ခ်န္ပီယံလိဂ္ ရွံဳးထြက္မွာ မဆံုခ်င္ခဲ့တဲ့ နွစ္သင္း အမည္ ကေလာ့ပ္ ထုတ္ေဖာ္ေျပာ

[Zawgyi] လီဗာပူးအသင္းက ဒီရာသီ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္မွာ ဘိုင္ယန္ ျမဴးနစ္အသင္းနဲ႕ ရင္ဆုိင္ကစားရမွာ ျဖစ္ပါတယ္။ လီဗာပူး မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က မဲခြဲပဲြမတိုင္ခင္ သူေတြးမိတဲ့ မဆံုခ်င္တဲ့အသင္း နွစ္သင္း ရွိတယ္လို႔ ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

လီဗာပူးအသင္းဟာ နာပိုလီကို က်ဥ္းေျမာင္းတဲ့ရလဒ္ ၁ ဂိုး ဂိုးမရွိနဲ႕နုိင္ကာ အုပ္စု ဒုတိယနဲ႕ ၁၆သင္းအဆင့္ဆီ တက္ခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ မဲမခြဲခင္က လီဗာပူးနဲ႕ ေတြ႕ဆံုနိုင္တဲ့ ျပိဳင္ဘက္အသင္းေတြထဲမွာ ဘိုင္ယန္၊ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္၊ ေဒါ့မြန္နဲ႕ ေပၚတိုအသင္းတို႔ ျဖစ္ခဲ့ပါတယ္။ ကေလာ့ပ္ မဆံုခ်င္ခဲ့တဲ့ အသင္းေတြက ဘယ္အသင္းေတြမ်ားလဲ?

၀ုဗ္နဲ႕ပြဲ ပြဲၾကိဳရွင္းလင္းပြဲမွာ ကေလာ့ပ္က အခုလို ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

“ရာႏႈန္းျပည့္ ရိုးရိုးသားသား ၀န္ခံရရင္ ခ်န္ပီယံလိဂ္ ရွံဳးထြက္အဆင့္မွာ မေတြ႔ခ်င္ခဲ့တဲ့ အသင္း နွစ္သင္းပဲ ရွိခဲ့တယ္။ ဟန္လုပ္ေျပာတာ မဟုတ္ဘူးေနာ္ တကယ္ တကယ္ မေတြ႔ခ်င္ခဲ့တာ။”

“တစ္သငး္က ေဒါ့မြန္။ သူတို႔နဲ႕ ဒီအဆင့္မွာ ေတြ႔ဖို႔ သိပ္ေစာေသတယ္။ မဆံုျဖစ္ခဲ့တာ နွစ္သင္းလံုးအတြက္ ေကာင္းတယ္။ ဒီအဆင့္မွာ ဘာေတြ ျဖစ္ဦးမလဲ ေစာင့္ၾကည့္ၾကရံုပဲ။”

“သိပ္မဆံုခ်င္တဲ့ ေနာက္တစ္သင္းက ဂ်ဴဗင္တပ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီျပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ သူတို႔က လံုး၀ ေရပန္းစားေနတဲ့ အသင္း။ အဲဒီလို အသင္းနဲ႕လည္း မဆံုခ်င္ေသးဘူး။ သူတို႔က အေတြ႔အၾကံဳလည္း အမ်ားၾကီး ရွိတယ္.. အသက္ရြယ္လည္း လူစာရင္းမွာ ကြာတယ္။ သူတို႔ ခံစစ္သမားေတြအတြက္ ဒီျပိဳင္ပြဲက ေနာက္ဆံုးအခြင့္အေရးလည္း ျဖစ္သြားနုိင္လို႔ ရွိသမွ် သြန္ျပီးကို ၾကိဳးစားၾကလိမ့္မယ္။ ဂ်ဴဗင္ကို အနုိင္ကစားဖို႔က ဒီနွစ္မွာ သိပ္ကို ခက္ပါတယ္။ ”

“အဲ့နွစ္သင္းကလြဲရင္ ဘယ္အသင္းပဲ က်က် အဆင္ေျပတယ္လို႔ ေတြးခဲ့တာ။ အခု ဘိုင္ယန္နဲ႕ ရင္ဆိုင္ရမယ္။ ” လို႔ ကေလာ့ပ္က ၀န္ခံ ေျပာၾကားခဲ့တာပါ။

လီဗာပူးအသင္းက ဘိုင္ယန္နဲ႕ ၂၀၁၇ ရာသီၾကိဳကာလ Audi Cup ျပိဳင္ပြဲမွာ ဆံုဖူးျပီး ထုိစဥ္က မာေနး၊ ဆာလက္၊ စတားရစ္တို႔ ဂိုးေတြနဲ႕ ၃ဂိုး ဂိုးမရွိ နုိင္ခဲ့ပါတယ္။

“ပရိသတ္ေတြအတြက္ ေကာင္းတယ္လို႔ က်ေနာ္ ေျပာပါရေစ။ Audi Cup တုန္းက သူတို႔ လိုက္ျပီး အားေပးျဖစ္လားေတာ့ က်ေနာ္ မေသခ်ာဘူး..ဒီတၾကိမ္ေတာ့ ျမဴးနစ္ျမိဳ႕ဆီ ိလုက္အားေပးသင့္တယ္လို႔ ေျပာပါရေစ.. ေဖေဖာ္၀ါရီမွာဆို နွင္းလည္း နည္းနည္းရွိဦးမယ္ ထင္တယ္။ သိပ္လွပါတယ္။”

“ဘိုင္ယန္က ေတာင့္တင္းတဲ့အသင္းၾကီးပါ။ က်ေနာ္တို႔အတြက္ စိန္ေခၚမႈ အၾကီး အၾကီးၾကီးပဲ။ ဒါမ်ိဳး က်ေနာ္ နွစ္သက္ပါတယ္။ လြန္ခဲ့တဲ နွစ္ အနည္းငယ္ကသာ ဘိုင္ယန္နဲ႕ေတြ႔တယ္ဆိုရင္ ဟာ .. ငါတို႔ေတာ့ ဒီအဆင့္က တက္ဖို႔ အခြင့္အေရးမရွိေတာ့ပါဘူး ေတြးမိၾကလိမ့္မယ္.. အခုအခ်ိန္မွာ လီဗာပူးမွာလည္း အခြင့္အေရးရွိတယ္.. လုပ္နုိင္တဲ့ အေနအထား ရွိေနျပီ။”

“ဒီပြဲက ခက္ခဲမယ္ဆိုတာ က်ေနာ္တို႔ သိသလို သူတို႔လည္း သိတယ္.. ဒါမ်ိဳးျဖစ္ရမွာ.. တကယ့္ ပြဲၾကီးပြဲေကာင္း နွစ္ပြဲ ျဖစ္လာေတာ့မယ္။” လို႔ ကေလာ့ပ္က မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

Sports Home Time

[Unicode] လီဗာပူးအသင်းက ဒီရာသီ ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ ဘိုင်ယန် မြူးနစ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူး မန်နေဂျာ ယာဂင်ကလော့ပ်က မဲခွဲပွဲမတိုင်ခင် သူတွေးမိတဲ့ မဆုံချင်တဲ့အသင်း နှစ်သင်း ရှိတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ နာပိုလီကို ကျဉ်းမြောင်းတဲ့ရလဒ် ၁ ဂိုး ဂိုးမရှိနဲ့နိုင်ကာ အုပ်စု ဒုတိယနဲ့ ၁၆သင်းအဆင့်ဆီ တက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မဲမခွဲခင်က လီဗာပူးနဲ့ တွေ့ဆုံနိုင်တဲ့ ပြိုင်ဘက်အသင်းတွေထဲမှာ ဘိုင်ယန်၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်၊ ဒေါ့မွန်နဲ့ ပေါ်တိုအသင်းတို့ ဖြစ်ခဲ့ပါတယ်။ ကလော့ပ် မဆုံချင်ခဲ့တဲ့ အသင်းတွေက ဘယ်အသင်းတွေများလဲ?

ဝုဗ်နဲ့ပွဲ ပွဲကြိုရှင်းလင်းပွဲမှာ ကလော့ပ်က အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ရာနှုန်းပြည့် ရိုးရိုးသားသား ဝန်ခံရရင် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ မတွေ့ချင်ခဲ့တဲ့ အသင်း နှစ်သင်းပဲ ရှိခဲ့တယ်။ ဟန်လုပ်ပြောတာ မဟုတ်ဘူးနော် တကယ် တကယ် မတွေ့ချင်ခဲ့တာ။”

“တစ်သင်းက ဒေါ့မွန်။ သူတို့နဲ့ ဒီအဆင့်မှာ တွေ့ဖို့ သိပ်စောသေတယ်။ မဆုံဖြစ်ခဲ့တာ နှစ်သင်းလုံးအတွက် ကောင်းတယ်။ ဒီအဆင့်မှာ ဘာတွေ ဖြစ်ဦးမလဲ စောင့်ကြည့်ကြရုံပဲ။”

“သိပ်မဆုံချင်တဲ့ နောက်တစ်သင်းက ဂျူဗင်တပ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ သူတို့က လုံး၀ ရေပန်းစားနေတဲ့ အသင်း။ အဲဒီလို အသင်းနဲ့လည်း မဆုံချင်သေးဘူး။ သူတို့က အတွေ့အကြုံလည်း အများကြီး ရှိတယ်.. အသက်ရွယ်လည်း လူစာရင်းမှာ ကွာတယ်။ သူတို့ ခံစစ်သမားတွေအတွက် ဒီပြိုင်ပွဲက နောက်ဆုံးအခွင့်အရေးလည်း ဖြစ်သွားနိုင်လို့ ရှိသမျှ သွန်ပြီးကို ကြိုးစားကြလိမ့်မယ်။ ဂျူဗင်ကို အနိုင်ကစားဖို့က ဒီနှစ်မှာ သိပ်ကို ခက်ပါတယ်။ ”

“အဲ့နှစ်သင်းကလွဲရင် ဘယ်အသင်းပဲ ကျကျ အဆင်ပြေတယ်လို့ တွေးခဲ့တာ။ အခု ဘိုင်ယန်နဲ့ ရင်ဆိုင်ရမယ်။ ” လို့ ကလော့ပ်က ဝန်ခံ ပြောကြားခဲ့တာပါ။

လီဗာပူးအသင်းက ဘိုင်ယန်နဲ့ ၂၀၁၇ ရာသီကြိုကာလ Audi Cup ပြိုင်ပွဲမှာ ဆုံဖူးပြီး ထိုစဉ်က မာနေး၊ ဆာလက်၊ စတားရစ်တို့ ဂိုးတွေနဲ့ ၃ဂိုး ဂိုးမရှိ နိုင်ခဲ့ပါတယ်။

“ပရိသတ်တွေအတွက် ကောင်းတယ်လို့ ကျနော် ပြောပါရစေ။ Audi Cup တုန်းက သူတို့ လိုက်ပြီး အားပေးဖြစ်လားတော့ ကျနော် မသေချာဘူး..ဒီတကြိမ်တော့ မြူးနစ်မြို့ဆီ ိလုက်အားပေးသင့်တယ်လို့ ပြောပါရစေ.. ဖေဖော်ဝါရီမှာဆို နှင်းလည်း နည်းနည်းရှိဦးမယ် ထင်တယ်။ သိပ်လှပါတယ်။”

“ဘိုင်ယန်က တောင့်တင်းတဲ့အသင်းကြီးပါ။ ကျနော်တို့အတွက် စိန်ခေါ်မှု အကြီး အကြီးကြီးပဲ။ ဒါမျိုး ကျနော် နှစ်သက်ပါတယ်။ လွန်ခဲ့တဲ နှစ် အနည်းငယ်ကသာ ဘိုင်ယန်နဲ့တွေ့တယ်ဆိုရင် ဟာ .. ငါတို့တော့ ဒီအဆင့်က တက်ဖို့ အခွင့်အရေးမရှိတော့ပါဘူး တွေးမိကြလိမ့်မယ်.. အခုအချိန်မှာ လီဗာပူးမှာလည်း အခွင့်အရေးရှိတယ်.. လုပ်နိုင်တဲ့ အနေအထား ရှိနေပြီ။”

“ဒီပွဲက ခက်ခဲမယ်ဆိုတာ ကျနော်တို့ သိသလို သူတို့လည်း သိတယ်.. ဒါမျိုးဖြစ်ရမှာ.. တကယ့် ပွဲကြီးပွဲကောင်း နှစ်ပွဲ ဖြစ်လာတော့မယ်။” လို့ ကလော့ပ်က မှတ်ချက်ပေးသွားခဲ့ပါတယ်။

Sports Home Time