အကယ္ဒမီကစားသမားမ်ားအား ပြဲကစားခ်ိန္ အမ်ားဆံုးေပးတဲ့ အသင္းအျဖစ္ ယူနိုက္တက္ ဦးေဆာင္ေန

[Zawgyi] ျပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ္မွာ အကယ္ဒမီမွ လူငယ္ကစားသမားမ်ားကို ပြဲကစားခ်ိန္ မိနစ္ အမ်ားဆံုး ေပးအပ္ထားတဲ့ အသင္းမ်ားကို ေလ့့လာမႈ တစ္ခု ျပဳလုပ္ရာ မန္ခ်က္စတာ ယူနိုက္တက္က မိနစ္ ၉၀၀၀ ေက်ာ္နဲ႕ ဦးေဆာင္ေနပါတယ္။

ယူနိုက္တက္ဟာ ယခင္က အာဆင္နယ္ရဲ႕ အကယ္ဒမီ ကစားသမားေတြ လႊမ္းမိုးခဲ့တဲ့ တစ္ေခတ္ကို ေက်ာ္ျဖတ္ကာ ေအာင္ျမင္တဲ့ လူငယ္ေတြ ပိုမို ေမြးထုတ္ေပးေနျပီး အသင္းၾကီးမွာပါ ကစားခြင့္ေတြ ေပးနိုင္လာတာ ျဖစ္ပတယ္။ ၂၀၁၈-၁၉ ရာသီမွာေတာ့ ယူနိုက္တက္ အကယ္ဒမီဟာ ကာရင္တန္ ေလ့က်င့္ေရးထံ လူငယ္ေတြ ပိုလႊတ္ေပးနိုင္ခဲ့ျပီး ကစားခ်ိန္ေတြလည္း နွစ္ဆေလာက္ တိုးရလာခဲ့တာ ျဖစ္ပါတယ္။

အကယ္ဒမီ ကစားသမား ဆိုတဲ့ ေနရာမွာ ကစားသမားေတြဟာ လူငယ္ကစားသမားဘ၀ အသင္းရဲ႕ အကယ္ဒမီမွာ အခ်ိန္ ကုန္ဆံုးခဲ့တဲ့ သူေတြ ျဖစ္ရပါမယ္။ ယူနိုက္တက္မွာ မိနစ္အမ်ားဆံုး ရထားတာက ေပါ့ဘာ၊ ရက္ဖို႔ဒ္၊ လင္ဂတ္တို႔ ျဖစ္ျပီး ေတာ္မီေနး၊ ပါရဲရားတို႔လည္း အခြင့္အေရး ရလာပါတယ္။

ယူနိုက္တက္ တက္လာခ်ိန္ အာဆင္နယ္ အကယ္ဒမီက ယခင္ မိနစ္ ၇၉၃၃ ကေန ၄၉၇၆ သို႔ ထိုးဆင္းသြားခဲ့ပါတယ္။ ဟက္တာ ဘယ္လာလင္ က ဒဏ္ရာရေနျပီး ၀ီရွိဳင္းယားက အသင္းက ထြက္ခြာသြားခဲ့တာေၾကာင့္လည္း ပါ၀င္ပါတယ္။ ဒါ့အျပင္ ကစားခြင့္ နည္းတဲ့ ကိုကြီလင္နဲ႕ အငွား ထြက္ ကစားေနတဲ့ ေရးစ္ နယ္ဆင္တို႔ လည္း အခြင့္ အေရး မရတာေၾကာင့္ပါ။

အသင္းေတြထဲ အကယ္ဒမီ လူငယ္ေတြ ကစားရ အနည္းဆံုးက မန္စီးတီး ျဖစ္ျပီး ဖီးလ္ ဖုိဒင္ တစ္ေယာက္ တည္းသာ ကစားခြင့္ ရေနတာပါ။ အကယ္ဒမီကစားသမားေတြရဲ႕ ျပီးခဲ့တဲ့ရာသီ ပြဲကစားခြင့္ ရခဲ့တဲ့ မိနစ္ေတြ စာရင္းက ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

  1. မန္ခ်က္စတာ ယူနုိက္တက္ – 9334 minutes, 9 players
  2. ေတာ့တင္ဟမ္ စပါး – 6887 minutes, 6 players
  3. ခရစၥတယ္ပဲေလ့စ္ – 6887 minutes, 3 players
  4. ၀က္စ္ဟမ္း – 6,344 minutes, 4 players
  5. ေဆာက္သမ္တန္ – 5866 minutes, 9 players
  6. လက္စတာ – 5159 minutes, 3 players
  7. အာဆင္နယ္ – 4976 minutes, 6 players
  8. ဟက္ဒါဖီး – 3771 minutes, 5 players
  9. ဘရိုက္တန္ 3376 minutes, 1 players
  10. ဖူဟမ္ – 3176 minutes, 3 players
  11. နယူးကာဆယ္ – 2896 minutes, 2 players
  12. လီဗာပူး – 2600 minutes, 2 players
  13. ခ်ယ္ဆီး – 2202 minutes, 3 players
  14. ကားဒစ္ – 2118 minutes, 1 player
  15. ၀က္ဖို႔ဒ္ – 2070 minutes, 1 player
  16. အဲဗာတန္ – 1959 minutes, 2 players
  17. ဘန္ေလ – 1683 minutes, 1 players
  18. ၀ုဗ္ – 766 minutes, 1 players
  19. ဘုန္းေမာက္ – 654 minutes, 3 players
  20. မန္စီးတီး – 371 minutes, 1 player

Sports Home Time

[Unicode] ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အကယ်ဒမီမှ လူငယ်ကစားသမားများကို ပွဲကစားချိန် မိနစ် အများဆုံး ပေးအပ်ထားတဲ့ အသင်းများကို လေ့့လာမှု တစ်ခု ပြုလုပ်ရာ မန်ချက်စတာ ယူနိုက်တက်က မိနစ် ၉၀၀၀ ကျော်နဲ့ ဦးဆောင်နေပါတယ်။

ယူနိုက်တက်ဟာ ယခင်က အာဆင်နယ်ရဲ့ အကယ်ဒမီ ကစားသမားတွေ လွှမ်းမိုးခဲ့တဲ့ တစ်ခေတ်ကို ကျော်ဖြတ်ကာ အောင်မြင်တဲ့ လူငယ်တွေ ပိုမို မွေးထုတ်ပေးနေပြီး အသင်းကြီးမှာပါ ကစားခွင့်တွေ ပေးနိုင်လာတာ ဖြစ်ပတယ်။ ၂၀၁၈-၁၉ ရာသီမှာတော့ ယူနိုက်တက် အကယ်ဒမီဟာ ကာရင်တန် လေ့ကျင့်ရေးထံ လူငယ်တွေ ပိုလွှတ်ပေးနိုင်ခဲ့ပြီး ကစားချိန်တွေလည်း နှစ်ဆလောက် တိုးရလာခဲ့တာ ဖြစ်ပါတယ်။

အကယ်ဒမီ ကစားသမား ဆိုတဲ့ နေရာမှာ ကစားသမားတွေဟာ လူငယ်ကစားသမားဘဝ အသင်းရဲ့ အကယ်ဒမီမှာ အချိန် ကုန်ဆုံးခဲ့တဲ့ သူတွေ ဖြစ်ရပါမယ်။ ယူနိုက်တက်မှာ မိနစ်အများဆုံး ရထားတာက ပေါ့ဘာ၊ ရက်ဖို့ဒ်၊ လင်ဂတ်တို့ ဖြစ်ပြီး တော်မီနေး၊ ပါရဲရားတို့လည်း အခွင့်အရေး ရလာပါတယ်။

ယူနိုက်တက် တက်လာချိန် အာဆင်နယ် အကယ်ဒမီက ယခင် မိနစ် ၇၉၃၃ ကနေ ၄၉၇၆ သို့ ထိုးဆင်းသွားခဲ့ပါတယ်။ ဟက်တာ ဘယ်လာလင် က ဒဏ်ရာရနေပြီး ဝီရှိုင်းယားက အသင်းက ထွက်ခွာသွားခဲ့တာကြောင့်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကစားခွင့် နည်းတဲ့ ကိုကွီလင်နဲ့ အငှား ထွက် ကစားနေတဲ့ ရေးစ် နယ်ဆင်တို့ လည်း အခွင့် အရေး မရတာကြောင့်ပါ။

အသင်းတွေထဲ အကယ်ဒမီ လူငယ်တွေ ကစားရ အနည်းဆုံးက မန်စီးတီး ဖြစ်ပြီး ဖီးလ် ဖိုဒင် တစ်ယောက် တည်းသာ ကစားခွင့် ရနေတာပါ။ အကယ်ဒမီကစားသမားတွေရဲ့ ပြီးခဲ့တဲ့ရာသီ ပွဲကစားခွင့် ရခဲ့တဲ့ မိနစ်တွေ စာရင်းက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

  1. မန်ချက်စတာ ယူနိုက်တက် – 9334 minutes, 9 players
  2. တော့တင်ဟမ် စပါး – 6887 minutes, 6 players
  3. ခရစ္စတယ်ပဲလေ့စ် – 6887 minutes, 3 players
  4. ဝက်စ်ဟမ်း – 6,344 minutes, 4 players
  5. ဆောက်သမ်တန် – 5866 minutes, 9 players
  6. လက်စတာ – 5159 minutes, 3 players
  7. အာဆင်နယ် – 4976 minutes, 6 players
  8. ဟက်ဒါဖီး – 3771 minutes, 5 players
  9. ဘရိုက်တန် 3376 minutes, 1 players
  10. ဖူဟမ် – 3176 minutes, 3 players
  11. နယူးကာဆယ် – 2896 minutes, 2 players
  12. လီဗာပူး – 2600 minutes, 2 players
  13. ချယ်ဆီး – 2202 minutes, 3 players
  14. ကားဒစ် – 2118 minutes, 1 player
  15. ဝက်ဖို့ဒ် – 2070 minutes, 1 player
  16. အဲဗာတန် – 1959 minutes, 2 players
  17. ဘန်လေ – 1683 minutes, 1 players
  18. ဝုဗ် – 766 minutes, 1 players
  19. ဘုန်းမောက် – 654 minutes, 3 players
  20. မန်စီးတီး – 371 minutes, 1 player

Sports Home Time