ေငြသံုးၾကမ္းေၾကာင္း ကေလာ့ပ္ရဲ႕ ေဝဖန္မႈကို သေဘာမက်စြာ ဂြာဒီယိုလာ တံု႔ျပန္

မန္စီးတီးရဲ႕ ေငြသံုးၾကမ္းမႈနဲ႔ ပတ္သက္ၿပီး ကေလာ့ပ္ရဲ႕ သေရာ္မႈကို ပက္ဂြာဒီယိုလာက ျပန္လည္တံု႔ျပန္လိုက္ပါျပီ။ မႏွစ္က ျပည္တြင္းဖလား သံုးလံုး ေအာင္ျမင္မႈ ၿပီးတဲ့ေနာက္ ပရီးမီးယားလိဂ္ဖလား ဆက္တိုက္ ေအာင္ျမင္ဖို႔နဲ႔ ျပည္တြင္းမွာ လႊမ္းမိုးမႈ႐ွိတဲ့ အသင္းျဖစ္ေရး လမ္းေၾကာင္းမွာ ဂြာဒီယိုလာက ဘီလီယံ တစ္ဝက္ေက်ာ္ သံုးစြဲခဲ့ပါတယ္။

ဒါေပမယ့္ တနဂၤေႏြေန႔မွာ ထိပ္တိုက္ေတြ႔ဆံုၾကမယ့္ ကြန္ျမဴနတီဒိုင္းပြဲ မတိုင္ခင္မွာ ကေလာ့ပ္ေျပာခဲ့တဲ့ စီးတီး၊ ရီးရဲလ္၊ဘာကာ၊ ပီအက္စ္ဂ်ီတို႔က လိုခ်င္တာမွန္သမ်ွ ဝယ္ႏိုင္တဲ့ အေနအထား ျဖစ္ၿပီး ဘ႑ာေရးကိစၥမွာ လီဗာပူးက သူတို႔ကို မယွဥ္ႏိုင္ဘူးဆိုတဲ့ စကားကို ဂြာဒီယိုလာက ေဒါသတႀကီး တံု႔ျပန္ခဲ့တာပါ။

“ဒါက က်ေနာ့္ကို စိတ္အေႏွာင့္အယွက္ေပးတယ္။ ဘာလို႔လဲဆိုေတာ့ အေျပာင္းအေရႊ႔ ကာလတိုင္း က်ေနာ္တို႔ ေပါင္သန္း ၂၀၀ သံုးခဲ့တယ္ဆိုတာ မမွန္ပါဘူး။ ဒီလို မမွန္ကန္တဲ့အတြက္ေၾကာင့္ ကေလာ့ပ္ရဲ႕ မွတ္ခ်က္ကို က်ေနာ္ သေဘာမက်ဘူး။ ” လို႔ ေျပာခဲ့ပါတယ္။

စီးတီးဟာ ဒီေႏြမွာ အက္သလက္တီကို ကြင္းလယ္လူ ႐ိုဒရီ ကို ကလပ္စံခ်ိန္တင္ေၾကး ေပါင္ ၆၂.၈သန္းနဲ႔ ေခၚယူခဲ့ၿပီး ပီအက္စ္ဗီကေန ဘယ္ေနာက္ခံလူ အိန္ဂ်လီႏိုကို ျပန္ေခၚဖို႔ ေပါင္ ၅.၃၅သန္းလဲ ေပးခဲ့ရပါတယ္။ ခ်န္ပီယံေတြရဲ႕ စံခ်ိန္တင္ ရင္းႏွီးေငြဟာ ရီးရဲလ္၊ ဘာကာ၊ ပီအက္စ္ဂ်ီ နဲ႔ လီဗာပူးရဲ႕ ေစ်းအႀကီးဆံုး အေျပာင္းအေရႊ႔ ႏွစ္ခုနဲ႔စာရင္ အနည္းငယ္သာ ႐ွိတာပါ။ ဗန္ဒိုက္အတြက္ ေပါင္ ၇၅ သန္း၊ အယ္လီဆန္အတြက္ ေပါင္ ၆၆ သန္းတို႔ဟာ စီးတီးကလပ္ရဲ႕ စံခ်ိန္တင္ေၾကးထက္ ပိုမ်ားေနတာ ျဖစ္ပါတယ္၊

ကေလာ့ပ္က ဒီႏွစ္ေယာက္ရဲ႕ ကုန္က်စရိတ္ဟာ ဘာစီလိုနာထံက ေကာ္တင္ညိဳအတြက္ ရခဲ့တဲ့ ေပါင္ ၁၄၅ သန္းနဲ႔ အသံုးျပဳခဲ့တာျဖစ္တယ္လို႔ ေျပာခဲ့ေပမယ့္ ဂြာဒီယိုလာက မႏွစ္က မာရက္ဇ္အတြက္ ေပါင္သန္း ၆၀ ဟာ အန္းဂက္စ္ဂန္း၊ ဒီေနယာ၊ မတ္ဖီ႐ိုနဲ႔ ဂ်ိဳးဟတ္တို႔ကို ေရာင္းၿပီး ကာမိခဲ႔တယ္လို႔ ေခ်ပခဲ့ပါတယ္။

“မႏွစ္က က်ေနာ္တို႔ မာရက္ဇ္ တစ္ေယာက္ထဲ အေပၚမွာပဲ ေပါင္ ၁၇ သန္း သံုးခဲ့ရတာပါ။ လြန္ခဲ့တဲ့ ႏွစ္ရာသီမွာ အမ်ားႀကီး သံုးခဲ့တာက က်ေနာ္က အသက္ ၃၀ နဲ႔အထက္ ကစားသမား ၁၀ ေယာက္ ၁၁ ေယာက္နဲ႔ စတင္ခဲ့ရတာကိုးဗ်။ ဒါေၾကာင့္ လူသစ္ေတြ ဝယ္ခဲ့ရတာ။ ဒါေပမယ့္ က်ေနာ္တို႔ ရာသီတိုင္း ေပါင္သန္း ၂၀၀ မသံုးႏိုင္ပါဘူး။ ဥပမာဆို လီဗာပူးဟာ မႏွစ္က ေပါင္ သန္း ၂၀၀ ေက်ာ္ သံုးခဲ့တယ္။ ဒီႏွစ္က်ေတာ့ သိပ္မသံုးေတာ့ဘူးေလ။ အဲ့လိုပဲေပါ့။ ”

” ဒီေႏြမွာ က်ေနာ္တို႔ ႐ိုဒရီကို ေခၚႁပီး အိန္ဂ်လီႏိုအတြက္ နည္းနည္း ျပန္ေပးခဲ့ရတယ္။ ဒါပါပဲ။ ဒါေၾကာင့္ ဒီေန႔ကလပ္ေတြက ရာသီတိုင္း အမ်ားႀကီး မျဖဳန္းႏိုင္ပါဘူး။ ဘာစီလိုနာနဲ႔ တျခားကလပ္ေတြ ဘယ္လိုသံုးၾကလဲ က်ေနာ္မသိဘူး။ က်ေနာ္က အဲ့မွာ႐ွိေနတာမွ မဟုတ္တာ။

တစ္ခုခုကို သူတို႔လုပ္ႏိုင္တယ္ထင္ရင္ လုပ္မွာပဲ။ ဘ႑ာေရး စည္းမ်ဥ္းအရ တစ္ခုခု မွားေနတယ္ဆိုရင္ သူတို႔ေတြ အျပစ္ေပးခံရလိမ့္မယ္။ ဒါေပမယ့္ က်ေနာ္က တျခားနည္းျပေတြရဲ႕ မွတ္ခ်က္ေတြကို ဂ႐ုမစိုက္ပါဘူး။ သူတို႔ေျပာခ်င္ရာ ေျပာတာပဲ။ က်ေနာ္ေျပာႏိုင္တာတစ္ခုက သူတို႔ေျပာတာ မမွန္ဘူး ဆိုတာပါပဲ။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] မန်စီးတီးရဲ့ ငွေသုံးကြမ်းမှုနဲ့ ပတ်သက်ပြီး ကလော့ပ်ရဲ့ သရော်မှုကို ပက်ဂွာဒီယိုလာက ပြန်လည်တုံ့ပြန်လိုက်ပါပြီ။ မနှစ်က ပြည်တွင်းဖလား သုံးလုံး အောင်မြင်မှု ပြီးတဲ့နောက် ပရီးမီးယားလိဂ်ဖလား ဆက်တိုက် အောင်မြင်ဖို့နဲ့ ပြည်တွင်းမှာ လွှမ်းမိုးမှုရှိတဲ့ အသင်းဖြစ်ရေး လမ်းကြောင်းမှာ ဂွာဒီယိုလာက ဘီလီယံ တစ်ဝက်ကျော် သုံးစွဲခဲ့ပါတယ်။

ဒါပေမယ့် တနင်္ဂနွေနေ့မှာ ထိပ်တိုက်တွေ့ဆုံကြမယ့် ကွန်မြူနတီဒိုင်းပွဲ မတိုင်ခင်မှာ ကလော့ပ်ပြောခဲ့တဲ့ စီးတီး၊ ရီးရဲလ်၊ဘာကာ၊ ပီအက်စ်ဂျီတို့က လိုချင်တာမှန်သမျှ ဝယ်နိုင်တဲ့ အနေအထား ဖြစ်ပြီး ဘဏ္ဍာရေးကိစ္စမှာ လီဗာပူးက သူတို့ကို မယှဉ်နိုင်ဘူးဆိုတဲ့ စကားကို ဂွာဒီယိုလာက ဒေါသတကြီး တုံ့ပြန်ခဲ့တာပါ။

“ဒါက ကျနော့်ကို စိတ်အနှောင့်အယှက်ပေးတယ်။ ဘာလို့လဲဆိုတော့ အပြောင်းအရွှေ့ ကာလတိုင်း ကျနော်တို့ ပေါင်သန်း ၂၀၀ သုံးခဲ့တယ်ဆိုတာ မမှန်ပါဘူး။ ဒီလို မမှန်ကန်တဲ့အတွက်ကြောင့် ကလော့ပ်ရဲ့ မှတ်ချက်ကို ကျနော် သဘောမကျဘူး။ ” လို့ ပြောခဲ့ပါတယ်။

စီးတီးဟာ ဒီနွေမှာ အက်သလက်တီကို ကွင်းလယ်လူ ရိုဒရီ ကို ကလပ်စံချိန်တင်ကြေး ပေါင် ၆၂.၈သန်းနဲ့ ခေါ်ယူခဲ့ပြီး ပီအက်စ်ဗီကနေ ဘယ်နောက်ခံလူ အိန်ဂျလီနိုကို ပြန်ခေါ်ဖို့ ပေါင် ၅.၃၅သန်းလဲ ပေးခဲ့ရပါတယ်။ ချန်ပီယံတွေရဲ့ စံချိန်တင် ရင်းနှီးငွေဟာ ရီးရဲလ်၊ ဘာကာ၊ ပီအက်စ်ဂျီ နဲ့ လီဗာပူးရဲ့ ဈေးအကြီးဆုံး အပြောင်းအရွှေ့ နှစ်ခုနဲ့စာရင် အနည်းငယ်သာ ရှိတာပါ။ ဗန်ဒိုက်အတွက် ပေါင် ၇၅ သန်း၊ အယ်လီဆန်အတွက် ပေါင် ၆၆ သန်းတို့ဟာ စီးတီးကလပ်ရဲ့ စံချိန်တင်ကြေးထက် ပိုများနေတာ ဖြစ်ပါတယ်၊

ကလော့ပ်က ဒီနှစ်ယောက်ရဲ့ ကုန်ကျစရိတ်ဟာ ဘာစီလိုနာထံက ကော်တင်ညိုအတွက် ရခဲ့တဲ့ ပေါင် ၁၄၅ သန်းနဲ့ အသုံးပြုခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပေမယ့် ဂွာဒီယိုလာက မနှစ်က မာရက်ဇ်အတွက် ပေါင်သန်း ၆၀ ဟာ အန်းဂက်စ်ဂန်း၊ ဒီနေယာ၊ မတ်ဖီရိုနဲ့ ဂျိုးဟတ်တို့ကို ရောင်းပြီး ကာမိခဲ့တယ်လို့ ချေပခဲ့ပါတယ်။

“မနှစ်က ကျနော်တို့ မာရက်ဇ် တစ်ယောက်ထဲ အပေါ်မှာပဲ ပေါင် ၁၇ သန်း သုံးခဲ့ရတာပါ။ လွန်ခဲ့တဲ့ နှစ်ရာသီမှာ အများကြီး သုံးခဲ့တာက ကျနော်က အသက် ၃၀ နဲ့အထက် ကစားသမား ၁၀ ယောက် ၁၁ ယောက်နဲ့ စတင်ခဲ့ရတာကိုးဗျ။ ဒါကြောင့် လူသစ်တွေ ဝယ်ခဲ့ရတာ။ ဒါပေမယ့် ကျနော်တို့ ရာသီတိုင်း ပေါင်သန်း ၂၀၀ မသုံးနိုင်ပါဘူး။ ဥပမာဆို လီဗာပူးဟာ မနှစ်က ပေါင် သန်း ၂၀၀ ကျော် သုံးခဲ့တယ်။ ဒီနှစ်ကျတော့ သိပ်မသုံးတော့ဘူးလေ။ အဲ့လိုပဲပေါ့။ ”

” ဒီနွေမှာ ကျနော်တို့ ရိုဒရီကို ခေါ်ပြီး အိန်ဂျလီနိုအတွက် နည်းနည်း ပြန်ပေးခဲ့ရတယ်။ ဒါပါပဲ။ ဒါကြောင့် ဒီနေ့ကလပ်တွေက ရာသီတိုင်း အများကြီး မဖြုန်းနိုင်ပါဘူး။ ဘာစီလိုနာနဲ့ တခြားကလပ်တွေ ဘယ်လိုသုံးကြလဲ ကျနော်မသိဘူး။ ကျနော်က အဲ့မှာရှိနေတာမှ မဟုတ်တာ။

တစ်ခုခုကို သူတို့လုပ်နိုင်တယ်ထင်ရင် လုပ်မှာပဲ။ ဘဏ္ဍာရေး စည်းမျဉ်းအရ တစ်ခုခု မှားနေတယ်ဆိုရင် သူတို့တွေ အပြစ်ပေးခံရလိမ့်မယ်။ ဒါပေမယ့် ကျနော်က တခြားနည်းပြတွေရဲ့ မှတ်ချက်တွေကို ဂရုမစိုက်ပါဘူး။ သူတို့ပြောချင်ရာ ပြောတာပဲ။ ကျနော်ပြောနိုင်တာတစ်ခုက သူတို့ပြောတာ မမှန်ဘူး ဆိုတာပါပဲ။ ” လို့ ပြောဆိုခဲ့ပါတယ်။

Sports Home Time