ကမၻာဖလားမွာ ပြဲပယ္ျပစ္ဒဏ္အျပင္ ေငြဒဏ္ပါ ခ်မွတ္ခံလိုက္ရတဲ့ မက္ဆီ

အာဂ်င္တီးနားအသင္းေခါင္းေဆာင္ လိုင္ယြန္နယ္ မက္ဆီဟာ အေတာင္အေမရိက ေဘာလံုးအာဏာပိုင္ေတြရဲ႕ ဆံုးျဖတ္ခ်က္နဲ႔အတူ ၂၀၂၂ ခုႏွစ္ ကမၻာဖလား ေျခစစ္ပြဲ ပထမပြဲကို ပြဲပယ္ျပစ္ဒဏ္ က်ခံသြားရမယ္လို႔ အတည္ျပဴသတင္း ထြက္ေပၚလာခဲ့ျပီျဖစ္ပါတယ္။

မက္ဆီဟာ ေျခစစ္ပြဲ ပထမဆံုးပြဲအျပင္ ဒဏ္ေငြ ေပါင္ ၁၂၀၀ လည္း ေပးေဆာင္သြားရမွာျဖစ္ပါတယ္။ ကိုပါအေမရိကဖလားျပိဳင္ပြဲ ဆီမီးဖိုင္နယ္မွာ အာဂ်င္တီးနားဟာ ခက္ခဲတဲ့ အိမ္ရွင္အသင္း ဘရာဇီးကို ျပိဳင္ဘက္အျဖစ္ ရင္ဆိုင္ ရွံဳးနိမ့္ခဲ့ရကာ ဘရာဇီးကေတာ့ ဗိုလ္လုပြဲမွာ ပီရူးကို အနိုင္ယူျပီး ဗိုလ္စြဲသြားခဲ့ျပီ ျဖစ္ပါတယ္။ တတိယအဆင့္ ေနရာလုပြဲမွာေတာ့ အာဂ်င္တီးနားက ခ်ီလီကို အႏုိင္ရခဲ့တာပါ။

ခ်ီလီနဲ႔ပြဲ ပြဲခ်ိန္ ၃၇ မိနစ္မွာတင္ မက္ဆီဟာ ျပိဳင္ဘက္ကစားသမား မီဒယ္နဲ႔ ခိုက္ရန္ျဖစ္မႈ ျဖစ္ပြားခဲ့ျပီး အနီကတ္နဲ႕ ထုတ္ပယ္ ခံခဲ့ရပါတယ္။ ခ်ီလီကစားသမား မီဒယ္ကလည္း အနီကဒ္နဲ႔အတူ ထြက္ခြာခဲ့ရတာျဖစ္တယ္။ ျပိဳင္ပြဲၾကီး ယွဥ္ျပိဳင္ေနစဥ္မွာ မက္ဆီက ဒီျပိဳင္ပြဲဟာ ဘရာဇီးအသင္း ဗိုလ္စြဲဖို႔ ၾကိဳတင္ စီစဥ္ထားတယ္လို႔ စြပ္စြဲမႈ ျပဳလုပ္ခဲ့ပါတယ္။

ကိုပါအေမရိကဖလား ျပိဳင္ပြဲက ၾကိဳတင္စီစဥ္မႈေတြ အက်င့္ပ်က္ ျခစားမႈေတြ ပါ၀င္ေနတယ္လို႔ မက္ဆီရဲ႕ ေ၀ဖန္မႈေၾကာင့္ အေစာပိုင္းတုန္းကေတာ့ နုိင္ငံအသင္းအတြက္ ပြဲကစားခြင့္ ၂နွစ္ထိ ပိတ္ပင္ခံရမယ္လို႔ သတင္းၾကီးခဲ့တာျဖစ္တယ္။

ျပိဳင္ပြဲက်င္းပေရးဆုိင္ရာ အဖြဲ႕အစည္းေတြကေတာ့ မက္ဆီရဲ႕ မွတ္ခ်က္ေတြဟာ လက္မခံနိုင္စရာ ျဖစ္ေၾကာင္း ေၾကျငာခ်က္ ထုတ္ျပန္ထားျပီး ျပိဳင္ဘက္ ေဘာလံုးသမားေတြ ပေရာ္ဖက္ရွင္နယ္ေတြအေပၚ ေလးစားမႈ မရွိျခင္း ျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

၂၀၂၂ ကမၻာ့ဖလားရဲ႕ ကနဦး ေျခစစ္ပြဲေတြကို လြဲေခ်ာ္မယ့္ မက္ဆီဟာ ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕ မွတ္ခ်က္စကားေတြအတြက္ ေတာင္းပန္ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

Sports Home Time

[Unicode] အာဂျင်တီးနားအသင်းခေါင်းဆောင် လိုင်ယွန်နယ် မက်ဆီဟာ အတောင်အမေရိက ဘောလုံးအာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့အတူ ၂၀၂၂ ခုနှစ် ကမ္ဘာဖလား ခြေစစ်ပွဲ ပထမပွဲကို ပွဲပယ်ပြစ်ဒဏ် ကျခံသွားရမယ်လို့ အတည်ပြူသတင်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

မက်ဆီဟာ ခြေစစ်ပွဲ ပထမဆုံးပွဲအပြင် ဒဏ်ငွေ ပေါင် ၁၂၀၀ လည်း ပေးဆောင်သွားရမှာဖြစ်ပါတယ်။ ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားဟာ ခက်ခဲတဲ့ အိမ်ရှင်အသင်း ဘရာဇီးကို ပြိုင်ဘက်အဖြစ် ရင်ဆိုင် ရှုံးနိမ့်ခဲ့ရကာ ဘရာဇီးကတော့ ဗိုလ်လုပွဲမှာ ပီရူးကို အနိုင်ယူပြီး ဗိုလ်စွဲသွားခဲ့ပြီ ဖြစ်ပါတယ်။ တတိယအဆင့် နေရာလုပွဲမှာတော့ အာဂျင်တီးနားက ချီလီကို အနိုင်ရခဲ့တာပါ။

ချီလီနဲ့ပွဲ ပွဲချိန် ၃၇ မိနစ်မှာတင် မက်ဆီဟာ ပြိုင်ဘက်ကစားသမား မီဒယ်နဲ့ ခိုက်ရန်ဖြစ်မှု ဖြစ်ပွားခဲ့ပြီး အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရပါတယ်။ ချီလီကစားသမား မီဒယ်ကလည်း အနီကဒ်နဲ့အတူ ထွက်ခွာခဲ့ရတာဖြစ်တယ်။ ပြိုင်ပွဲကြီး ယှဉ်ပြိုင်နေစဉ်မှာ မက်ဆီက ဒီပြိုင်ပွဲဟာ ဘရာဇီးအသင်း ဗိုလ်စွဲဖို့ ကြိုတင် စီစဉ်ထားတယ်လို့ စွပ်စွဲမှု ပြုလုပ်ခဲ့ပါတယ်။

ကိုပါအမေရိကဖလား ပြိုင်ပွဲက ကြိုတင်စီစဉ်မှုတွေ အကျင့်ပျက် ခြစားမှုတွေ ပါဝင်နေတယ်လို့ မက်ဆီရဲ့ ဝေဖန်မှုကြောင့် အစောပိုင်းတုန်းကတော့ နိုင်ငံအသင်းအတွက် ပွဲကစားခွင့် ၂နှစ်ထိ ပိတ်ပင်ခံရမယ်လို့ သတင်းကြီးခဲ့တာဖြစ်တယ်။

ပြိုင်ပွဲကျင်းပရေးဆိုင်ရာ အဖွဲ့အစည်းတွေကတော့ မက်ဆီရဲ့ မှတ်ချက်တွေဟာ လက်မခံနိုင်စရာ ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်ထားပြီး ပြိုင်ဘက် ဘောလုံးသမားတွေ ပရော်ဖက်ရှင်နယ်တွေအပေါ် လေးစားမှု မရှိခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားရဲ့ ကနဦး ခြေစစ်ပွဲတွေကို လွဲချော်မယ့် မက်ဆီဟာ နောက်ပိုင်းမှာတော့ သူ့ရဲ့ မှတ်ချက်စကားတွေအတွက် တောင်းပန်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

Sports Home Time