မဲလ္ကြန္၊ ဖာပို၊ ဒိုင္ဘာလား၊ အေျပာင္းအေရႊ႔ေတြနဲ႔ ေနာက္ဆံုးရ ညေနခင္းသတင္းမ်ား

၂၀၁၉ ခုႏွစ္အတြက္ အေကာင္းဆံုး မန္ေနဂ်ာ ဆန္ကာတင္ ၁၀ ဦးစာရင္း ထြက္ေပၚလာျပီျဖစ္ျပီး ပရီးမီးယားလိဂ္မွာ ဂြာဒီယိုလာ၊ ကေလာ့ပ္နဲ႔ ပိုခ်က္တီႏိုတုိ႔ ပါဝင္လာပါတယ္။ ဥေရာပထိပ္သီး လိဂ္ငါးခုမွ ျပိဳင္ဘက္မန္ေနဂ်ာေတြ တစ္ဦးမွာ ပါဝင္လာႏုိင္ျခင္း မရွိပါဘူး။

ယူႏုိက္တက္ကို ေျပာင္းေရႊ႔မယ္လို႔ သတင္းၾကီးေနတဲ့ တုိက္စစ္သမား ဒိုင္ဘာလာဟာ မန္ခ်က္စတာကလပ္မွာ တစ္ပတ္လုပ္ခ ေပါင္ သံုးသိန္းခြဲဝန္းက်င္ ရရွိမယ္လို႔ အဂၤလန္သတင္းေတြက ေဖာ္ျပေနပါတယ္။

အင္တာမီလန္ဟာ တိုက္စစ္မွဴး လူကာကူကို ေခၚယူဖို႔ကိစၥကို အျပည့္အဝ ေနာက္ဆုတ္ခဲ့ျပီျဖစ္ျပီး ၄င္းတို႔ရဲ႕ တုိက္စစ္မွဴး အိုင္ကာဒီနဲ႔ ရိုးမားတိုက္စစ္မွဴး ဒီဇီကို အလဲအထပ္ ကိစၥကို သတင္ကာ ေဆာင္ရြက္ေနျပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ အမ်ားအျပားက စိတ္ဝင္စားေနတဲ့ ဘာစီလိုနာေတာင္ပံသမား မဲလ္ကြန္ဟာ ဇင္းနစ္အသင္းကို ေပါင္ ၃၆ သန္းနဲ႔ ေျပာင္းေရႊ႔ဖို႔ စကားေျပာမႈေတြ ျပဳလုပ္ေနပါတယ္။

မန္စီးတီးဟာ ကလပ္အသင္းခံစစ္မွဴး အဒါရာဘာေရာကို ဘလက္ဘန္းအသင္းတို႔ အငွားခ်ခဲ့ျပီျဖစ္ပါတယ္။ အဒါရာဘာေရာဟာ မန္စီးတီးအသင္းနဲ႔ အသက္ ၅ ႏွစ္အရြယ္တည္းက ပူးေပါင္းခဲ့သူျဖစ္ပါတယ္။

ျပင္သစ္ကလပ္ ရီးနက္ဟာ အာဆင္နယ္ခံစစ္မွဴး ကိုစီရယ္နီကုိ ေခၚယူႏုိင္ဖုိ႔ အရွိန္ျမွင့္ ေဆာင္ရြက္ေနျပီျဖစ္ပါတယ္။ ကိုစီရယ္နီကေတာ့ ျပည္ေတာ္ျပန္ဖို႔ ဆံုးျဖတ္ထားျပီး လန္ဒန္ကလပ္ရဲ႕ ရာသီၾကိဳ အစီအစဥ္ေတြကေနလည္း ႏုတ္ထြက္ထားပါတယ္။

လီဗာပူးနဲ႔ ယူႏုိက္တက္တို႔က စိတ္ဝင္စားထားတဲ့ ဘယ္အစြန္လူ ဖာပိုအတြက္ ဘက္တစ္ဘက္က ေျပာင္းေရႊ႔ေၾကး ခ်ေပးဖြယ္ရွိျပီး ဘာစီလိုနာက ဝင္ေရာက္ ကမ္းလွမ္းလိုေနပါတယ္။

ရီးရဲလ္မက္ဒရစ္ ခံစစ္မွဴး ဗာရိန္းက ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဘာကို မက္ဒရစ္က ေခၚယူႏုိင္ခဲ့မယ္ဆိုရင္ အရမ္းေကာင္းတဲ့ အားျဖည့္မႈကို ျပဳလုပ္ႏုိင္ျခင္း ျဖစ္လာမယ္လို႔ သံုးသပ္လိုက္ပါတယ္။

ေအစီမီလန္အသင္းဟာ လီဗာပူးခံစစ္မွဴး လိုဗရန္ကို ေခၚယူဖို႔ကိစၥကို ေျပာင္းေရႊ႔ေၾကး ညိႏိႈင္းမရျဖစ္ေနလို႔ စပါးခံစစ္မွဴး အန္ဒါဝီရယ္ကို ေျပာင္းလဲ ေခၚယူလိုေနပါတယ္။

အာဆင္နယ္ဟာ အဲဗာတန္က ေခၚယူဖို႔ ျပီးေျမာက္လုျဖစ္ေနတဲ့ ဂ်ဴဗင္တပ္တိုက္စစ္မွဴး ကိန္းကို ၾကားျဖတ္ ကမ္းလွမ္းမႈတစ္ခု ျပဳလုပ္ခဲ့ေသးတယ္လို႔ ေဒးလီးေမလ္က ေဖာ္ျပပါတယ္။

ဘိုင္ယန္ျမဴးနစ္မန္ေနဂ်ာ ကိုဗက္က ၄င္းတို႔အသင္းဟာ မန္စီးတီးေတာင္ပံသမား ဆာေနးကို ေခၚယူႏုိင္မယ္လို႔ မီဒီယာေတြကို ေျပာဆိုျခင္းဟာ ျပိဳင္ဘက္ေတြကို ေလးစားမႈ မရွိျခင္းျဖစ္လို႔ တရားဝင္ ေတာင္းပန္ေၾကာင္း ေျပာဆိုပါတယ္။

လီဗာပူးလူငယ္ေတာင္ပံသမား ဝဲလ္ဆန္ကို ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ နယူးကာဆယ္နဲ႔ အက္စတြန္ဗီလာတို႔က ေခၚယူဖို႔ ၾကိဳးစားေနပါတယ္။ လီဗာပူးဘက္ကေတာ့ အငွားကမ္းလွမ္းမႈေတြကို စဥ္းစားမွာမဟုတ္ပဲ ေပါင္ သန္း ၂၀ ေက်ာ္တဲ့ ကမ္းလွမ္းမႈေတြကိုပဲ နားေထာင္ေပးမွာ ျဖစ္ပါတယ္။

အက္စတြန္ဗီလာဟာ လီဗာပူးအသင္းကလည္း ေခၚယူဖို႔ အလိုရွိေနတဲ့ ဘန္ေလဂိုးသမား တြမ္ဟတ္တန္ကို ေပါင္ ၈ သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီျဖစ္ပါတယ္။

ယူႏုိက္တက္အသင္းေခါင္းေဆာင္ေဟာင္း ရြန္းနီက မန္ခ်က္စတာေျမမွ အသင္းေဟာင္းဟာ မက္ဂြဲရားကို လက္မွတ္ထိုး ေခၚယူသင့္ပါေၾကာင္း ေထာက္ခံစကား ေျပာဆိုသြားပါတယ္။

Sports Home Time

[Unicode] ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး မန်နေဂျာ ဆန်ကာတင် ၁၀ ဦးစာရင်း ထွက်ပေါ်လာပြီဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ဂွာဒီယိုလာ၊ ကလော့ပ်နဲ့ ပိုချက်တီနိုတို့ ပါဝင်လာပါတယ်။ ဥရောပထိပ်သီး လိဂ်ငါးခုမှ ပြိုင်ဘက်မန်နေဂျာတွေ တစ်ဦးမှာ ပါဝင်လာနိုင်ခြင်း မရှိပါဘူး။

ယူနိုက်တက်ကို ပြောင်းရွှေ့မယ်လို့ သတင်းကြီးနေတဲ့ တိုက်စစ်သမား ဒိုင်ဘာလာဟာ မန်ချက်စတာကလပ်မှာ တစ်ပတ်လုပ်ခ ပေါင် သုံးသိန်းခွဲဝန်းကျင် ရရှိမယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြနေပါတယ်။

အင်တာမီလန်ဟာ တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ကိစ္စကို အပြည့်အဝ နောက်ဆုတ်ခဲ့ပြီဖြစ်ပြီး ၎င်းတို့ရဲ့ တိုက်စစ်မှူး အိုင်ကာဒီနဲ့ ရိုးမားတိုက်စစ်မှူး ဒီဇီကို အလဲအထပ် ကိစ္စကို သတင်ကာ ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ် အများအပြားက စိတ်ဝင်စားနေတဲ့ ဘာစီလိုနာတောင်ပံသမား မဲလ်ကွန်ဟာ ဇင်းနစ်အသင်းကို ပေါင် ၃၆ သန်းနဲ့ ပြောင်းရွှေ့ဖို့ စကားပြောမှုတွေ ပြုလုပ်နေပါတယ်။

မန်စီးတီးဟာ ကလပ်အသင်းခံစစ်မှူး အဒါရာဘာရောကို ဘလက်ဘန်းအသင်းတို့ အငှားချခဲ့ပြီဖြစ်ပါတယ်။ အဒါရာဘာရောဟာ မန်စီးတီးအသင်းနဲ့ အသက် ၅ နှစ်အရွယ်တည်းက ပူးပေါင်းခဲ့သူဖြစ်ပါတယ်။

ပြင်သစ်ကလပ် ရီးနက်ဟာ အာဆင်နယ်ခံစစ်မှူး ကိုစီရယ်နီကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကိုစီရယ်နီကတော့ ပြည်တော်ပြန်ဖို့ ဆုံးဖြတ်ထားပြီး လန်ဒန်ကလပ်ရဲ့ ရာသီကြို အစီအစဉ်တွေကနေလည်း နုတ်ထွက်ထားပါတယ်။

လီဗာပူးနဲ့ ယူနိုက်တက်တို့က စိတ်ဝင်စားထားတဲ့ ဘယ်အစွန်လူ ဖာပိုအတွက် ဘက်တစ်ဘက်က ပြောင်းရွှေ့ကြေး ချပေးဖွယ်ရှိပြီး ဘာစီလိုနာက ဝင်ရောက် ကမ်းလှမ်းလိုနေပါတယ်။

ရီးရဲလ်မက်ဒရစ် ခံစစ်မှူး ဗာရိန်းက ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာကို မက်ဒရစ်က ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အရမ်းကောင်းတဲ့ အားဖြည့်မှုကို ပြုလုပ်နိုင်ခြင်း ဖြစ်လာမယ်လို့ သုံးသပ်လိုက်ပါတယ်။

အေစီမီလန်အသင်းဟာ လီဗာပူးခံစစ်မှူး လိုဗရန်ကို ခေါ်ယူဖို့ကိစ္စကို ပြောင်းရွှေ့ကြေး ညိနှိုင်းမရဖြစ်နေလို့ စပါးခံစစ်မှူး အန်ဒါဝီရယ်ကို ပြောင်းလဲ ခေါ်ယူလိုနေပါတယ်။

အာဆင်နယ်ဟာ အဲဗာတန်က ခေါ်ယူဖို့ ပြီးမြောက်လုဖြစ်နေတဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ကိန်းကို ကြားဖြတ် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့သေးတယ်လို့ ဒေးလီးမေလ်က ဖော်ပြပါတယ်။

ဘိုင်ယန်မြူးနစ်မန်နေဂျာ ကိုဗက်က ၎င်းတို့အသင်းဟာ မန်စီးတီးတောင်ပံသမား ဆာနေးကို ခေါ်ယူနိုင်မယ်လို့ မီဒီယာတွေကို ပြောဆိုခြင်းဟာ ပြိုင်ဘက်တွေကို လေးစားမှု မရှိခြင်းဖြစ်လို့ တရားဝင် တောင်းပန်ကြောင်း ပြောဆိုပါတယ်။

လီဗာပူးလူငယ်တောင်ပံသမား ဝဲလ်ဆန်ကို ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ နယူးကာဆယ်နဲ့ အက်စတွန်ဗီလာတို့က ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ လီဗာပူးဘက်ကတော့ အငှားကမ်းလှမ်းမှုတွေကို စဉ်းစားမှာမဟုတ်ပဲ ပေါင် သန်း ၂၀ ကျော်တဲ့ ကမ်းလှမ်းမှုတွေကိုပဲ နားထောင်ပေးမှာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာဟာ လီဗာပူးအသင်းကလည်း ခေါ်ယူဖို့ အလိုရှိနေတဲ့ ဘန်လေဂိုးသမား တွမ်ဟတ်တန်ကို ပေါင် ၈ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွန်းနီက မန်ချက်စတာမြေမှ အသင်းဟောင်းဟာ မက်ဂွဲရားကို လက်မှတ်ထိုး ခေါ်ယူသင့်ပါကြောင်း ထောက်ခံစကား ပြောဆိုသွားပါတယ်။

Sports Home Time