မန္စီးတီးကို ရံႈ႕ခ်တဲ့ တရုတ္မီဒီယာေတြကို တုန္႔ျပန္လိုက္တဲ့ ဂြာဒီယိုလာ

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက ရာသီၾကိဳ ခရီးစဥ္အျဖစ္ တရုတ္ကို သြားေရာက္ခဲ့စဥ္မွာ ေလးစားမႈမရွိသလို၊ အထက္စီးဆန္တယ္လို႔ ေဝဖန္မႈရံႈ႕ခ်မႈေတြ ရင္ဆိုင္ခဲ့ရတဲ့အေပၚ တုန္႔ျပန္မႈ ျပဳလုပ္လာခဲ့ပါတယ္။

တရုတ္ မီဒီယာေတြက မန္စီးတီးအသင္းဟာ အထက္စီးဆန္တဲ့ သေဘာနဲ႕ အာရွခရီးစဥ္အေပၚ တုန္႔ျပန္ေနတယ္လို႔ စြပ္စြဲ တံဆိပ္ကပ္မႈေတြ ရွိေနပါတယ္။ တရုတ္ အစိုးရပိုင္ မီဒီယာဌာနၾကီးေတြကေန ဂြာဒီယိုလာနဲ႕ မန္စီးတီးအသင္းသားေတြဟာ အာရွက ပရိသတ္ေတြ အေပၚ တုန္႔ျပန္ဆက္ဆံမႈက ေမးခြန္းထုတ္စရာ ျဖစ္ျပီး ေငြေၾကးေၾကာင့္သက္သက္ ဒီခရီးကို ေရာက္လာခဲ့ပံုရေၾကာင္း ေဖာ္ျပေရးသားထားပါတယ္။

ဝုဗ္၊ နယူးကာဆယ္၊ ဝက္ဟမ္းနဲ႔ မန္စီးတီးတို႔ ပါဝင္တဲ့ အဆိုပါ ခရီးစဥ္မွာ မန္စီးတီးအသင္းသားေတြရဲ႕ ပရိသတ္ေတြအေပၚ ပ်ဴငွာမႈမရွိတဲ့ တုန္႔ျပန္မႈေတြကို တရုတ္မီဒီယာေတြက သေဘာထားတင္းမာခဲ့ၾကတာျဖစ္တယ္။

တရုတ္မီဒီယာဘက္က ” ပရီးမီးယားလိဂ္ ခ်န္ပီယံကလပ္ အတြက္ တရုတ္ကို လာရတာဟာ စီးပြားေရးအရ လုပ္ရမယ့္ ကိစၥျဖစ္လို႔ ေရာက္လာရတာထက္ မပိုပါဘူး။ သူတို႔ရဲ႕ အားထုတ္မႈ ကင္းမဲ့တဲ့ အျပဳအမူ၊ တျခားကလပ္အသင္းေတြ တာ၀န္ခံေတြနဲ႕ မတူညီတဲ့ ဆက္ဆံမႈေတြက လက္သင့္ခံနိုင္စရာ မရွိပါဘူး။ ”

” ပရီးမီးယားလိဂ္ အာရွဖလား ျပိဳင္ပြဲမွာ မန္စီးတီးကသာ အဓိက ဆြဲေဆာင္စရာလို ယံုၾကည္ ထင္မွတ္ျပီး မထီမဲ့ျမင္ ျပဳမူေနတယ္လို႔ ယူဆရပါတယ္။ တျခား ကလပ္အသင္းေတြက လိႈက္လိႈက္လွဲလွဲ ျပဳမူဆက္ဆံမႈေတြ ရွိေနျပီး ေဒသခံ ပရိသတ္ေတြနဲ႕ ရင္းရင္းနွီးနွီး ရွိေနေပမယ့္ မန္စီးတီး တရုတ္ လာတဲ့ ရည္ရြယ္ခ်က္က ပရိသတ္ေတြ အိပ္ကပ္ထဲက ပိုက္ဆံ သဲ့ယူဖို႔ကလြဲလို႔ ဘာမွ စိတ္အားထက္သန္မႈ ရွိပံု မရပါဘူး။ ” လို႔ ေ၀ဖန္ ေရးသားထားပါတယ္။

ဂြာဒီယိုလာကေတာ့ ” ျဖစ္ရပ္မွန္နဲ႔ ေဝးကြာလြန္းလွပါတယ္။ ဒါက အတုအေယာင္ပါ။ ဒီအေျပာေတြကို က်ေနာ္ သေဘာမတူပါဘူး။ က်ေနာ္တို႔ အသင္းအေၾကာင္း မသိပဲ သူတို႔ ဒီလိုေတြ ေရးသားခဲ့တာျဖစ္တယ္။ က်ေနာ္တို႔ ရွန္ဟိုင္းမွာ အေတာ္ေလးအဆင္ေျပခဲ့ပါတယ္။ တရုတ္မွာ ပူးေပါင္းလုပ္ေဆာင္မႈေတြကိုလည္း က်ေန္ာတို႔ လုပ္ခဲ့ပါတယ္။

ဟိုတယ္က လူေတြနဲ႔ အျခားေသာသူေတြကို ေမးၾကည့္မယ္ဆိုရင္ က်ေနာ္တုိ႔က သူတို႔နဲ႔ ပူးေပါင္းဖို႔ အဆင္သင့္ျဖစ္ေနခဲ့တာပါ။ တရုတ္ကို သြားေရာက္ရတာက မယံုႏုိင္ေလာက္တဲ့ အေတြ႔အၾကံဳျဖစ္ခဲ့ပါတယ္။ ယဥ္ေက်းမႈ၊ အစားအေသာက္ စတဲ့ အေတြ႔အၾကံဳေတြက အံ့မခန္းပါပဲ။

ေကာင္းမြန္တဲ့ အေတြ႔အၾကံဳေကာင္းေတြကို ရခဲ့တာျဖစ္လို႔လည္း က်ေန္ာတုိ႔အေပး စိတ္ပ်က္တဲ့ ေဝဖန္မႈေတြ လူေတြေျပာတာကို က်ေနာ္ နားမလည္ႏုိင္ပါဘူး။ ျဖစ္ႏုိင္တာက သတင္းေထာက္တစ္ေယာက္ေလာက္က စိတ္ပ်က္ခဲ့ပံုပါ။ ဘာေၾကာင့္လည္းေတာ့ မသိဘူးေပါ့။ တကယ့္လက္ေတြ႔ကေတာ့ အဲ့သည္လို မဟုတ္ပါဘူး ” လို႔ တုန္႔ျပန္ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးဟာ တရုတ္ကို မထြက္ခြာခင္တည္းက ျပႆနာေတြ တက္ေနခဲ့တာျဖစ္ျပီး ေလယာဥ္ခရီးစဥ္ကလည္း ၂၄ နာရီအတြင္း ၂ ၾကိမ္တိုင္ ဆုိင္းငံ့ခဲ့ရပါတယ္။ ဂြာဒီယိုလာရဲ႕ အသင္းဟာ အဂၤလန္မွာ အပိုေလ့က်င့္ခဲ့ရျပီး ဝက္ဟမ္းနဲ႔ပြဲ ေလ့က်င့္ရမွာထက္ ၃၆ နာရီ ေနာက္က်ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၄-၁ နဲ႔ အႏိုင္ရခဲ့ကာ ဝုဗ္ကို ဗိုလ္လုပြဲမွာ ပင္နယ္တီနဲ႔ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

Sports Home Time

[Unicode] မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ရာသီကြို ခရီးစဉ်အဖြစ် တရုတ်ကို သွားရောက်ခဲ့စဉ်မှာ လေးစားမှုမရှိသလို၊ အထက်စီးဆန်တယ်လို့ ဝေဖန်မှုရှုံ့ချမှုတွေ ရင်ဆိုင်ခဲ့ရတဲ့အပေါ် တုန့်ပြန်မှု ပြုလုပ်လာခဲ့ပါတယ်။

တရုတ် မီဒီယာတွေက မန်စီးတီးအသင်းဟာ အထက်စီးဆန်တဲ့ သဘောနဲ့ အာရှခရီးစဉ်အပေါ် တုန့်ပြန်နေတယ်လို့ စွပ်စွဲ တံဆိပ်ကပ်မှုတွေ ရှိနေပါတယ်။ တရုတ် အစိုးရပိုင် မီဒီယာဌာနကြီးတွေကနေ ဂွာဒီယိုလာနဲ့ မန်စီးတီးအသင်းသားတွေဟာ အာရှက ပရိသတ်တွေ အပေါ် တုန့်ပြန်ဆက်ဆံမှုက မေးခွန်းထုတ်စရာ ဖြစ်ပြီး ငွေကြေးကြောင့်သက်သက် ဒီခရီးကို ရောက်လာခဲ့ပုံရကြောင်း ဖော်ပြရေးသားထားပါတယ်။

ဝုဗ်၊ နယူးကာဆယ်၊ ဝက်ဟမ်းနဲ့ မန်စီးတီးတို့ ပါဝင်တဲ့ အဆိုပါ ခရီးစဉ်မှာ မန်စီးတီးအသင်းသားတွေရဲ့ ပရိသတ်တွေအပေါ် ပျူငှာမှုမရှိတဲ့ တုန့်ပြန်မှုတွေကို တရုတ်မီဒီယာတွေက သဘောထားတင်းမာခဲ့ကြတာဖြစ်တယ်။

တရုတ်မီဒီယာဘက်က ” ပရီးမီးယားလိဂ် ချန်ပီယံကလပ် အတွက် တရုတ်ကို လာရတာဟာ စီးပွားရေးအရ လုပ်ရမယ့် ကိစ္စဖြစ်လို့ ရောက်လာရတာထက် မပိုပါဘူး။ သူတို့ရဲ့ အားထုတ်မှု ကင်းမဲ့တဲ့ အပြုအမူ၊ တခြားကလပ်အသင်းတွေ တာဝန်ခံတွေနဲ့ မတူညီတဲ့ ဆက်ဆံမှုတွေက လက်သင့်ခံနိုင်စရာ မရှိပါဘူး။ ”

” ပရီးမီးယားလိဂ် အာရှဖလား ပြိုင်ပွဲမှာ မန်စီးတီးကသာ အဓိက ဆွဲဆောင်စရာလို ယုံကြည် ထင်မှတ်ပြီး မထီမဲ့မြင် ပြုမူနေတယ်လို့ ယူဆရပါတယ်။ တခြား ကလပ်အသင်းတွေက လှိုက်လှိုက်လှဲလှဲ ပြုမူဆက်ဆံမှုတွေ ရှိနေပြီး ဒေသခံ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး ရှိနေပေမယ့် မန်စီးတီး တရုတ် လာတဲ့ ရည်ရွယ်ချက်က ပရိသတ်တွေ အိပ်ကပ်ထဲက ပိုက်ဆံ သဲ့ယူဖို့ကလွဲလို့ ဘာမှ စိတ်အားထက်သန်မှု ရှိပုံ မရပါဘူး။ ” လို့ ဝေဖန် ရေးသားထားပါတယ်။

ဂွာဒီယိုလာကတော့ ” ဖြစ်ရပ်မှန်နဲ့ ဝေးကွာလွန်းလှပါတယ်။ ဒါက အတုအယောင်ပါ။ ဒီအပြောတွေကို ကျနော် သဘောမတူပါဘူး။ ကျနော်တို့ အသင်းအကြောင်း မသိပဲ သူတို့ ဒီလိုတွေ ရေးသားခဲ့တာဖြစ်တယ်။ ကျနော်တို့ ရှန်ဟိုင်းမှာ အတော်လေးအဆင်ပြေခဲ့ပါတယ်။ တရုတ်မှာ ပူးပေါင်းလုပ်ဆောင်မှုတွေကိုလည်း ကျနေ်ာတို့ လုပ်ခဲ့ပါတယ်။

ဟိုတယ်က လူတွေနဲ့ အခြားသောသူတွေကို မေးကြည့်မယ်ဆိုရင် ကျနော်တို့က သူတို့နဲ့ ပူးပေါင်းဖို့ အဆင်သင့်ဖြစ်နေခဲ့တာပါ။ တရုတ်ကို သွားရောက်ရတာက မယုံနိုင်လောက်တဲ့ အတွေ့အကြုံဖြစ်ခဲ့ပါတယ်။ ယဉ်ကျေးမှု၊ အစားအသောက် စတဲ့ အတွေ့အကြုံတွေက အံ့မခန်းပါပဲ။

ကောင်းမွန်တဲ့ အတွေ့အကြုံကောင်းတွေကို ရခဲ့တာဖြစ်လို့လည်း ကျနေ်ာတို့အပေး စိတ်ပျက်တဲ့ ဝေဖန်မှုတွေ လူတွေပြောတာကို ကျနော် နားမလည်နိုင်ပါဘူး။ ဖြစ်နိုင်တာက သတင်းထောက်တစ်ယောက်လောက်က စိတ်ပျက်ခဲ့ပုံပါ။ ဘာကြောင့်လည်းတော့ မသိဘူးပေါ့။ တကယ့်လက်တွေ့ကတော့ အဲ့သည်လို မဟုတ်ပါဘူး ” လို့ တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ တရုတ်ကို မထွက်ခွာခင်တည်းက ပြဿနာတွေ တက်နေခဲ့တာဖြစ်ပြီး လေယာဉ်ခရီးစဉ်ကလည်း ၂၄ နာရီအတွင်း ၂ ကြိမ်တိုင် ဆိုင်းငံ့ခဲ့ရပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းဟာ အင်္ဂလန်မှာ အပိုလေ့ကျင့်ခဲ့ရပြီး ဝက်ဟမ်းနဲ့ပွဲ လေ့ကျင့်ရမှာထက် ၃၆ နာရီ နောက်ကျခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၄-၁ နဲ့ အနိုင်ရခဲ့ကာ ဝုဗ်ကို ဗိုလ်လုပွဲမှာ ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

Sports Home Time