လီဗာပူးနဲ႔ ဆုဖလားသစ္ေတြ အႏုိင္ယူဖို႔ ဆႏၵျပင္းျပေနတဲ့ ဂိုးသမား အယ္လီဆန္

[Zawgyi] ဘရာဇီးၾကယ္ပြင့္ ဂိုးသမား အယ္လီဆန္က လီဗာပူး အသင္းနဲ႕ အတူ ခ်န္ပီယံလိဂ္၊ ဘရာဇီးအသင္းနဲ႕ အတူ ကိုပါ အေမရိကဖလား ျပိဳင္ပြဲမွာ ဗိုလ္စြဲျပီး အမွတ္ရဖြယ္ ေဘာလံုးရာသီေကာင္း ပိုင္ဆိုင္ခဲ့တာပါ။

လီဗာပူးအသင္းနဲ႔ ျပန္လည္ပူးေပါင္းျပီး အေကာင္းဆံုး ေလ့က်င့္ေနျပီျဖစ္တဲ့ အယ္လီဆန္က သူဟာ ဆုဖလား ေအာင္ျမင္မႈေတြ ရယူဖို႔ ပိုမို ဆာေလာင္ေနျပီ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။ အယ္လီဆန္ဟာ ျပီးခဲ့တဲ့ေႏြကမွ ရိုးမားအသင္းကေန ေျပာင္းေရႊ႕ေၾကး ေပါင္ ၆၇ သန္းနဲ႕ လီဗာပူးအသင္းထံ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ပြဲဦးထြက္မွာတင္ ပရီးမီးယားလိဂ္မွာ လက္စြမ္းျပနိုင္ခဲ့ျပီး ေရႊလက္အိတ္ဆုလည္း ရယူနုိင္ခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ ေရႊလက္အိတ္ဆုနဲ႔ ကိုပါအေမရိကဖလားျပိဳင္ပြဲ ေရႊလက္အိတ္ဆုေတြကိုလည္း အႏုိင္ရခဲ့ေသးတဲ့ အယ္လီဆန္က လာမယ့္ ေဘာလံုးရာသီမွာ ဆုဖလားေတြ ပိုယူဖို႔ ပစ္မွတ္ထားေနတဲ့ အေၾကာင္း ဖြင့္ဟ ေျပာၾကားလာခဲ့ပါတယ္။

” ဆုဖလား နွစ္လံုး၊ ဆုဖလာၾကီး နွစ္ခု ဗိုလ္စြဲခဲ့လို႔ က်ေနာ့္ အတြက္ သိပ္ေကာင္းတဲ့ ေဘာလံုးရာသီ ပိုင္ဆိုင္ခဲ့တာပါ။ ဒီရာသီမွာလည္း ဒါမ်ိဳး လုပ္နုိင္ဖို႔ က်ေနာ္ ၾကိဳးစားပါဦးမယ္.. ပိုျပီးမ်ားတဲ့ ဆုဖလားေတြယူဖို႔ေပါ့။”

” အသင္းဆီ ျပန္လာရတာ က်ေနာ္ သိပ္ေပ်ာ္တာေပါ့.. ေကာင္းမြန္တဲ့ အားလပ္ရက္လည္း မိသားစုနဲ႕ အတူ ပိုင္ဆိုင္ခဲ့တယ္။ သူငယ္ခ်င္းေတြ ေဆြမ်ိဳး မိသားစုေတြနဲ႕ အတူ အခ်ိန္ ကုန္ဆံုးခဲ့တယ္.. ဒါေပမယ့္ က်ေနာ္ကေတာ့ ျမက္ခင္းစိမ္းနဲ႕ ေဘာလံုးကြင္းကို လြမ္းတာေပါ့။ အသင္းေဖာ္ေတြ ၀န္ထမ္းေတြနဲ႕ အားလံုးကိုလည္း လြမ္းပါတယ္။”

” အသင္းနဲ႕ အတူ ျပန္ကစားနုိင္ဖို႔ အလုပ္ေတြ လုပ္ဖို႔ က်ေနာ္ ေမွ်ာ္လင့္ေနပါျပီ။ အသင္းလိုက္ အေနနဲ႕ က်ေနာ္တို႔ စိတ္လႈပ္ရွား ေပ်ာ္ရႊင္ေနပါတယ္။ ဒါေပမယ့္ ကြင္းထဲမွာ ျပီးခဲ့တဲ့ ရာသီက လုပ္ခဲ့သလိုမ်ိဳး ဆက္ လုပ္သြားဖို႔ လိုပါတယ္။ ဒီရာသီမွာလည္း အစြမ္းကုန္ ၾကိဳးစား သြားမွာပါ အလုပ္ေတြ လုပ္ရမွာပါ။ ” လို႔ အယ္လီဆန္က လီဗာပူး ၀ဘ္ဆိုဒ္ကေန တဆင့္ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၆ နွစ္ အရြယ္ ဘရာဇီသားဟာ နိုင္ငံအသင္းကိုလည္း ၁၂ နွစ္ အတြင္း ပထမဆံုး ဆုဖလားရေအာင္ ကိုပါ အေမရိကဖလားမွာ ကူညီေပးခဲ့ျပီး ျပိဳင္ပြဲ အတြင္း ၆ ပြဲမွာ ၁ ဂိုးသာ ေပးခဲ့ရပါတယ္။

” တကယ့္ စပါယ္ရွယ္ ဆုဖလား ျဖစ္တဲ့ ကိုပါ အေမရိကဖလား ဗိုလ္စြဲတာက ခ်န္ပီယံလိဂ္လိုပဲ က်ေနာ့္ အတြက္ အေရးၾကီးတဲ့ ဆုဖလားပါ.. နုိင္ငံအတြက္လည္း သိပ္ အေရးပါတာပါ့။ ဘရာဇီး အေနနဲ႕ ဒါမ်ိဳး ဆုဖလား မရတာ သိပ္ၾကာခဲ့ျပီ ေနာက္ဆံု ဗိုလ္စြဲခဲ့တာ ၂၀၀၇ တုန္းကပါ။ ” လို႔ လည္း ၄င္းက ဆိုပါတယ္။

အယ္လီဆန္ဟာ ကလပ္အသင္း၊ နုိင္ငံအသင္းနဲ႕ အတူ ဗိုလ္စြဲမႈမ်ား ရွိသလို တစ္ဦးခ်င္း အေနနဲ႕ ထူးထူးျခားျခား တစ္ရာသီတည္း ေရႊလက္အိတ္ဆု သံုးဆု ရတဲ့ ပထမဆံုး ဂိုးသမားလည္း ျဖစ္လာခဲ့ပါတယ္။ အယ္လစ္ဆန္ဟာ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္နဲ႕ ကိုပါအေမရိကဖလား ျပိဳင္ပြဲ သံုးရပ္လံုးမွာ ေပးဂိုးအနည္းဆံုးနဲ႕ ေရႊလက္အိတ္ဆု ရခဲ့သူျဖစ္ပါတယ္။

Sports Home Time

[Unicode] ဘရာဇီးကြယ်ပွင့် ဂိုးသမား အယ်လီဆန်က လီဗာပူး အသင်းနဲ့ အတူ ချန်ပီယံလိဂ်၊ ဘရာဇီးအသင်းနဲ့ အတူ ကိုပါ အမေရိကဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး အမှတ်ရဖွယ် ဘောလုံးရာသီကောင်း ပိုင်ဆိုင်ခဲ့တာပါ။

လီဗာပူးအသင်း ထရိန်နင်ကို အင်္ဂါနေ့မှာ ပြန်ရောက် လာပြီ ဖြစ်တဲ့ အယ်လီဆန်က ၎င်းဟာ ဆုဖလား အောင်မြင်မှုတွေ ရယူဖို့ ပိုမို ဆာလောင်နေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အယ်လီဆန်ဟာ ပြီးခဲ့တဲ့နွေကမှ ရိုးမားအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၆၇ သန်းနဲ့ လီဗာပူးအသင်းထံ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ပွဲဦးထွက်မှာတင် ပရီးမီးယားလိဂ်မှာ လက်စွမ်းပြနိုင်ခဲ့ပြီး ရွှေလက်အိတ်ဆုလည်း ရယူနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ် ရွှေလက်အိတ်ဆုနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ ရွှေလက်အိတ်ဆုတွေကိုလည်း အနိုင်ရခဲ့သေးတဲ့ အယ်လီဆန်က လာမယ့် ဘောလုံးရာသီမှာ ဆုဖလားတွေ ပိုယူဖို့ ပစ်မှတ်ထားနေတဲ့ အကြောင်း လီဗာပူးအသင်းရဲ့ အီဗရန် လေ့ကျင့်ရေးသို့ လာရောက် ပူးပေါင်းလာချိန်မှာ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

” ဆုဖလား နှစ်လုံး၊ ဆုဖလာကြီး နှစ်ခု ဗိုလ်စွဲခဲ့လို့ ကျနော့် အတွက် သိပ်ကောင်းတဲ့ ဘောလုံးရာသီ ပိုင်ဆိုင်ခဲ့တာပါ။ ဒီရာသီမှာလည်း ဒါမျိုး လုပ်နိုင်ဖို့ ကျနော် ကြိုးစားပါဦးမယ်.. ပိုပြီးများတဲ့ ဆုဖလားတွေယူဖို့ပေါ့။”

” အသင်းဆီ ပြန်လာရတာ ကျနော် သိပ်ပျော်တာပေါ့.. ကောင်းမွန်တဲ့ အားလပ်ရက်လည်း မိသားစုနဲ့ အတူ ပိုင်ဆိုင်ခဲ့တယ်။ သူငယ်ချင်းတွေ ဆွေမျိုး မိသားစုတွေနဲ့ အတူ အချိန် ကုန်ဆုံးခဲ့တယ်.. ဒါပေမယ့် ကျနော်ကတော့ မြက်ခင်းစိမ်းနဲ့ ဘောလုံးကွင်းကို လွမ်းတာပေါ့။ အသင်းဖော်တွေ ဝန်ထမ်းတွေနဲ့ အားလုံးကိုလည်း လွမ်းပါတယ်။”

” အသင်းနဲ့ အတူ ပြန်ကစားနိုင်ဖို့ အလုပ်တွေ လုပ်ဖို့ ကျနော် မျှော်လင့်နေပါပြီ။ အသင်းလိုက် အနေနဲ့ ကျနော်တို့ စိတ်လှုပ်ရှား ပျော်ရွှင်နေပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ ပြီးခဲ့တဲ့ ရာသီက လုပ်ခဲ့သလိုမျိုး ဆက် လုပ်သွားဖို့ လိုပါတယ်။ ဒီရာသီမှာလည်း အစွမ်းကုန် ကြိုးစား သွားမှာပါ အလုပ်တွေ လုပ်ရမှာပါ။ ” လို့ အယ်လီဆန်က လီဗာပူး ဝဘ်ဆိုဒ်ကနေ တဆင့် ပြောကြားခဲ့ပါတယ်။

အသက် ၂၆ နှစ် အရွယ် ဘရာဇီသားဟာ နိုင်ငံအသင်းကိုလည်း ၁၂ နှစ် အတွင်း ပထမဆုံး ဆုဖလားရအောင် ကိုပါ အမေရိကဖလားမှာ ကူညီပေးခဲ့ပြီး ပြိုင်ပွဲ အတွင်း ၆ ပွဲမှာ ၁ ဂိုးသာ ပေးခဲ့ရပါတယ်။

” တကယ့် စပါယ်ရှယ် ဆုဖလား ဖြစ်တဲ့ ကိုပါ အမေရိကဖလား ဗိုလ်စွဲတာက ချန်ပီယံလိဂ်လိုပဲ ကျနော့် အတွက် အရေးကြီးတဲ့ ဆုဖလားပါ.. နိုင်ငံအတွက်လည်း သိပ် အရေးပါတာပါ့။ ဘရာဇီး အနေနဲ့ ဒါမျိုး ဆုဖလား မရတာ သိပ်ကြာခဲ့ပြီ နောက်ဆုံ ဗိုလ်စွဲခဲ့တာ ၂၀၀၇ တုန်းက။ ” လို့ လည်း ၎င်းက ဆိုပါတယ်။

အယ်လီဆန်ဟာ ကလပ်အသင်း၊ နိုင်ငံအသင်းနဲ့ အတူ ဗိုလ်စွဲမှုများ ရှိသလို တစ်ဦးချင်း အနေနဲ့ ထူးထူးခြားခြား တစ်ရာသီတည်း ရွှေလက်အိတ်ဆု သုံးဆု ရတဲ့ ပထမဆုံး ဂိုးသမားလည်း ဖြစ်လာခဲ့ပါတယ်။ အယ်လစ်ဆန်ဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ ကိုပါအမေရိကဖလား ပြိုင်ပွဲ သုံးရပ်လုံးမှာ ပေးဂိုးအနည်းဆုံးနဲ့ ရွှေလက်အိတ်ဆု ရခဲ့သူဖြစ်ပါတယ်။

Sports Home Time