ဗာတြန္ဂမ္ေျပာတဲ့ ပရီးမီးယားလိဂ္ကို မန္စီးတီး၊ လီဗာပူးပဲ စိန္ေခၚႏုိင္မွာ မဟုတ္တဲ့ အေၾကာင္းရင္း

စပါး ခံစစ္မွဴး ဗာတြန္ဂမ္က လာမယ့္ရာသီ ပရီးမီးယားလိဂ္ဖလားကို မန္စီးတီးနဲ႔ လီဗာပူး ႏွစ္သင္းပဲ စိန္ေခၚႏိုင္မွာ မဟုတ္တဲ့ အေၾကာင္းရင္းကို ထုတ္ေျပာလာခဲ့ပါတယ္။

မႏွစ္ကရာသီ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို တက္ေရာက္ႏုိင္ခဲ့ျပီး အမွတ္ေပးလိဂ္မွာ အဆင့္ ေလးေနရာက ရပ္တည္ခဲ့တဲ့ စပါးအသင္းရဲ႕ အဓိက ခံစစ္မွဴးျဖစ္သူ ဗာတြန္ဂမ္ကေတာ့ ပရီးမီးယားလိဂ္ကို ကလပ္ႏွစ္သင္းကပဲ လႊမ္းမိုးဖို႔ရာ မျဖစ္ႏိုင္ပဲ ကလပ္အသင္း အမ်ားအျပားက စိန္ေခၚႏိုင္စြမ္း ရွိေနတယ္လို႔ ဆိုပါတယ္။

ဗာတြန္ဂမ္က ေျပာရာမွာ ” မတ္လနဲ႔ ဧပရယ္လေတြမွာ ပြဲေတြ အမ်ားၾကီး ကစားခဲ့ရျပီး က်ေန္ာတို႔က အေရးမနိမ့္သင့္ေပမယ့္ မန္စီးတီးနဲ႔ လီဗာပူးက ပြဲေတြကို ဆက္ျပီး အႏုိင္ရခဲ့တယ္။ ပရီးမီးယားလိဂ္မွာ အေဝးၾကီးက က်န္ခဲ့တယ္ဆိုေပမယ့္ က်ေန္ာတုိ႔ အမ်ားၾကီး သင္ယူႏုိင္ခဲ့ပါတယ္။

မန္စီးတီးနဲ႔ လီဗာပူးတို႔ဟာ မႏွစ္တုန္းကလို ပရီးမီးယားလိဂ္ကို လႊမ္းမိုးဖို႔မျဖစ္ႏုိင္ဘူးလို႔ က်ေနာ္ ထင္တယ္။ ပရီးမီးယားလိဂ္ကို စိန္ေခၚဖို႔ အနည္းဆံုး ၆ သင္းေလာက္ထိ ရွိႏုိင္ျပီး သူတုိ႔က ဘယ္အသင္းေတြလည္းဆိုတာ အားလံုး သိၾကပါတယ္။ က်ေန္ာတို႔က အေကာင္းဆံုး သံုးသင္း၊ ေလးသင္းထဲ တစ္သင္းျဖစ္ပါတယ္ ” လို႔ျဖစ္တယ္။

စပါးအသင္းဟာ ေႏြအေျပာင္းအေရႊ႔မွာ လိုင္ယြန္အသင္းမွ ကြင္းလယ္လူ အန္ဒြမ္ဘီလီနဲ႔ ေတာင္ပံသမား ကလပ္ခ္တို႔ကိုပဲ ေခၚယူထားပါတယ္။ ကလပ္ခ္ကိုေတာ့ လိဒ္အသင္းထံ ျပန္ျပီး အငွားခ်ခဲ့ျပီး ညာအစြန္လူ ထရစ္ပီယာကိုလည္း အက္သလက္တီကို မက္ဒရစ္အသင္းထံ ယူရို ၂၄ သန္းနဲ႔ ျပန္လည္ ေရာင္းထုတ္ထားတာျဖစ္တယ္။

ဗာတြန္ဂမ္ကေတာ့ သူနဲ႔ အန္ဒြမ္ဘီလီတို႔ဟာ ေလ့က်င့္ေရးမွာ တစ္ပတ္ပဲ ေတြ႔ဆံုထားရေသးတယ္လို႔ ဆိုခဲ့ေပမယ့္ အရည္အခ်င္းေကာင္းေတြ ျမင္ထားရတယ္လို႔ ဆိုပါတယ္။ စပါးကေန ထြက္ခြာမယ္ သတင္းၾကီးေနတဲ့ ကြင္းလယ္လူ အဲရစ္ဆန္ကေတာ့ ကလပ္အသင္းမွာပဲ ဆက္ေနဖို႔ ေမွ်ာ္လင့္ေၾကာင္းလည္း ဗာတြန္ဂမ္က ေျပာပါတယ္။

စပါးဟာ ရီးရဲလ္ဘက္တစ္အသင္း ကြင္းလယ္လူ လိုဆယ္ဆိုကို ေခၚယူဖို႔လည္း နီးစပ္ေနေပမယ့္ ခံစစ္မွဴး ဆာလီဘာကို ေခၚယူဖို႔ကိုေတာ့ လန္ဒန္ျပိဳင္ဘက္ အာဆင္နယ္အသင္းကို အေရးမသာခဲ့ဘူးလို႔ သိရပါတယ္။

Sports Home Time

[Unicode] စပါး ခံစစ်မှူး ဗာတွန်ဂမ်က လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးနဲ့ လီဗာပူး နှစ်သင်းပဲ စိန်ခေါ်နိုင်မှာ မဟုတ်တဲ့ အကြောင်းရင်းကို ထုတ်ပြောလာခဲ့ပါတယ်။

မနှစ်ကရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး အမှတ်ပေးလိဂ်မှာ အဆင့် လေးနေရာက ရပ်တည်ခဲ့တဲ့ စပါးအသင်းရဲ့ အဓိက ခံစစ်မှူးဖြစ်သူ ဗာတွန်ဂမ်ကတော့ ပရီးမီးယားလိဂ်ကို ကလပ်နှစ်သင်းကပဲ လွှမ်းမိုးဖို့ရာ မဖြစ်နိုင်ပဲ ကလပ်အသင်း အများအပြားက စိန်ခေါ်နိုင်စွမ်း ရှိနေတယ်လို့ ဆိုပါတယ်။

ဗာတွန်ဂမ်က ပြောရာမှာ ” မတ်လနဲ့ ဧပရယ်လတွေမှာ ပွဲတွေ အများကြီး ကစားခဲ့ရပြီး ကျနေ်ာတို့က အရေးမနိမ့်သင့်ပေမယ့် မန်စီးတီးနဲ့ လီဗာပူးက ပွဲတွေကို ဆက်ပြီး အနိုင်ရခဲ့တယ်။ ပရီးမီးယားလိဂ်မှာ အဝေးကြီးက ကျန်ခဲ့တယ်ဆိုပေမယ့် ကျနေ်ာတို့ အများကြီး သင်ယူနိုင်ခဲ့ပါတယ်။

မန်စီးတီးနဲ့ လီဗာပူးတို့ဟာ မနှစ်တုန်းကလို ပရီးမီးယားလိဂ်ကို လွှမ်းမိုးဖို့မဖြစ်နိုင်ဘူးလို့ ကျနော် ထင်တယ်။ ပရီးမီးယားလိဂ်ကို စိန်ခေါ်ဖို့ အနည်းဆုံး ၆ သင်းလောက်ထိ ရှိနိုင်ပြီး သူတို့က ဘယ်အသင်းတွေလည်းဆိုတာ အားလုံး သိကြပါတယ်။ ကျနေ်ာတို့က အကောင်းဆုံး သုံးသင်း၊ လေးသင်းထဲ တစ်သင်းဖြစ်ပါတယ် ” လို့ဖြစ်တယ်။

စပါးအသင်းဟာ နွေအပြောင်းအရွှေ့မှာ လိုင်ယွန်အသင်းမှ ကွင်းလယ်လူ အန်ဒွမ်ဘီလီနဲ့ တောင်ပံသမား ကလပ်ခ်တို့ကိုပဲ ခေါ်ယူထားပါတယ်။ ကလပ်ခ်ကိုတော့ လိဒ်အသင်းထံ ပြန်ပြီး အငှားချခဲ့ပြီး ညာအစွန်လူ ထရစ်ပီယာကိုလည်း အက်သလက်တီကို မက်ဒရစ်အသင်းထံ ယူရို ၂၄ သန်းနဲ့ ပြန်လည် ရောင်းထုတ်ထားတာဖြစ်တယ်။

ဗာတွန်ဂမ်ကတော့ သူနဲ့ အန်ဒွမ်ဘီလီတို့ဟာ လေ့ကျင့်ရေးမှာ တစ်ပတ်ပဲ တွေ့ဆုံထားရသေးတယ်လို့ ဆိုခဲ့ပေမယ့် အရည်အချင်းကောင်းတွေ မြင်ထားရတယ်လို့ ဆိုပါတယ်။ စပါးကနေ ထွက်ခွာမယ် သတင်းကြီးနေတဲ့ ကွင်းလယ်လူ အဲရစ်ဆန်ကတော့ ကလပ်အသင်းမှာပဲ ဆက်နေဖို့ မျှော်လင့်ကြောင်းလည်း ဗာတွန်ဂမ်က ပြောပါတယ်။

စပါးဟာ ရီးရဲလ်ဘက်တစ်အသင်း ကွင်းလယ်လူ လိုဆယ်ဆိုကို ခေါ်ယူဖို့လည်း နီးစပ်နေပေမယ့် ခံစစ်မှူး ဆာလီဘာကို ခေါ်ယူဖို့ကိုတော့ လန်ဒန်ပြိုင်ဘက် အာဆင်နယ်အသင်းကို အရေးမသာခဲ့ဘူးလို့ သိရပါတယ်။

Sports Home Time