ယူႏိုက္တက္အား သူ႔ကို ျမန္ျမန္ေခၚယူပါေတာ့လို႔ ဖာနန္ဒက္စ္ တိုက္တြန္းခဲ့ျခင္းလား

[Zawgyi] မန္ခ်က္စတာ ယူႏိုက္တက္ဟာ ဒီေႏြမွာ စပို႔တင္း လစၥဘြန္း ကြင္းလယ္လူ ဘ႐ူႏိူ ဖာနန္ဒက္စ္ကို ေခၚယူဖို႔ စိတ္အား ထက္သန္ေနျပီး အေလးအနက္ ခ်ိတ္ဆက္မႈေတြ ရွိထားပါတယ္။ ဖာနန္ဒက္စ္က အဂၤလန္သို႔ သြားခ်င္ေၾကာင္း ဖြင့္ဟလိုက္ျပီး ယူနိိုက္တက္ကို လိုလားဟန္ ျပခဲ့ပါတယ္။

နယူးေရာ့ခ္ကို စပို႔တင္း အသင္းေဖာ္ေတြနဲ႔အတူ မသြားခင္ ေပၚတူဂီသား ဖာနန္ဒက္စ္က – “ေစ်းကြက္အေၾကာင္း က်ေနာ္ စိတ္မဝင္စားပါဘူး။ ဒါကို က်ေနာ္ အမ်ားႀကီး ေျပာခဲ့ၿပီးသားပါ။ အခုခ်ိန္ က်ေနာ္ လုပ္ႏိုင္တာက က်ေနာ္ ေလယာဥ္ မီဖို႔ လိုအပ္တယ္။ ဒါေၾကာင့္ ေလယာဥ္ကို က်ေနာ္ လြဲေခ်ာ္မွာမဟုတ္ပါဘူး။ဒါက စပို႔တင္း အတြက္ က်ေနာ့္ရဲ႕ ေနာက္ဆံုးပြဲ ျဖစ္မလား? က်ေနာ္ မသိဘူး။ဒါကို နည္းျပက ဆံုးျဖတ္တာပါ။”

“က်ေနာ္ အဂၤလန္မွာ ကစားလိုပါတယ္။ ဒါေပမယ့္ အဲ့အေၾကာင္း အခု က်ေနာ္ မစဥ္းစားဘူး။ အေျပာင္းအေရႊ႔က ဒီရာသီမွာ ျဖစ္ႏိုင္လား ဆိုေတာ့ အဲ့ဒါက ကလပ္ ဆံုးျဖတ္တဲ့ အခ်ိန္အတိုင္းပါပဲ။ က်ေနာ္ လုပ္လို႔မရပါဘူး၊ ” လို႔ ေျပာဆိုခဲ့ပါတယ္။

ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီကပဲ စပို႔တင္း နဲ႔ ငါးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီး တန္ေၾကးက ေပါင္ ၃၁ သန္း ႐ွိပါတယ္။ စပို႔တင္းက ေရာင္းခ်ဖို႔ ျငင္းပယ္ေပမယ့္ ကလပ္တစ္ခုခုက ဒီပမာဏကို တတ္ႏိုင္ရင္ အသက္ ၂၄ႏွစ္အရြယ္ ကစားသမားဟာ ေလ်ာ္ေၾကး ေပါင္ ၄.၅သန္း ေပးရပါလိမ့္မယ္။

စပို႔တင္းဟာ ဖာနန္ဒက္စ္ရဲ႕ ေျပာင္းေရႊ႔ေၾကးကို ေပါင္ သန္း ၆၀ ဝန္းက်င္ အလို႐ွိေနမယ္လို႔ ထင္ပါတယ္။ မႏွစ္က သူဟာ စပို႔တင္း အတြက္ ပြဲ ၅၀မွာ ၃၂ဂိုး သြင္းယူၿပီး အေကာင္းဆံုး ရာသီကို ပိုင္ဆိုင္ခဲ့ပါတယ္။ သူဟာ ဒီေႏြ အေစာပိုင္းမွာ ေန႐ွင္းလိဂ္ ေအာင္ျမင္ခဲ့တဲ့ ေပၚတူဂီနဲ႔ နယ္သာလန္ရဲ႕ အဖြင့္ပြဲမွာ ပါဝင္ႏိုင္ခဲ့ပါတယ္။

ေပၚတူဂီသား ေဘာလံုးေရးရာ ကြၽမ္းက်င္သူ ဖီးလစ္ ဒီရက္စ္က ဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္ ရဲ႕ ျပင္းထန္မႈနဲ႔ ဘယ္လို အံဝင္ေအာင္ လုပ္မလဲ ဆိုတာနဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားစရာေကာင္းတဲ့ အျမင္ကို ဖြင့္ဟခဲ့ပါတယ္။ ကြင္းလယ္တိုက္စစ္ ကစားသမားဟာ အဂၤလန္မွာ ေအာင္ျမင္ဖို႔ လိုအပ္တဲ့ အရည္အခ်င္း ေတြ အားလံုး ႐ွိတယ္လို႔ ဆိုခဲ့တာပါ။

“ဖာနန္ဒက္စ္က ပရီးမီးယားလိဂ္မွာ အံဝင္ႏိုင္တယ္ဆိုတာ က်ေနာ္ သံသယ မ႐ွိပါဘူး။ သူက အေကာင္းဆံုး ကစားသမားေတြနဲ႔ အတူတူေရာ၊ ယွဥ္ၿပီးပါ ကစားႏိုင္တယ္၊က်ေနာ္ ႏွစ္၂၀ေလာက္ ေဘာလံုး သတင္းေထာက္ လုပ္ခဲ့ၿပီး ပြဲေတြ အမ်ားႀကီး ၾကည့္ခဲ့တာ။ မႏွစ္က သူ လုပ္ခဲ့ သလိုမ်ိဳး လုပ္ႏိုင္တဲ့သူ မျမင္ဖူးခဲ့ဘူး၊ ”

“သူက ၃၁ ဂိုး သြင္းထားတဲ့ ကြင္းလယ္တိုက္စစ္ ကစားသမားပါ။ အေက်ာ္ၾကားဆံုး မဟုတ္တဲ့ ေပၚတူဂီ ျပည္တြင္းလိဂ္နဲ႔ ယူ႐ိုပါလိဂ္ မွာေတာင္ သူ႔ရဲ႕ အရည္အခ်င္းကို ခင္ဗ်ားတို႔ ျငင္းပယ္လို႔ မရပါဘူး။ သူက ပရီးမီးယားလိဂ္ မွာ ခ်က္ခ်င္း အံဝင္ႏိုင္ေအာင္ အဆင္သင့္ျဖစ္ေနၿပီလို႔ က်ေနာ္ ထင္တယ္။ “လို႔ ဒီရက္စ္က သံုးသပ္ ေျပာဆိုထားပါတယ္။

Sports Home Time

[Unicode] မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ စပို့တင်း လစ္စဘွန်း ကွင်းလယ်လူ ဘရူနိူ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပြီး အလေးအနက် ချိတ်ဆက်မှုတွေ ရှိထားပါတယ်။ ဖာနန်ဒက်စ်က အင်္ဂလန်သို့ သွားချင်ကြောင်း ဖွင့်ဟလိုက်ပြီး ယူနိိုက်တက်ကို လိုလားဟန် ပြခဲ့ပါတယ်။

နယူးရော့ခ်ကို စပို့တင်း အသင်းဖော်တွေနဲ့အတူ မသွားခင် ပေါ်တူဂီသား ဖာနန်ဒက်စ်က – “စျေးကွက်အကြောင်း ကျနော် စိတ်မဝင်စားပါဘူး။ ဒါကို ကျနော် အများကြီး ပြောခဲ့ပြီးသားပါ။ အခုချိန် ကျနော် လုပ်နိုင်တာက ကျနော် လေယာဉ် မီဖို့ လိုအပ်တယ်။ ဒါကြောင့် လေယာဉ်ကို ကျနော် လွဲချော်မှာမဟုတ်ပါဘူး။ဒါက စပို့တင်း အတွက် ကျနော့်ရဲ့ နောက်ဆုံးပွဲ ဖြစ်မလား? ကျနော် မသိဘူး။ဒါကို နည်းပြက ဆုံးဖြတ်တာပါ။”

“ကျနော် အင်္ဂလန်မှာ ကစားလိုပါတယ်။ ဒါပေမယ့် အဲ့အကြောင်း အခု ကျနော် မစဉ်းစားဘူး။ အပြောင်းအရွှေ့က ဒီရာသီမှာ ဖြစ်နိုင်လား ဆိုတော့ အဲ့ဒါက ကလပ် ဆုံးဖြတ်တဲ့ အချိန်အတိုင်းပါပဲ။ ကျနော် လုပ်လို့မရပါဘူး၊ ” လို့ ပြောဆိုခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ နွေရာသီကပဲ စပို့တင်း နဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တန်ကြေးက ပေါင် ၃၁ သန်း ရှိပါတယ်။ စပို့တင်းက ရောင်းချဖို့ ငြင်းပယ်ပေမယ့် ကလပ်တစ်ခုခုက ဒီပမာဏကို တတ်နိုင်ရင် အသက် ၂၄နှစ်အရွယ် ကစားသမားဟာ လျော်ကြေး ပေါင် ၄.၅သန်း ပေးရပါလိမ့်မယ်။

စပို့တင်းဟာ ဖာနန်ဒက်စ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၆၀ ဝန်းကျင် အလိုရှိနေမယ်လို့ ထင်ပါတယ်။ မနှစ်က သူဟာ စပို့တင်း အတွက် ပွဲ ၅ဝမှာ ၃၂ဂိုး သွင်းယူပြီး အကောင်းဆုံး ရာသီကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူဟာ ဒီနွေ အစောပိုင်းမှာ နေရှင်းလိဂ် အောင်မြင်ခဲ့တဲ့ ပေါ်တူဂီနဲ့ နယ်သာလန်ရဲ့ အဖွင့်ပွဲမှာ ပါဝင်နိုင်ခဲ့ပါတယ်။

ပေါ်တူဂီသား ဘောလုံးရေးရာ ကျွမ်းကျင်သူ ဖီးလစ် ဒီရက်စ်က ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် ရဲ့ ပြင်းထန်မှုနဲ့ ဘယ်လို အံဝင်အောင် လုပ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အမြင်ကို ဖွင့်ဟခဲ့ပါတယ်။ ကွင်းလယ်တိုက်စစ် ကစားသမားဟာ အင်္ဂလန်မှာ အောင်မြင်ဖို့ လိုအပ်တဲ့ အရည်အချင်း တွေ အားလုံး ရှိတယ်လို့ ဆိုခဲ့တာပါ။

“ဖာနန်ဒက်စ်က ပရီးမီးယားလိဂ်မှာ အံဝင်နိုင်တယ်ဆိုတာ ကျနော် သံသယ မရှိပါဘူး။ သူက အကောင်းဆုံး ကစားသမားတွေနဲ့ အတူတူရော၊ ယှဉ်ပြီးပါ ကစားနိုင်တယ်၊ကျနော် နှစ်၂ဝလောက် ဘောလုံး သတင်းထောက် လုပ်ခဲ့ပြီး ပွဲတွေ အများကြီး ကြည့်ခဲ့တာ။ မနှစ်က သူ လုပ်ခဲ့ သလိုမျိုး လုပ်နိုင်တဲ့သူ မမြင်ဖူးခဲ့ဘူး၊ ”

“သူက ၃၁ ဂိုး သွင်းထားတဲ့ ကွင်းလယ်တိုက်စစ် ကစားသမားပါ။ အကျော်ကြားဆုံး မဟုတ်တဲ့ ပေါ်တူဂီ ပြည်တွင်းလိဂ်နဲ့ ယူရိုပါလိဂ် မှာတောင် သူ့ရဲ့ အရည်အချင်းကို ခင်ဗျားတို့ ငြင်းပယ်လို့ မရပါဘူး။ သူက ပရီးမီးယားလိဂ် မှာ ချက်ချင်း အံဝင်နိုင်အောင် အဆင်သင့်ဖြစ်နေပြီလို့ ကျနော် ထင်တယ်။ “လို့ ဒီရက်စ်က သုံးသပ် ပြောဆိုထားပါတယ်။

Sports Home Time