ေဆာင္းပါး| ဂန္းနားတို႔ရဲ႕ ဒိုင္းနမိုက္တိုက္စစ္မွာ အူဘာ၊ လာကာနဲ႔ပါဝင္မယ့္ နီကိုးလပ္ ပီပီ

[Zawgyi] တိုက္စစ္သမား နီကိုးလပ္ ပီပီက ျပင္သစ္ကလပ္ကေန ထြက္ခြာဖို႔ ဆႏၵ႐ွိခဲ့တယ္လို႔ ေဖေဖာ္ဝါရီတုန္းက ေဖာ္ျပခဲ့ၿပီး ဒီေႏြမွာေတာ့ အာဆင္နယ္နဲ႔ အျပီးသတ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ရာ သေဘာတူညီမႈ ရခဲ့ပါျပီ။

ဥေရာပ ထိပ္သီးကလပ္ေတြ အျပိဳင္ မ်က္စိက်ခဲ့ျပီး လာမယ့္ရာသီ အူဘာမီယန္၊ လာကာဇက္တီတို႔နဲ႔ တြဲဘက္ကာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး သံုးေယာက္တြဲ တိုက္စစ္သစ္ကို ေဖာ္ေဆာင္မယ့္ နီးကိုးလပ္ ပီပီနဲ႔ ပတ္သက္ၿပီး သိထားသင့္တဲ့ အခ်က္အလက္ ေတြကို ေဖာ္ျပေပးပါမယ္။

ေနာက္ခံအေၾကာင္း

Poitiers ေတြနဲ႔ အတူ ျပင္သစ္ အဆင့္နိမ့္လိဂ္မွာ အထင္ႀကီးေလာက္ဖြယ္ စြမ္းေဆာင္ခဲ့ၿပီးေနာက္ ၂၀၁၆-၂၀၁၇ ရာသီမွာ အန္းဂါး အသင္းကို ျပင္သစ္ဖလား ဖိုင္နယ္ ေရာက္ေအာင္ ကူညီေပးခဲ့ၿပီး ေနာက္ေႏြရာသီမွာ လိုင္လီက ေခၚယူခဲ့ပါတယ္။

၂၀၁၇ အတြင္း လိုင္လီဟာ တန္းဆင္းဇုန္အေျခအေနနဲ႔ တိုက္ပြဲဝင္ခဲ့ရတာတဲ့အတူ ဒီဇင္ဘာမွာ နည္းျပ Marcelo Bielsa ကို ထုတ္ပယ္ခဲ့ပါတယ္။ အသင္းက ႐ုန္းကန္ခဲ့ရ ေပမယ့္လဲ ပီပီက ၁၃ ဂိုး သြင္း၊ ေလးဂိုး ဖန္တီးခဲ့ပါတယ္။

ဆြဲေဆာင္နုိင္တဲ့ အခ်က္မ်ား

မႏွစ္က လိုင္လီဟာ လီဂူးဝမ္း အဆင့္၂ ရခဲ့သလို ဘယ္သန္ ေတာင္ပံကစားသမား ပီပီကလဲ ၂၂ ဂိုးသြင္း၊ ၁၁ ဂိုး ဖန္တီးခဲ့ပါတယ္။ ၉ ဂိုး က ပင္နယ္တီကေန ရတာ ျဖစ္ေပမယ့္ ပီပီက ညာေတာင္ပံကေန ျဖတ္လာၿပီးေနာက္ ဘယ္ေျခနဲ႔ အဆံုးသတ္ပံုက သူ႔ရဲ႕ ထင္႐ွားတဲ့ အမွတ္အသားလဲ ျဖစ္ပါတယ္။

အာဖရိက ေနး႐ွင္းဖလား မွာ အိုင္ဗရီကို႔စ္ အသင္းကို ကြာတားဖိုင္နယ္ ပို႔ေဆာင္ေပးခဲ့တဲ့ ပီပီဟာ ကလပ္ရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆု ကို ရခဲ့ၿပီး ေနမာ၊ အမ္ဘတ္ပီတို႔န႔ဲအတူ အေကာင္းဆံုး အသင္းရဲ႕ တိုက္စစ္မွာ ပါဝင္ခဲ့ပါတယ္။

သင့္ေတာ္ အံ၀င္မယ့္ ေနရာမ်ား

အာဆင္နယ္ဟာ မႏွစ္တုန္းက အူဘာမီယန္၊ လာကာဇက္တီ တုိက္စစ္တြဲလံုးနဲ႔ သြင္းဂိုးေတြ ရခဲ့သလို အီဝိုဘီနဲ႔ လူငယ္ကစားသမားေတြက ညာျခမ္းတိုက္စစ္ကို တာဝန္ယူခဲ့ပါတယ္။ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး တုိက္စစ္သံုးေယာက္တြဲမွာ အာဆင္နယ္ကို အနည္းငယ္ ေမ့ေလ်ာ့ခဲ့မယ္ဆိုရင္ ညာျခမ္းမွာ ရွိန္ေလာက္တဲ့ တုိက္စစ္သမားကို မထည့္သြင္းႏုိင္လုိ႔ပဲ ျဖစ္ပါလိမ့္မယ္။

ဂန္းနားတို႔ တကယ္ကို စိတ္လႈပ္ရွားေနပါလိမ့္မယ္။ ညာေတာင္ပံ ျပႆနာအတြက္ ပီပီ ေရာက္လာပါျပီ။ အိုင္ဗရီကိုစ့္ တုိက္စစ္သမားဟာ ညာေတာင္ပံတစ္ေၾကာကို သိမ္းပိုက္ျပီး အေထာင္တိုက္စစ္ေနရာမွာ အဆံုးသတ္မႈကို ကၽြမ္းက်င္သူပါ။ ဒါဟာ ဘယ္ေတာင္ပံေၾကာကို တာဝန္ယူျပီး တိုက္စစ္မွာ ဂိုးသြင္းႏႈန္းျမင့္တဲ့ အူဘာမီယန္နဲ႔ တူညီတဲ့ တုိက္စစ္သမားျဖစ္ပါတယ္။ မန္စီးတီးနဲ႔ လီဗာပူးတို႔ရဲ႕ သံုးေယာက္တန္း တုိက္စစ္က ဒီႏွစ္ေတြမွာ အေတာ္ေလး နာမည္ေက်ာ္လွပါတယ္။ လာမယ့္ႏွစ္မွာေတာ့ အာဆင္နယ္ဟာ ယွဥ္ေဘာင္တန္းလာပါလိမ့္မယ္။

ပီပီရဲ႕ စြမ္းေဆာင္ရည္

အိုင္ဗရီကို႔စ္သား ေတာင္ပံကစားသမား နီကိုလပ္စ္ ပီပီဟာ မႏွစ္က ျပင္သစ္ကလပ္ လိုင္လီအတြက္ ရွာေဖြေပးခဲ့တဲ့ ရမွတ္ဟာ ၂၅ မွတ္ေတာင္ ရွိပါတယ္။ အသက္ ၂၄ နွစ္အရြယ္ တိုက္စစ္သမားက လိုင္လီရဲ႕ ရမွတ္ ၄၄% ရွာေဖြေပးထားကာ ကလပ္အသင္းကို ျပင္သစ္လီဂူး အဆင့္ ၂ ေနရာ ပို႔ေဆာင္ေပးခဲ့တယ္။ ပီပီရဲ႕ သြင္းဂိုးေတြ ေထာက္ပံ့မႈေတြသာ မပါရင္ လိုင္လီက အဆင့္ ၁၀ ေနာက္ပိုင္း ေနရာမွာသာ ရွိမွာပါ။

သူက တကယ့္ကို ကမၻာ့အဆင့္ပါ

လ်င္ျမန္ၿပီး ေပ်ာ့ေပ်ာင္းတဲ့ တိုက္စစ္ကစားသမားဟာ တိုက္စစ္ေနာက္ကေန ေကာင္တာတိုက္စစ္အတြက္ အရွိန္တင္ျပီး အျမန္ေျပးရတာ ကြၽမ္းက်င္တယ္။ မႏွစ္က သူ႔ဂိုးအမ်ားစုဟာ ကြင္းလယ္က ေဘာလံုးယူၿပီး ၿပိဳင္ဘက္ ေနာက္ခံလူေတြကို တ႐ွိန္ထိုး ေက်ာ္ျဖတ္ကာ ဘယ္ေျခနဲ႔ လွလွပပ အဆံုးသတ္ခဲ့တာေတြ ျဖစ္ပါတယ္။ ေျပးဖို႔ ေနရာလြတ္ေတြ႐ွိတဲ့အခါ သူက အေကာင္းဆံုး လုပ္ႏိုင္တယ္။

ျပိဳင္ဘက္ေတြကို ဖိအားေပးျပီး အခြင့္အေရး ရလာခ်ိန္မွာ သူ႔ေျပးအား၊ ေသသပ္တဲ့ အဆံုးသတ္နဲ႔ဆို ေတာ္ရံု ခိုင္မာတဲ့ ခံစစ္ေတြကိုေတာင္ ၿခိမ္းေျခာက္နိုင္ပါတယ္။ ကစားသမား တစ္ေယာက္ အေနနဲ႔ တိုးတက္ေနဆဲ ျဖစ္တဲ့ အာဖရိက ေနး႐ွင္းဖလား မွာ သူေမ်ွာ္လင့္သလို မျဖစ္ခဲ့ေပမယ့္ သူတကယ္လုပ္ႏိုင္ၿပီဆိုရင္လဲ တကယ့္ကို ကမၻာ့အဆင့္ ကစားသမား လိုပါပဲ။

သူအေပၚမွတ္ခ်က္ေကာင္း

အာဆင္နယ္ ဂႏၱဝင္ၾကီး အီရန္ရိုက္ကေတာ့ ” လိုင္လီက ပီပီဟာ စြမ္းရည္ရွိျပီး အရွိန္ေကာင္းေကာင္း ကစားႏုိင္တဲ့ ေတာင္ပံသမားျဖစ္တယ္။ အဲ့သည္လို ကစားသမားက ဘယ္လို ကလပ္အသင္းကိုမဆို တိုးတက္လာဖို႔ကို ေသခ်ာေပါက္ အကူအညီျဖစ္ပါတယ္။ သူတို႔က ႏွစ္ေတြအၾကာၾကီး ကစားႏုိင္ဦးမယ့္ အသက္အရြယ္မွာ ရွိေနေသးျပီး ဒါကေတာ့ က်ေန္ာ ေခၚယူခြင့္ရမယ္ဆိုရင္ ေခၚလိုတဲ့ ကစားသမားေတြပါ ” လို႔ ေျပာပါတယ္။

Sports Home Time

[Unicode] တိုက်စစ်သမား နီကိုးလပ် ပီပီက ပြင်သစ်ကလပ်ကနေ ထွက်ခွာဖို့ ဆန္ဒရှိခဲ့တယ်လို့ ဖေဖော်ဝါရီတုန်းက ဖော်ပြခဲ့ပြီး ဒီနွေမှာတော့ အာဆင်နယ်နဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ရာ သဘောတူညီမှု ရခဲ့ပါပြီ။

ဥရောပ ထိပ်သီးကလပ်တွေ အပြိုင် မျက်စိကျခဲ့ပြီး လာမယ့်ရာသီ အူဘာမီယန်၊ လာကာဇက်တီတို့နဲ့ တွဲဘက်ကာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး သုံးယောက်တွဲ တိုက်စစ်သစ်ကို ဖော်ဆောင်မယ့် နီးကိုးလပ် ပီပီနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်အလက် တွေကို ဖော်ပြပေးပါမယ်။

နောက်ခံအကြောင်း

Poitiers တွေနဲ့ အတူ ပြင်သစ် အဆင့်နိမ့်လိဂ်မှာ အထင်ကြီးလောက်ဖွယ် စွမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၆-၂၀၁၇ ရာသီမှာ အန်းဂါး အသင်းကို ပြင်သစ်ဖလား ဖိုင်နယ် ရောက်အောင် ကူညီပေးခဲ့ပြီး နောက်နွေရာသီမှာ လိုင်လီက ခေါ်ယူခဲ့ပါတယ်။

၂၀၁၇ အတွင်း လိုင်လီဟာ တန်းဆင်းဇုန်အခြေအနေနဲ့ တိုက်ပွဲဝင်ခဲ့ရတာတဲ့အတူ ဒီဇင်ဘာမှာ နည်းပြ Marcelo Bielsa ကို ထုတ်ပယ်ခဲ့ပါတယ်။ အသင်းက ရုန်းကန်ခဲ့ရ ပေမယ့်လဲ ပီပီက ၁၃ ဂိုး သွင်း၊ လေးဂိုး ဖန်တီးခဲ့ပါတယ်။

ဆွဲဆောင်နိုင်တဲ့ အချက်များ

မနှစ်က လိုင်လီဟာ လီဂူးဝမ်း အဆင့်၂ ရခဲ့သလို ဘယ်သန် တောင်ပံကစားသမား ပီပီကလဲ ၂၂ ဂိုးသွင်း၊ ၁၁ ဂိုး ဖန်တီးခဲ့ပါတယ်။ ၉ ဂိုး က ပင်နယ်တီကနေ ရတာ ဖြစ်ပေမယ့် ပီပီက ညာတောင်ပံကနေ ဖြတ်လာပြီးနောက် ဘယ်ခြေနဲ့ အဆုံးသတ်ပုံက သူ့ရဲ့ ထင်ရှားတဲ့ အမှတ်အသားလဲ ဖြစ်ပါတယ်။

အာဖရိက နေးရှင်းဖလား မှာ အိုင်ဗရီကို့စ် အသင်းကို ကွာတားဖိုင်နယ် ပို့ဆောင်ပေးခဲ့တဲ့ ပီပီဟာ ကလပ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကို ရခဲ့ပြီး နေမာ၊ အမ်ဘတ်ပီတို့နဲ့အတူ အကောင်းဆုံး အသင်းရဲ့ တိုက်စစ်မှာ ပါဝင်ခဲ့ပါတယ်။

သင့်တော် အံဝင်မယ့် နေရာများ

အာဆင်နယ်ဟာ မနှစ်တုန်းက အူဘာမီယန်၊ လာကာဇက်တီ တိုက်စစ်တွဲလုံးနဲ့ သွင်းဂိုးတွေ ရခဲ့သလို အီဝိုဘီနဲ့ လူငယ်ကစားသမားတွေက ညာခြမ်းတိုက်စစ်ကို တာဝန်ယူခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်သုံးယောက်တွဲမှာ အာဆင်နယ်ကို အနည်းငယ် မေ့လျော့ခဲ့မယ်ဆိုရင် ညာခြမ်းမှာ ရှိန်လောက်တဲ့ တိုက်စစ်သမားကို မထည့်သွင်းနိုင်လို့ပဲ ဖြစ်ပါလိမ့်မယ်။

ဂန်းနားတို့ တကယ်ကို စိတ်လှုပ်ရှားနေပါလိမ့်မယ်။ ညာတောင်ပံ ပြဿနာအတွက် ပီပီ ရောက်လာပါပြီ။ အိုင်ဗရီကိုစ့် တိုက်စစ်သမားဟာ ညာတောင်ပံတစ်ကြောကို သိမ်းပိုက်ပြီး အထောင်တိုက်စစ်နေရာမှာ အဆုံးသတ်မှုကို ကျွမ်းကျင်သူပါ။ ဒါဟာ ဘယ်တောင်ပံကြောကို တာဝန်ယူပြီး တိုက်စစ်မှာ ဂိုးသွင်းနှုန်းမြင့်တဲ့ အူဘာမီယန်နဲ့ တူညီတဲ့ တိုက်စစ်သမားဖြစ်ပါတယ်။ မန်စီးတီးနဲ့ လီဗာပူးတို့ရဲ့ သုံးယောက်တန်း တိုက်စစ်က ဒီနှစ်တွေမှာ အတော်လေး နာမည်ကျော်လှပါတယ်။ လာမယ့်နှစ်မှာတော့ အာဆင်နယ်ဟာ ယှဉ်ဘောင်တန်းလာပါလိမ့်မယ်။

ပီပီရဲ့ စွမ်းဆောင်ရည်

အိုင်ဗရီကို့စ်သား တောင်ပံကစားသမား နီကိုလပ်စ် ပီပီဟာ မနှစ်က ပြင်သစ်ကလပ် လိုင်လီအတွက် ရှာဖွေပေးခဲ့တဲ့ ရမှတ်ဟာ ၂၅ မှတ်တောင် ရှိပါတယ်။ အသက် ၂၄ နှစ်အရွယ် တိုက်စစ်သမားက လိုင်လီရဲ့ ရမှတ် ၄၄% ရှာဖွေပေးထားကာ ကလပ်အသင်းကို ပြင်သစ်လီဂူး အဆင့် ၂ နေရာ ပို့ဆောင်ပေးခဲ့တယ်။ ပီပီရဲ့ သွင်းဂိုးတွေ ထောက်ပံ့မှုတွေသာ မပါရင် လိုင်လီက အဆင့် ၁၀ နောက်ပိုင်း နေရာမှာသာ ရှိမှာပါ။

သူက တကယ့်ကို ကမ္ဘာ့အဆင့်ပါ

လျင်မြန်ပြီး ပျော့ပျောင်းတဲ့ တိုက်စစ်ကစားသမားဟာ တိုက်စစ်နောက်ကနေ ကောင်တာတိုက်စစ်အတွက် အရှိန်တင်ပြီး အမြန်ပြေးရတာ ကျွမ်းကျင်တယ်။ မနှစ်က သူ့ဂိုးအများစုဟာ ကွင်းလယ်က ဘောလုံးယူပြီး ပြိုင်ဘက် နောက်ခံလူတွေကို တရှိန်ထိုး ကျော်ဖြတ်ကာ ဘယ်ခြေနဲ့ လှလှပပ အဆုံးသတ်ခဲ့တာတွေ ဖြစ်ပါတယ်။ ပြေးဖို့ နေရာလွတ်တွေရှိတဲ့အခါ သူက အကောင်းဆုံး လုပ်နိုင်တယ်။

ပြိုင်ဘက်တွေကို ဖိအားပေးပြီး အခွင့်အရေး ရလာချိန်မှာ သူ့ပြေးအား၊ သေသပ်တဲ့ အဆုံးသတ်နဲ့ဆို တော်ရုံ ခိုင်မာတဲ့ ခံစစ်တွေကိုတောင် ခြိမ်းခြောက်နိုင်ပါတယ်။ ကစားသမား တစ်ယောက် အနေနဲ့ တိုးတက်နေဆဲ ဖြစ်တဲ့ အာဖရိက နေးရှင်းဖလား မှာ သူမျှော်လင့်သလို မဖြစ်ခဲ့ပေမယ့် သူတကယ်လုပ်နိုင်ပြီဆိုရင်လဲ တကယ့်ကို ကမ္ဘာ့အဆင့် ကစားသမား လိုပါပဲ။

သူအပေါ်မှတ်ချက်ကောင်း

အာဆင်နယ် ဂန္တဝင်ကြီး အီရန်ရိုက်ကတော့ ” လိုင်လီက ပီပီဟာ စွမ်းရည်ရှိပြီး အရှိန်ကောင်းကောင်း ကစားနိုင်တဲ့ တောင်ပံသမားဖြစ်တယ်။ အဲ့သည်လို ကစားသမားက ဘယ်လို ကလပ်အသင်းကိုမဆို တိုးတက်လာဖို့ကို သေချာပေါက် အကူအညီဖြစ်ပါတယ်။ သူတို့က နှစ်တွေအကြာကြီး ကစားနိုင်ဦးမယ့် အသက်အရွယ်မှာ ရှိနေသေးပြီး ဒါကတော့ ကျနေ်ာ ခေါ်ယူခွင့်ရမယ်ဆိုရင် ခေါ်လိုတဲ့ ကစားသမားတွေပါ ” လို့ ပြောပါတယ်။

Sports Home Time