Player Scout | ထိပ္သီးကလပ္ေတြ အျပိဳင္ စိတ္၀င္စားတဲ့ နီကိုးလပ္ ပီပီ အေၾကာင္း

[Zawgyi] ၾကယ္ပြင့္ တိုက္စစ္သမား နီကိုးလပ္ ပီပီက ျပင္သစ္ကလပ္ကေန ထြက္ခြာဖို႔ ဆႏၵ႐ွိခဲ့တယ္လို႔ ေဖေဖာ္ဝါရီ တုန္းက ေဖာ္ျပခဲ့ၿပီး ဒီတစ္ပတ္မွာ လုိင္လီ ဥကၠဌ ဂ်ရတ္ လိုပက္က လူအမ်ား အလို႐ွိၾကတဲ့ ေတာင္ပံကစားသမားရဲ႕ အနာဂတ္က ဆံုးျဖတ္ခ်က္ ခ်ဖို႔ နီးစပ္ေနၿပီလို႔ ဆိုခဲ့ပါတယ္။

ဥေရာပ ထိပ္သီးကလပ္ေတြ အျပိဳင္ မ်က္စိက်ေနတဲ့ နီးကိုးလပ္ ပီပီနဲ႔ ပတ္သက္ၿပီး သိထားသင့္တဲ့ အခ်က္အလက္ ေတြကို ေဖာ္ျပေပးပါမယ္။

ေနာက္ခံအေၾကာင္း

Poitiers ေတြနဲ႔ အတူ ျပင္သစ္ အဆင့္နိမ့္လိဂ္မွာ အထင္ႀကီးေလာက္ဖြယ္ စြမ္းေဆာင္ခဲ့ၿပီးေနာက္ ၂၀၁၆-၂၀၁၇ ရာသီမွာ အန္းဂါး အသင္းကို ျပင္သစ္ဖလား ဖိုင္နယ္ ေရာက္ေအာင္ ကူညီေပးခဲ့ၿပီး ေနာက္ေႏြရာသီမွာ လိူင္လီက ေခၚယူခဲ့ပါတယ္။

၂၀၁၇ အတြင္း လိူင္လီဟာ တန္းဆင္းဇုန္အေျခအေနနဲ႔ တိုက္ပြဲဝင္ခဲ့ရတာတဲ့အတူ ဒီဇင္ဘာမွာ နည္းျပ Marcelo Bielsa ကို ထုတ္ပယ္ခဲ့ပါတယ္။ အသင္းက ႐ုန္းကန္ခဲ့ရ ေပမယ့္လဲ ပီပီက ၁၃ဂိုး သြင္း၊ ေလးဂိုး ဖန္တီးခဲ့ပါတယ္။

ဆြဲေဆာင္နုိင္တဲ့ အခ်က္မ်ား

မႏွစ္က လိူင္လီဟာ လီဂူးဝမ္း အဆင့္၂ ရခဲ့သလို ဘယ္သန္ ေတာင္ပံကစားသမား ပီပီကလဲ ၂၂ဂိုးသြင္း၊ ၁၁ဂိုး ဖန္တီးခဲ့ပါတယ္။ ၉ ဂိုး က ပင္နယ္တီ ကေန ရတာ ျဖစ္ေပမယ့္ ပီပီက ညာေတာင္ပံကေန ျဖတ္လာၿပီးေနာက္ ဘယ္ေျခနဲ႔ အဆံုးသတ္ပံုက သူ႔ရဲ႕ ထင္႐ွားတဲ့ အမွတ္အသားလဲ ျဖစ္ပါတယ္။

အာဖရိက ေနး႐ွင္းဖလား မွာ အိုင္ဗရီကို႔စ္ အသင္းကို ကြာတားဖိုင္နယ္ ပို႔ေဆာင္ေပးခဲ့တဲ့ ပီပီဟာ ကလပ္ရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆု ကို ရခဲ့ၿပီး ေနမာ၊ အမ္ဘတ္ပီတို႔န႔ဲအတူ အေကာင္းဆံုး အသင္းရဲ႕ တိုက္စစ္မွာ ပါဝင္ခဲ့ပါတယ္။

သင့္ေတာ္ အံ၀င္မယ့္ ေနရမ်ား

မားကက္ရက္႐ွ္ဖို႔ဒ္က ဗဟိုတိုက္စစ္မႉးေနရာ ယူမွာ ျဖစ္သလို ပီပီက ေတာင္ပံေနရာအတြက္ ပံုမွန္ကစားသမားေတြ ျဖစ္တဲ့ မာ႐ွယ္၊ လင္ဂတ္၊ မာတာ တို႔နဲ႔အတူ တာဟစ္ေခ်ာင္၊ ဂ်ိမ္းစ္ဂါနာတို႔လို လူငယ္ကစားသမား ေတြနဲ႔ပါ ယွဥ္ၿပိဳင္ရပါလိမ့္မယ္။

မႏွစ္က ပရီးမီးယားလိဂ္ မွာ မာ႐ွယ္၊ လင္ဂတ္၊ ရက္႐ွ္ဖို႔ဒ္တို႔ သံူးေယာက္ေပါင္း ၁၇ဂိုးနဲ႔ ဖန္တီးမႈ ၆ႀကိမ္သာ ရခဲ့ၿပီး ဆိုး႐ွားအတြက္ ပိုၿပီး အက်ိဳးျပဳႏိုင္မယ့္သူ ေခၚယူဖို႔ လိုအပ္ပါလိမ့္မယ္။ ဒီျပသနာအတြက္ ပီပီက အေျဖ ျဖစ္ႏိုင္ပါတယ္။

သူက တကယ့္ကို ကမၻာ့အဆင့္ပါ

လ်င္ျမန္ၿပီး ေပ်ာ့ေပ်ာင္းတဲ့ တိုက္စစ္ကစားသမားဟာ အေနာက္ကေန အျမန္ေျပးရတာ ကြၽမ္းက်င္တယ္။ မႏွစ္က သူ႔ဂိုးအမ်ားစုဟာ ကြင္းလယ္က ေဘာလံူးယူၿပီး ၿပိဳင္ဘက္ ေနာက္ခံလူေတြကို တ႐ွိန္ထိုး ေက်ာ္ျဖတ္ကာ ဘယ္ေျခနဲ႔ လွလွပပ အဆံုးသတ္ခဲ့တာေတြ ျဖစ္ပါတယ္။ ေျပးဖို႔ ေနရာ႐ွိတဲ့အခါ သူက အေကာင္းဆံုး လုပ္ႏိုင္တယ္။

သူ႔ေျပးအား၊ ေသသပ္တဲ့ အဆံုးသတ္နဲ႔ဆို ေတာ္ရံု ခိုင္မာတဲ့ ခံစစ္ေတြကိုေတာင္ ၿခိမ္းေျခာက္ နိုင္ပါတယ္။ ကစားသမား တစ္ေယာက္ အေနနဲ႔ တိုးတက္ေနဆဲ ျဖစ္တဲ့ အာဖရိက ေနး႐ွင္းဖလား မွာ သူေမ်ွာ္လင့္သလို မျဖစ္ခဲ့ေပမယ့္ သူတကယ္လုပ္ႏိူင္ၿပီဆိုရင္လဲ တကယ့္ကို ကမၻာ့အဆင့္ ကစားသမား လိုပါပဲ။

သူ႔ ေျပာစကား

“က်ေနာ့္စိတ္ကူးက ဒီရာသီကို လိုင္လီမွာ ကုန္ဆံုးဖို႔ပါ။ ေနာက္ရာသီ ဥေရာပ တစ္ေနရာရာကို သြားဖို႔ ဘာလို႔ မျဖစ္ႏိုင္ရမွာလဲ။ အဲ့ဒါက ေကာင္းပါလိမ့္မယ္။ ” လို႔ ပီပီက ေဖေဖာ္ဝါရီ မွာ ေျပာခဲ့ပါတယ္။

သူတို႔က ဘာေျပာလဲ

“ကမၻာေပၚက အသင္းေကာင္းေတြ အားလံုး ပီပီကို ေစာင့္ၾကည့္ေနၿပီး ဒါက ပံုမွန္ပါပဲ။ ဒါေပမယ့္ က်ေနာ့္ရဲ႕ အေတြ႔အၾကံဳ အရ တကယ္လို႔ အသင္းႀကီး တစ္သင္းက ယူ႐ို သန္း ၈၀ ေလာက္နဲ႔ ကမ္းလွမ္းရင္ ကစားသမားကို ဆြဲေဆာင္ႏိူင္မယ္ ထင္ပါတယ္။ ” လို႔ လိုင္လီရဲ႕ အားကစားဒါ႐ိုက္တာက ေျပာခဲ့ပါတယ္။

Sports Home Time

[Unicode] ကြယ်ပွင့် တိုက်စစ်သမား နီကိုးလပ် ပီပီက ပြင်သစ်ကလပ်ကနေ ထွက်ခွာဖို့ ဆန္ဒရှိခဲ့တယ်လို့ ဖေဖော်ဝါရီ တုန်းက ဖော်ပြခဲ့ပြီး ဒီတစ်ပတ်မှာ လိုင်လီ ဥက္ကဌ ဂျရတ် လိုပက်က လူအများ အလိုရှိကြတဲ့ တောင်ပံကစားသမားရဲ့ အနာဂတ်က ဆုံးဖြတ်ချက် ချဖို့ နီးစပ်နေပြီလို့ ဆိုခဲ့ပါတယ်။

ဥရောပ ထိပ်သီးကလပ်တွေ အပြိုင် မျက်စိကျနေတဲ့ နီးကိုးလပ် ပီပီနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်အလက် တွေကို ဖော်ပြပေးပါမယ်။

နောက်ခံအကြောင်း

Poitiers တွေနဲ့ အတူ ပြင်သစ် အဆင့်နိမ့်လိဂ်မှာ အထင်ကြီးလောက်ဖွယ် စွမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၆-၂၀၁၇ ရာသီမှာ အန်းဂါး အသင်းကို ပြင်သစ်ဖလား ဖိုင်နယ် ရောက်အောင် ကူညီပေးခဲ့ပြီး နောက်နွေရာသီမှာ လိူင်လီက ခေါ်ယူခဲ့ပါတယ်။

၂၀၁၇ အတွင်း လိူင်လီဟာ တန်းဆင်းဇုန်အခြေအနေနဲ့ တိုက်ပွဲဝင်ခဲ့ရတာတဲ့အတူ ဒီဇင်ဘာမှာ နည်းပြ Marcelo Bielsa ကို ထုတ်ပယ်ခဲ့ပါတယ်။ အသင်းက ရုန်းကန်ခဲ့ရ ပေမယ့်လဲ ပီပီက ၁၃ဂိုး သွင်း၊ လေးဂိုး ဖန်တီးခဲ့ပါတယ်။

ဆွဲဆောင်နိုင်တဲ့ အချက်များ

မနှစ်က လိူင်လီဟာ လီဂူးဝမ်း အဆင့်၂ ရခဲ့သလို ဘယ်သန် တောင်ပံကစားသမား ပီပီကလဲ ၂၂ဂိုးသွင်း၊ ၁၁ဂိုး ဖန်တီးခဲ့ပါတယ်။ ၉ ဂိုး က ပင်နယ်တီ ကနေ ရတာ ဖြစ်ပေမယ့် ပီပီက ညာတောင်ပံကနေ ဖြတ်လာပြီးနောက် ဘယ်ခြေနဲ့ အဆုံးသတ်ပုံက သူ့ရဲ့ ထင်ရှားတဲ့ အမှတ်အသားလဲ ဖြစ်ပါတယ်။

အာဖရိက နေးရှင်းဖလား မှာ အိုင်ဗရီကို့စ် အသင်းကို ကွာတားဖိုင်နယ် ပို့ဆောင်ပေးခဲ့တဲ့ ပီပီဟာ ကလပ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကို ရခဲ့ပြီး နေမာ၊ အမ်ဘတ်ပီတို့နဲ့အတူ အကောင်းဆုံး အသင်းရဲ့ တိုက်စစ်မှာ ပါဝင်ခဲ့ပါတယ်။

သင့်တော် အံဝင်မယ့် နေရများ

မားကက်ရက်ရှ်ဖို့ဒ်က ဗဟိုတိုက်စစ်မှူးနေရာ ယူမှာ ဖြစ်သလို ပီပီက တောင်ပံနေရာအတွက် ပုံမှန်ကစားသမားတွေ ဖြစ်တဲ့ မာရှယ်၊ လင်ဂတ်၊ မာတာ တို့နဲ့အတူ တာဟစ်ချောင်၊ ဂျိမ်းစ်ဂါနာတို့လို လူငယ်ကစားသမား တွေနဲ့ပါ ယှဉ်ပြိုင်ရပါလိမ့်မယ်။

မနှစ်က ပရီးမီးယားလိဂ် မှာ မာရှယ်၊ လင်ဂတ်၊ ရက်ရှ်ဖို့ဒ်တို့ သူံးယောက်ပေါင်း ၁ရဂိုးနဲ့ ဖန်တီးမှု ၆ကြိမ်သာ ရခဲ့ပြီး ဆိုးရှားအတွက် ပိုပြီး အကျိုးပြုနိုင်မယ့်သူ ခေါ်ယူဖို့ လိုအပ်ပါလိမ့်မယ်။ ဒီပြသနာအတွက် ပီပီက အဖြေ ဖြစ်နိုင်ပါတယ်။

သူက တကယ့်ကို ကမ္ဘာ့အဆင့်ပါ

လျင်မြန်ပြီး ပျော့ပျောင်းတဲ့ တိုက်စစ်ကစားသမားဟာ အနောက်ကနေ အမြန်ပြေးရတာ ကျွမ်းကျင်တယ်။ မနှစ်က သူ့ဂိုးအများစုဟာ ကွင်းလယ်က ဘောလူံးယူပြီး ပြိုင်ဘက် နောက်ခံလူတွေကို တရှိန်ထိုး ကျော်ဖြတ်ကာ ဘယ်ခြေနဲ့ လှလှပပ အဆုံးသတ်ခဲ့တာတွေ ဖြစ်ပါတယ်။ ပြေးဖို့ နေရာရှိတဲ့အခါ သူက အကောင်းဆုံး လုပ်နိုင်တယ်။

သူ့ပြေးအား၊ သေသပ်တဲ့ အဆုံးသတ်နဲ့ဆို တော်ရုံ ခိုင်မာတဲ့ ခံစစ်တွေကိုတောင် ခြိမ်းခြောက် နိုင်ပါတယ်။ ကစားသမား တစ်ယောက် အနေနဲ့ တိုးတက်နေဆဲ ဖြစ်တဲ့ အာဖရိက နေးရှင်းဖလား မှာ သူမျှော်လင့်သလို မဖြစ်ခဲ့ပေမယ့် သူတကယ်လုပ်နိူင်ပြီဆိုရင်လဲ တကယ့်ကို ကမ္ဘာ့အဆင့် ကစားသမား လိုပါပဲ။

သူ့ ပြောစကား

“ကျနော့်စိတ်ကူးက ဒီရာသီကို လိုင်လီမှာ ကုန်ဆုံးဖို့ပါ။ နောက်ရာသီ ဥရောပ တစ်နေရာရာကို သွားဖို့ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ အဲ့ဒါက ကောင်းပါလိမ့်မယ်။ ” လို့ ပီပီက ဖေဖော်ဝါရီ မှာ ပြောခဲ့ပါတယ်။

သူတို့က ဘာပြောလဲ

“ကမ္ဘာပေါ်က အသင်းကောင်းတွေ အားလုံး ပီပီကို စောင့်ကြည့်နေပြီး ဒါက ပုံမှန်ပါပဲ။ ဒါပေမယ့် ကျနော့်ရဲ့ အတွေ့အကြုံ အရ တကယ်လို့ အသင်းကြီး တစ်သင်းက ယူရို သန်း ၈၀ လောက်နဲ့ ကမ်းလှမ်းရင် ကစားသမားကို ဆွဲဆောင်နိူင်မယ် ထင်ပါတယ်။ ” လို့ လိုင်လီရဲ့ အားကစားဒါရိုက်တာက ပြောခဲ့ပါတယ်။

Sports Home Time