ခ်ယ္ဆီးနဲ႔ပြဲ မတိုင္ခင္ အသင္းသားေတြကို သတိေပးမႈတစ္ခု ျပဳလုပ္လိုက္တဲ့ ဆိုးရွား

မန္ခ်က္စတာ ယူႏိုက္တက္ နည္းျပ အိုလီဂန္နာဆိုး႐ွားက ပရီးမီးယားလိဂ္ အဖြင့္ပြဲအတြက္ ျပင္ဆင္ေနသလို ရာသီႀကိဳမွာ ႏိုင္ပြဲဆက္ေနတဲ့ ရလဒ္ေတြက ဘာမွ အဓိပၸါယ္မ႐ွိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ လိဒ္ယူႏိုက္တက္ ၊ ပက္ဂလိုရီ၊ အင္တာ၊ ေတာ့တင္ဟမ္ နဲ႔ ခရစၥတီယန္ဆန္ အသင္းေတြကို အႏိုင္ယူၿပီး ရာသီႀကိဳ ၅ ပြဲလံုးမွာ ေအာင္ျမင္ခဲ့တာပါ။ ဒါေပမယ့္ စေနေန႔မွာ ေအစီနဲ႔ ကစားမယ့္ ICC ပြဲ မတိုင္ခင္ ရလဒ္ေတြထက္ ျသဂုတ္ ၁၁ ရက္မွာ ကစားမယ့္ ခ်ယ္ဆီးနဲ႔ ပရီးမီးယားလိဂ္ အဖြင့္ပြဲ ရလဒ္ေကာင္းဖို႔ကပဲ ပိုအေရားၾကီးပါတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဆိုးရွားက ” ရလဒ္ကိုေတာ့ ေက်နပ္တယ္။ ေကာင္ေလးေတြ ရာသီႀကိဳမွာ ပံုစံေကာင္းေတြ ျပသႏိုင္ေနတာ ျမင္ခဲ့ရတာ ေကာင္းပါတယ္။ ဒါေပမယ့္ အဲ့ဒါေတြက ဘာအမွတ္မွ မရပါဘူး။ အိုးလ္ထရက္ဖို႔ဒ္မွာ ခ်ယ္ဆီးနဲ႔ ရင္ဆိုင္ရတဲ့အခါ အဲ့ဒါေတြက အေရးမပါဘူးေလ။ က်ေနာ္တို႔ တိုးတက္လာၿပီး ပိုေကာင္းေအာင္ လုပ္ျပဖို႔ လိုတယ္။

က်ေနာ္တို႔ ပိုတိုးတက္လာေလ ပိုေကာင္းလာေလ ရာသီကုန္မွာ ဖလားစိန္ေခၚႏိုင္ဖို႔ အခြင့္အေရး ပိုမ်ားေလပါပဲ။ ေကာင္ေလးေတြက သူတို႔ရဲ႕ လုပ္ႏိုင္စြမ္းေတြကို ျပသခဲ့တယ္။ က်ေနာ္တို႔ ဆက္ႀကိဳးစားရင္ အမ်ားႀကီး တိုးတက္ႏိုင္ပါတယ္။ ” လို႔ ေျပာခဲ့တာပါ။

ဆိုး႐ွားဟာ ဒီဇင္ဘာမွာ ဟိုေဆးေမာ္ရင္ညိဳ ေနရာ အစားထိုးခဲ့ၿပီးေနာက္ မႏွစ္က သရဲနီေတြကို တိုးတက္ေအာင္ လူပ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ဆံုး လိဂ္ကိုးပြဲမွာ ၂ ပြဲသာ ႏိုင္ခဲ့ၿပီး အဆင့္ ၆ နဲ႔ ခ်န္ပီယံလိဂ္ ဝင္ခြင့္ လြဲေခ်ာ္ခဲ့ပါတယ္။ မတ္လမွာ သံုးႏွစ္စာခ်ဳပ္နဲ႔ တရားဝင္ အျမဲတမ္း နည္းျပ ျဖစ္ခဲ့တဲ့ ဆိုး႐ွားက ခက္ခဲတဲ့ ရာသီဟာ ေနာက္ဆံုးမွာ ကစားသမားေတြကို ထိခိုက္ေစခဲ့တယ္လို႔ ထင္ေနပါတယ္။

” ေဘာလံုးက စိတ္လႈပ္႐ွားစရာ ေကာင္းတဲ့ ကစားပြဲပါ။ အရင္နည္းျပက ႐ွံဴးနိမ့္ခဲ့တဲ့ အလုပ္ကို နည္းျပသစ္ ဝင္လာတဲ့အခါ အျမဲ ခက္ခဲပါတယ္။ ဒါေပမယ့္ ေႏြရာသီမွာ ကစားသမား ေတြက ဒါကိူ ေျဖ႐ွင္းခဲ့ၿပီး သူတို႔ဟာ ၾကံ့ခိုင္မႈ အျပည့္နဲ႔ ေကာင္းမြန္တဲ့ ကစားပံုေတြ ျပန္ရခဲ့ပါတယ္။

အ႐ႈပ္အေထြးေတြကို က်ေနာ္တို႔ လံုလံုေလာက္ေလာက္ မေျဖ႐ွင္းခဲ့ဘူးဆိုတာ သိပါတယ္။ ဒါက စိတ္ပင္ပန္းမႈေတြ ျဖစ္ေစလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒါက လူတိုင္းအတြက္ ဆိုးဝါးတဲ့ ရာသီ ျဖစ္ခဲ့တယ္ေလ။ ဒါေပမယ့္ ရာသီသစ္မွာ က်ေနာ္တို႔ ပိုေကာင္းတဲ့ အသင္း ျဖစ္လာမွာပါ။ ” လိူ႔ ဆိုး႐ွားက ေျပာခဲ့ပါတယ္။

Sports Home Time

[Unicode] မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလီဂန်နာဆိုးရှားက ပရီးမီးယားလိဂ် အဖွင့်ပွဲအတွက် ပြင်ဆင်နေသလို ရာသီကြိုမှာ နိုင်ပွဲဆက်နေတဲ့ ရလဒ်တွေက ဘာမှ အဓိပ္ပါယ်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ လိဒ်ယူနိုက်တက် ၊ ပက်ဂလိုရီ၊ အင်တာ၊ တော့တင်ဟမ် နဲ့ ခရစ္စတီယန်ဆန် အသင်းတွေကို အနိုင်ယူပြီး ရာသီကြို ၅ ပွဲလုံးမှာ အောင်မြင်ခဲ့တာပါ။ ဒါပေမယ့် စနေနေ့မှာ အေစီနဲ့ ကစားမယ့် ICC ပွဲ မတိုင်ခင် ရလဒ်တွေထက် သြဂုတ် ၁၁ ရက်မှာ ကစားမယ့် ချယ်ဆီးနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ ရလဒ်ကောင်းဖို့ကပဲ ပိုအရေားကြီးပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆိုးရှားက ” ရလဒ်ကိုတော့ ကျေနပ်တယ်။ ကောင်လေးတွေ ရာသီကြိုမှာ ပုံစံကောင်းတွေ ပြသနိုင်နေတာ မြင်ခဲ့ရတာ ကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒါတွေက ဘာအမှတ်မှ မရပါဘူး။ အိုးလ်ထရက်ဖို့ဒ်မှာ ချယ်ဆီးနဲ့ ရင်ဆိုင်ရတဲ့အခါ အဲ့ဒါတွေက အရေးမပါဘူးလေ။ ကျနော်တို့ တိုးတက်လာပြီး ပိုကောင်းအောင် လုပ်ပြဖို့ လိုတယ်။

ကျနော်တို့ ပိုတိုးတက်လာလေ ပိုကောင်းလာလေ ရာသီကုန်မှာ ဖလားစိန်ခေါ်နိုင်ဖို့ အခွင့်အရေး ပိုများလေပါပဲ။ ကောင်လေးတွေက သူတို့ရဲ့ လုပ်နိုင်စွမ်းတွေကို ပြသခဲ့တယ်။ ကျနော်တို့ ဆက်ကြိုးစားရင် အများကြီး တိုးတက်နိုင်ပါတယ်။ ” လို့ ပြောခဲ့တာပါ။

ဆိုးရှားဟာ ဒီဇင်ဘာမှာ ဟိုဆေးမော်ရင်ညို နေရာ အစားထိုးခဲ့ပြီးနောက် မနှစ်က သရဲနီတွေကို တိုးတက်အောင် လူပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး လိဂ်ကိုးပွဲမှာ ၂ ပွဲသာ နိုင်ခဲ့ပြီး အဆင့် ၆ နဲ့ ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်ခဲ့ပါတယ်။ မတ်လမှာ သုံးနှစ်စာချုပ်နဲ့ တရားဝင် အမြဲတမ်း နည်းပြ ဖြစ်ခဲ့တဲ့ ဆိုးရှားက ခက်ခဲတဲ့ ရာသီဟာ နောက်ဆုံးမှာ ကစားသမားတွေကို ထိခိုက်စေခဲ့တယ်လို့ ထင်နေပါတယ်။

” ဘောလုံးက စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ကစားပွဲပါ။ အရင်နည်းပြက ရှူံးနိမ့်ခဲ့တဲ့ အလုပ်ကို နည်းပြသစ် ဝင်လာတဲ့အခါ အမြဲ ခက်ခဲပါတယ်။ ဒါပေမယ့် နွေရာသီမှာ ကစားသမား တွေက ဒါကိူ ဖြေရှင်းခဲ့ပြီး သူတို့ဟာ ကြံ့ခိုင်မှု အပြည့်နဲ့ ကောင်းမွန်တဲ့ ကစားပုံတွေ ပြန်ရခဲ့ပါတယ်။

အရှုပ်အထွေးတွေကို ကျနော်တို့ လုံလုံလောက်လောက် မဖြေရှင်းခဲ့ဘူးဆိုတာ သိပါတယ်။ ဒါက စိတ်ပင်ပန်းမှုတွေ ဖြစ်စေလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒါက လူတိုင်းအတွက် ဆိုးဝါးတဲ့ ရာသီ ဖြစ်ခဲ့တယ်လေ။ ဒါပေမယ့် ရာသီသစ်မှာ ကျနော်တို့ ပိုကောင်းတဲ့ အသင်း ဖြစ်လာမှာပါ။ ” လိူ့ ဆိုးရှားက ပြောခဲ့ပါတယ်။

Sports Home Time