[Zawgyi] မန္ခ်က္စတာ ယူနိုက္တက္ဟာ ၂၀၁၈-၁၉ ေဘာလံုးရာသီ ကုန္သည္အထိ အသင္းကို ယာယီနည္းျပဖို႔ ကစားသမားေဟာင္းၾကီး ဆိုးရွားကို တရား၀င္ခန္႔အပ္လိုက္ေၾကာင္း အသင္း၀ဘ္ဆိုက္ကေန ေၾကျငာသြားပါတယ္။
ေမာ္ရင္ညိဳ ထြက္ခြာသြားျပီးေနာက္ မန္ခ်က္စတာယူနုိက္ကတက္ ကို ကိုင္တြယ္ဖို႔ ေရပန္းစားလာတဲ့ နည္းျပေလာင္းစာရင္းထဲမွာ ဇီဒန္း၊ ေလာ္ရန္႔ဘရန္႔တို႕အျပင္ ဆိုရွားပါ ပါ၀င္လာျပီး ဦးေဆာင္လာတာ အံ့အားသင့္စရာပါ။ အသက္ ၄၅ နွစ္ရွိျပီ ျဖစ္တဲ့ ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္းဟာ အသင္းကို ရာသီကုန္ထိ ယာယီ ကိုင္တြယ္သြားဖို႔ ရွိေနပါတယ္။
ဆိုးရွားရဲ႕ မန္ေနဂ်ာဘ၀ မွတ္တမ္း
ဆိုးရွား မန္ေနဂ်ာဘ၀ကို ၂၀၁၁ မွာ စတင္လိုက္ျပီး မိခင္နုိင္ငံ ေနာ္ေ၀က ကလပ္အသင္း Molde ကို စတင္ ကိုင္တြယ္ခဲ့ပါ။ အ၀တ္လဲခန္းထဲက ကစားသမားေတြကို ဦးေဆာင္တဲ့ အေတြ႔အၾကံဳ ရွိေပမယ့္ နည္းျပတစ္ေယာက္ အျဖစ္ လံုးလံုးလ်ားလ်ား အုပ္ခ်ဳပ္မႈ အေတြ႔အၾကံဳလံုး၀ မရွိဘဲ ယူနိုက္တက္ကစားသမားေဟာင္းၾကီး မန္ေနဂ်ာ အျဖစ္ စတင္ခဲ့ရာ ေနရာပါ။ ဆိုးရွား ေဘာလံုးသမားဘ၀က အနားယူခ်ိန္မွာ ဖာဂူဆန္ရဲ႕ ယူနိုက္တက္မွာ တိုက္စစ္နည္းျပ အျဖစ္ တာ၀န္ယူခဲ့ဖူးျပီး ထို႔ေနာက္ အရန္အသင္းကိုေတာ့ ေျပာင္းေရႊ႕ ကိုင္တြယ္ခဲ့ဖူးတာေတာ့ ရွိခဲ့ပါတယ္။
မန္ေနဂ်ာအျဖစ္ Molde မွာ စတင္ခဲ့တဲ့ပြဲ႕ အဖြင့္မလွခဲ့ဘဲ တန္းတက္ Sarpsborg အသင္းကို ၃ဂိုးျပတ္နဲ႕ ရွံဳးနိမ့္ခဲ့ေပမယ့္ ပထမရာသီမွာတင္ပဲ ဆိုးရွားက Molde ကို ကလပ္အသင္းသမိုင္းမွာ ပထမဆံုးအၾကိမ္အျဖစ္ အမွတ္ေပးဖလား ခ်န္ပီယံျဖစ္ေအာင္ လုပ္ျပနိုင္ခဲ့ပါတယ္။ အဲဒီေနာက္ ၂၀၁၂ မွာ အဂၤလန္ကို ျပန္လာဖို႔ အက္စတြန္ဗီလာအသင္းက ကမ္းလွမ္းခဲ့ေပမယ့္ ဆိုးရွားက အေလာတၾကီး မလုပ္လိုတဲ့အတြက္ ဗီလာရဲ႕ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ပါတယ္။
ပရီးမီးယားလိဂ္မွာ ျပန္လာနည္းျပလုပ္ဖို႔ဆိုတာ သူ႔ရည္မွန္းခ်က္ ျဖစ္တယ္လို႔ ဆိုးရွားက ပြင့္ပြင့္လင္းလင္း ေျပာၾကားခဲ့ဖူးျပီး ၂၀၁၄ မွာေတာ့ ကားဒစ္ဖ္အသင္းဆီ နည္းျပဖို႔ ေရာက္ရွိခဲ့ပါတယ္။ ဒါေပမယ့္ တန္းဆင္းဇုန္က မကယ္တင္နုိင္ခဲ့ပါဘူး။ အဲဒီေနာက္ ၂၀၁၅ မွာ အသင္းေဟာင္း Molde ဆီ ျပန္ေရာက္သြားခဲ့ျပီး ေနာ္ေဂလိဂ္ Eliteserien မွာ အသင္းအတြက္ ဒုတိယေနရာ သို႔ နွစ္အတန္ၾကာ ျပန္ပို႔ေပးခဲ့ပါတယ္။
ဒီဇင္ဘာ ၃ ရက္ေန႔မွာ အသင္းနဲ႕ စာခ်ဳပ္သစ္ ၃ နွစ္ ခ်ဳပ္ဆိုလိုက္တဲ့ ဆိုးရွားဟာ ထိုုစဥ္ကေတာ့ Molde နဲ႕ အတူရွိရတဲ့ ေပ်ာ္ရႊင္မႈကို ဘယ္တုန္းမွ ဖုံးကြယ္မထားသလို အသင္းရဲ႕ တိုးတက္မႈေတြ ျမင္ရတာ ေပ်ာ္ရႊင္ေၾကာင္းနဲ႕ ဒိထက္ေအာင္ျမင္မႈေတြနဲ႕ ဥေရာပဆီ ေျခဆန္႔ဖို႔ ၾကိဳးစားေပးသြားမယ္လို႔ ဆိုးရွားက ေျပာဆုိထားပါတယ္။

ဆိုးရွားရဲ႕ ယူနိုက္တက္ ကစားသမားဘ၀ မွတ္တမ္း
ယူနိုက္တက္မွာေတာ့ ၁၁ ၾကာ ကစားသြားျပီး ေအာင္ျမင္မႈေတြ အလီလီယူသြားခဲ့တဲ့ ဆိုးရွားက ေက်ာ္ၾကားတဲ့ ကစားသမားပါ။ အသက္ ၂၃ နွစ္အရြယ္ ဇူလိုင္ ၁၉၉၆ တည္းက ယူနိုက္တက္သို႔ ေရာက္ရွိလာခဲ့သူ ျဖစ္ျပီး ပရီးမီးယားလိဂ္မွာ ‘ကေလးမ်က္နွာနဲ႕ လူသတ္သမား’ လို႔ လူသိမ်ားပါတယ္။
အိုးထရက္ဖို႔မွာ ၁၀စုနွစ္ၾကာ ေနသြားတဲ့ ကစာသမားၾကီးဟာ ယူနုိက္တက္အတြက္ ၃၅၉ ပြဲ ကစားျပီး ၁၂၃ ဂိုး သြင္းယူသြားခဲ့ပါတယ္။ ပရိသတ္အၾကိဳက္ ကစားသမား ျဖစ္တဲ့ ဆိုးရွားက ယူနိုက္တက္နဲ႕အတူ ပရီးမီးယားလိဂ္ ခ်န္ပီယံ ၆ ၾကိမ္နဲ႕ အက္ဖ္ေအဖလား ၂ ၾကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၁ၾကိမ္တို႔ပါ ေအာင္ျမင္မႈ ရရွိခဲ့ပါတယ္။
နိုင္ငံအသင္း ေနာ္ေ၀လက္ေရြးစင္အတြက္လည္း ၆၇ ပြဲ ကစားျပီၚ ၂၃ ဂိုး သြင္းခဲ့ကာ ၁၉၉၈ ကမၻာ့ဖလားနဲ႕ ယူရို ၂၀၀၀ တို႔မွာ ပါ၀င္ေျခစြမ္းျပခဲ့ပါတယ္။
Sports Home Time

[Unicode] မန်ချက်စတာ ယူနိုက်တက်ဟာ ၂၀၁၈-၁၉ ဘောလုံးရာသီ ကုန်သည်အထိ အသင်းကို ယာယီနည်းပြဖို့ ကစားသမားဟောင်းကြီး ဆိုးရှားကို တရားဝင်ခန့်အပ်လိုက်ကြောင်း အသင်းဝဘ်ဆိုက်ကနေ ကြေငြာသွားပါတယ်။
မော်ရင်ညို ထွက်ခွာသွားပြီးနောက် မန်ချက်စတာယူနိုက်ကတက် ကို ကိုင်တွယ်ဖို့ ရေပန်းစားလာတဲ့ နည်းပြလောင်းစာရင်းထဲမှာ ဇီဒန်း၊ လော်ရန့်ဘရန့်တို့အပြင် ဆိုရှားပါ ပါဝင်လာပြီး ဦးဆောင်လာတာ အံ့အားသင့်စရာပါ။ အသက် ၄၅ နှစ်ရှိပြီ ဖြစ်တဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်းဟာ အသင်းကို ရာသီကုန်ထိ ယာယီ ကိုင်တွယ်သွားဖို့ ရှိနေပါတယ်။
ဆိုးရှားရဲ့ မန်နေဂျာဘ၀ မှတ်တမ်း
ဆိုးရှား မန်နေဂျာဘဝကို ၂၀၁၁ မှာ စတင်လိုက်ပြီး မိခင်နိုင်ငံ နော်ဝေက ကလပ်အသင်း Molde ကို စတင် ကိုင်တွယ်ခဲ့ပါ။ အဝတ်လဲခန်းထဲက ကစားသမားတွေကို ဦးဆောင်တဲ့ အတွေ့အကြုံ ရှိပေမယ့် နည်းပြတစ်ယောက် အဖြစ် လုံးလုံးလျားလျား အုပ်ချုပ်မှု အတွေ့အကြုံလုံး၀ မရှိဘဲ ယူနိုက်တက်ကစားသမားဟောင်းကြီး မန်နေဂျာ အဖြစ် စတင်ခဲ့ရာ နေရာပါ။ ဆိုးရှား ဘောလုံးသမားဘဝက အနားယူချိန်မှာ ဖာဂူဆန်ရဲ့ ယူနိုက်တက်မှာ တိုက်စစ်နည်းပြ အဖြစ် တာဝန်ယူခဲ့ဖူးပြီး ထို့နောက် အရန်အသင်းကိုတော့ ပြောင်းရွှေ့ ကိုင်တွယ်ခဲ့ဖူးတာတော့ ရှိခဲ့ပါတယ်။
မန်နေဂျာအဖြစ် Molde မှာ စတင်ခဲ့တဲ့ပွဲ့ အဖွင့်မလှခဲ့ဘဲ တန်းတက် Sarpsborg အသင်းကို ၃ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ပထမရာသီမှာတင်ပဲ ဆိုးရှားက Molde ကို ကလပ်အသင်းသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဖလား ချန်ပီယံဖြစ်အောင် လုပ်ပြနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၂ မှာ အင်္ဂလန်ကို ပြန်လာဖို့ အက်စတွန်ဗီလာအသင်းက ကမ်းလှမ်းခဲ့ပေမယ့် ဆိုးရှားက အလောတကြီး မလုပ်လိုတဲ့အတွက် ဗီလာရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ပြန်လာနည်းပြလုပ်ဖို့ဆိုတာ သူ့ရည်မှန်းချက် ဖြစ်တယ်လို့ ဆိုးရှားက ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ဖူးပြီး ၂၀၁၄ မှာတော့ ကားဒစ်ဖ်အသင်းဆီ နည်းပြဖို့ ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် တန်းဆင်းဇုန်က မကယ်တင်နိုင်ခဲ့ပါဘူး။ အဲဒီနောက် ၂၀၁၅ မှာ အသင်းဟောင်း Molde ဆီ ပြန်ရောက်သွားခဲ့ပြီး နော်ဂေလိဂ် Eliteserien မှာ အသင်းအတွက် ဒုတိယနေရာ သို့ နှစ်အတန်ကြာ ပြန်ပို့ပေးခဲ့ပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့မှာ အသင်းနဲ့ စာချုပ်သစ် ၃ နှစ် ချုပ်ဆိုလိုက်တဲ့ ဆိုးရှားဟာ ထိုစဉ်ကတော့ Molde နဲ့ အတူရှိရတဲ့ ပျော်ရွှင်မှုကို ဘယ်တုန်းမှ ဖုံးကွယ်မထားသလို အသင်းရဲ့ တိုးတက်မှုတွေ မြင်ရတာ ပျော်ရွှင်ကြောင်းနဲ့ ဒိထက်အောင်မြင်မှုတွေနဲ့ ဥရောပဆီ ခြေဆန့်ဖို့ ကြိုးစားပေးသွားမယ်လို့ ဆိုးရှားက ပြောဆိုထားပါတယ်။

ဆိုးရှားရဲ့ ယူနိုက်တက် ကစားသမားဘ၀ မှတ်တမ်း
ယူနိုက်တက်မှာတော့ ၁၁ ကြာ ကစားသွားပြီး အောင်မြင်မှုတွေ အလီလီယူသွားခဲ့တဲ့ ဆိုးရှားက ကျော်ကြားတဲ့ ကစားသမားပါ။ အသက် ၂၃ နှစ်အရွယ် ဇူလိုင် ၁၉၉၆ တည်းက ယူနိုက်တက်သို့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ‘ကလေးမျက်နှာနဲ့ လူသတ်သမား’ လို့ လူသိများပါတယ်။
အိုးထရက်ဖို့မှာ ၁၀စုနှစ်ကြာ နေသွားတဲ့ ကစာသမားကြီးဟာ ယူနိုက်တက်အတွက် ၃၅၉ ပွဲ ကစားပြီး ၁၂၃ ဂိုး သွင်းယူသွားခဲ့ပါတယ်။ ပရိသတ်အကြိုက် ကစားသမား ဖြစ်တဲ့ ဆိုးရှားက ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံ ၆ ကြိမ်နဲ့ အက်ဖ်အေဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ကြိမ်တို့ပါ အောင်မြင်မှု ရရှိခဲ့ပါတယ်။
နိုင်ငံအသင်း နော်ဝေလက်ရွေးစင်အတွက်လည်း ၆၇ ပွဲ ကစားပြီါ် ၂၃ ဂိုး သွင်းခဲ့ကာ ၁၉၉၈ ကမ္ဘာ့ဖလားနဲ့ ယူရို ၂၀၀၀ တို့မှာ ပါဝင်ခြေစွမ်းပြခဲ့ပါတယ်။
Sports Home Time
