ဂြာဒီယိုလာရဲ႕ နည္းျပမႈနဲ႕ မိုးထိ ေျခစြမ္းတက္ဦးမယ့္ အသင္းေဖာ္အေၾကာင္း ေ၀ၚကာ ဖြင့္ဟ

[Zawgyi] မန္စီးတီးနဲ႕ အဂၤလန္သား ခံစစ္မွဴး ကိုင္လီေ၀ၚကာက ၄င္းရဲ႕ ကလပ္အသင္းေဖာ္ နုိင္ငံအသင္းေဖာ္ ရာဟင္း စတားလင္းဟာ ပက္ ဂြာဒီယိုလာလို နည္းျပရဲ႕ သင္ၾကားမႈနဲ႕ ေျခစြမ္းေတြ ပို ပိုေကာင္းလာဖိုိ႔ ေမွ်ာ္လင့္ေနေၾကာင္း ဖြင့္ဟ ေျပာၾကားခဲ့ပါတယ္။

အဂၤလန္သား တိုက္စစ္သမား စတားလင္းဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီမွာ ေျခစြမ္း အေကာင္းဆံုး ျပသနိုင္ခဲ့ျပီး ျပိဳင္ပြဲစံု ၂၅ ဂိုး သြင္း၊ ဂိုးေထာက္ပံ့မႈ ၁၅ ၾကိမ္ ျပဳလုပ္ကာ အစြမ္းျပခဲ့ပါတယ္။ ဒါ့အျပင္ ၂၄ နွစ္ အရြယ္ အဂၤလန္သားဟာ ေဘာလံုးစာေရးဆရာမ်ား အစည္းအရံုးက ခ်ီးျမွင့္တဲ့ တစ္နွစ္တာ အေကာင္းဆံုး ကစားသမား ဆု ပါ ရရွိခဲ့ပါတယ္။

” သူက နည္းျပ ေျပာတာ ဆက္လက္ နားေထာင္ျပီး အၾကံေပးစကားေတြ လိုက္နာမယ္ အသင္းနဲ႕ အတူရွိမယ္ဆံုးရင္ သူ႔ ေျခစြမး္က မိုးထိ ျမင့္လာဦးမွာပါ။ မန္ေနဂ်ာကလည္း အေကာင္းဆံုးဆိုတဲ့ မက္ဆီ လို ကစားသမားနဲ႕ေတာင္ အလုပ္ အတူလုပ္ျပီး အစြမ္းအစေကာင္းေတြ ျပသခဲ့တာ။ ” လို႔ ေ၀ၚကာက ဆိုခဲ့ပါတယ္။

စတားလင္းဟာ ျပီးခဲ့တဲ့ ရာသီက ၄င္းရဲ႕ ေျခစြမ္းေကာင္းမ်ား အျပင္ လူမ်ိဳးေရး ခြဲျခားတဲ့ ျပႆနာေတြကို အမ်ားသိေအာင္ ေျပာျပ ေတာင္းဆို နိုင္ခဲ့တဲ့ အတြက္ ပိုမို ေက်ာ္ၾကားလာခဲ့တာပါ။ စတားလင္းရဲ႕ ရပ္တည္မႈအေပၚ ေထာက္ခံမႈမ်ားစြာ ရွိသလို ေစာင့္ၾကည့္မႈေတြလည္း ရွိေနတာပါ။ ဒါေပမယ့္ ေ၀ၚကာကေတာ့ အသင္းေဖာ္ စတားလင္းဘက္ကေန ရပ္တည္မႈ ျပသခဲ့ပါတယ္။

” သူက သူနဲ႕ မထိုက္တန္တဲ့ ဆိုး၀ါးမႈေတြ ခံခဲ့ရမယ္ဆိုတာ ေသခ်ာပါတယ္။ သူက အျမဲ သင္းကြဲလို ခ်န္ထားခံရ ပစ္မွတ္ထားခံခဲ့ရတယ္။ ဒါေပမယ့္ က်ေနာ္ ေသခ်ာ ေျပာနိုင္တာက စတားလင္းထက္ ပိုျပီး ဆိုး၀ါးစြာ ဆက္ဆံခံရမယ့္ ကစားသမားေတြ အမ်ားအျပား ရွိပါတယ္။ ဘယ္သူမွေတာ့ ဖြင့္ဟ မလာၾကပါဘူး။ စတားလင္းဟာ သူ ခံခဲ့ရတာေတြကို ဖြင့္ဟ တိုက္ပြဲ၀င္ခဲ့တဲ့ အတြက္ သူ႔ ရပ္တည္မႈ အေပၚ ခ်ီးက်ဴး ထိုက္ပါတယ္။ သူက သူ႔ ကိုယ္ရည္ကိုယ္ေသြးကို ျပသနိုင္ခဲ့တာပါ။” လို႔ ေ၀ၚကာက ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] မန်စီးတီးနဲ့ အင်္ဂလန်သား ခံစစ်မှူး ကိုင်လီဝေါ်ကာက ၄င်းရဲ့ ကလပ်အသင်းဖော် နိုင်ငံအသင်းဖော် ရာဟင်း စတားလင်းဟာ ပက် ဂွာဒီယိုလာလို နည်းပြရဲ့ သင်ကြားမှုနဲ့ ခြေစွမ်းတွေ ပို ပိုကောင်းလာဖိို့ မျှော်လင့်နေကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်သား တိုက်စစ်သမား စတားလင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ခြေစွမ်း အကောင်းဆုံး ပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၂၅ ဂိုး သွင်း၊ ဂိုးထောက်ပံ့မှု ၁၅ ကြိမ် ပြုလုပ်ကာ အစွမ်းပြခဲ့ပါတယ်။ ဒါ့အပြင် ၂၄ နှစ် အရွယ် အင်္ဂလန်သားဟာ ဘောလုံးစာရေးဆရာများ အစည်းအရုံးက ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု ပါ ရရှိခဲ့ပါတယ်။

” သူက နည်းပြ ပြောတာ ဆက်လက် နားထောင်ပြီး အကြံပေးစကားတွေ လိုက်နာမယ် အသင်းနဲ့ အတူရှိမယ်ဆုံးရင် သူ့ ခြေစွမး်က မိုးထိ မြင့်လာဦးမှာပါ။ မန်နေဂျာကလည်း အကောင်းဆုံးဆိုတဲ့ မက်ဆီ လို ကစားသမားနဲ့တောင် အလုပ် အတူလုပ်ပြီး အစွမ်းအစကောင်းတွေ ပြသခဲ့တာ။ ” လို့ ဝေါ်ကာက ဆိုခဲ့ပါတယ်။

စတားလင်းဟာ ပြီးခဲ့တဲ့ ရာသီက ၄င်းရဲ့ ခြေစွမ်းကောင်းများ အပြင် လူမျိုးရေး ခွဲခြားတဲ့ ပြဿနာတွေကို အများသိအောင် ပြောပြ တောင်းဆို နိုင်ခဲ့တဲ့ အတွက် ပိုမို ကျော်ကြားလာခဲ့တာပါ။ စတားလင်းရဲ့ ရပ်တည်မှုအပေါ် ထောက်ခံမှုများစွာ ရှိသလို စောင့်ကြည့်မှုတွေလည်း ရှိနေတာပါ။ ဒါပေမယ့် ဝေါ်ကာကတော့ အသင်းဖော် စတားလင်းဘက်ကနေ ရပ်တည်မှု ပြသခဲ့ပါတယ်။

” သူက သူနဲ့ မထိုက်တန်တဲ့ ဆိုးဝါးမှုတွေ ခံခဲ့ရမယ်ဆိုတာ သေချာပါတယ်။ သူက အမြဲ သင်းကွဲလို ချန်ထားခံရ ပစ်မှတ်ထားခံခဲ့ရတယ်။ ဒါပေမယ့် ကျနော် သေချာ ပြောနိုင်တာက စတားလင်းထက် ပိုပြီး ဆိုးဝါးစွာ ဆက်ဆံခံရမယ့် ကစားသမားတွေ အများအပြား ရှိပါတယ်။ ဘယ်သူမှတော့ ဖွင့်ဟ မလာကြပါဘူး။ စတားလင်းဟာ သူ ခံခဲ့ရတာတွေကို ဖွင့်ဟ တိုက်ပွဲဝင်ခဲ့တဲ့ အတွက် သူ့ ရပ်တည်မှု အပေါ် ချီးကျူး ထိုက်ပါတယ်။ သူက သူ့ ကိုယ်ရည်ကိုယ်သွေးကို ပြသနိုင်ခဲ့တာပါ။” လို့ ဝေါ်ကာက ချီးကျူးစကား ဆိုခဲ့ပါတယ်။

Sports Home Time