ေရာ္နယ္ဒိုေၾကာင့္ တရားစဲြဖို႔ စီစဥ္ေနၾကတဲ့ ေတာင္ကိုရီးယား ေဘာလံုးပရိသတ္မ်ား

[Zawgyi] ေတာင္ကိုရီးယား က ဂ်ဴဗင္တပ္အသင္း ခ်စ္ၾကည္ေရး ေျခစမ္းပြဲ ပြဲမွာ ခရစၥတီယာႏို ေရာ္နယ္ဒို မပါဝင္ခဲ့တာေၾကာင့္ ပရိသတ္ေတြက ပြဲစီစဥ္သူေတြကို တရားစြဲဖို႔ စီစဥ္ေနပါတယ္။

ၿပီးခဲ့တဲ့ အပတ္က ဆိုးလ္မွာ ကစားခဲ့တဲ့ ကိုရီးယား ေအာစတား အသင္းနဲ႔ ဂ်ဴဗင္တပ္တို႔ရဲ႕ ၃-၃ ပြဲစဥ္ အတြင္း ေပၚတူဂီ တိုက္စစ္မႉးက အရံခံုမွာပဲ ထိုင္ခဲ့ရတာ ျဖစ္ပါတယ္။ ခရစၥတီယာႏို ကစားတာကို မျမင္ခဲ့ရလို႔ ေဒါသထြက္ေနတဲ့ ပရိသတ္ေတြက ဒီပ်က္ကြက္မႈအတြက္ ေလ်ာ္ေၾကး လိုခ်င္ေနတာပါ။

ပြဲစီစဥ္သူေတြကို တရားစြဲဖို႔ ဦးေဆာင္လုပ္ေနတဲ့ ကိုရီးယား ေ႐ွ႕ေန ကင္မင္ကီက လက္မွတ္အတြက္ ျပန္အမ္းေငြ ၅၃ ယူ႐ို၊ ပရိသတ္ တစ္ေယာက္ခ်င္း စီရဲ႕ စိတ္မေက်မနပ္ ျဖစ္ရမႈအတြက္ ေလ်ာ္ေၾကး ၇၅၉ ယူ႐ို ကို ေတာင္းဆိုသြားမယ္လို႔ ေျပာပါတယ္။

“လက္မွတ္ေတြက ေရာ္နယ္ဒိုကို ေတြ႔ခ်င္လို႔ ဝယ္ခဲ့ၾကတာပါ။ ပြဲစီစဥ္တဲ့ The Fasta က ကုမၸဏီဟာ ေရာ္နယ္ဒို အနည္းဆံုး ၄၅မိနစ္ ကစားဖို႔ နဲ႔ ပရိသတ္ေတြအတြက္ လက္မွတ္ထိုးပြဲ လုပ္ရမယ္ဆိုတဲ့ အခ်က္ေတြပါဝင္တဲ့ ဂ်ဴဗင္တပ္နဲ႔ စာခ်ဳပ္ ႐ွိခဲ့တယ္လို႔ သတင္းလႊင့္ခဲ့တယ္။ ”

” ပံုမွန္ အားျဖင့္ ဒီလိုကိစၥေတြမွာ တရားလိုေတြက လက္မွတ္ဖိုး ကို ျပန္ရယူရမွာ ျဖစ္ေပမယ့္ ကုမၸဏီက ခရစၥတီယာႏို ရဲ႕ ပရိသတ္ေတြကို ခုတံုးလုပ္ၿပီး မဟုတ္က ဟုတ္က ေၾကညာမႈအတြက္ က်ေနာ္က အထူးကိစၥအျဖစ္ ေျပာတာပါ။ အခု က်ေနာ့္္မွာ ကုမၸဏီကို တရားစြဲဖို႔ ေတာင္းဆိုထားတဲ့ တရားလို ႏွစ္ေယာက္႐ွိတယ္။ ဒါေပမယ့္ ဒီေန႔မွာ ဖုန္းေတြ အမ်ားႀကီး လက္ခံ ရ႐ွိထားတယ္။ ၆ ေသာင္းေက်ာ္ ႐ွိမယ္ ထင္ပါတယ္။ ”

” မေက်မခ်မ္း ျဖစ္ခဲ့ရတာအတြက္ သူတို႔ထဲက တခ်ိဳ႕က တကယ့္ကို စိတ္အားထက္သန္ေနတဲ့ ပရိသတ္ေတြပါ။ ဒါက သူတို႔အတြက္ အရမ္း နာက်င္စရာပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က ေရာ္နယ္ဒို ကို ခ်စ္ၾကတယ္။ သူ႔ကို ကာကြယ္ ေပးခ်င္ၾကတယ္။ ဒါေပမယ့္ အေျခအေနေၾကာင့္ သူတို႔မလုပ္ႏိုင္ခဲ့ဘူး။ ” လို႔ ဆိုပါတယ္။

The Fasta ရဲ႕ စီအီးအိုက ေရာ္နယ္ဒိုကို ပြဲတစ္ဝက္မွာ ကစားဖို႔ ထင္ခဲ့ၿပီး ၅၅ မိနစ္မွာ သူ ဘာလို႔ မကစားခဲ့လဲဆိုတာ နားမလည္ခဲ့ဘူးလို႔ SBS မွာ ေျပာခဲ့ပါတယ္။

“က်မ သူတို႔နဲ႔ သြားေျပာေတာ့ ဂ်ဴဗင္တပ္ ရဲ႕ တြဲဖက္ဥကၠဌက ‘က်ေနာ္လဲ ေရာ္နယ္ဒို ကို ကစားေစခ်င္တာပါ။ ဒါေပမယ့္ သူက မကစားခ်င္ဘူး။ စိတ္မေကာင္းဘူး။ ဒါအတြက္ က်ေနာ္ ဘာမွမလုပ္ႏိုင္ပါဘူး။ က်ေနာ္ အရမ္း စိတ္ပ်က္ခဲ့ပါတယ္။ ‘ လို႔သာ ေျဖၾကားခဲ့ေၾကာင္း ” လို႔ The Fasta စီအီးအိုက ေျပာၾကားခဲ့ပါတယ္။

Sports Home Time

[Unicode] တောင်ကိုရီးယား က ဂျူဗင်တပ်အသင်း ချစ်ကြည်ရေး ခြေစမ်းပွဲ ပွဲမှာ ခရစ္စတီယာနို ရော်နယ်ဒို မပါဝင်ခဲ့တာကြောင့် ပရိသတ်တွေက ပွဲစီစဉ်သူတွေကို တရားစွဲဖို့ စီစဉ်နေပါတယ်။

ပြီးခဲ့တဲ့ အပတ်က ဆိုးလ်မှာ ကစားခဲ့တဲ့ ကိုရီးယား အောစတား အသင်းနဲ့ ဂျူဗင်တပ်တို့ရဲ့ ၃-၃ ပွဲစဉ် အတွင်း ပေါ်တူဂီ တိုက်စစ်မှူးက အရံခုံမှာပဲ ထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ခရစ္စတီယာနို ကစားတာကို မမြင်ခဲ့ရလို့ ဒေါသထွက်နေတဲ့ ပရိသတ်တွေက ဒီပျက်ကွက်မှုအတွက် လျော်ကြေး လိုချင်နေတာပါ။

ပွဲစီစဉ်သူတွေကို တရားစွဲဖို့ ဦးဆောင်လုပ်နေတဲ့ ကိုရီးယား ရှေ့နေ ကင်မင်ကီက လက်မှတ်အတွက် ပြန်အမ်းငွေ ၅၃ ယူရို၊ ပရိသတ် တစ်ယောက်ချင်း စီရဲ့ စိတ်မကျေမနပ် ဖြစ်ရမှုအတွက် လျော်ကြေး ၇၅၉ ယူရို ကို တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

“လက်မှတ်တွေက ရော်နယ်ဒိုကို တွေ့ချင်လို့ ဝယ်ခဲ့ကြတာပါ။ ပွဲစီစဉ်တဲ့ The Fasta က ကုမ္ပဏီဟာ ရော်နယ်ဒို အနည်းဆုံး ၄၅မိနစ် ကစားဖို့ နဲ့ ပရိသတ်တွေအတွက် လက်မှတ်ထိုးပွဲ လုပ်ရမယ်ဆိုတဲ့ အချက်တွေပါဝင်တဲ့ ဂျူဗင်တပ်နဲ့ စာချုပ် ရှိခဲ့တယ်လို့ သတင်းလွှင့်ခဲ့တယ်။ ”

” ပုံမှန် အားဖြင့် ဒီလိုကိစ္စတွေမှာ တရားလိုတွေက လက်မှတ်ဖိုး ကို ပြန်ရယူရမှာ ဖြစ်ပေမယ့် ကုမ္ပဏီက ခရစ္စတီယာနို ရဲ့ ပရိသတ်တွေကို ခုတုံးလုပ်ပြီး မဟုတ်က ဟုတ်က ကြေညာမှုအတွက် ကျနော်က အထူးကိစ္စအဖြစ် ပြောတာပါ။ အခု ကျနော့််မှာ ကုမ္ပဏီကို တရားစွဲဖို့ တောင်းဆိုထားတဲ့ တရားလို နှစ်ယောက်ရှိတယ်။ ဒါပေမယ့် ဒီနေ့မှာ ဖုန်းတွေ အများကြီး လက်ခံ ရရှိထားတယ်။ ၆ သောင်းကျော် ရှိမယ် ထင်ပါတယ်။ ”

” မကျေမချမ်း ဖြစ်ခဲ့ရတာအတွက် သူတို့ထဲက တချို့က တကယ့်ကို စိတ်အားထက်သန်နေတဲ့ ပရိသတ်တွေပါ။ ဒါက သူတို့အတွက် အရမ်း နာကျင်စရာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က ရော်နယ်ဒို ကို ချစ်ကြတယ်။ သူ့ကို ကာကွယ် ပေးချင်ကြတယ်။ ဒါပေမယ့် အခြေအနေကြောင့် သူတို့မလုပ်နိုင်ခဲ့ဘူး။ ” လို့ ဆိုပါတယ်။

The Fasta ရဲ့ စီအီးအိုက ရော်နယ်ဒိုကို ပွဲတစ်ဝက်မှာ ကစားဖို့ ထင်ခဲ့ပြီး ၅၅ မိနစ်မှာ သူ ဘာလို့ မကစားခဲ့လဲဆိုတာ နားမလည်ခဲ့ဘူးလို့ SBS မှာ ပြောခဲ့ပါတယ်။

“ကျမ သူတို့နဲ့ သွားပြောတော့ ဂျူဗင်တပ် ရဲ့ တွဲဖက်ဥက္ကဌက ‘ကျနော်လဲ ရော်နယ်ဒို ကို ကစားစေချင်တာပါ။ ဒါပေမယ့် သူက မကစားချင်ဘူး။ စိတ်မကောင်းဘူး။ ဒါအတွက် ကျနော် ဘာမှမလုပ်နိုင်ပါဘူး။ ကျနော် အရမ်း စိတ်ပျက်ခဲ့ပါတယ်။ ‘ လို့သာ ဖြေကြားခဲ့ကြောင်း ” လို့ The Fasta စီအီးအိုက ပြောကြားခဲ့ပါတယ်။

Sports Home Time