ရာသီၾကိဳမွာ အာဆင္နယ္နဲ႔အတူ ေတာက္ပျပလာေနတဲ့ ကြင္းလယ္ၾကယ္ပြင့္ ဝယ္ေလာ့ခ္

အာဆင္နယ္ဟာ ICC ပြဲအျဖစ္ စပိန္ကလပ္ ရီးရဲလ္မက္ဒရစ္နဲ႔ ယွဥ္ျပိဳင္ကစားရမွာ ပြဲခ်ိန္တြင္း ၂-၂ သေရက်ခဲ့ျပီး ပင္နယ္တီ အဆံုးအျဖတ္မွာေတာ့ အေရးနိမ့္သြားခဲ့ပါတယ္။

ဘိုင္ယန္ကို ၃-၁ နဲ႔ အေရးနိမ့္ထားတဲ့ ရီးရဲလ္မက္ဒရစ္ဟာ ဟာဇက္၊ ဂ်ိဳဗစ္နဲ႔ ဘန္ဇီမာတို႔ကို ပြဲထုတ္ခဲ့ျပီး ရီးရဲလ္ကြင္းလယ္မွာ မိုဒရစ္နဲ႔ တိုနီခရုစ္တို႔ ပါဝင္ခဲ့ပါတယ္။ ဒါဟာ အာဆင္နယ္ကြင္းလယ္မွာ ရာသီၾကိဳတစ္ေလွ်ာက္ ေျခစြမ္းျပေနခဲ့ျပီး ဒီကေန႔ပြဲမွာ ကြင္းလယ္ကေနပဲ ပြဲထြက္ခြင့္ရလာခဲ့တဲ့ ဂန္းနားၾကယ္ပြင့္ေလး ဝယ္ေလာ့ခ္အတြက္ အေတြ႔အၾကံဳေကာင္း ျဖစ္ေစခဲ့ပါတယ္။

ေတာ္ရဲရား၊ ဂူရန္ေဒါင္ဇီ၊ အန္နီနီတို႔ လူစာရင္းမွာ မပါဝင္ခဲ့ပဲ ဝယ္ေလာ့ခ္ဟာ ကြင္းလယ္မွာ အိုေဇး၊ ရွာကာတို႔နဲ႔ ပြဲထြက္ခြင့္ရခဲ့တာပါ။ အဂၤလန္လူငယ္ေလးဟာ ကြင္းလယ္မွာ အလႈပ္ပံုစံ ကစားခဲ့တာျဖစ္ျပီး အာဆင္နယ္ရဲ႕ ပြဲၾကီး ႏွစ္ပြဲမွာ သူဟာ ပါဝင္ကစားခြင့္ ရထားခဲ့တာျဖစ္တယ္။ ျပိဳင္ဘက္ေတြကို သက္ေသာင့္သက္သာ ရင္ဆိုင္ႏုိင္စြမ္း ေဘာလံုးထိန္းသိမ္းမႈပိုင္းေတြမွာ အထင္ၾကီးဖို႔ ေကာင္းခဲ့ပါတယ္။

ဝယ္ေလာခ့္ရဲ႕ ကစားဟန္ကို ေလ့လာၾကည့္ရင္ စြမ္းအားျပင္းတယ္၊ တက္ၾကြေနတယ္၊ ေနာက္ျပီး ျပိဳင္ဘက္အသင္းကို ကြင္းလယ္ကေနတင္မကပဲ ေတာင္ပံေနရာေတြကေနနဲ႔ တိုက္စစ္လိုက္ပါဖို႔ တုန္လႈပ္ျခင္း မရွိတာကို ျမင္ေတြ႔ရတယ္။ အာဆင္နယ္အတြက္ သူ႔စြမ္းရည္ အဆင့္အတန္းနဲ႔ အရည္အခ်င္းက အငွားခ်ဖို႔မဟုတ္ပဲ ပြဲထြက္ခြင့္အတြက္ ယွဥ္ျပိဳင္ခြင့္ေပးဖို႔ ထိုက္တန္ခဲ့တယ္။

မန္ေနဂ်ာ အူႏုိင္းအမ္မရီကေတာ့ ဝယ္ေလာ့ခ္နဲ႔ ပက္သက္ျပီး ” သူက တကယ္ကို လံု႔ေဆာ္ႏုိင္စြမ္း ရွိသူပါ။ ရည္ရြယ္ခ်က္ၾကီးရွိတယ္၊ တစ္ဦးခ်င္းမွာလည္း ထူးခၽြန္မႈရွိတယ္။ က်ေန္ာတို႔ရဲ႕ အၾကံဥာဏ္ကို သူအေတာ္ေလး နားေထာင္ႏုိင္စြမ္းရွိတယ္။ သူနဲ႔ ပက္သက္ျပီး က်ေနာ္ရဲ႕ လက္ေထာက္နည္းျပ ကာဆီဒိုက တစ္ဦးခ်င္းအေပၚ အေတာ္ေလး စကားေျပာမႈေတြ ရွိေနတယ္ ” လို႔ မွတ္ခ်က္ေပးထားပါတယ္။

အာဆင္နယ္ဟာ ရာသီသစ္ကစလို႔ ရမ္ေဆးကို လက္လြတ္ထားရပါျပီ။ ဝယ္ေလာ့ခ္ရဲ႕ ကစားဟန္ဟာ အရည္အခ်င္းရွိေပမယ့္ အေတြ႔အၾကံဳပိုင္းမွာ လိုအပ္ခ်က္ေတာ့ ရွိေနဆဲျဖစ္တယ္။ ရာသီၾကိဳ ေျခစြမ္းကို သူဆက္ထိန္းႏုိင္မယ္ဆိုရင္ ကြင္းလယ္ကေန ေပါက္ကြဲအားေကာင္းေကာင္းနဲ႔ တိုက္စစ္ထိ လိုက္ပါ အဆံုးတတ္တဲ့ ရမ္ေဆးလို ကစားသမားအျဖစ္ ဝယ္ေလာ့ခ္ကို ျမင္ေယာင္ထားလို႔ ရႏုိင္ပါတယ္။

လာမယ့္ ရက္ေတြမွာ ရီးရဲလ္မက္ဒရစ္ကေန ဆီဘယ္ေလာ့ ေရာက္လာခဲ့ရင္ ကြင္းလယ္ျပိဳင္ဆိုင္မႈက ပိုမို ျပင္းထန္လာဖို႔ ရွိေနပါတယ္။ ဒါဆိုရင္ ဝယ္ေလာ့ခ္ အငွားထြက္မလားဆိုတာ မေသခ်ာေပမယ့္ သူ႔ရဲ႕ ရာသီၾကိဳ ေျခစြမ္းကေတာ့ ပြဲထြက္ခြင့္ တစ္ေနရာအတြက္ တုိက္ပြဲဝင္ႏုိင္စြမ္း ရွိေနတာျဖစ္တယ္။

Sports Home Time

[Unicode] အာဆင်နယ်ဟာ ICC ပွဲအဖြစ် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားရမှာ ပွဲချိန်တွင်း ၂-၂ သရေကျခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာတော့ အရေးနိမ့်သွားခဲ့ပါတယ်။

ဘိုင်ယန်ကို ၃-၁ နဲ့ အရေးနိမ့်ထားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဟာဇက်၊ ဂျိုဗစ်နဲ့ ဘန်ဇီမာတို့ကို ပွဲထုတ်ခဲ့ပြီး ရီးရဲလ်ကွင်းလယ်မှာ မိုဒရစ်နဲ့ တိုနီခရုစ်တို့ ပါဝင်ခဲ့ပါတယ်။ ဒါဟာ အာဆင်နယ်ကွင်းလယ်မှာ ရာသီကြိုတစ်လျှောက် ခြေစွမ်းပြနေခဲ့ပြီး ဒီကနေ့ပွဲမှာ ကွင်းလယ်ကနေပဲ ပွဲထွက်ခွင့်ရလာခဲ့တဲ့ ဂန်းနားကြယ်ပွင့်လေး ဝယ်လော့ခ်အတွက် အတွေ့အကြုံကောင်း ဖြစ်စေခဲ့ပါတယ်။

တော်ရဲရား၊ ဂူရန်ဒေါင်ဇီ၊ အန်နီနီတို့ လူစာရင်းမှာ မပါဝင်ခဲ့ပဲ ဝယ်လော့ခ်ဟာ ကွင်းလယ်မှာ အိုဇေး၊ ရှာကာတို့နဲ့ ပွဲထွက်ခွင့်ရခဲ့တာပါ။ အင်္ဂလန်လူငယ်လေးဟာ ကွင်းလယ်မှာ အလှုပ်ပုံစံ ကစားခဲ့တာဖြစ်ပြီး အာဆင်နယ်ရဲ့ ပွဲကြီး နှစ်ပွဲမှာ သူဟာ ပါဝင်ကစားခွင့် ရထားခဲ့တာဖြစ်တယ်။ ပြိုင်ဘက်တွေကို သက်သောင့်သက်သာ ရင်ဆိုင်နိုင်စွမ်း ဘောလုံးထိန်းသိမ်းမှုပိုင်းတွေမှာ အထင်ကြီးဖို့ ကောင်းခဲ့ပါတယ်။

ဝယ်လောခ့်ရဲ့ ကစားဟန်ကို လေ့လာကြည့်ရင် စွမ်းအားပြင်းတယ်၊ တက်ကြွနေတယ်၊ နောက်ပြီး ပြိုင်ဘက်အသင်းကို ကွင်းလယ်ကနေတင်မကပဲ တောင်ပံနေရာတွေကနေနဲ့ တိုက်စစ်လိုက်ပါဖို့ တုန်လှုပ်ခြင်း မရှိတာကို မြင်တွေ့ရတယ်။ အာဆင်နယ်အတွက် သူ့စွမ်းရည် အဆင့်အတန်းနဲ့ အရည်အချင်းက အငှားချဖို့မဟုတ်ပဲ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်ခွင့်ပေးဖို့ ထိုက်တန်ခဲ့တယ်။

မန်နေဂျာ အူနိုင်းအမ်မရီကတော့ ဝယ်လော့ခ်နဲ့ ပက်သက်ပြီး ” သူက တကယ်ကို လုံ့ဆော်နိုင်စွမ်း ရှိသူပါ။ ရည်ရွယ်ချက်ကြီးရှိတယ်၊ တစ်ဦးချင်းမှာလည်း ထူးချွန်မှုရှိတယ်။ ကျနေ်ာတို့ရဲ့ အကြံဉာဏ်ကို သူအတော်လေး နားထောင်နိုင်စွမ်းရှိတယ်။ သူနဲ့ ပက်သက်ပြီး ကျနော်ရဲ့ လက်ထောက်နည်းပြ ကာဆီဒိုက တစ်ဦးချင်းအပေါ် အတော်လေး စကားပြောမှုတွေ ရှိနေတယ် ” လို့ မှတ်ချက်ပေးထားပါတယ်။

အာဆင်နယ်ဟာ ရာသီသစ်ကစလို့ ရမ်ဆေးကို လက်လွတ်ထားရပါပြီ။ ဝယ်လော့ခ်ရဲ့ ကစားဟန်ဟာ အရည်အချင်းရှိပေမယ့် အတွေ့အကြုံပိုင်းမှာ လိုအပ်ချက်တော့ ရှိနေဆဲဖြစ်တယ်။ ရာသီကြို ခြေစွမ်းကို သူဆက်ထိန်းနိုင်မယ်ဆိုရင် ကွင်းလယ်ကနေ ပေါက်ကွဲအားကောင်းကောင်းနဲ့ တိုက်စစ်ထိ လိုက်ပါ အဆုံးတတ်တဲ့ ရမ်ဆေးလို ကစားသမားအဖြစ် ဝယ်လော့ခ်ကို မြင်ယောင်ထားလို့ ရနိုင်ပါတယ်။

လာမယ့် ရက်တွေမှာ ရီးရဲလ်မက်ဒရစ်ကနေ ဆီဘယ်လော့ ရောက်လာခဲ့ရင် ကွင်းလယ်ပြိုင်ဆိုင်မှုက ပိုမို ပြင်းထန်လာဖို့ ရှိနေပါတယ်။ ဒါဆိုရင် ဝယ်လော့ခ် အငှားထွက်မလားဆိုတာ မသေချာပေမယ့် သူ့ရဲ့ ရာသီကြို ခြေစွမ်းကတော့ ပွဲထွက်ခွင့် တစ်နေရာအတွက် တိုက်ပွဲဝင်နိုင်စွမ်း ရှိနေတာဖြစ်တယ်။

Sports Home Time