစစ္ပိုင္းမွာ စြယ္စံုရသူျဖစ္ျပီး ဘုန္းေမာက္အသင္းရဲ႕ ၇ ဦးေျမာက္ ေျပာင္းေရႊ႔ေၾကး အျမင့္ဆံုးလည္းျဖစ္တယ္။ အဂၤလန္ ယူ-၂၁ ခံစစ္သမားဟာ ရာသီၾကိဳမွာ ဗဟိုခံစစ္ေနရာက ကစားေနခဲ့ပါေသးတယ္။ သူ႔ကို ေခၚယူဖို႔ လီဗာပူးအသင္းကလည္း ၾကိဳးစားခဲ့ေသးေပမယ့္ ဘုန္းေမာက္က ေျပာင္းေရႊ႔ေၾကး ပိုေပးခဲ့တာျဖစ္တယ္။ အလားအလာေကာင္းေတြရွိတဲ့ ခံစစ္မွဴးလို႔ေတာ့ သိထားရတယ္။

Callum Slattery

  • Club: Southampton
  • Age: 20
  • Position: Midfielder

ေဆာက္သမ္တန္ အကယ္ဒမီထြက္ လူငယ္ကစားသမားျဖစ္လို႔ လီဗာပူးပရိသတ္ေတြ ပိုသတိထား ေစာင့္ၾကည့္သင့္သူပါ။ ေဘလ္း၊ လုေရွာ၊ ခ်ိန္ဘာလိန္၊ လယ္လာနာတို႔လိုပဲ ေတာင္ပိုင္း အကယ္ဒမီကေန ထြက္ေပၚလာခဲ့သူျဖစ္တယ္။ စလတ္ထရီဟာ မႏွစ္တုန္းက ပြဲထြက္ကစားသမားေနရာက တစ္ၾကိမ္ ပါဝင္မႈနဲ႔အတူ သံုးၾကိမ္ ပြဲထြက္ကစားေပးထားပါတယ္။ ရာသီၾကိဳမွာ အထူးေျခစြမ္းျပေနတဲ့ ကစားသမားလည္းျဖစ္တယ္။

ေဘာလံုးေပးမႈ ထူးခၽြန္ျပီး စြမ္းအားျပည့္ ကစားႏုိင္ပါတယ္။ ကြင္းလယ္လူစစ္စစ္ျဖစ္ျပီး စိန္႔နဲ႔ စာခ်ဳပ္ ႏွစ္ႏွစ္ သက္တမ္းတိုးထားပါတယ္။ ၂၀၁၈ မွာ စိန္႔အသင္းရဲ႕ အကယ္ဒမီကေန စီနီယာအသင္းထံ စတင္ တိုးတက္လာခဲ့ျပီး သူဟာ စိန္႔အသင္းရဲ႕ အကယ္ဒမီၾကယ္ပြင့္ သံုးဦးထဲက တစ္ဦးလည္းျဖစ္ပါတယ္။

Sports Home Time

[Unicode] ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ မကြာခင်မှာ ပြန်လည်စတင်တော့မှာဖြစ်ပြီး ပရိသတ် စိတ်လှုပ်ရှားရတဲ့ ပွဲစဉ်တွေနဲ့အတူ ရင်ခုန်စရာအသစ်တွေဟာ သီတင်းပတ်အကုန်တွေမှာ ထပ်မံ ရောက်ရှိလာဦးမှာပါ။

ဒီနွေမှာ ပဲလေစ့်ကနေ ယူနိုက်တက်ကို ပြောင်းခဲ့တဲ့ လူငယ်ကစားသမား ဘစ်ဆာကာ၊ အာဆင်နယ်မှာ တောက်ပနေတဲ့ ဂွမ်ဒေါင်ဇီ၊ လီဗာပူးရဲ့စတား ထရန့်၊ ချယ်ဆီးနဲ့ လမ်းပတ်တို့ရဲ့ လူငယ်စီမံကိန်း၊ မန်စီးတီးရဲ့ ဖိုဒန် အစရှိတဲ့ ကစားသမားတွေလိုပဲ အခြားသော ကလပ်အသင်းတွေမှ လူငယ်လေးတွေကလည်း ခြေစွမ်းပြနိုင်ဖို့ ကြိုးစားသွားကြတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် အသင်းငယ်တွေမှာ ပုံမှန်ပွဲထွက်ခွင့်နဲ့အတူ တိုးတက်မှုတွေကို ရှာဖွေပြီး အနာဂတ်မှာ ထိပ်သီးအသင်းတွေထံ ပြောင်းရွှေ့ဖို့ အလားအလာကြီးရှိတဲ့ ကစားသမားတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

Max Aarons

  • Club: Norwich City
  • Age: 19
  • Position: Right-back

နော့ဝစ် ချန်ပီယံရှစ်ကို အနိုင်ရပြီး ပရီးမီးယားလိဂ်ထံ တန်းတက်လာနိုင်မှုမှာ ပွဲပေါင်း ၄၁ ပွဲ ပါဝင်ကစားခဲ့တဲ့ အာရွန်ကလည်း အဓိကကျပါတယ်။ သူဟာ ညာအစွန်နေရာကို ကစားရသူဖြစ်ပြီး တိုက်စစ်လိုက်ပါမှု အားကောင်းသလို ခံစစ်လုံသူလည်းဖြစ်တယ်။ ဘယ်အစွန်နဲ့ လိုအပ်လာရင် ကွင်းလယ်နေရာကနေပါ ကစားနိုင်ပါတယ်။ ယူနိုက်တက်နဲ့ စပါးတို့က ဒီနွေမှာ သူ့ကို ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

၂၀၁၈-၂၀၁၉ ဘောလုံးရာသီ ချန်ပီယံရှစ် အကောင်းဆုံးအသင်းမှာ ပါဝင်နိုင်ခဲ့တဲ့ အာရွန်ဟာ နော့ဝစ်နဲ့ ၅ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပါတယ်။ ဆယ်ကျော်သက်လေးဟာ ဘောလုံးကိုင်ကစားရဲသလို အရှိန်ကောင်းသူလည်းဖြစ်တယ်။ အင်္ဂလန်ရဲ့ ဒုတိယတန်းကနေ အဆင့်မြင့်တန်းကို ရောက်လာချိန်မှာ သူ့ရဲ့တိုးတက်မှုဟာ အရှိန်အဟုန်နဲ့ မြင့်တက်လာဖို့ ရှိနေပါတယ်။

Morgan Gibbs-White

  • Club: Wolves
  • Age: 19
  • Position: Midfielder

ဝုဗ်ကွင်းလယ်လူ မော်ဂန် ဂစ်ဝိုက်ဟာ မနှစ်က ဝုဗ်အသင်း အဆင့် ၇ နေရာက အဆုံးသတ်မှုမှာ ပွဲပေါင်း ၂၆ ပွဲ ကစားခွင့်ရခဲ့ပါတယ်။ ပွဲထွက်ကစားသမားနေရာက ၅ ကြိမ်ပဲ ကစားခွင့်ရခဲ့ပေမယ့် ထိပ်ဆုံး ၆ သင်းနဲ့ ယူရိုပါလိဂ်ကို ယှဉ်ပြိုင်သွားရမယ့် ဝုဗ်အသင်းအတွက် ဒီရာသီမှာတော့ ပိုမိုအရေးပါလာမယ့် ကစားသမားဖြစ်တယ်။ မော်ဂန်ဟာ ဝုဗ်အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားလေးလည်းဖြစ်ပါတယ်။

ကွင်းလယ်လူအနေနဲ့ အမြင်ရှိပြီး ဘောလုံး ထိန်းချုပ်နိုင်စွမ်း ကောင်းမွန်တယ်။ သူဟာ တိုက်စစ်လိုက်နိုင်သလို အတွင်းလူနေရာကနေလည်း ကစားနိုင်တယ်။ အင်္ဂလန် ယူ-၂၁ လက်ရွေးစင်ဟာ သွင်းဂိုးနည်းပါးခြင်းကိုတော့ ကြိုးစားရဦးမှာဖြစ်ပြီး ရာသီကြိုတုန်းက နယူးကာဆယ်နဲ့ပွဲမှာ တောက်ပတဲ့ အရည်အချင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Lloyd Kelly

  • Club: Bournemouth
  • Age: 20
  • Position: Left-back/centre-back

ချန်ပီယံရှစ်ကလပ် ဘရစ္စတိုစီးတီးကနေ ပေါင် ၁၃ သန်းနဲ့ ခေါ်ယူခဲ့တဲ့ လွိုက်ကယ်လီဟာ ခံစစ်ပိုင်းမှာ စွယ်စုံရသူဖြစ်ပြီး ဘုန်းမောက်အသင်းရဲ့ ၇ ဦးမြောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံးလည်းဖြစ်တယ်။ အင်္ဂလန် ယူ-၂၁ ခံစစ်သမားဟာ ရာသီကြိုမှာ ဗဟိုခံစစ်နေရာက ကစားနေခဲ့ပါသေးတယ်။ သူ့ကို ခေါ်ယူဖို့ လီဗာပူးအသင်းကလည်း ကြိုးစားခဲ့သေးပေမယ့် ဘုန်းမောက်က ပြောင်းရွှေ့ကြေး ပိုပေးခဲ့တာဖြစ်တယ်။ အလားအလာကောင်းတွေရှိတဲ့ ခံစစ်မှူးလို့တော့ သိထားရတယ်။

Callum Slattery

  • Club: Southampton
  • Age: 20
  • Position: Midfielder

ဆောက်သမ်တန် အကယ်ဒမီထွက် လူငယ်ကစားသမားဖြစ်လို့ လီဗာပူးပရိသတ်တွေ ပိုသတိထား စောင့်ကြည့်သင့်သူပါ။ ဘေလ်း၊ လုရှော၊ ချိန်ဘာလိန်၊ လယ်လာနာတို့လိုပဲ တောင်ပိုင်း အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်တယ်။ စလတ်ထရီဟာ မနှစ်တုန်းက ပွဲထွက်ကစားသမားနေရာက တစ်ကြိမ် ပါဝင်မှုနဲ့အတူ သုံးကြိမ် ပွဲထွက်ကစားပေးထားပါတယ်။ ရာသီကြိုမှာ အထူးခြေစွမ်းပြနေတဲ့ ကစားသမားလည်းဖြစ်တယ်။

ဘောလုံးပေးမှု ထူးချွန်ပြီး စွမ်းအားပြည့် ကစားနိုင်ပါတယ်။ ကွင်းလယ်လူစစ်စစ်ဖြစ်ပြီး စိန့်နဲ့ စာချုပ် နှစ်နှစ် သက်တမ်းတိုးထားပါတယ်။ ၂၀၁၈ မှာ စိန့်အသင်းရဲ့ အကယ်ဒမီကနေ စီနီယာအသင်းထံ စတင် တိုးတက်လာခဲ့ပြီး သူဟာ စိန့်အသင်းရဲ့ အကယ်ဒမီကြယ်ပွင့် သုံးဦးထဲက တစ်ဦးလည်းဖြစ်ပါတယ်။

Sports Home Time