ပရီးမီးယားလိဂ္ ထိပ္သီးအသင္းေတြကို ဒုကၡေပးမယ့္ အဲဗာတန္ လူသစ္ႏွစ္ဦး ထပ္မံေခၚယူ

ပရီးမီးယားလိဂ္ရဲ႕ ဖ်က္ျမင္းေကာင္းအသင္းလို႔ နာမည္ေက်ာ္တဲ့ အဲဗာတန္အသင္းဟာ လာမယ့္ ၂၄ နာရီအတြင္း ကစားသမားေခၚယူမႈ ႏွစ္ခုကို ျပီးေျမာက္ေတာ့မွာျဖစ္ျပီး တိုက္စစ္မွဴး ကိန္းနဲ႔ ကြင္းလယ္လူ ဂါဘာမင္တို႔ကို ေခၚယူႏုိင္ေတာ့မွာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အသင္း လူငယ္တုိက္စစ္မွဴး ကိန္းအတြက္ ေပါင္ ၃၀ သန္းေပးဖို႔ သေဘာတူညီမႈနဲ႔အတူ အဲဗာတန္ဘက္က မၾကာခင္ ေဆးစစ္ေတာ့မွာျဖစ္ပါတယ္။ ဒါ့အျပင္ ပီအက္ဂ်ီကို ထြက္ခြာသြားတဲ့ ဂူရီေနရာ အစားထိုးဖို႔လည္း မိန္႔အသင္းမွ ကြင္းလယ္ခံစစ္သမား ဂါဘာမင္ကို ေပါင္ ၂၅ သန္းေပးျပီး ေခၚယူခဲ့ျပီျဖစ္ကာ လက္မွတ္ထိုးမႈပါ ျပဳလုပ္ႏုိင္ခဲ့ပါျပီ။

ေသာၾသာေန႔က အဲဗာတန္အသင္းကို ေရာက္လာခဲ့တဲ့ အသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္လူ ဂါဘာမင္ဟာ မာေဆးဆိုဒ္အသင္းမွာ ၂၀၂၄ ခုႏွစ္ထိ ရွိေနမယ့္ စာခ်ဳပ္တစ္ရပ္ကို လက္မွတ္ထိုးခဲ့ျခင္းလည္းျဖစ္ပါတယ္။ ကစားသမားကေတာ့ ” က်ေနာ္အတြက္ ၾကီးက်ယ္တဲ့ အခိုက္အတန္႔ျဖစ္ျပီး အဲဗာတန္က က်ေနာ္ကို ဝယ္ယူခဲ့တာ မွန္ကန္ပါတယ္ဆိုတဲ့အေၾကာင္း ကြင္းထဲမွာ သက္ေသျပလိုပါတယ္ ” လို႔ အဲဗာတန္ ဝဘ္ဆိုဒ္ကို ေျဖဆိုပါတယ္။

” အဲဗာတန္ကို ေရာက္လာရတာ စိတ္လႈပ္ရွားပါတယ္။ ဘာလို႔လည္းဆိုေတာ့ ဒီအသင္းက အဂၤလန္မွာ သမိုင္းေၾကာင္းရွိျပီး ရည္ရြယ္ခ်က္ေကာင္းေတြရွိတဲ့ အသင္းပါ။ ပရီးမီးယားလိဂ္ကို က်ေနာ္ ေျပာင္းလာလိုခဲ့တယ္။ က်ေနာ္ကေတာ့ ေျပးရတာ၊ ျဖတ္ထုတ္ရတာ၊ ႏွစ္ဦးခ်င္း ထိပ္တိုက္ေတြ႔တာေတြကို သေဘာက်ပါတယ္။ ေဘာလံုးေကာင္းေကာင္း ေပးႏုိင္သလို ကစားကြက္ ေျပာင္းလဲဖို႔လည္း အကူအညီျဖစ္ေစတယ္။ က်န္တာေတာ့ ကြင္းထဲမွာ ေတြ႔ရမွာပါ ” လို႔ ဂါဘာမင္က ေျပာပါတယ္။

အဲဗာတန္က ဂ်ဴဗင္တပ္အသင္းမွ အသက္ ၁၉ ႏွစ္အရြယ္ပဲရွိေသးတဲ့ အီတလီလူငယ္တိုက္စစ္မွဴး ကိန္းကို ေပါင္ ၃၀ သန္းေပးျပီး ေခၚယူႏုိင္ဖို႔ သေဘာတူညီထားခဲ့ပါျပီ။ အီတလီလက္ေရြးစင္ကို ေခၚယူျခင္းက လြန္ခဲ့တဲ့ ႏွစ္ႏွစ္က လစ္လပ္သြားတဲ့ လူကာကူေနရာ အားျဖည့္ျခင္းျဖစ္ျပီး ဂူဒီဆန္ဟာ ပိုမိုအားေကာင္းတဲ့ ျပိဳင္ဘက္အသင္း ျဖစ္လာမယ္လို႔ အဲဗာတန္ဘက္က ယံုၾကည္ေနတယ္။

ညာခံစစ္ေနရာကို အားျဖည့္ဖို႔ လူရွာေနေသးတဲ့ အဲဗာတန္ဟာ ရာသီၾကိဳမွာပဲ ဂိုးမက္စ္၊ ဒဖ္ဘ္၊ ဂ်ိဳးနက္စ္တို႔ကို ေခၚယူထားပါတယ္။ အေျပာင္းအေရႊ႔ လက္က်န္ကာလအတြင္း ပဲေလစ့္မွ ဇာဟာ၊ ခ်ယ္ဆီးမွ တိုမိုရီနဲ႔ ဘာကာယိုကို တို႔အျပင္ အရည္အေသြးရွိ လူငယ္ကစားသမားေတြကိုလည္း ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနပါတယ္။

Sports Home Time

[Unicode] ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းကောင်းအသင်းလို့ နာမည်ကျော်တဲ့ အဲဗာတန်အသင်းဟာ လာမယ့် ၂၄ နာရီအတွင်း ကစားသမားခေါ်ယူမှု နှစ်ခုကို ပြီးမြောက်တော့မှာဖြစ်ပြီး တိုက်စစ်မှူး ကိန်းနဲ့ ကွင်းလယ်လူ ဂါဘာမင်တို့ကို ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်း လူငယ်တိုက်စစ်မှူး ကိန်းအတွက် ပေါင် ၃၀ သန်းပေးဖို့ သဘောတူညီမှုနဲ့အတူ အဲဗာတန်ဘက်က မကြာခင် ဆေးစစ်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်ဂျီကို ထွက်ခွာသွားတဲ့ ဂူရီနေရာ အစားထိုးဖို့လည်း မိန့်အသင်းမှ ကွင်းလယ်ခံစစ်သမား ဂါဘာမင်ကို ပေါင် ၂၅ သန်းပေးပြီး ခေါ်ယူခဲ့ပြီဖြစ်ကာ လက်မှတ်ထိုးမှုပါ ပြုလုပ်နိုင်ခဲ့ပါပြီ။

သောသြာနေ့က အဲဗာတန်အသင်းကို ရောက်လာခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူ ဂါဘာမင်ဟာ မာဆေးဆိုဒ်အသင်းမှာ ၂၀၂၄ ခုနှစ်ထိ ရှိနေမယ့် စာချုပ်တစ်ရပ်ကို လက်မှတ်ထိုးခဲ့ခြင်းလည်းဖြစ်ပါတယ်။ ကစားသမားကတော့ ” ကျနော်အတွက် ကြီးကျယ်တဲ့ အခိုက်အတန့်ဖြစ်ပြီး အဲဗာတန်က ကျနော်ကို ဝယ်ယူခဲ့တာ မှန်ကန်ပါတယ်ဆိုတဲ့အကြောင်း ကွင်းထဲမှာ သက်သေပြလိုပါတယ် ” လို့ အဲဗာတန် ဝဘ်ဆိုဒ်ကို ဖြေဆိုပါတယ်။

” အဲဗာတန်ကို ရောက်လာရတာ စိတ်လှုပ်ရှားပါတယ်။ ဘာလို့လည်းဆိုတော့ ဒီအသင်းက အင်္ဂလန်မှာ သမိုင်းကြောင်းရှိပြီး ရည်ရွယ်ချက်ကောင်းတွေရှိတဲ့ အသင်းပါ။ ပရီးမီးယားလိဂ်ကို ကျနော် ပြောင်းလာလိုခဲ့တယ်။ ကျနော်ကတော့ ပြေးရတာ၊ ဖြတ်ထုတ်ရတာ၊ နှစ်ဦးချင်း ထိပ်တိုက်တွေ့တာတွေကို သဘောကျပါတယ်။ ဘောလုံးကောင်းကောင်း ပေးနိုင်သလို ကစားကွက် ပြောင်းလဲဖို့လည်း အကူအညီဖြစ်စေတယ်။ ကျန်တာတော့ ကွင်းထဲမှာ တွေ့ရမှာပါ ” လို့ ဂါဘာမင်က ပြောပါတယ်။

အဲဗာတန်က ဂျူဗင်တပ်အသင်းမှ အသက် ၁၉ နှစ်အရွယ်ပဲရှိသေးတဲ့ အီတလီလူငယ်တိုက်စစ်မှူး ကိန်းကို ပေါင် ၃၀ သန်းပေးပြီး ခေါ်ယူနိုင်ဖို့ သဘောတူညီထားခဲ့ပါပြီ။ အီတလီလက်ရွေးစင်ကို ခေါ်ယူခြင်းက လွန်ခဲ့တဲ့ နှစ်နှစ်က လစ်လပ်သွားတဲ့ လူကာကူနေရာ အားဖြည့်ခြင်းဖြစ်ပြီး ဂူဒီဆန်ဟာ ပိုမိုအားကောင်းတဲ့ ပြိုင်ဘက်အသင်း ဖြစ်လာမယ်လို့ အဲဗာတန်ဘက်က ယုံကြည်နေတယ်။

ညာခံစစ်နေရာကို အားဖြည့်ဖို့ လူရှာနေသေးတဲ့ အဲဗာတန်ဟာ ရာသီကြိုမှာပဲ ဂိုးမက်စ်၊ ဒဖ်ဘ်၊ ဂျိုးနက်စ်တို့ကို ခေါ်ယူထားပါတယ်။ အပြောင်းအရွှေ့ လက်ကျန်ကာလအတွင်း ပဲလေစ့်မှ ဇာဟာ၊ ချယ်ဆီးမှ တိုမိုရီနဲ့ ဘာကာယိုကို တို့အပြင် အရည်အသွေးရှိ လူငယ်ကစားသမားတွေကိုလည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

Sports Home Time