Player Scout | ေတာက္ပတဲ့ အနာဂတ္ ေတြနဲ႔ အာဆင္နယ္ရဲ႕ မ်ိဳးဆက္သစ္ ကစားသမားမ်ား

[Zawgyi] အာဆင္နယ္ဟာ ရီးရဲလ္မက္ဒရစ္ ကို ပင္နယ္တီနဲ့ မ႐ွံုးနိမ့္ခင္ ေကာ္လိုရာဒို ရဒ္ပစ္၊ ဘိုင္ယန္ျမဴးနစ္ နဲ႔ ဖီအိုရင္တီးနားတို႔ကို စိတ္ လႈပ္႐ွားဖြယ္ အကယ္ဒမီ လူငယ္ကစားသမား ေတြနဲ႔ အႏိုင္ရခဲ့ပါတယ္။

မ်က္စိက်ေလာက္စရာ ျဖစ္ေစတာက ဆာကာ တစ္ေယာက္ထဲ မဟုတ္ပါဘူး။ ဒါေၾကာင့္ အာဆင္နယ္ မွာ ေနာက္ထပ္ ဘယ္သူေတြက အလားအလာ ေကာင္းေတြ ႐ွိေနလဲ?အသင္းႀကီးမွာ ေနရာတစ္ေနရာ ေအာင္ျမင္ေအာင္ လုပ္ႏိူင္တဲ့ ကစားသမား ေတြကို ေဖာ္ျပပါမယ္။

အက္ဒီ အန္ကတ္တီရာ

သူက အာဆင္ဝင္းဂါး လက္ေအာက္ ၂၀၁၇ ကတည္းက အမ္းမရိတ္စ္မွာ ေနရာရခဲ့ဖူးသူပါ။ အမ္းမရိတ္စ္ က သူ႔ရဲ႕ပထမဆံုးပြဲျဖစ္တဲ့ ေနာဝစ္နဲ႔ ကာရာေဘာင္းဖလား ၿပိဳင္ပြဲမွာ ႏွစ္ဂိုးသြင္းခဲ့ၿပီး မႏွစ္က အမ္မရီ လက္ေအာက္ ေမလအတြင္း ဘန္ေလကို ၃-၁နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ ပထမဆံုး ပရီးမီးယားလိဂ္ ဂိုး သြင္းယူ ခ့ဲပါတယ္။

အန္ကတ္တီရာ ဟာ ဒီရာသီမွာ လာကာဇက္တီ ၊ အူဘာမီးယန္း တို႔ရဲ႕ အရန္အေနနဲ႔ ကစားရဖို႔ ျဖစ္ႏိူင္ပါတယ္။ ၂၀၁၅မွာ အာဆင္နယ္ကို မေျပာင္းလာခင္ ခ်ယ္ဆီးလူငယ္ကစားသမားေတြၾကား ထင္ေပၚခဲ့တဲ့ အသက္ ၂၀အရြယ္ အဆံုးသတ္ ေသခ်ာသူ ကစားသမား ဟာ ဒီေႏြမွာ အေတာ္ေလး အက်ိဳးျပဳႏိုင္ေနပါတယ္။ သူ ဆက္လက္ တိုးတက္လာဖို႔ အာဆင္နယ္က ေမ်ွာ္လင့္ေနပါလိမ့္မယ္။

ဂ်ိဳးဝယ္ေလာ့

နည္းစနစ္ပိုင္း စြမ္းရည္၊ အထင္ႀကီးေလာက္ဖြယ္ လုပ္အားႏႈန္း၊ ဂိုးရ႐ွိဖို႔ စိတ္အားထက္သန္မႈ ေတြနဲ႔ အတူ ဝယ္ေလာ့က box to box ကြင္းလယ္လူ တစ္ဦး ျဖစ္ပါတယ္။

မႏွစ္က ကာရာေဘာင္းဖလား မွာေရာ ယူ႐ိုပါလိဂ္ ဖလားမွာပါ ဂိုးသြင္းခဲ့ၿပီး ရာသီႀကိဳမွာ ဖီအိုရင္တီးနား နဲ႔  ပြဲအတြင္း တတိယဂိုး သြင္းယူကာ ဂုိးေပါက္ ထပ္ေတြ႔ခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္ နဲ႔ ပြဲမွာ လဲ ရင့္က်က္တဲ့ ကစားပံုကို ျပသခဲ့ၿပီး နည္းျပနဲ႔ အသင္းေဖာ္ေတြကို အထင္ႀကီးေစခဲ့ပါတယ္။

အမ္မလီ စမစ္ ႐ိုဝီ

စမစ္႐ိုဝီက သူ႔ရဲ႕ ပထမဆံူး စီနီယာ ၆ပြဲမွာ ၃ဂိုး သြင္းယူခဲ့ေပမယ့္ ဇန္နဝါရီမွာ ရက္ဘူး လိုက္ဇစ္မွာ အငွါးကစားၿပီးေနာက္ ေပါင္ျခံဒဏ္ရာက သူ႔ရဲ႕ ပြဲကစားခ်ိန္ေတြကို ကန္႔သတ္ခဲ့ပါတယ္။ အမ္မရီရဲ႕ အသင္းနဲ႔ အေမရိကန္ ခရီးကို လိုက္ပါခဲ့ေပမယ့္ ၾကံ့ခိုင္မႈ ျပည့္ဝေသးတာ မဟုတ္ပါဘူး။

အသက္ ၁၈ႏွစ္အရြယ္ ကစားသမားက အလားအလာေကာင္း ႐ွိတယ္လို႔ အာဆင္နယ္က ယံုၾကည္ ေနေပမယ့္ ဂ်ာမနီမွာ ကစားစဥ္အတြင္း သူ႔ရဲ႕ ရင့္က်က္မႈကို ျမင္ခဲ့ရၿပီး ေနာက္ထပ္ အငွါးခ်ထားဖို႔ စီစဥ္ခဲ့ပါတယ္။

ရစ္ နယ္ဆန္

နယ္ဆန္ဟာ ေဟာ့ဖန္ဟိန္းအတြက္ ၂၃ပြဲ ကစားၿပီး မိနစ္ကိုးဆယ္တိုင္း တစ္ဂိုးႏႈန္းနဲ႔  ၇ ဂိုး သြင္းယူ ခဲ့ပါတယ္။ သူက ေနာက္ထပ္ အထင္ႀကီးစရာ အလားအလာ႐ွိတဲ့ သူပါ။ ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္း သူဟာ ေဂ်ဒြန္ဆန္းခ်ိဳးထက္ အရည္အခ်င္း ပို႐ွိတယ္လို႔ သူ ႀကီးျပင္းခဲ့႐ာ လန္ဒန္အသိုင္းအဝိုင္းက သတ္မွတ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ရာသီႀကိဳအတြင္း အသင္းေဖာ္ အခ်ိဳ႕လို မေတာက္ပခဲ့ေပမယ့္ အဂၤလန္ ယူ၂၁မွာေတာ့ အ႐ွိန္အဟုန္ ၊ ကြၽမ္းက်င္မႈနဲ႔ ဖ်တ္လတ္မႈေတြကို ျပသခဲ့ပါတယ္။ နယ္ဆန္က အာဆင္နယ္မွာ နံပါတ္ ၂၄ကို ရယူခဲ့ၿပီး သူ႔ရဲ႕ ကစားခြင့္ေတြကို ကန္႔သတ္ေစႏိုင္တဲ့ ဇာဟာရဲ႕ အေျပာင္းအေရႊ႔ ကို ဂန္းနားေတြက ႀကိဳးစားေနေပမယ့္လဲ လူငယ္ကစားသမား က သူ႔အ႐ွိန္ကို ျမႇင့္တင္ဖို႔ အဆင္သင့္ ျဖစ္ေနပါတယ္။

ဘူကာယို ဆာကာ

မႏွစ္က ကြာရာဘတ္ကို အာဆင္နယ္ အႏိုင္ရခဲ့တဲ့ပြဲမွာ အေကာင္းဆံုး ကစားသမားဆု ရခဲ့တဲ့ ဆာကာ အတြက္ သိပ္ေကာင္းတဲ့ စီနီယာ ပြဲဦးထြက္ ျဖစ္ခဲ့ပါတယ္။

ရာသီႀကိဳအတြင္း ေကာ္လိုရာဒို နဲ႔ ပြဲမွာ အဖြင့္ဂိုး သြင္းခဲ့ၿပီး မက္ဒရစ္နဲ႔ပြဲမွာ လူစားဝင္ ကစားၿပီး တက္ႂကြ တဲ့ ကစားပံုေၾကာင့္ ခ်ီးက်ဴးမႈေတြ ရခဲ့ပါတယ္။ မၾကာေသးမီက ဖရက္ဒီ လူဇင္ဘတ္ ယူ၂၃ အတြက္ ေျခစြမ္းျပခဲ့တဲ့ ဆာကာဟာ ဒီရာသီ ပံုမွန္ ပြဲကစားခြင့္ ပိုရဖို႔ ထိုက္တန္ေၾကာင္း သက္ေသျပထားတာပါ။

အထက္ပါ လူသိမ်ားတဲ့ ၾကယ္ပြင့္ေတြ အျပင္ ေနာက္ထပ္ ငါးေယာက္လဲ ႐ွိပါေသးတယ္။

ကြင္းလယ္လူ ဂ်ိမ္းစ္ အိုလာယင္ကာဟာ ေကာ္လိုရာဒို နဲ႔ ပြဲမွာ လက္ဖ်ားခါရေလာက္တဲ့ အေဝး ကန္ခ်က္ နဲ႔ ဂိုးသြင္းယူၿပီး အခြင့္အေရး ကို ဆုပ္ကိုင္ႏိူင္ခဲ့ပါတယ္။ ပထမအသင္း လက္ေထာက္ နည္းျပသစ္ ဖရက္ဒီ လူဇင္ဘတ္ ရဲ႕ ေထာက္ခံမႈ ရၿပီးေနာက္ အခြင့္အေရး ေပးခဲ့တဲ့ ေရာ္ဘီ ဘာတန္ ကလဲ အမ္မရီကို အထင္ႀကီးေစခဲ့ပါတယ္။

အသက္ ၁၈ႏွစ္အရြယ္ Tyreece John Jules ဟာ အာဆင္နယ္ လူငယ္အသင္းေတြမွာ ေကာင္းမြန္တဲ့ ဂိုး မွတ္တမ္းေတြ ရ႐ွိခဲ့ၿပီး ဘိုင္ယန္နဲ႔ပြဲက အန္ကတ္တီရာ ရဲ႕ အႏိုင္ဂိုးကို ဖန္တီးကာ အထင္ႀကီးဖြယ္ စေကးေတြလဲ ျပသခဲ့ပါတယ္။

ဗဟိုခံစစ္ ဇက္ မက္ဒေလဟာ ဒီရာသီ ယူ၂၃အသင္းကို ဦးေဆာင္မယ္လို႔ ေမ်ွာ္လင့္ရပါတယ္။ အရပ္ ႐ွည္႐ွည္နဲ႔ ျသဇာ႐ွိတဲ့ ေနာက္ခံလူ တစ္ေယာက္ ေပမယ့္ ကြင္းလယ္စြမ္းရည္ကလဲ ေကာင္းမြန္တာ ျဖစ္ပါတယ္။

စီနီယာ အသင္းကို ေရာက္မွာ မဟုတ္တဲ့ ကစားသမား ကေတာ့ Xavier Amaechi ပါ။ အသက္ ၁၈ႏွစ္ အရြယ္ ကစားသမားဟာ ဂ်ာမန္ကလပ္ တစ္ခုထံ ေရာက္႐ွိဖို႔ နီးစပ္ေနၿပီ ျဖစ္ပါတယ္။

Sports Home Time

[Unicode] အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ် ကို ပင်နယ်တီနဲ့ မရှုံးနိမ့်ခင် ကော်လိုရာဒို ရဒ်ပစ်၊ ဘိုင်ယန်မြူးနစ် နဲ့ ဖီအိုရင်တီးနားတို့ကို စိတ် လှုပ်ရှားဖွယ် အကယ်ဒမီ လူငယ်ကစားသမား တွေနဲ့ အနိုင်ရခဲ့ပါတယ်။

မျက်စိကျလောက်စရာ ဖြစ်စေတာက ဆာကာ တစ်ယောက်ထဲ မဟုတ်ပါဘူး။ ဒါကြောင့် အာဆင်နယ် မှာ နောက်ထပ် ဘယ်သူတွေက အလားအလာ ကောင်းတွေ ရှိနေလဲ?အသင်းကြီးမှာ နေရာတစ်နေရာ အောင်မြင်အောင် လုပ်နိူင်တဲ့ ကစားသမား တွေကို ဖော်ပြပါမယ်။

အက်ဒီ အန်ကတ်တီရာ

သူက အာဆင်ဝင်းဂါး လက်အောက် ၂၀၁၇ ကတည်းက အမ်းမရိတ်စ်မှာ နေရာရခဲ့ဖူးသူပါ။ အမ်းမရိတ်စ် က သူ့ရဲ့ပထမဆုံးပွဲဖြစ်တဲ့ နောဝစ်နဲ့ ကာရာဘောင်းဖလား ပြိုင်ပွဲမှာ နှစ်ဂိုးသွင်းခဲ့ပြီး မနှစ်က အမ်မရီ လက်အောက် မေလအတွင်း ဘန်လေကို ၃-၁နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ပထမဆုံး ပရီးမီးယားလိဂ် ဂိုး သွင်းယူ ခဲ့ပါတယ်။

အန်ကတ်တီရာ ဟာ ဒီရာသီမှာ လာကာဇက်တီ ၊ အူဘာမီးယန်း တို့ရဲ့ အရန်အနေနဲ့ ကစားရဖို့ ဖြစ်နိူင်ပါတယ်။ ၂၀၁၅မှာ အာဆင်နယ်ကို မပြောင်းလာခင် ချယ်ဆီးလူငယ်ကစားသမားတွေကြား ထင်ပေါ်ခဲ့တဲ့ အသက် ၂ဝအရွယ် အဆုံးသတ် သေချာသူ ကစားသမား ဟာ ဒီနွေမှာ အတော်လေး အကျိုးပြုနိုင်နေပါတယ်။ သူ ဆက်လက် တိုးတက်လာဖို့ အာဆင်နယ်က မျှော်လင့်နေပါလိမ့်မယ်။

ဂျိုးဝယ်လော့

နည်းစနစ်ပိုင်း စွမ်းရည်၊ အထင်ကြီးလောက်ဖွယ် လုပ်အားနှုန်း၊ ဂိုးရရှိဖို့ စိတ်အားထက်သန်မှု တွေနဲ့ အတူ ဝယ်လော့က box to box ကွင်းလယ်လူ တစ်ဦး ဖြစ်ပါတယ်။

မနှစ်က ကာရာဘောင်းဖလား မှာရော ယူရိုပါလိဂ် ဖလားမှာပါ ဂိုးသွင်းခဲ့ပြီး ရာသီကြိုမှာ ဖီအိုရင်တီးနား နဲ့ ပွဲအတွင်း တတိယဂိုး သွင်းယူကာ ဂိုးပေါက် ထပ်တွေ့ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် နဲ့ ပွဲမှာ လဲ ရင့်ကျက်တဲ့ ကစားပုံကို ပြသခဲ့ပြီး နည်းပြနဲ့ အသင်းဖော်တွေကို အထင်ကြီးစေခဲ့ပါတယ်။

အမ်မလီ စမစ် ရိုဝီ

စမစ်ရိုဝီက သူ့ရဲ့ ပထမဆူံး စီနီယာ ၆ပွဲမှာ ၃ဂိုး သွင်းယူခဲ့ပေမယ့် ဇန်နဝါရီမှာ ရက်ဘူး လိုက်ဇစ်မှာ အငှါးကစားပြီးနောက် ပေါင်ခြံဒဏ်ရာက သူ့ရဲ့ ပွဲကစားချိန်တွေကို ကန့်သတ်ခဲ့ပါတယ်။ အမ်မရီရဲ့ အသင်းနဲ့ အမေရိကန် ခရီးကို လိုက်ပါခဲ့ပေမယ့် ကြံ့ခိုင်မှု ပြည့်ဝသေးတာ မဟုတ်ပါဘူး။

အသက် ၁၈နှစ်အရွယ် ကစားသမားက အလားအလာကောင်း ရှိတယ်လို့ အာဆင်နယ်က ယုံကြည် နေပေမယ့် ဂျာမနီမှာ ကစားစဉ်အတွင်း သူ့ရဲ့ ရင့်ကျက်မှုကို မြင်ခဲ့ရပြီး နောက်ထပ် အငှါးချထားဖို့ စီစဉ်ခဲ့ပါတယ်။

ရစ် နယ်ဆန်

နယ်ဆန်ဟာ ဟော့ဖန်ဟိန်းအတွက် ၂၃ပွဲ ကစားပြီး မိနစ်ကိုးဆယ်တိုင်း တစ်ဂိုးနှုန်းနဲ့ ၇ ဂိုး သွင်းယူ ခဲ့ပါတယ်။ သူက နောက်ထပ် အထင်ကြီးစရာ အလားအလာရှိတဲ့ သူပါ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း သူဟာ ဂျေဒွန်ဆန်းချိုးထက် အရည်အချင်း ပိုရှိတယ်လို့ သူ ကြီးပြင်းခဲ့ရာ လန်ဒန်အသိုင်းအဝိုင်းက သတ်မှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ရာသီကြိုအတွင်း အသင်းဖော် အချို့လို မတောက်ပခဲ့ပေမယ့် အင်္ဂလန် ယူ၂၁မှာတော့ အရှိန်အဟုန် ၊ ကျွမ်းကျင်မှုနဲ့ ဖျတ်လတ်မှုတွေကို ပြသခဲ့ပါတယ်။ နယ်ဆန်က အာဆင်နယ်မှာ နံပါတ် ၂၄ကို ရယူခဲ့ပြီး သူ့ရဲ့ ကစားခွင့်တွေကို ကန့်သတ်စေနိုင်တဲ့ ဇာဟာရဲ့ အပြောင်းအရွှေ့ ကို ဂန်းနားတွေက ကြိုးစားနေပေမယ့်လဲ လူငယ်ကစားသမား က သူ့အရှိန်ကို မြှင့်တင်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။

ဘူကာယို ဆာကာ

မနှစ်က ကွာရာဘတ်ကို အာဆင်နယ် အနိုင်ရခဲ့တဲ့ပွဲမှာ အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့ ဆာကာ အတွက် သိပ်ကောင်းတဲ့ စီနီယာ ပွဲဦးထွက် ဖြစ်ခဲ့ပါတယ်။

ရာသီကြိုအတွင်း ကော်လိုရာဒို နဲ့ ပွဲမှာ အဖွင့်ဂိုး သွင်းခဲ့ပြီး မက်ဒရစ်နဲ့ပွဲမှာ လူစားဝင် ကစားပြီး တက်ကြွ တဲ့ ကစားပုံကြောင့် ချီးကျူးမှုတွေ ရခဲ့ပါတယ်။ မကြာသေးမီက ဖရက်ဒီ လူဇင်ဘတ် ယူ၂၃ အတွက် ခြေစွမ်းပြခဲ့တဲ့ ဆာကာဟာ ဒီရာသီ ပုံမှန် ပွဲကစားခွင့် ပိုရဖို့ ထိုက်တန်ကြောင်း သက်သေပြထားတာပါ။

အထက်ပါ လူသိများတဲ့ ကြယ်ပွင့်တွေ အပြင် နောက်ထပ် ငါးယောက်လဲ ရှိပါသေးတယ်။

ကွင်းလယ်လူ ဂျိမ်းစ် အိုလာယင်ကာဟာ ကော်လိုရာဒို နဲ့ ပွဲမှာ လက်ဖျားခါရလောက်တဲ့ အဝေး ကန်ချက် နဲ့ ဂိုးသွင်းယူပြီး အခွင့်အရေး ကို ဆုပ်ကိုင်နိူင်ခဲ့ပါတယ်။ ပထမအသင်း လက်ထောက် နည်းပြသစ် ဖရက်ဒီ လူဇင်ဘတ် ရဲ့ ထောက်ခံမှု ရပြီးနောက် အခွင့်အရေး ပေးခဲ့တဲ့ ရော်ဘီ ဘာတန် ကလဲ အမ်မရီကို အထင်ကြီးစေခဲ့ပါတယ်။

အသက် ၁၈နှစ်အရွယ် Tyreece John Jules ဟာ အာဆင်နယ် လူငယ်အသင်းတွေမှာ ကောင်းမွန်တဲ့ ဂိုး မှတ်တမ်းတွေ ရရှိခဲ့ပြီး ဘိုင်ယန်နဲ့ပွဲက အန်ကတ်တီရာ ရဲ့ အနိုင်ဂိုးကို ဖန်တီးကာ အထင်ကြီးဖွယ် စကေးတွေလဲ ပြသခဲ့ပါတယ်။

ဗဟိုခံစစ် ဇက် မက်ဒလေဟာ ဒီရာသီ ယူ၂၃အသင်းကို ဦးဆောင်မယ်လို့ မျှော်လင့်ရပါတယ်။ အရပ် ရှည်ရှည်နဲ့ သြဇာရှိတဲ့ နောက်ခံလူ တစ်ယောက် ပေမယ့် ကွင်းလယ်စွမ်းရည်ကလဲ ကောင်းမွန်တာ ဖြစ်ပါတယ်။

စီနီယာ အသင်းကို ရောက်မှာ မဟုတ်တဲ့ ကစားသမား ကတော့ Xavier Amaechi ပါ။ အသက် ၁၈နှစ် အရွယ် ကစားသမားဟာ ဂျာမန်ကလပ် တစ်ခုထံ ရောက်ရှိဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

Sports Home Time