ေဆာင္းပါး | ဂါဗင္ဟိုလို တစ္ရာသီေကာင္း မဟုတ္တဲ့ ပီပီက ဟာဇက္လက္သစ္ ျဖစ္လာႏုိင္ျခင္း

လြန္ခဲ့တဲ့ ႏွစ္ေတြအတြင္း ျပင္သစ္ကလပ္ လိုင္လီဟာ ပရီးမီးယားလိဂ္ကို ကစားသမား မ်ားစြာ ပို႔ခဲ့ေပမယ့္ နီကိုးလပ္ ပီပီအတြက္ အာဆင္နယ္ ေပးတဲ့ ယူ႐ိုသန္း ၈၀ ေလာက္ေတာ့ မရခဲ့ပါဘူး။ လိုင္လီကေန ပရီးမီးယားလိဂ္ကို ေျပာင္းလာျပီး ထင္ရွားခဲ့သူကေတာ့ လန္ဒန္ျပိဳင္ဘက္ ခ်ယ္ဆီးက ဟာဇက္ပဲျဖစ္ပါတယ္။

ပီပီကို ေခၚယူဖို႔ တျခားအသင္းေတြနဲ႔ ၿပိဳင္ဆိုခဲ့ရတာေတြ၊ မ်ားျပားတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ဟင္နရီ လက္သစ္ အျဖစ္ အမႊမ္းတင္ခံရတာေတြေၾကာင့္ ေမ်ွာ္လင့္ခ်က္ ႀကီးႀကီးမားမား ထား႐ွိေပမယ့္လဲ ပီပီဟာ အဂၤလန္မွာ စတားတစ္ေယာက္ ျဖစ္လာၿပီး အီဒင္ဟာဇက္ ေျခရာအတိုင္း လိုက္ႏိုင္ဖို႔ အဆင္သင့္ ျပင္ေနပါလိမ့္မယ္။

လိုင္လီကစားသမားေတြ ပရီးမီးယားလိဂ္ကို ေျပာင္းလာခဲ့တာက ပီပီကပဲ ပထမဆံုးေသာ မဟုတ္ပါဘူး။ အရင္က အာဆင္နယ္ဟာ ၂၀၁၀-၂၀၁၁ မွာ လီဂူးဝမ္း ဖလား ေအာင္ျမင္ခဲ့တဲ့ လိုင္လီအသင္းကေန ဂါဗင္ဟိုကို ေခၚယူခဲ့ေပမယ့္ ၄၆ ပြဲမွာ ၉ ဂိုးသာ သြင္းယူခဲ့သလို လိုင္လီကေန ေခၚယူျခင္းခံရတဲ့ အီဒင္ဟာဇက္က ခ်ယ္ဆီးမွာ ေအာင္ျမင္မႈ ပိုရခဲ့တာပါ။

ညာေတာင္ပံမွာ ကစားတဲ့ ဘယ္ေျခသန္ ကစားသမား ပီပီဟာ မႏွစ္က လီဂူးဝမ္းမွာ ၂၂ ဂိုးသြင္း၊ ၁၁ ဂိုး ဖန္တီးခဲ့ပါတယ္။ ၂၀၁၈-၂၀၁၈ ရာသီအတြင္း ထိပ္တန္းလိဂ္ ငါးခုမွာ ဂိုးေရာဖန္တီးမႈပါ ၁၀ အႀကိမ္အထက္ လုပ္ႏိုင္တဲ့ ကစားသမား ဆယ္ေယာက္သာ ႐ွိပါတယ္။ မက္ဆီ (၄၉ ဂိုး)၊ အမ္ဘတ္ပီ (၄၀ ဂိုး)၊ ကြာဂလီရယ္လာ (၃၄ ဂိုး) တို႔ သံုးေယာက္သာ သူ႔ထက္ ဂိုးနဲ႔ တိုက္႐ိုက္ပါဝင္ပတ္သက္မႈ ပိုမ်ားခဲ့တာ ျဖစ္ပါတယ္။

ျပင္သစ္မွာတုန္းက ဟာဇက္ရဲ႕ အေကာင္းဆံုးႏွစ္ဟာ ဖလားေအာင္ျမင္ၿပီး ေနာက္တစ္ႏွစ္ျဖစ္တဲ့ ၂၀၁၁-၂၀၁၂ ရာသီ ျဖစ္ခဲ့ပါတယ္။ ဂိုး ၂၀ သြင္းယူၿပီး ၁၅ ဂိုး ဖန္တီးခဲ့တာပါ။ ဘယ္လ္ဂ်ီယမ္သားဟာ အဲ့အခ်ိန္တုန္းက အသက္ ၂၁ သာ ႐ွိေသးၿပီး ပီပီကေတာ့ ေမလ ၂၉ မွာ ၂၄ ျပည့္ခဲ့ပါတယ္။ ဟာဇက္လိုပဲ သူက တိုးတက္ဖို႔ အလားအလာ အမ်ားႀကီး ႐ွိၿပီး အဂၤလန္ကို ေျပာင္းေရႊ႔တာက သူ႔ကို ကူညီေပးႏိုင္ပါတယ္။

ျပင္သစ္ေဘာလံုးေလာကမွာ ကြၽမ္းက်င္တဲ့ ေအးဂ်င့္ ဒါမီယာနီကလဲ သူ႔ကစားသမားအေၾကာင္းကို အခုလို ေျပာဆိုခဲ့ပါတယ္။

” ပီပီက အျမင့္ဆံုး အဆင့္ကို ေရာက္႐ွိႏိုင္ပါတယ္။ သူ နည္းစနစ္က်ၿပီး လ်ွင္ျမန္တဲ့ ႀကီးက်ယ္တဲ့ တိုက္စစ္မႉးတစ္ေယာက္ပါ။ တန္ျပန္တိုက္စစ္မွာ သိပ္ေတာ္ၿပီး ႐ွည္လ်ားတဲ့ အကြာအေဝးအတြက္ အ႐ွိန္ျမႇင့္ႏိုင္တယ္။ ေတာင္ပံမွာ ကစားေပမယ့္ ဂိုးတည့္တည့္သြင္းတယ္။ ဂိုးေတြနဲ႔ ဖန္တီးမႈေတြ အမ်ားႀကီး လုပ္တယ္။ ဒါေပမယ့္ သူက နည္းနည္း တစ္ကိုယ္ေတာ္ဆန္ဆန္ ကစားတယ္။ နည္းဗ်ဴဟာပိုင္းက ၾကမ္းတမ္းတယ္။ ” လို႔ ေျပာခဲ့တာပါ။

ေပၚတူဂီနဲ႔အတူ ဥေရာပခ်န္ပီယံ႐ွစ္ ေအာင္ျမင္ခဲ့ႁပီး ဝက္စ္ဟမ္းနဲ႔ ေဆာက္သမ္တန္မွာ ပရီးမီးယားလိဂ္ ပြဲ၁၅၀ေက်ာ္ ကစားခဲ့တဲ့ ဝါရင့္ကစားသမား ဖြန္တီကလဲ ပီပီဟာ အေကာင္းဆံုးေတြနဲ႔ တြဲကစားႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။

“သူက ရီးရဲလ္မက္ဒရစ္ ၊ ဘာစီလိုနာတို႔အတြက္ေတာင္ ကစားႏိုင္ပါတယ္။ ဒါေပမယ့္ ဆက္လက္သင္ယူဖို႔၊ ကြင္းထဲမွာ ေျခစြမ္းျပဖို႔၊ ေန႔တိုင္း တိုးတက္လာေအာင္ လုပ္ဖို႔ လိုပါတယ္။ ဒီလိုနည္းနဲ႔ သူဟာ ျမင့္မားတဲ့ အဆင့္အတန္းကို ေရာက္ႏိုင္တယ္။ ဒါေပမယ့္ သူ႔မွာ အရည္အခ်င္း ႐ွိၿပီးသားဆိုတာ သိသာပါတယ္။ ” လို႔ ဆိုပါတယ္။

ဒါကေတာ့ မတိုင္ခင္ တစ္ႏွစ္က တန္းဆင္းရတဲ့ အေျခအေနနဲ႔ ေတြ႔ၾကံဳခဲ့ရၿပီးေနာက္ ဒီႏွစ္မွာ လိုင္လီကို အဆင့္ ၂ ရာက္ေအာင္ ကူညီေပးခဲ့တဲ့ေနရာမွာ သူ႔အရည္အေသြးကို ထင္႐ွားေစခဲ့ပါတယ္။ အဂၤလန္ကို ေျပာင္းလာတဲ့အခ်ိန္မွာ သူ႔ကို အသားက်ေအာင္ ကူညီေပးမွာကေတာ့ သူ႔ရဲ႕ စိတ္ဓာတ္ ခိုင္မာမႈပါပဲ။ ဂါဗင္ဟိုကေတာ့ ဒီေနရာမွာ အားနည္းခဲ့ၿပီး ပီပီက ဖိအားေတြေအာက္မွာ အားေလ်ာ့သြားမွာ မဟုတ္ပါဘူး။

“ကြၽမ္းက်င္မႈ အပိုင္းမွာ က်ေနာ္က အလယ္အလတ္ အဆင့္ေလာက္ေပါ့။ ဒါေပမယ့္ ပိုၿပီးေတာ့ေတာင္ ေကာင္းေကာင္းလုပ္ႏိုင္တယ္လို႔ ထင္တယ္။ ” လို႔ ၿပီးခဲ့တဲ့ စက္တင္ဘာတုန္းက သူ ေျပာခဲ့ဖူးပါတယ္။

အဲ့တုန္းက သူ႔ရဲ႕ လုပ္ႏိုင္စြမ္းအေပၚ သံသယအခ်ိဳ႕ ႐ွိေနခဲ့ၾကဆဲ ျဖစ္ပါတယ္။ လိုင္လီမွာ ပထမရာသီအတြင္း သူ႔ကစားသမားဘဝက ႏွစ္မ်ိဳး ျဖစ္ခဲ့ပါတယ္။ သူ႔ကို အက်ိဳးမ႐ွိတဲ့ ဗဟိုတိုက္စစ္ အေနနဲ႔ သံုးခဲ့တဲ့ နည္းျပ Marcelo Bielsa လက္ေအာက္မွာ ကနဦး ႐ုန္းကန္ခဲ့ရၿပီးေနာက္ Galtier လက္ေအာက္မွာေတာ့ အေကာင္းဆံုး ျဖစ္ခဲ့ပါတယ္။ ဒီနည္းျပက စိန္႔အက္တီရန္နီမွာ ဂိုးေတြအမ်ားႀကီး သြင္းခဲ့တဲ့ အူဘာမီးယန္းကို အဓိက လႊမ္းမိုးခဲ့တာ ျဖစ္သလို ပီပီကိုလဲ အလားတူ ပံုေဖာ္ေပးခဲ့ပါတယ္။

တင္းက်ပ္တဲ့ နည္းျပ Galtier က ကစားသမားရဲ႕ ခံစစ္ပိုင္း လုပ္အားႏႈန္း ၊ ေနရာယူမႈေတြ တိုးတက္လာဖို႔ ႀကိဳးစားေပးခဲ့ပါတယ္။ တစ္ႏွစ္ၿပီးတစ္ႏွစ္ ပီပီဟာ က႑အစံုမွာ တိုးတက္လာခဲ့ေပမယ့္ ဒါက သူ႔ရဲ႕ အႀကီးမားဆံုး စစ္ေဆးမႈ ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ ပီပီက စိန္ေခၚမႈ အတြက္ ေကာင္းေကာင္း ျပင္ဆင္ခဲ့ၿပီး အာဆင္နယ္ ပရိသတ္ေတြကလဲ အမ္းမရိတ္စ္မွာ သူ႔ရဲ႕ စြမ္းရည္ကို ျမင္ရဖို႔ စိတ္လႈပ္႐ွားေနပါတယ္။

Sports Home Time

[Unicode] လွန်ခဲ့တဲ့ နှစ်တွေအတွင်း ပြင်သစ်ကလပ် လိုင်လီဟာ ပရီးမီးယားလိဂ်ကို ကစားသမား များစွာ ပို့ခဲ့ပေမယ့် နီကိုးလပ် ပီပီအတွက် အာဆင်နယ် ပေးတဲ့ ယူရိုသန်း ၈၀ လောက်တော့ မရခဲ့ပါဘူး။ လိုင်လီကနေ ပရီးမီးယားလိဂ်ကို ပြောင်းလာပြီး ထင်ရှားခဲ့သူကတော့ လန်ဒန်ပြိုင်ဘက် ချယ်ဆီးက ဟာဇက်ပဲဖြစ်ပါတယ်။

ပီပီကို ခေါ်ယူဖို့ တခြားအသင်းတွေနဲ့ ပြိုင်ဆိုခဲ့ရတာတွေ၊ များပြားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ဟင်နရီ လက်သစ် အဖြစ် အမွှမ်းတင်ခံရတာတွေကြောင့် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိပေမယ့်လဲ ပီပီဟာ အင်္ဂလန်မှာ စတားတစ်ယောက် ဖြစ်လာပြီး အီဒင်ဟာဇက် ခြေရာအတိုင်း လိုက်နိုင်ဖို့ အဆင်သင့် ပြင်နေပါလိမ့်မယ်။

လိုင်လီကစားသမားတွေ ပရီးမီးယားလိဂ်ကို ပြောင်းလာခဲ့တာက ပီပီကပဲ ပထမဆုံးသော မဟုတ်ပါဘူး။ အရင်က အာဆင်နယ်ဟာ ၂၀၁၀-၂၀၁၁ မှာ လီဂူးဝမ်း ဖလား အောင်မြင်ခဲ့တဲ့ လိုင်လီအသင်းကနေ ဂါဗင်ဟိုကို ခေါ်ယူခဲ့ပေမယ့် ၄၆ ပွဲမှာ ၉ ဂိုးသာ သွင်းယူခဲ့သလို လိုင်လီကနေ ခေါ်ယူခြင်းခံရတဲ့ အီဒင်ဟာဇက်က ချယ်ဆီးမှာ အောင်မြင်မှု ပိုရခဲ့တာပါ။

ညာတောင်ပံမှာ ကစားတဲ့ ဘယ်ခြေသန် ကစားသမား ပီပီဟာ မနှစ်က လီဂူးဝမ်းမှာ ၂၂ ဂိုးသွင်း၊ ၁၁ ဂိုး ဖန်တီးခဲ့ပါတယ်။ ၂၀၁၈-၂၀၁၈ ရာသီအတွင်း ထိပ်တန်းလိဂ် ငါးခုမှာ ဂိုးရောဖန်တီးမှုပါ ၁၀ အကြိမ်အထက် လုပ်နိုင်တဲ့ ကစားသမား ဆယ်ယောက်သာ ရှိပါတယ်။ မက်ဆီ (၄၉ ဂိုး)၊ အမ်ဘတ်ပီ (၄၀ ဂိုး)၊ ကွာဂလီရယ်လာ (၃၄ ဂိုး) တို့ သုံးယောက်သာ သူ့ထက် ဂိုးနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှု ပိုများခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်မှာတုန်းက ဟာဇက်ရဲ့ အကောင်းဆုံးနှစ်ဟာ ဖလားအောင်မြင်ပြီး နောက်တစ်နှစ်ဖြစ်တဲ့ ၂၀၁၁-၂၀၁၂ ရာသီ ဖြစ်ခဲ့ပါတယ်။ ဂိုး ၂၀ သွင်းယူပြီး ၁၅ ဂိုး ဖန်တီးခဲ့တာပါ။ ဘယ်လ်ဂျီယမ်သားဟာ အဲ့အချိန်တုန်းက အသက် ၂၁ သာ ရှိသေးပြီး ပီပီကတော့ မေလ ၂၉ မှာ ၂၄ ပြည့်ခဲ့ပါတယ်။ ဟာဇက်လိုပဲ သူက တိုးတက်ဖို့ အလားအလာ အများကြီး ရှိပြီး အင်္ဂလန်ကို ပြောင်းရွှေ့တာက သူ့ကို ကူညီပေးနိုင်ပါတယ်။

ပြင်သစ်ဘောလုံးလောကမှာ ကျွမ်းကျင်တဲ့ အေးဂျင့် ဒါမီယာနီကလဲ သူ့ကစားသမားအကြောင်းကို အခုလို ပြောဆိုခဲ့ပါတယ်။

” ပီပီက အမြင့်ဆုံး အဆင့်ကို ရောက်ရှိနိုင်ပါတယ်။ သူ နည်းစနစ်ကျပြီး လျှင်မြန်တဲ့ ကြီးကျယ်တဲ့ တိုက်စစ်မှူးတစ်ယောက်ပါ။ တန်ပြန်တိုက်စစ်မှာ သိပ်တော်ပြီး ရှည်လျားတဲ့ အကွာအဝေးအတွက် အရှိန်မြှင့်နိုင်တယ်။ တောင်ပံမှာ ကစားပေမယ့် ဂိုးတည့်တည့်သွင်းတယ်။ ဂိုးတွေနဲ့ ဖန်တီးမှုတွေ အများကြီး လုပ်တယ်။ ဒါပေမယ့် သူက နည်းနည်း တစ်ကိုယ်တော်ဆန်ဆန် ကစားတယ်။ နည်းဗျူဟာပိုင်းက ကြမ်းတမ်းတယ်။ ” လို့ ပြောခဲ့တာပါ။

ပေါ်တူဂီနဲ့အတူ ဥရောပချန်ပီယံရှစ် အောင်မြင်ခဲ့ပြီး ဝက်စ်ဟမ်းနဲ့ ဆောက်သမ်တန်မှာ ပရီးမီးယားလိဂ် ပွဲ၁၅၀ကျော် ကစားခဲ့တဲ့ ဝါရင့်ကစားသမား ဖွန်တီကလဲ ပီပီဟာ အကောင်းဆုံးတွေနဲ့ တွဲကစားနိုင်တယ်လို့ ပြောခဲ့ပါတယ်။

“သူက ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာတို့အတွက်တောင် ကစားနိုင်ပါတယ်။ ဒါပေမယ့် ဆက်လက်သင်ယူဖို့၊ ကွင်းထဲမှာ ခြေစွမ်းပြဖို့၊ နေ့တိုင်း တိုးတက်လာအောင် လုပ်ဖို့ လိုပါတယ်။ ဒီလိုနည်းနဲ့ သူဟာ မြင့်မားတဲ့ အဆင့်အတန်းကို ရောက်နိုင်တယ်။ ဒါပေမယ့် သူ့မှာ အရည်အချင်း ရှိပြီးသားဆိုတာ သိသာပါတယ်။ ” လို့ ဆိုပါတယ်။

ဒါကတော့ မတိုင်ခင် တစ်နှစ်က တန်းဆင်းရတဲ့ အခြေအနေနဲ့ တွေ့ကြုံခဲ့ရပြီးနောက် ဒီနှစ်မှာ လိုင်လီကို အဆင့် ၂ ရာက်အောင် ကူညီပေးခဲ့တဲ့နေရာမှာ သူ့အရည်အသွေးကို ထင်ရှားစေခဲ့ပါတယ်။ အင်္ဂလန်ကို ပြောင်းလာတဲ့အချိန်မှာ သူ့ကို အသားကျအောင် ကူညီပေးမှာကတော့ သူ့ရဲ့ စိတ်ဓာတ် ခိုင်မာမှုပါပဲ။ ဂါဗင်ဟိုကတော့ ဒီနေရာမှာ အားနည်းခဲ့ပြီး ပီပီက ဖိအားတွေအောက်မှာ အားလျော့သွားမှာ မဟုတ်ပါဘူး။

“ကျွမ်းကျင်မှု အပိုင်းမှာ ကျနော်က အလယ်အလတ် အဆင့်လောက်ပေါ့။ ဒါပေမယ့် ပိုပြီးတော့တောင် ကောင်းကောင်းလုပ်နိုင်တယ်လို့ ထင်တယ်။ ” လို့ ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက သူ ပြောခဲ့ဖူးပါတယ်။

အဲ့တုန်းက သူ့ရဲ့ လုပ်နိုင်စွမ်းအပေါ် သံသယအချို့ ရှိနေခဲ့ကြဆဲ ဖြစ်ပါတယ်။ လိုင်လီမှာ ပထမရာသီအတွင်း သူ့ကစားသမားဘဝက နှစ်မျိုး ဖြစ်ခဲ့ပါတယ်။ သူ့ကို အကျိုးမရှိတဲ့ ဗဟိုတိုက်စစ် အနေနဲ့ သုံးခဲ့တဲ့ နည်းပြ Marcelo Bielsa လက်အောက်မှာ ကနဦး ရုန်းကန်ခဲ့ရပြီးနောက် Galtier လက်အောက်မှာတော့ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ဒီနည်းပြက စိန့်အက်တီရန်နီမှာ ဂိုးတွေအများကြီး သွင်းခဲ့တဲ့ အူဘာမီးယန်းကို အဓိက လွှမ်းမိုးခဲ့တာ ဖြစ်သလို ပီပီကိုလဲ အလားတူ ပုံဖော်ပေးခဲ့ပါတယ်။

တင်းကျပ်တဲ့ နည်းပြ Galtier က ကစားသမားရဲ့ ခံစစ်ပိုင်း လုပ်အားနှုန်း ၊ နေရာယူမှုတွေ တိုးတက်လာဖို့ ကြိုးစားပေးခဲ့ပါတယ်။ တစ်နှစ်ပြီးတစ်နှစ် ပီပီဟာ ကဏ္ဍအစုံမှာ တိုးတက်လာခဲ့ပေမယ့် ဒါက သူ့ရဲ့ အကြီးမားဆုံး စစ်ဆေးမှု ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ပီပီက စိန်ခေါ်မှု အတွက် ကောင်းကောင်း ပြင်ဆင်ခဲ့ပြီး အာဆင်နယ် ပရိသတ်တွေကလဲ အမ်းမရိတ်စ်မှာ သူ့ရဲ့ စွမ်းရည်ကို မြင်ရဖို့ စိတ်လှုပ်ရှားနေပါတယ်။

Sports Home Time