ဘလြန္းဒီေအာ့ဆုကို အယ္လီဆန္ရသင့္တယ္လုိ႔ ေထာက္ခံလုိက္တဲ့ ဘရာဇီး ဂိုးနည္းျပ

ကလပ္အသင္းမွာနဲ႔ လက္ေရြးစင္အသင္းေတြမွာ လက္စြမ္းျပမႈေတြ လုပ္ခဲ့ျပီး ေအာင္ျမင္မႈေတြ ရယူႏုိင္ခဲ့တဲ့ ဂိုးသမား အယ္လီဆန္ဟာ ၁၉၆၃ ခုႏွစ္ေနာက္ပိုင္း ဘလြန္းဒီေအာ့ဆု အႏုိင္ရတဲ့ ဂိုးသမားျဖစ္လာသင့္တယ္လို႔ ဘရာဇီးနည္းျပက ေျပာဆိုပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ ဂိုးသမားကို အသက္ ၁၀ ႏွစ္အရြယ္ကတည္းက သိကၽြမ္းခဲ့ျပီး ဘရာဇီးကလပ္ အင္တာေနစီရြန္နယ္အသင္းမွာ အယ္လီဆန္ကို ႏွစ္ရာသီၾကာ နည္းျပခဲ့ကာ ထိပ္တန္းနည္းျပျဖစ္လာဖို႔ အကူအညီျဖစ္ထားခဲ့သူ ဘရာဇီးသားနည္းျပ ပါဗန္က အခုလို ေျပာဆိုလိုက္တာပါ။

ရိုးမားအသင္းကို ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္ထိ ေရာက္ရွိေအာင္ ကူညီေပးႏုိင္ခဲ့တဲ့ အယ္လီဆန္ဟာ လီဗာပူးကို စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးနဲ႔ ေရာက္ခဲ့သူပါ။ သူဟာ လီဗာပူးနဲ႔ အဖြင့္ေဘာလံုးရာသီမွာတင္ ဥေရာအသင္းေတြအတြက္ အဆင့္အျမင့္ဆံုးေသာ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရခဲ့သလို လက္ေရြးစင္အသင္းနဲ႔လည္း ေတာင္အေမရိကတိုက္ရဲ႕ အျမင့္ဆံုးေသာ ကိုပါအေမရိကဖလား အႏုိင္ရခဲ့ပါတယ္။

ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္နဲ႔ ကိုပါအေမရိကဖလား ျပိဳင္ပြဲေတြမွာ ေရႊလက္အိတ္ဆုေတြ အႏုိင္ရခဲ့ အယ္လီဆန္ဟာ ဂိုးသမားတစ္ဦး ရႏုိင္တဲ့ အျမင့္ဆံုး စြမ္းေဆာင္ရည္ ဆုေတြအားလံုးကို အႏုိင္ရခဲ့တာပါ။ တိုက္စစ္သမားတစ္ဦးက အဆိုပါ ျပိဳင္ပြဲသံုးမ်ိဳးမွာ ေရႊဖိနပ္ဆုရရင္ ဘလြန္းဒီေအာ့ဆုကို ေရပန္းစားမွာျဖစ္လုိ႔ အယ္လီဆန္ကလည္း တူညီတဲ့ အခြင့္အေရး ရသင့္တယ္လို႔ ယူဆခံေနရတယ္။

ပါဗန္က ေျပာရာမွာ ” အယ္လီဆန္ အႏုိင္ရမယ္လုိ႔ က်ေနာ္ ယံုၾကည္တယ္။ သူ႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရမႈက ဘလြန္းဒီေအာ့ဆု အႏုိင္ရဖို႔အတြက္ ဆန္ကာတင္စာရင္းထဲမွာ ထည့္သြင္းခံရပါလိမ့္မယ္။ ဒီဆုကို ဂုိးသမားေတြလည္း ရဖို႔ ထိုက္တန္ဆိုတာ ျပသႏုိင္ဖုိ႔ အခြင့္အေရးေကာင္းလုိ႔လည္း ထင္ပါတယ္ ” လို႔ ေျပာပါတယ္။

ပါဗန္ဟာ ဘရာဇီးကလပ္မွာ ဂိုးနည္းျပအျဖစ္ လုပ္ေနသူျဖစ္ျပီး လက္ေရြးစင္ ဂိုးသမားေတြျဖစ္တဲ့ အယ္လီဆန္၊ အီဒါဆန္ ႏွစ္ဦးလံုးဟာ ထိပ္တန္းဂိုးသမားေတြလို႔ ျမင္ပါတယ္။ ဒါေပမယ့္လို႔ ဘရာဇီးရဲ႕ ေက်ာနံပါတ္ တစ္ကို ဝတ္ဆင္ကစားတဲ့ အယ္လီဆန္က ပိုေကာင္းတဲ့ ဂိုးသမားလို႔လည္း သူက ေျပာပါတယ္။

“ သူတို႔ ႏွစ္ဦးလံုးက တူညီတဲ့ ဂိုးသမားေတြပါ။ ႏွစ္ဦးလံုးက ေဘာလံုးကိုင္ကစားႏုိင္သလို ကိုယ္ရဲ႕ ဂိုးဧရိယာမွာလည္း အေကာင္းဆံုး ကာကြယ္ႏုိင္ၾကတယ္။ အယ္လီဆန္ကေတာ့ ပိုေကာင္းတဲ့ ဂိုးသမားလို႔ထင္ပါတယ္။ ကလပ္အတြက္ေကာ၊ လက္ေရြးစင္အသင္းအတြက္ပါ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသေနျပီး ဒီေန႔အခ်ိန္မွာေတာ့ ကမၻာအေကာင္းဆံုး ဂိုးသမားပဲျဖစ္ပါတယ္။

သူက ဘရာဇီးလက္ေရြးစင္အသင္းရဲ႕ ဂိုးနည္းျပနဲ႔ လက္ေရြးစင္မန္ေနဂ်ာတို႔ရဲ႕ ယံုၾကည္မႈကိုလည္း ရရွိထားတယ္။ ဒါေၾကာင့္လည္း ဘရာဇီးအသင္းရဲ႕ ေက်ာနံပါတ္ တစ္ ဂ်ာစီကို ဝတ္ဆင္ေနရတာျဖစ္ပါတယ္ ” လို႔ ပါဗန္က ႏိႈင္းယွဥ္ ေျပာၾကာမႈလည္း လုပ္ခဲ့ပါတယ္။

Sports Home Time

[Unicode] ကလပ်အသင်းမှာနဲ့ လက်ရွေးစင်အသင်းတွေမှာ လက်စွမ်းပြမှုတွေ လုပ်ခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဂိုးသမား အယ်လီဆန်ဟာ ၁၉၆၃ ခုနှစ်နောက်ပိုင်း ဘလွန်းဒီအော့ဆု အနိုင်ရတဲ့ ဂိုးသမားဖြစ်လာသင့်တယ်လို့ ဘရာဇီးနည်းပြက ပြောဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ် ဂိုးသမားကို အသက် ၁၀ နှစ်အရွယ်ကတည်းက သိကျွမ်းခဲ့ပြီး ဘရာဇီးကလပ် အင်တာနေစီရွန်နယ်အသင်းမှာ အယ်လီဆန်ကို နှစ်ရာသီကြာ နည်းပြခဲ့ကာ ထိပ်တန်းနည်းပြဖြစ်လာဖို့ အကူအညီဖြစ်ထားခဲ့သူ ဘရာဇီးသားနည်းပြ ပါဗန်က အခုလို ပြောဆိုလိုက်တာပါ။

ရိုးမားအသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ အယ်လီဆန်ဟာ လီဗာပူးကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ခဲ့သူပါ။ သူဟာ လီဗာပူးနဲ့ အဖွင့်ဘောလုံးရာသီမှာတင် ဥရောအသင်းတွေအတွက် အဆင့်အမြင့်ဆုံးသော ချန်ပီယံလိဂ်ဖလား အနိုင်ရခဲ့သလို လက်ရွေးစင်အသင်းနဲ့လည်း တောင်အမေရိကတိုက်ရဲ့ အမြင့်ဆုံးသော ကိုပါအမေရိကဖလား အနိုင်ရခဲ့ပါတယ်။

ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ ကိုပါအမေရိကဖလား ပြိုင်ပွဲတွေမှာ ရွှေလက်အိတ်ဆုတွေ အနိုင်ရခဲ့ အယ်လီဆန်ဟာ ဂိုးသမားတစ်ဦး ရနိုင်တဲ့ အမြင့်ဆုံး စွမ်းဆောင်ရည် ဆုတွေအားလုံးကို အနိုင်ရခဲ့တာပါ။ တိုက်စစ်သမားတစ်ဦးက အဆိုပါ ပြိုင်ပွဲသုံးမျိုးမှာ ရွှေဖိနပ်ဆုရရင် ဘလွန်းဒီအော့ဆုကို ရေပန်းစားမှာဖြစ်လို့ အယ်လီဆန်ကလည်း တူညီတဲ့ အခွင့်အရေး ရသင့်တယ်လို့ ယူဆခံနေရတယ်။

ပါဗန်က ပြောရာမှာ ” အယ်လီဆန် အနိုင်ရမယ်လို့ ကျနော် ယုံကြည်တယ်။ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ချန်ပီယံလိဂ်ဖလား အနိုင်ရမှုက ဘလွန်းဒီအော့ဆု အနိုင်ရဖို့အတွက် ဆန်ကာတင်စာရင်းထဲမှာ ထည့်သွင်းခံရပါလိမ့်မယ်။ ဒီဆုကို ဂိုးသမားတွေလည်း ရဖို့ ထိုက်တန်ဆိုတာ ပြသနိုင်ဖို့ အခွင့်အရေးကောင်းလို့လည်း ထင်ပါတယ် ” လို့ ပြောပါတယ်။

ပါဗန်ဟာ ဘရာဇီးကလပ်မှာ ဂိုးနည်းပြအဖြစ် လုပ်နေသူဖြစ်ပြီး လက်ရွေးစင် ဂိုးသမားတွေဖြစ်တဲ့ အယ်လီဆန်၊ အီဒါဆန် နှစ်ဦးလုံးဟာ ထိပ်တန်းဂိုးသမားတွေလို့ မြင်ပါတယ်။ ဒါပေမယ့်လို့ ဘရာဇီးရဲ့ ကျောနံပါတ် တစ်ကို ဝတ်ဆင်ကစားတဲ့ အယ်လီဆန်က ပိုကောင်းတဲ့ ဂိုးသမားလို့လည်း သူက ပြောပါတယ်။

“ သူတို့ နှစ်ဦးလုံးက တူညီတဲ့ ဂိုးသမားတွေပါ။ နှစ်ဦးလုံးက ဘောလုံးကိုင်ကစားနိုင်သလို ကိုယ်ရဲ့ ဂိုးဧရိယာမှာလည်း အကောင်းဆုံး ကာကွယ်နိုင်ကြတယ်။ အယ်လီဆန်ကတော့ ပိုကောင်းတဲ့ ဂိုးသမားလို့ထင်ပါတယ်။ ကလပ်အတွက်ကော၊ လက်ရွေးစင်အသင်းအတွက်ပါ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေပြီး ဒီနေ့အချိန်မှာတော့ ကမ္ဘာအကောင်းဆုံး ဂိုးသမားပဲဖြစ်ပါတယ်။

သူက ဘရာဇီးလက်ရွေးစင်အသင်းရဲ့ ဂိုးနည်းပြနဲ့ လက်ရွေးစင်မန်နေဂျာတို့ရဲ့ ယုံကြည်မှုကိုလည်း ရရှိထားတယ်။ ဒါကြောင့်လည်း ဘရာဇီးအသင်းရဲ့ ကျောနံပါတ် တစ် ဂျာစီကို ဝတ်ဆင်နေရတာဖြစ်ပါတယ် ” လို့ ပါဗန်က နှိုင်းယှဉ် ပြောကြာမှုလည်း လုပ်ခဲ့ပါတယ်။

Sports Home Time