၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ ေက်ာနံပါတ္ေတြကို အတည္ျပဳ ေၾကညာလိုက္တဲ့ ခ်ယ္ဆီး

ခ်ယ္ဆီးအသင္းဟာ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ ဝတ္ဆင္ကစားၾကမယ့္ ကလပ္အသင္းသားေတြရဲ႕ ေက်ာနံပါတ္ေတြကို တရားဝင္ ထုတ္ျပန္လိုက္ျပီျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းကေန ဟာဇက္ ထြက္ခြာသြားျပီးေနာက္ လစ္လပ္ေနတဲ့ ေက်ာနံပါတ္ ၁၀ ကိုယ္ေတာ့ ရာသီၾကိဳမွာ သတင္းၾကီးထားတဲ့အတိုင္း ဘရာဇီးတိုက္စစ္သမား ဝီလီယံကပဲ ဆက္ခံသြားခဲ့ပါတယ္။ ဝီလီယံရဲ႕ ေက်ာနံပါတ္ အေဟာင္းျဖစ္တဲ့ နံပါတ္ ၂၂ ကိုေတာ့ ခ်ယ္ဆီး တိုက္စစ္ကစားသမားသစ္ ပူလာဆစ္က ဆက္ခံသြားခဲ့ပါတယ္။

၂၀၁၃ ခုႏွစ္မွာ ခ်ယ္ဆီးအသင္းကို ေျပာင္းလာျပီးေနာက္ပိုင္း ဝီလီယံဟာ ေက်ာနံပါတ္ ၂၂ ကို ဝတ္ဆင္ခဲ့တာပါ။ ဒါေပမယ့္လို႔ ဟာဇက္ ထြက္ခြာသြားတဲ့ေနာက္ ေက်ာနံပါတ္ ၁၀ ကို ဝီလီယံ၊ ပူလာဆစ္၊ အိုဒိြဳင္းတို႔ထဲက တစ္ဦး ဝတ္ဆင္ကစားမယ္လို႔ သိထားရျပီး ဝီလီယံက ဝတ္ခြင့္ရခဲ့တာျဖစ္တယ္။ လူငယ္ေတာင္ပံသမား အိုဒိြဳင္းကေတာ့ ေက်ာနံပါတ္ ၂၀ ကို ေရြးခ်ယ္သြားပါတယ္။

ခ်ယ္ဆီးရဲ႕ အဓိက နံပါတ္ေတြထဲက ေက်ာနံပါတ္ ၉ ကိုေတာ့ လူငယ္တုိက္စစ္သမားေလး ေအဘရာဟမ္က ဝတ္ဆင္ကစားမွာ ျဖစ္ပါတယ္။ အျပာေရာင္ ျခေသၤ့ေတြရဲ႕ ေက်ာနံပါတ္ ၉ ဟာ ဒီေနာက္ပိုင္းႏွစ္ေတြမွာ အေတာ္ေလး စိတ္ပ်က္စရာ နံပါတ္တစ္ခု ျဖစ္ေနခဲ့တာပါ။ ဖယ္ကာအို၊ ေတာရက္စ္၊ မိုရာတာ၊ ဟီဂြာရင္တုိ႔ဟာ အဆိုပါ နံပါတ္ကို ဝတ္ဆင္ကစားခဲ့ၾကျပီး စိတ္ပ်က္စရာ အေနအထားေတြပဲ ပိုင္ဆိုင္ခဲ့တာျဖစ္တယ္။

ေအဘရာဟမ္ဟာ မႏွစ္က ခ်န္ပီယံရွစ္မွာ အထူး ေျခစြမ္းျပခဲ့သူျဖစ္ျပီး လာမယ့္ရာသီ မန္ေနဂ်ာလမ္းပတ္ လက္ေအာက္မွာ ေနရာရမယ္လုိ႔ ယံုၾကည္ခံထားရသူျဖစ္ပါတယ္။ ခ်ယ္ဆီးရဲ႕ လူငယ္ၾကယ္ပြင့္ေလး ေမဆန္ေမာင့္ကေတာ့ ေက်ာနံပါတ္ ၁၉ ကို ေရြးခ်ယ္ခဲ့ပါတယ္။ ဘတ္ရႈဝါရီ၊ ဘာကာယိုကိုနဲ႔ ကေနဒီတို႔ကလည္း သူတို႔ရဲ႕ နံပါတ္ အေဟာင္းေတြျဖစ္တဲ့ ၂၃၊ ၁၄၊ ၁၆ တို႔ကို အသီးသီး ဝတ္ဆင္ခဲ့ၾကတယ္။

လူငယ္အစြန္လူ ရိစ္ဂ်ိမ္းက ေက်ာနံပါတ္ ၂၄ နဲ႔ တိုမိုရီက ေက်ာနံပါတ္ ၂၉ တို႔ကို ဝတ္ဆင္ကစားပါမယ္။ ရိစ္ဂ်ိမ္းကိုေတာ့ ပဲေလစ့္အသင္းက ေပါင္ ၂၅ သန္းနဲ႔ ေခၚယူဖို႔ ၾကိဳးစားေနျပီ တိုမိုရီကိုေတာ့ အဲဗာတန္အသင္းက ခ်ိတ္ဆက္ေနပါတယ္။ ဗဟိုခံစစ္မွဴး ဇူးမားကလည္း ေက်ာနံပါတ္ ၅ ကို ဝတ္ခြင့္မရေတာ့ျခင္းေၾကာင့္ ၁၅ ကို ေျပာင္းလဲ ဝတ္ဆင္ပါမယ္။ ခရစ္စတန္ဆန္ကေတာ့ ေက်ာနံပါတ္ ၂၇ ကေန ၄ ကို ေျပာင္းလဲ ဝတ္ဆင္မွာျဖစ္တယ္။

ခ်ယ္ဆီးအသင္းက အသင္းရဲ႕ တရားဝင္ေစ်းဆုိင္ေတြက အသင္းဂ်ာစီကို ဝယ္ယူခဲ့တဲ့ ပရိသတ္ေတြအား နံပါတ္ လဲျခင္းကို အခမဲ့ လဲခြင့္ျပဳမွာျဖစ္ျပီး အျခားေသာ ဆိုင္ေတြက ဝယ္ယူထားတဲ့ ပရိသတ္ေတြကိုေတာ့ ၅၀% ေစ်းခ်ေပးသြားမွာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ချယ်ဆီးအသင်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ဝတ်ဆင်ကစားကြမယ့် ကလပ်အသင်းသားတွေရဲ့ ကျောနံပါတ်တွေကို တရားဝင် ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

ချယ်ဆီးအသင်းကနေ ဟာဇက် ထွက်ခွာသွားပြီးနောက် လစ်လပ်နေတဲ့ ကျောနံပါတ် ၁၀ ကိုယ်တော့ ရာသီကြိုမှာ သတင်းကြီးထားတဲ့အတိုင်း ဘရာဇီးတိုက်စစ်သမား ဝီလီယံကပဲ ဆက်ခံသွားခဲ့ပါတယ်။ ဝီလီယံရဲ့ ကျောနံပါတ် အဟောင်းဖြစ်တဲ့ နံပါတ် ၂၂ ကိုတော့ ချယ်ဆီး တိုက်စစ်ကစားသမားသစ် ပူလာဆစ်က ဆက်ခံသွားခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ ချယ်ဆီးအသင်းကို ပြောင်းလာပြီးနောက်ပိုင်း ဝီလီယံဟာ ကျောနံပါတ် ၂၂ ကို ဝတ်ဆင်ခဲ့တာပါ။ ဒါပေမယ့်လို့ ဟာဇက် ထွက်ခွာသွားတဲ့နောက် ကျောနံပါတ် ၁၀ ကို ဝီလီယံ၊ ပူလာဆစ်၊ အိုဒွိုင်းတို့ထဲက တစ်ဦး ဝတ်ဆင်ကစားမယ်လို့ သိထားရပြီး ဝီလီယံက ဝတ်ခွင့်ရခဲ့တာဖြစ်တယ်။ လူငယ်တောင်ပံသမား အိုဒွိုင်းကတော့ ကျောနံပါတ် ၂၀ ကို ရွေးချယ်သွားပါတယ်။

ချယ်ဆီးရဲ့ အဓိက နံပါတ်တွေထဲက ကျောနံပါတ် ၉ ကိုတော့ လူငယ်တိုက်စစ်သမားလေး အေဘရာဟမ်က ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။ အပြာရောင် ခြင်္သေ့တွေရဲ့ ကျောနံပါတ် ၉ ဟာ ဒီနောက်ပိုင်းနှစ်တွေမှာ အတော်လေး စိတ်ပျက်စရာ နံပါတ်တစ်ခု ဖြစ်နေခဲ့တာပါ။ ဖယ်ကာအို၊ တောရက်စ်၊ မိုရာတာ၊ ဟီဂွာရင်တို့ဟာ အဆိုပါ နံပါတ်ကို ဝတ်ဆင်ကစားခဲ့ကြပြီး စိတ်ပျက်စရာ အနေအထားတွေပဲ ပိုင်ဆိုင်ခဲ့တာဖြစ်တယ်။

အေဘရာဟမ်ဟာ မနှစ်က ချန်ပီယံရှစ်မှာ အထူး ခြေစွမ်းပြခဲ့သူဖြစ်ပြီး လာမယ့်ရာသီ မန်နေဂျာလမ်းပတ် လက်အောက်မှာ နေရာရမယ်လို့ ယုံကြည်ခံထားရသူဖြစ်ပါတယ်။ ချယ်ဆီးရဲ့ လူငယ်ကြယ်ပွင့်လေး မေဆန်မောင့်ကတော့ ကျောနံပါတ် ၁၉ ကို ရွေးချယ်ခဲ့ပါတယ်။ ဘတ်ရှုဝါရီ၊ ဘာကာယိုကိုနဲ့ ကနေဒီတို့ကလည်း သူတို့ရဲ့ နံပါတ် အဟောင်းတွေဖြစ်တဲ့ ၂၃၊ ၁၄၊ ၁၆ တို့ကို အသီးသီး ဝတ်ဆင်ခဲ့ကြတယ်။

လူငယ်အစွန်လူ ရိစ်ဂျိမ်းက ကျောနံပါတ် ၂၄ နဲ့ တိုမိုရီက ကျောနံပါတ် ၂၉ တို့ကို ဝတ်ဆင်ကစားပါမယ်။ ရိစ်ဂျိမ်းကိုတော့ ပဲလေစ့်အသင်းက ပေါင် ၂၅ သန်းနဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီ တိုမိုရီကိုတော့ အဲဗာတန်အသင်းက ချိတ်ဆက်နေပါတယ်။ ဗဟိုခံစစ်မှူး ဇူးမားကလည်း ကျောနံပါတ် ၅ ကို ဝတ်ခွင့်မရတော့ခြင်းကြောင့် ၁၅ ကို ပြောင်းလဲ ဝတ်ဆင်ပါမယ်။ ခရစ်စတန်ဆန်ကတော့ ကျောနံပါတ် ၂၇ ကနေ ၄ ကို ပြောင်းလဲ ဝတ်ဆင်မှာဖြစ်တယ်။

ချယ်ဆီးအသင်းက အသင်းရဲ့ တရားဝင်ဈေးဆိုင်တွေက အသင်းဂျာစီကို ဝယ်ယူခဲ့တဲ့ ပရိသတ်တွေအား နံပါတ် လဲခြင်းကို အခမဲ့ လဲခွင့်ပြုမှာဖြစ်ပြီး အခြားသော ဆိုင်တွေက ဝယ်ယူထားတဲ့ ပရိသတ်တွေကိုတော့ ၅၀% ဈေးချပေးသွားမှာ ဖြစ်ပါတယ်။

Sports Home Time