[Zawgyi] ယူနိုက္တက္ ကစားသမားေဟာင္း အသက္ ၃၈ႏွစ္အရြယ္ ပက္ထရစ္ အီဗရာက ပရီးမီးယားလိဂ္ ငါးႀကိမ္၊ လိဂ္ဖလား သံုးႀကိမ္၊ ကြန္ျမဴနတီဒိုင္း ငါးႀကိမ္၊ ခ်န္ပီယံလိဂ္ တစ္ႀကိမ္ ေအာင္ျမင္ၿပီး သူ႔ကစားသမားဘဝကို တင့္တယ္ေစခဲ့ပါတယ္။ ျပင္သစ္သားဟာ ပရီးမီးယားလိဂ္ သမိုင္းမွာ အႀကီးက်ယ္ဆံုး ခံစစ္ကစားသမားေတြထဲက တစ္ေယာက္ အျဖစ္ အသိအမွတ္ျပဳခံခဲ့ရသလို ဂ်ဴဗင္တပ္ အသင္းနဲ႔အတူ စီးရီးေအနဲ႔ ကိုပါအီတလီရာ ဖလားေတြ ရယူခဲ့သူလဲ ျဖစ္ပါတယ္။
အခုခ်ိန္မွာ သူ႔ရဲ႕ အမွတ္အသားျဖစ္တဲ့ ‘ I love this game’ ဆိူတဲ့ စာသားဟာ ဆို႐ွယ္မီဒီယာမွာ ပရိသတ္ေတြ သေဘာက်ခဲ့သလို ကြင္းျပင္ပမွာ လႊမ္းမိုးမႈ ႐ွိလာတာပါ။
The Players’ Tribune အတြက္ ေဆာင္းပါးတစ္ခုမွာ ျပင္သစ္ လက္ေရြးစင္ေဟာင္းဟာ ၂၀၀၈ မွာ ခ်ယ္ဆီးကို အႏိုင္ရခဲ့တဲ့ ယူႏိုက္တက္ ရဲ႕ ခ်န္ပီယံလိဂ္ ဖိုင္နယ္ ပြဲ မတိုင္ခင္ ဆာအဲလက္စ္ဖာဂူဆန္ ရဲ႕ အံ့ၾသေလာက္စရာ ခ်န္ပီယံလိဂ္ ပြဲႀကိဳေျပာစကားကို ျပန္ေျပာျပ ခဲ့ၿပီး ေဘာလံုးအားကစား ကို သူ ဘာေၾကာင့္ သိပ္ခ်စ္ရတယ္ဆိုတာ ေသခ်ာ ႐ွင္းျပခဲ့ပါတယ္။

“ဆို႐ွယ္မီဒီယာ ေပၚက ဗီဒီယို အခ်ိဴ႕မွာ က်ေနာ္က ပန္ဒါ ၀က္၀ံ တစ္ေကာင္နဲ႔ အတူ ႐ွိေနမယ္။ ဒါမွမဟုတ္ သူတို႔လို ဝတ္ထားမယ္။ က်ေနာ္ ကၿပီး တစ္ခုခု ဆိုေနမယ္။ၿပီးေတာ့ ‘ပန္ဒါလိုမ်ိဳး ေနပါ။ က်ေနာ္က ျဖဴတယ္၊ မဲတယ္၊ အာ႐ွသား ျဖစ္ၿပီး ဝဝကစ္ကစ္ ေလးပါ။ လူမ်ိဳးေရး ခြဲျခားမႈေတြကို ျငင္းပယ္ပါ။ ‘ လို႔ ေျပာမယ္။ ဒါက သိပ္ေကာင္းတဲ့ မက္ေဆ့ခ်္ပါပဲ။ လူအားလံုးက အတူတူပဲ၊ က်ေနာ္တို႔ အားလံုး ကမၻာႀကီးကို ပို ေကာင္းေအာင္ လုပ္သင့္တယ္ဆိုတာ လူေတြ နားလည္ေအာင္ ပန္ဒါက လုပ္ေပးလိမ့္မယ္လို႔ ေမ်ွာ္လင့္ပါတယ္။ ”
“လူေတြကို သူတို႔ရဲ႕ အသားအေရာင္ ၊ အေလးခိ်န္ ၊ ဆံပင္၊မ်က္လံုး အေရာင္ေတြနဲ႔ မခြဲျခားပါနဲ႔။ က်ေနာ္တို႔ အားလံုးက လူသားေတြပါ။ ညီကိုေမာင္ႏွမေတြပါ။ မိသားစုုႀကီးတစ္ခုပါ။ က်ေနာ္ ၂၀၀၈ ခုနစ္ ေမာ္စကိုမွာ ခ်ယ္ဆီးနဲ႔ ခ်န္ပီယံလိဂ္ ဖိုင္နယ္ မတိုင္ခင္ ဖာဂူဆန္ ေျပာခဲ့တဲ့ စကားကို သြား သတိရေစတယ္။ ”
“နည္းျပက ဝင္လာတဲ့အခ်ိန္ က်ေနာ္တို႔က အဝတ္လဲခန္းထဲမွာ ႐ွိခဲ့တာပါ။ ထံုးစံအတိုင္း သီခ်င္းက ရပ္သြားခဲ့တယ္။ အက္က်သံေတာင္ ၾကားရေလာက္ေအာင္ပဲ။ ၿပီးေတာ့ ဖာဂူဆန္ က ေျပာတယ္။ ‘ငါတို႔ အႏိုင္ရခဲ့ၿပီးသား’ တဲ့။ က်ေနာ္တို႔ တစ္ေယာက္ နဲ႔တစ္ေယာက္ ၾကည့္လိုက္ၾကၿပီး သူက ေျပာျပန္တယ္။ ‘ငါတို႔ ႏိုင္ၿပီးသား။ ဒီပြဲကို ကစားဖို႔ေတာင္ မလိုဘူး။’တဲ့။ က်ေနာ္တို႔ကလဲ ‘ဘာေတြေျပာေနတာလဲဟ။ ပြဲက စေတာင္မစရေသးဘူး’ ေပါ့။ ”
“ၿပီးေတာ့ ဖာဂူဆန္က က်ေနာ့္ဘက္ လွည့္လာၿပီး ‘ပက္ထရစ္ ကို ၾကည့္လိုက္။သူ႔မာ ေမာင္ႏွမ ၂၄ေယာက္ ႐ွိတယ္။ စားပြဲေပၚ စားစရာေတြ တင္ဖို႔ သူ႔အေမ ဘာလုပ္ဖို႔လိုခဲ့လဲဆိုတာ စဥ္းစားၾကည့္’ လို႔ ေျပာတယ္။ ၿပီးေတာ့ ဝိန္းရြန္းနီဘက္ လွည့္ၿပီး ‘ဝိန္းကိုၾကည့္၊ သူက လီဗာပူးက အခက္ခဲဆံုးအပိူင္းေတြမွာ ႀကီးျပင္းခဲ့တယ္’ လို႔ ေျပာျပန္တယ္။ ပတ္ဂ်ီဆန္ဘက္လွည့္ၿပီး ‘ဂ်ီကို ၾကည့္။ သူက ေတာင္ကိုရီးယား ကေန လာခဲ့တာ။ ‘လို႔ ေျပာခ့ဲတယ္။ ”
“နည္းျပက က်ေနာ္တို႔ အေၾကာင္းေတြ ေျပာခဲ့တဲ့အခါ သူက အသင္းသားေတြၾကား ရင္းႏွီးမႈရဖို႔ ရည္ရြယ္ခဲ့တယ္ဆိုတာ က်ေနာ္တို႔ နားလည္ ခဲ့တယ္။ က်ေနာ္တို႔က ေဘာလံုးအသင္း တစ္သင္းပဲ မဟုတ္ပါဘူး။ က်ေနာ္တို႔ဟာ ႐ိုးရာ၊ လူမ်ိဳး၊ ဘာသာ မ်ိဴးစံူနဲ႔ ကမၻာ့ေနရာအစံုက လူေတြ ျဖစ္ပါတယ္။ က်ေနာ္တို႔ အားလံုး ၾကက္သီးထခဲ့တယ္။ ၿပီးေတာ့ က်ေနာ္တို႔ေတြ တေသြးတည္း တသားတည္းနဲ႕ ကြင္းထဲဝင္ၾကၿပီးေတာ့ ဖလားရခဲ့တာပဲ။ ဒါက မန္ခ်က္စတာ ယူႏိုက္တက္ပါ။ ဒါေၾကာင့္ ေဘာလံုးအားကစား ကို က်ေနာ္ ခ်စ္ပါတယ္။ ” လို႔ အီဗရာက ေျပာၾကားခဲ့ပါတယ္။
Sports Home Time

[Unicode] ယူနိုက်တက် ကစားသမားဟောင်း အသက် ၃၈နှစ်အရွယ် ပက်ထရစ် အီဗရာက ပရီးမီးယားလိဂ် ငါးကြိမ်၊ လိဂ်ဖလား သုံးကြိမ်၊ ကွန်မြူနတီဒိုင်း ငါးကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ် အောင်မြင်ပြီး သူ့ကစားသမားဘဝကို တင့်တယ်စေခဲ့ပါတယ်။ ပြင်သစ်သားဟာ ပရီးမီးယားလိဂ် သမိုင်းမှာ အကြီးကျယ်ဆုံး ခံစစ်ကစားသမားတွေထဲက တစ်ယောက် အဖြစ် အသိအမှတ်ပြုခံခဲ့ရသလို ဂျူဗင်တပ် အသင်းနဲ့အတူ စီးရီးအေနဲ့ ကိုပါအီတလီရာ ဖလားတွေ ရယူခဲ့သူလဲ ဖြစ်ပါတယ်။
အခုချိန်မှာ သူ့ရဲ့ အမှတ်အသားဖြစ်တဲ့ ‘ I love this game’ ဆိူတဲ့ စာသားဟာ ဆိုရှယ်မီဒီယာမှာ ပရိသတ်တွေ သဘောကျခဲ့သလို ကွင်းပြင်ပမှာ လွှမ်းမိုးမှု ရှိလာတာပါ။
The Players’ Tribune အတွက် ဆောင်းပါးတစ်ခုမှာ ပြင်သစ် လက်ရွေးစင်ဟောင်းဟာ ၂၀၀၈ မှာ ချယ်ဆီးကို အနိုင်ရခဲ့တဲ့ ယူနိုက်တက် ရဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲ မတိုင်ခင် ဆာအဲလက်စ်ဖာဂူဆန် ရဲ့ အံ့သြလောက်စရာ ချန်ပီယံလိဂ် ပွဲကြိုပြောစကားကို ပြန်ပြောပြ ခဲ့ပြီး ဘောလုံးအားကစား ကို သူ ဘာကြောင့် သိပ်ချစ်ရတယ်ဆိုတာ သေချာ ရှင်းပြခဲ့ပါတယ်။

“ဆိုရှယ်မီဒီယာ ပေါ်က ဗီဒီယို အချိူ့မှာ ကျနော်က ပန်ဒါ ဝက်ဝံ တစ်ကောင်နဲ့ အတူ ရှိနေမယ်။ ဒါမှမဟုတ် သူတို့လို ဝတ်ထားမယ်။ ကျနော် ကပြီး တစ်ခုခု ဆိုနေမယ်။ပြီးတော့ ‘ပန်ဒါလိုမျိုး နေပါ။ ကျနော်က ဖြူတယ်၊ မဲတယ်၊ အာရှသား ဖြစ်ပြီး ဝဝကစ်ကစ် လေးပါ။ လူမျိုးရေး ခွဲခြားမှုတွေကို ငြင်းပယ်ပါ။ ‘ လို့ ပြောမယ်။ ဒါက သိပ်ကောင်းတဲ့ မက်ဆေ့ချ်ပါပဲ။ လူအားလုံးက အတူတူပဲ၊ ကျနော်တို့ အားလုံး ကမ္ဘာကြီးကို ပို ကောင်းအောင် လုပ်သင့်တယ်ဆိုတာ လူတွေ နားလည်အောင် ပန်ဒါက လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”
“လူတွေကို သူတို့ရဲ့ အသားအရောင် ၊ အလေးချိန် ၊ ဆံပင်၊မျက်လုံး အရောင်တွေနဲ့ မခွဲခြားပါနဲ့။ ကျနော်တို့ အားလုံးက လူသားတွေပါ။ ညီကိုမောင်နှမတွေပါ။ မိသားစုုကြီးတစ်ခုပါ။ ကျနော် ၂၀၀၈ ခုနစ် မော်စကိုမှာ ချယ်ဆီးနဲ့ ချန်ပီယံလိဂ် ဖိုင်နယ် မတိုင်ခင် ဖာဂူဆန် ပြောခဲ့တဲ့ စကားကို သွား သတိရစေတယ်။ ”
“နည်းပြက ဝင်လာတဲ့အချိန် ကျနော်တို့က အဝတ်လဲခန်းထဲမှာ ရှိခဲ့တာပါ။ ထုံးစံအတိုင်း သီချင်းက ရပ်သွားခဲ့တယ်။ အက်ကျသံတောင် ကြားရလောက်အောင်ပဲ။ ပြီးတော့ ဖာဂူဆန် က ပြောတယ်။ ‘ငါတို့ အနိုင်ရခဲ့ပြီးသား’ တဲ့။ ကျနော်တို့ တစ်ယောက် နဲ့တစ်ယောက် ကြည့်လိုက်ကြပြီး သူက ပြောပြန်တယ်။ ‘ငါတို့ နိုင်ပြီးသား။ ဒီပွဲကို ကစားဖို့တောင် မလိုဘူး။’တဲ့။ ကျနော်တို့ကလဲ ‘ဘာတွေပြောနေတာလဲဟ။ ပွဲက စတောင်မစရသေးဘူး’ ပေါ့။ ”
“ပြီးတော့ ဖာဂူဆန်က ကျနော့်ဘက် လှည့်လာပြီး ‘ပက်ထရစ် ကို ကြည့်လိုက်။သူ့မာ မောင်နှမ ၂၄ယောက် ရှိတယ်။ စားပွဲပေါ် စားစရာတွေ တင်ဖို့ သူ့အမေ ဘာလုပ်ဖို့လိုခဲ့လဲဆိုတာ စဉ်းစားကြည့်’ လို့ ပြောတယ်။ ပြီးတော့ ဝိန်းရွန်းနီဘက် လှည့်ပြီး ‘ဝိန်းကိုကြည့်၊ သူက လီဗာပူးက အခက်ခဲဆုံးအပိူင်းတွေမှာ ကြီးပြင်းခဲ့တယ်’ လို့ ပြောပြန်တယ်။ ပတ်ဂျီဆန်ဘက်လှည့်ပြီး ‘ဂျီကို ကြည့်။ သူက တောင်ကိုရီးယား ကနေ လာခဲ့တာ။ ‘လို့ ပြောခဲ့တယ်။ ”
“နည်းပြက ကျနော်တို့ အကြောင်းတွေ ပြောခဲ့တဲ့အခါ သူက အသင်းသားတွေကြား ရင်းနှီးမှုရဖို့ ရည်ရွယ်ခဲ့တယ်ဆိုတာ ကျနော်တို့ နားလည် ခဲ့တယ်။ ကျနော်တို့က ဘောလုံးအသင်း တစ်သင်းပဲ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ရိုးရာ၊ လူမျိုး၊ ဘာသာ မျိူးစူံနဲ့ ကမ္ဘာ့နေရာအစုံက လူတွေ ဖြစ်ပါတယ်။ ကျနော်တို့ အားလုံး ကြက်သီးထခဲ့တယ်။ ပြီးတော့ ကျနော်တို့တွေ တသွေးတည်း တသားတည်းနဲ့ ကွင်းထဲဝင်ကြပြီးတော့ ဖလားရခဲ့တာပဲ။ ဒါက မန်ချက်စတာ ယူနိုက်တက်ပါ။ ဒါကြောင့် ဘောလုံးအားကစား ကို ကျနော် ချစ်ပါတယ်။ ” လို့ အီဗရာက ပြောကြားခဲ့ပါတယ်။
Sports Home Time
