ဟန္ဒါဆန္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ကိုင္ေျမာက္ခြင့္အား ကေလာ့ပ္နဲ႔ စတီဗင္ဂ်ရတ္ ျငင္းဆန္ခဲ့ျခင္း

ခ်န္ပီယံလိဂ္ဟာ ေဘာလံုးသမားတိုင္းရဲ႕ အိပ္မက္ျဖစ္ျပီး သမုိင္းမွာ မွတ္တမ္းဝင္တဲ့ ခ်န္ပီယံလိဂ္ဆုဖလား ကိုင္ေျမာက္ခြင့္ကို မလိုခ်င္တဲ့ ကစားသမား ရွိၾကမွာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က သူ႔ရဲ႕ အခြင့္အေရးကို ကိုယ္တိုင္ စြန္႔လႊတ္ခဲ့ပါတယ္။

မႏွစ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ စပါးအသင္းကို အႏုိင္ရတဲ့ေနာက္ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ ဆုဖလား ကိုင္ေျမာက္ခြင့္ရခဲ့တယ္။ ဒါေပမယ့္လို႔ ျမင္းကြင္းျပင္ပက အစီအစဥ္ကေတာ့ အဲ့သည္လို မဟုတ္ပဲ ဟန္ဒါဆန္ဟာ ခ်န္ပီယံလိဂ္ဖလားကို သူဦးေဆာင္ ကိုင္ေျမာက္ခြင့္အား စြန္႔လႊတ္ျပီး အသင္းေဖာ္ မီလ္နာနဲ႔ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ ပါဝင္ေပးဖို႔ ကမ္းလွမ္းမႈ လုပ္ခဲ့ပါတယ္။

ဟန္ဒါဆန္က ဝန္ခံရာမွာ ” အဲ့သည္ညက ဆုဖလား ကိုင္ေျမာက္ဖုိ႔က က်ေနာ္အတြက္ မဟုတ္ခဲ့ပါဘူး။ က်ေနာ္ကေတာ့ က်ေနာ္ရယ္၊ မီလ္နာရယ္၊ မန္ေနဂ်ာၾကီးရယ္ ဆုဖလားကို အတူတကြ ကိုင္ေျမာက္ဖို႔ျဖစ္ပါတယ္။ မန္ေနဂ်ာက ဆုဖလားကိုင္ေျမာက္ျပီး က်ေနာ္က သူ႔ေဘးနားမွာ ရပ္ေနရရင္လည္း အဆင္ေျပပါတယ္။ က်ေနာ္အတြက္ေတာ့ အသင္းက အေရးၾကီးဆံုးပါပဲ။ ေဘးကိုၾကည့္လိုက္လို႔ အသင္းေဖာ္ေတြရဲ႕ မ်က္ႏွာကို ျမင္ရမယ္ဆိုရင္ က်ေနာ္အတြက္ အဓိပၸာယ္ရွိပါတယ္။

မီလ္နာနဲ႔ မန္ေနဂ်ာကို အဲ့သည္လိုလုပ္ဖို႔ ေျပာခဲ့တယ္။ မီလ္နာက အသင္းအတြက္ အရမ္းအေရးပါတဲ့သူပါ။ က်ေနာ္က ပြဲကစားရခ်ိန္မွာ အသင္းေခါင္းေဆာင္လက္ပတ္ကို အဓိက တာဝန္ယူရသူျဖစ္ေပမယ့္ က်ေနာ္ မကစားႏုိင္ရင္ မီလ္နာက အၾကိမ္အမ်ားၾကီး တာဝန္ယူခဲ့ပါတယ္။ အသင္းအဝတ္လဲခန္းမွာလည္း သူက အေရးပါျပီး အေတြ႔အၾကံဳ အရင့္ဆံုးနဲ႔ ဆုဖလားေတြ ေအာင္ျမင္မႈ အမ်ားဆံုး ကစားသမားလည္းျဖစ္တယ္။ သူမပါရင္ ဒီလိုလုပ္ႏုိင္မွာလည္း မဟုတ္ဘူး။

ခ်န္ပီယံလိဂ္ညမွာ မန္ေနဂ်ာယာဂင္ကေလာ့ပ္ မပါပဲလဲ က်ေနာ္တို႔ ေအာင္ျမင္ႏုိင္မွာ မဟုတ္ဘူး။ သူတို႔နဲ႔ ထုိက္တန္လို႔ ဆုဖလားအတူ ကိုင္ေျမာက္ဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ျငင္းပယ္ခဲ့ၾကပါတယ္ ” လို႔ ရွင္းျပပါတယ္။

မီလ္နာကေတာ့ ဆုဖလားကို ကိုယ္တုိင္ပဲ ကိုင္ေျမာက္ျပီး လီဗာပူးအသင္းေခါင္းေဆာင္အျဖစ္ သမိုင္းဝင္ မွတ္တမ္းပံုေတြ ရယူဖို႔ ေတာင္းဆိုခဲ့တယ္။ လီဗာပူးရဲ႕ ၆ ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဆုဖလားကို ဟန္ဒါဆန္ မကိုင္ေျမာက္ရင္ ကိုင္ေျမာက္တဲ့ အျခားေသာ အသင္းသားကို အသင္းေဖာ္ေတြက လက္ခံၾကမွာ မဟုတ္ဘူးလို႔ တိုက္တြန္းျပီး ဟန္ဒါဆန္ရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့ပါတယ္။

“ လူတိုင္းက ျပိဳင္ပြဲကို အႏုိင္ရျပီဆိုရင္ အသင္းေခါင္းေဆာင္ကို အသားေပးလာၾကပါတယ္။ ဒါေပမယ့္လို႔ အရင္ႏွစ္ေတြကဆိုရင္ က်ေနာ္က လီဗာပူးအသင္းေခါင္းေဆာင္ ျဖစ္သင့္လားေတာင္ ေမးခြန္းထုတ္ခံရတာပါ။ အထင္မလြဲပါနဲ႔ က်ေနာ္က လီဗာပူးအသင္းရဲ႕ အသင္းေခါင္းေဆာင္တာဝန္ယူရတာကို အရမ္း ဂုဏ္ယူပါတယ္။ ဒီတာဝန္ကို ေပါ့ေပါ့တန္တန္ အေနနဲ႔ ယူခဲ့တာ မဟုတ္ပါဘူး။ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရတာနဲ႔တင္ လံုေလာက္ပါတယ္။

ခ်န္ပီယံလိဂ္ဖလား အႏုိင္ရျခင္းက အိပ္မက္ေတြကို အေကာင္အထည္ ေဖာ္ႏုိင္ခဲ့တာပါပဲ။ ကစားသမားေတြ၊ မန္ေနဂ်ာနဲ႔ အသင္းဝန္ထမ္းေတြ အားလံုးအတြက္ ခမ္းနားတဲ့ အခိုက္အတန္႔ ျဖစ္ခဲ့ပါတယ္။ ေနာက္ျပီး က်ေနာ္ရဲ႕ အေဖေကာပါပဲ ” လို႔ ဟန္ဒါဆန္က ေျပာဆိုခဲ့ပါတယ္။

ဟန္ဒါဆန္ကပဲ ဟိုတယ္ကို ျပန္လာျပီး ေအာင္ပြဲခံပါတီကို တက္ေရာက္ရာမွာ သူ႔ကို လီဗာပူးအသင္းေခါင္းေဆာင္အျဖစ္ ေထာက္ခံေပးခဲ့တဲ့ စတီဗင္ဂ်ရတ္ကိုပါ ေတြ႔ခဲ့တဲ့ေနာက္ ဖလားအတူ ကိုင္ေျမာက္ဖို႔လည္း ေတာင္းဆိုခဲ့ပါေသးတယ္။

“ အဲ့သည္ညက ဗိုလ္လုပြဲျပီးေတာ့ က်ေနာ္ စတီဗင္နဲ႔ ေတြ႔တယ္။ သူနဲ႔အတူ ဆုဖလားကိုင္ေျမာက္ေနတာကို ဓါတ္ပံုရိုက္ဖုိ႔ ေတာင္းဆိုခဲ့ေပမယ့္ စတီဗင္က လီဗာပူးအသင္းေခါင္းေဆာင္အျဖစ္ ဒီညက က်ေနာ္ညျဖစ္ျပီး ေပ်ာ္ရႊင္ပါဆိုျပီး ျငင္းပယ္ခဲ့တယ္။ သူနဲ႔အတူ ဓါတ္ပံုရခ်င္ခဲ့ေပမယ့္ စတီဗင္ရဲ႕ ေျပာစကားက ရင္ထဲမွာ ပီတိျဖစ္ျပီး ခံစားရတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။

Sports Home Time

[Unicode] ချန်ပီယံလိဂ်ဟာ ဘောလုံးသမားတိုင်းရဲ့ အိပ်မက်ဖြစ်ပြီး သမိုင်းမှာ မှတ်တမ်းဝင်တဲ့ ချန်ပီယံလိဂ်ဆုဖလား ကိုင်မြောက်ခွင့်ကို မလိုချင်တဲ့ ကစားသမား ရှိကြမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က သူ့ရဲ့ အခွင့်အရေးကို ကိုယ်တိုင် စွန့်လွှတ်ခဲ့ပါတယ်။

မနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပါးအသင်းကို အနိုင်ရတဲ့နောက် လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ဆုဖလား ကိုင်မြောက်ခွင့်ရခဲ့တယ်။ ဒါပေမယ့်လို့ မြင်းကွင်းပြင်ပက အစီအစဉ်ကတော့ အဲ့သည်လို မဟုတ်ပဲ ဟန်ဒါဆန်ဟာ ချန်ပီယံလိဂ်ဖလားကို သူဦးဆောင် ကိုင်မြောက်ခွင့်အား စွန့်လွှတ်ပြီး အသင်းဖော် မီလ်နာနဲ့ မန်နေဂျာ ယာဂင်ကလော့ပ် ပါဝင်ပေးဖို့ ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။

ဟန်ဒါဆန်က ဝန်ခံရာမှာ ” အဲ့သည်ညက ဆုဖလား ကိုင်မြောက်ဖို့က ကျနော်အတွက် မဟုတ်ခဲ့ပါဘူး။ ကျနော်ကတော့ ကျနော်ရယ်၊ မီလ်နာရယ်၊ မန်နေဂျာကြီးရယ် ဆုဖလားကို အတူတကွ ကိုင်မြောက်ဖို့ဖြစ်ပါတယ်။ မန်နေဂျာက ဆုဖလားကိုင်မြောက်ပြီး ကျနော်က သူ့ဘေးနားမှာ ရပ်နေရရင်လည်း အဆင်ပြေပါတယ်။ ကျနော်အတွက်တော့ အသင်းက အရေးကြီးဆုံးပါပဲ။ ဘေးကိုကြည့်လိုက်လို့ အသင်းဖော်တွေရဲ့ မျက်နှာကို မြင်ရမယ်ဆိုရင် ကျနော်အတွက် အဓိပ္ပာယ်ရှိပါတယ်။

မီလ်နာနဲ့ မန်နေဂျာကို အဲ့သည်လိုလုပ်ဖို့ ပြောခဲ့တယ်။ မီလ်နာက အသင်းအတွက် အရမ်းအရေးပါတဲ့သူပါ။ ကျနော်က ပွဲကစားရချိန်မှာ အသင်းခေါင်းဆောင်လက်ပတ်ကို အဓိက တာဝန်ယူရသူဖြစ်ပေမယ့် ကျနော် မကစားနိုင်ရင် မီလ်နာက အကြိမ်အများကြီး တာဝန်ယူခဲ့ပါတယ်။ အသင်းအဝတ်လဲခန်းမှာလည်း သူက အရေးပါပြီး အတွေ့အကြုံ အရင့်ဆုံးနဲ့ ဆုဖလားတွေ အောင်မြင်မှု အများဆုံး ကစားသမားလည်းဖြစ်တယ်။ သူမပါရင် ဒီလိုလုပ်နိုင်မှာလည်း မဟုတ်ဘူး။

ချန်ပီယံလိဂ်ညမှာ မန်နေဂျာယာဂင်ကလော့ပ် မပါပဲလဲ ကျနော်တို့ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ သူတို့နဲ့ ထိုက်တန်လို့ ဆုဖလားအတူ ကိုင်မြောက်ဖို့ တောင်းဆိုခဲ့ပေမယ့် ငြင်းပယ်ခဲ့ကြပါတယ် ” လို့ ရှင်းပြပါတယ်။

မီလ်နာကတော့ ဆုဖလားကို ကိုယ်တိုင်ပဲ ကိုင်မြောက်ပြီး လီဗာပူးအသင်းခေါင်းဆောင်အဖြစ် သမိုင်းဝင် မှတ်တမ်းပုံတွေ ရယူဖို့ တောင်းဆိုခဲ့တယ်။ လီဗာပူးရဲ့ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကို ဟန်ဒါဆန် မကိုင်မြောက်ရင် ကိုင်မြောက်တဲ့ အခြားသော အသင်းသားကို အသင်းဖော်တွေက လက်ခံကြမှာ မဟုတ်ဘူးလို့ တိုက်တွန်းပြီး ဟန်ဒါဆန်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။

“ လူတိုင်းက ပြိုင်ပွဲကို အနိုင်ရပြီဆိုရင် အသင်းခေါင်းဆောင်ကို အသားပေးလာကြပါတယ်။ ဒါပေမယ့်လို့ အရင်နှစ်တွေကဆိုရင် ကျနော်က လီဗာပူးအသင်းခေါင်းဆောင် ဖြစ်သင့်လားတောင် မေးခွန်းထုတ်ခံရတာပါ။ အထင်မလွဲပါနဲ့ ကျနော်က လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင်တာဝန်ယူရတာကို အရမ်း ဂုဏ်ယူပါတယ်။ ဒီတာဝန်ကို ပေါ့ပေါ့တန်တန် အနေနဲ့ ယူခဲ့တာ မဟုတ်ပါဘူး။ ချန်ပီယံလိဂ်ဖလား အနိုင်ရတာနဲ့တင် လုံလောက်ပါတယ်။

ချန်ပီယံလိဂ်ဖလား အနိုင်ရခြင်းက အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ခဲ့တာပါပဲ။ ကစားသမားတွေ၊ မန်နေဂျာနဲ့ အသင်းဝန်ထမ်းတွေ အားလုံးအတွက် ခမ်းနားတဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။ နောက်ပြီး ကျနော်ရဲ့ အဖေကောပါပဲ ” လို့ ဟန်ဒါဆန်က ပြောဆိုခဲ့ပါတယ်။

ဟန်ဒါဆန်ကပဲ ဟိုတယ်ကို ပြန်လာပြီး အောင်ပွဲခံပါတီကို တက်ရောက်ရာမှာ သူ့ကို လီဗာပူးအသင်းခေါင်းဆောင်အဖြစ် ထောက်ခံပေးခဲ့တဲ့ စတီဗင်ဂျရတ်ကိုပါ တွေ့ခဲ့တဲ့နောက် ဖလားအတူ ကိုင်မြောက်ဖို့လည်း တောင်းဆိုခဲ့ပါသေးတယ်။

“ အဲ့သည်ညက ဗိုလ်လုပွဲပြီးတော့ ကျနော် စတီဗင်နဲ့ တွေ့တယ်။ သူနဲ့အတူ ဆုဖလားကိုင်မြောက်နေတာကို ဓါတ်ပုံရိုက်ဖို့ တောင်းဆိုခဲ့ပေမယ့် စတီဗင်က လီဗာပူးအသင်းခေါင်းဆောင်အဖြစ် ဒီညက ကျနော်ညဖြစ်ပြီး ပျော်ရွှင်ပါဆိုပြီး ငြင်းပယ်ခဲ့တယ်။ သူနဲ့အတူ ဓါတ်ပုံရချင်ခဲ့ပေမယ့် စတီဗင်ရဲ့ ပြောစကားက ရင်ထဲမှာ ပီတိဖြစ်ပြီး ခံစားရတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

Sports Home Time