ယာဂင္ကေလာ့ပ္ ေနာက္ဆံုး စင္တင္လာတဲ့ လူငယ္စတားေလး ဟိုဗာ

[Zawgyi] ယာဂင္ကေလာ့ပ္ဟာ ကြင္းအတြင္း ျပင္းျပမႈအျပည့္နဲ႔ အသင္းကို ကိုင္တြယ္မႈေတြမွာ နာမည္ၾကီးသူပါ။ ဒါေပမယ့္ သူ႔ရဲ႕ ေနာက္ထပ္ ထူးခၽြန္တဲ့ အရည္အခ်င္းကေတာ့ လူငယ္ကစားသမားေတြကို ပ်ိဳးေထာင္ႏိုင္မႈပိုင္းမွာျဖစ္တယ္။ ယာဂင္ကေလာ့ပ္ဟာ ကစားသမားေကာင္း မ်ားစြာကို ဥေရာပေဘာလံုးဇာတ္ခံုေပၚ စင္တင္ေပးခဲ့ဖူးပါတယ္။

လီဗာပူးအသင္းမွာ ထရန္႔၊ ဂိုးမက္စ္တို႔ဟာ သူေနာက္ဆံုး စင္တင္လာတဲ့ လူငယ္စတားေတြျဖစ္တယ္။ ထရန္႔ဟာ ဥေရာပအေကာင္းဆံုး လူငယ္ဆုမွာ ေအးဂ်က္ခံစစ္သမား ဒီလစ္ေနာက္ ဒုတိယေနရာက ရပ္တည္ခဲ့တယ္။ ဂိုးမက္စ္ဟာလည္း အဂၤလန္လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ခံကစားသမား ျဖစ္လာသည္ထိ တိုးတက္လာခဲ့ျပီျဖစ္ပါတယ္။

ဒီတစ္ၾကိမ္ ကေလာ့ပ္ စင္တင္ဖို႔ အရွိန္ယူလာသူကေတာ့ အကယ္ဒမီစတား ဟိုဗာပဲျဖစ္တယ္။ ယခင္အပတ္ကစျပီး လီဗာပူး စီနီယာအသင္း ေလ့က်င့္ေရးမွာ ပါဝင္ဖုိ႔ ဆင့္ေခၚခံခဲ့ရတဲ့ နယ္သာလန္ လက္ေရြးစင္ လူငယ္ကစားသမားဟာ အခုမွ အသက္ 16 ႏွစ္ပဲ ရွိပါေသးတယ္။ ဒါေပမယ့္လို႔ စီနီယာအသင္းထံ တိုးျမွင့္ ေခၚယူျခင္းေတာ့ ခံခဲ့ရပါျပီ။

ဟိုဗာဟာ ညာအစြန္နဲ႔ ဗဟိုခံစစ္ေနရာေတြမွာ ကစားႏုိင္စြမ္းရွိျပီး လက္ရွိ လီဗာပူးအသင္းရဲ႕ ခံစစ္ျပႆနာ ေနာက္ပိုင္းမွာ ကီရာဘီကေန မဲဝုဒ္ကို ေျပာင္းခြင့္ရခဲ့သူပါ။ လီဗာပူးအသင္းမွာ ဂိုးမက္စ္၊ မာတစ္၊ ထရန္႔နဲ႔ ေနးဖိလစ္တို႔ဟာ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္တယ္။ ဒါေၾကာင့္ လူငယ္အသင္းမွာ ေျခစြမ္းထက္ေနတဲ့ ဟိုဗာကို ေခၚယူလာခဲ့တာျဖစ္တယ္။

ၾသဂုတ္လကမွ နယ္သာလန္ကလပ္ ေအးဂ်က္အသင္း အကယ္ဒမီကေန လီဗာပူးကို ေျပာင္းလာခဲ့တဲ့ ဟိုဗာဟာ ကနဦးမွာတုန္းက လီဗာပူး ယူ-18 နည္းျပ ဘယ္ရီ လုတက္စ္လက္ေအာက္မွာ စတင္ကစားခဲ့တယ္။ အဲ့သည္ေနာက္ေတာ့ ယူ-23 နည္းျပ ေနး ခရစ္ခ်ေလလက္ေအာက္ ေျပာင္းေရႊ႔ကစားခဲ့ပါတယ္။ ပရီးမီးယားလိဂ္-2 အတြက္ ပထမဆံုး ပြဲထြက္မႈကိုေတာ့ လြန္ခဲ့တဲ့ လက အဲဗာတန္နဲ႔ပြဲမွာ ပါဝင္ႏိုင္ခဲ့တယ္။

ျမန္တယ္၊ သန္မာတယ္၊ အျမင့္ေဘာေတြမွာ လႊမ္းမုိးႏိုင္စြမ္းရွိတယ္၊ ေျခေထာက္ထဲမွာ ေဘာလံုးကိုင္ကစားႏိုင္စြမ္း ရွိပါတယ္။ ဟိုဗာဟာ ယူအီးအက္ဖ္ေအ လူငယ္ခ်န္ပီယံလိဂ္ပြဲမွာ မွတ္ခ်က္ေကာင္းေတြ ရရွိခဲ့သူလည္းျဖစ္တယ္။ သူ႔ကို လူငယ္အသင္းမွာ ဆက္လက္တိုးတက္ေနမႈအစား စီနီယာအသင္းထံ ခပ္ျမန္ျမန္ ေခၚယူဖို႔ ကေလာ့ပ္ ဆံုးျဖတ္ခဲ့တာကေတာ့ အနည္းငယ္ အံ့ၾသသင့္စရာပါပဲ။

ေအးဂ်က္အကယ္ဒမီမွာ အမွတ္ေကာင္းရေပမယ့္လည္း လီဗာပူးဟာ သက္သာတဲ့ ေျပာင္းေရႊ႔ေၾကးေလာက္နဲ႔ ေခၚယူခဲ့တဲ့အေပၚ ေအးဂ်က္ဘက္ကေတာ့ စိတ္မေကာင္းျဖစ္ခဲ့ရတယ္လို႔ သိထားရတယ္။ ဟိုဗာဟာ လူငယ္အဆင့္ကိုေတာ့ ေအဇက္ကမာအသင္းကေန စတင္လာခဲ့ျပီး 2014 မွာ ေအးဂ်က္ကို ေျပာင္းေရႊ႔ခဲ့တယ္။ အဲ့သည္ေနာက္ နယ္သာလန္လိဂ္ရဲ႕ လူငယ္ ယူ-17 အသင္းအတြက္ 13 ပြဲ ကစားေပးျပီး 2 ဂိုး သြင္းခဲ့ဖူးပါတယ္။

ဟိုဗာကို ေခၚယူဖို႔ရာ ခ်ယ္ဆီး၊ ယူႏုိက္တက္နဲ႔ မန္စီးတီးအျပင္ ဥေရာပကလပ္ေတြက စိတ္ဝင္စားဖူးပါတယ္။ ဒါေပမယ့္ လီဗာပူးက အသာစီးရခဲ့တာျဖစ္ျပီး ကေလာ့ပ္ရဲ႕ ယံုၾကည္မႈေအာက္မွာ အလားအလာေကာင္းတဲ့ ကစားသမားတစ္ေယာက္ ျဖစ္လာဖို႔ ေမွ်ာ္လင့္ခံေနရတာျဖစ္ပါတယ္။

Sports Home Time

[Unicode] ယာဂင်ကလော့ပ်ဟာ ကွင်းအတွင်း ပြင်းပြမှုအပြည့်နဲ့ အသင်းကို ကိုင်တွယ်မှုတွေမှာ နာမည်ကြီးသူပါ။ ဒါပေမယ့် သူ့ရဲ့ နောက်ထပ် ထူးချွန်တဲ့ အရည်အချင်းကတော့ လူငယ်ကစားသမားတွေကို ပျိုးထောင်နိုင်မှုပိုင်းမှာဖြစ်တယ်။ ယာဂင်ကလော့ပ်ဟာ ကစားသမားကောင်း များစွာကို ဥရောပဘောလုံးဇာတ်ခုံပေါ် စင်တင်ပေးခဲ့ဖူးပါတယ်။

လီဗာပူးအသင်းမှာ ထရန့်၊ ဂိုးမက်စ်တို့ဟာ သူနောက်ဆုံး စင်တင်လာတဲ့ လူငယ်စတားတွေဖြစ်တယ်။ ထရန့်ဟာ ဥရောပအကောင်းဆုံး လူငယ်ဆုမှာ အေးဂျက်ခံစစ်သမား ဒီလစ်နောက် ဒုတိယနေရာက ရပ်တည်ခဲ့တယ်။ ဂိုးမက်စ်ဟာလည်း အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံကစားသမား ဖြစ်လာသည်ထိ တိုးတက်လာခဲ့ပြီဖြစ်ပါတယ်။

ဒီတစ်ကြိမ် ကလော့ပ် စင်တင်ဖို့ အရှိန်ယူလာသူကတော့ အကယ်ဒမီစတား ဟိုဗာပဲဖြစ်တယ်။ ယခင်အပတ်ကစပြီး လီဗာပူး စီနီယာအသင်း လေ့ကျင့်ရေးမှာ ပါဝင်ဖို့ ဆင့်ခေါ်ခံခဲ့ရတဲ့ နယ်သာလန် လက်ရွေးစင် လူငယ်ကစားသမားဟာ အခုမှ အသက် 16 နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့်လို့ စီနီယာအသင်းထံ တိုးမြှင့် ခေါ်ယူခြင်းတော့ ခံခဲ့ရပါပြီ။

ဟိုဗာဟာ ညာအစွန်နဲ့ ဗဟိုခံစစ်နေရာတွေမှာ ကစားနိုင်စွမ်းရှိပြီး လက်ရှိ လီဗာပူးအသင်းရဲ့ ခံစစ်ပြဿနာ နောက်ပိုင်းမှာ ကီရာဘီကနေ မဲဝုဒ်ကို ပြောင်းခွင့်ရခဲ့သူပါ။ လီဗာပူးအသင်းမှာ ဂိုးမက်စ်၊ မာတစ်၊ ထရန့်နဲ့ နေးဖိလစ်တို့ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်။ ဒါကြောင့် လူငယ်အသင်းမှာ ခြေစွမ်းထက်နေတဲ့ ဟိုဗာကို ခေါ်ယူလာခဲ့တာဖြစ်တယ်။

သြဂုတ်လကမှ နယ်သာလန်ကလပ် အေးဂျက်အသင်း အကယ်ဒမီကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ဟိုဗာဟာ ကနဦးမှာတုန်းက လီဗာပူး ယူ-18 နည်းပြ ဘယ်ရီ လုတက်စ်လက်အောက်မှာ စတင်ကစားခဲ့တယ်။ အဲ့သည်နောက်တော့ ယူ-23 နည်းပြ နေး ခရစ်ချလေလက်အောက် ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ပရီးမီးယားလိဂ်-2 အတွက် ပထမဆုံး ပွဲထွက်မှုကိုတော့ လွန်ခဲ့တဲ့ လက အဲဗာတန်နဲ့ပွဲမှာ ပါဝင်နိုင်ခဲ့တယ်။

မြန်တယ်၊ သန်မာတယ်၊ အမြင့်ဘောတွေမှာ လွှမ်းမိုးနိုင်စွမ်းရှိတယ်၊ ခြေထောက်ထဲမှာ ဘောလုံးကိုင်ကစားနိုင်စွမ်း ရှိပါတယ်။ ဟိုဗာဟာ ယူအီးအက်ဖ်အေ လူငယ်ချန်ပီယံလိဂ်ပွဲမှာ မှတ်ချက်ကောင်းတွေ ရရှိခဲ့သူလည်းဖြစ်တယ်။ သူ့ကို လူငယ်အသင်းမှာ ဆက်လက်တိုးတက်နေမှုအစား စီနီယာအသင်းထံ ခပ်မြန်မြန် ခေါ်ယူဖို့ ကလော့ပ် ဆုံးဖြတ်ခဲ့တာကတော့ အနည်းငယ် အံ့သြသင့်စရာပါပဲ။

အေးဂျက်အကယ်ဒမီမှာ အမှတ်ကောင်းရပေမယ့်လည်း လီဗာပူးဟာ သက်သာတဲ့ ပြောင်းရွှေ့ကြေးလောက်နဲ့ ခေါ်ယူခဲ့တဲ့အပေါ် အေးဂျက်ဘက်ကတော့ စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ သိထားရတယ်။ ဟိုဗာဟာ လူငယ်အဆင့်ကိုတော့ အေဇက်ကမာအသင်းကနေ စတင်လာခဲ့ပြီး 2014 မှာ အေးဂျက်ကို ပြောင်းရွှေ့ခဲ့တယ်။ အဲ့သည်နောက် နယ်သာလန်လိဂ်ရဲ့ လူငယ် ယူ-17 အသင်းအတွက် 13 ပွဲ ကစားပေးပြီး 2 ဂိုး သွင်းခဲ့ဖူးပါတယ်။

ဟိုဗာကို ခေါ်ယူဖို့ရာ ချယ်ဆီး၊ ယူနိုက်တက်နဲ့ မန်စီးတီးအပြင် ဥရောပကလပ်တွေက စိတ်ဝင်စားဖူးပါတယ်။ ဒါပေမယ့် လီဗာပူးက အသာစီးရခဲ့တာဖြစ်ပြီး ကလော့ပ်ရဲ့ ယုံကြည်မှုအောက်မှာ အလားအလာကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ခံနေရတာဖြစ်ပါတယ်။

Sports Home Time