အာဖရိကဖလား ဗိုလ္လုပြဲမွာ ထိပ္တိုက္ေတြ႕ၾကမယ့္ မာေနးနဲ႔ မာရက္ဇ္

[Zawgyi] ပရီးမီးယားလိဂ္ ၾကယ္ပြင့္ေတြျဖစ္တဲ့ မာေနးနဲ႔ မာရက္ဇ္တို႔ဟာ သူတို႔ရဲ႕ ကလပ္ အသီးသီးနဲ႔ ေအာင္ျမင္မႈေတြရၿပီးေနာက္ ႏိုင္ငံအသင္းေတြကိုလည္း ေသာၾကာေန႔ ကိုင္႐ိုၿမိဳ႕မွာ ကစားမယ့္ အာဖရိကေနးရွင္းဖလား ဖိုင္နယ္ထိ ေရာက္ေအာင္ ကူညီေပးခဲ့ပါတယ္။

မာေနးက လီဗာပူး နဲ႔အတူ ခ်န္ပီယံလိဂ္ ေအာင္ျမင္ခဲ့ၿပီး အယ္ဂ်ီးရီးယား အသင္းေခါင္းေဆာင္ မာရက္ဇ္က အဂၤလန္သမိုင္းမွာ ပထမဆုံး ျပည္တြင္းဖလား သုံးလုံး ေအာင္ျမင္ခဲ့တဲ့ မန္ခ်က္စတာ စီးတီးရဲ႕ အစိတ္အပိုင္း ျဖစ္ခဲ့ပါတယ္။

ႏွစ္ေယာက္လုံးက ၿပိဳင္ပြဲမွာ သုံးဂိုးစီ သြင္းယူထားပါတယ္။ မာရက္ဇ္ရဲ႕ ေနာက္ဆုံး ဖရီးကစ္ဂိုးက အယ္ဂ်ီးရီးယားကို ဖိုင္နယ္ တက္ေစခဲ့ၿပီး မာေနး ကလဲ ၁၆သင္းအဆင့္ ယူဂန္ဒါနဲ႔ပြဲမွာ အႏိုင္ဂိုး သြင္းခဲ့ပါတယ္။

ေသာၾကာေန႔ ဖိုင္နယ္ပြဲဟာ အုပ္စု C မွာ အတူက်ခဲ့တဲ့ ဆီနီေဂါနဲ႔ အယ္ဂ်ီးရီးယား အတြက္ ဒီႏွစ္အတြင္း ဒုတိယေျမာက္ ေတြ႕ဆုံမႈ ျဖစ္ပါ လိမ့္မယ္။ အုပ္စုတြင္း ေတြ႕ဆုံမႈမွာ အယ္ဂ်ီးရီးယားက ယူဆက္ဖ္ ဘယ္လိုင္လီရဲ႕ ၄၉ မိနစ္ သြင္းဂိုးေၾကာင့္ အႏိူင္ရခဲ့ပါတယ္။ ဒါဟာ ဆီနီေဂါ အတြက္ ၿပိဳင္ပြဲအတြင္း တစ္လုံးတည္းေသာ ေပးဂိုး ျဖစ္သလို သူတို႔ရဲ႕ ဖိုင္နယ္ ၿပိဳင္ဘက္ အယ္ဂ်ီးရီးယားရဲ႕ေနာက္ အုပ္စု ဒုတိယ ျဖစ္ေစခဲ့တာပါ။

ဖိုင္နယ္မွာ ဆီနီေဂါက အဓိက ဗဟိုေနာက္ခံလူ ကူလီဘာလီ မပါပဲ ကစားရမွာ ျဖစ္ပါတယ္။ နာပိုလီ ေနာက္ခံလူက ဆီမီးဖိုင္နယ္ အတြင္း သုံးပြဲမွာ ဒုတိယ အဝါကဒ္ ရရွိခဲ့ၿပီး အခုခ်ိန္မွာ ပြဲပယ္ခံရမွာ ျဖစ္ပါတယ္။ ဒါကလြဲရင္ ႏွစ္သင္းလုံးဟာ ေ႐ြးခ်ယ္စရာ ကစားသမားအားလုံး ႀကံ့ခိုင္မႉ ျပည့္ဝေနတာ ျဖစ္ပါတယ္။

ဆီနီေဂါ နည္းျပ ဆစ္စီက ၂၀၀၂ ခုနစ္ အာဖရိက ေနးရွင္းဖလား ဒုတိယေနရာ ရခဲ့စဥ္ သူဟာ ႏိုင္ငံအသင္းေခါင္းေဆာင္ ျဖစ္ခဲ့ၿပီး ကင္မ႐ြန္း ကို ပင္နယ္တီနဲ႔ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ ဘာမင္ဂမ္စီးတီးနဲ႔ ပို႔စ္ေမာက္ ကြင္းလယ္လူေဟာင္းက သူ႔ရဲ႕ လက္ရွိအသင္းဟာ ၂၀၀၂က ထက္ ပိုေကာင္းတဲ့ အသင္း အျဖစ္နဲ႔ ၿပိဳင္ပြဲကို အႏိုင္ရႏိူင္တယ္လို႔ ေမွ်ာ္လင့္ေနတာပါ။

“ဗိုလ္လုပြဲ တက္ႏိုင္တာ ဂုဏ္ယူစရာပါ။ က်ေနာ္တို႔ ၂၀၀၂ မ်ိဳးဆက္ ကတည္းကဆိုရင္ ၁၇ႏွစ္ေတာင္ ၾကာခဲ့ၿပီ။ က်ေနာ္တို႔ရဲ႕ စိတ္ကူးက ဒီပြဲကို ကစားၿပီး ၂၀၀၂က စိတ္ပ်က္စရာကို ျပန္ေခ်ဖ်က္ႏိူင္ေအာင္ အေကာင္းဆုံး ႀကိဳးစားဖို႔ပါ။ ဖလားေအာင္ျမင္ဖို႔က က်ေနာ္ေရာ ဆီနီေဂါ ႏိုင္ငံသား အားလုံးအတြက္ အိမ္မက္တစ္ခုပါပဲ။ က်ေနာ္တို႔ဟာ ၂၀၀၂တုန္းက မေအာင္ျမင္ခဲ့တဲ့ ဒီအိမ္မက္ကို အေကာင္အထည္ ေဖာ္ႏိုင္ဖို႔ နီးစပ္ေနပါၿပီ။ ” လို႔ ဆစ္စီက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ပရီးမီးယားလိဂ် ကြယ်ပွင့်တွေဖြစ်တဲ့ မာနေးနဲ့ မာရက်ဇ်တို့ဟာ သူတို့ရဲ့ ကလပ် အသီးသီးနဲ့ အောင်မြင်မှုတွေရပြီးနောက် နိုင်ငံအသင်းတွေကိုလည်း သောကြာနေ့ ကိုင်ရိုမြို့မှာ ကစားမယ့် အာဖရိကနေးရှင်းဖလား ဖိုင်နယ်ထိ ရောက်အောင် ကူညီပေးခဲ့ပါတယ်။

မာနေးက လီဗာပူး နဲ့အတူ ချန်ပီယံလိဂ် အောင်မြင်ခဲ့ပြီး အယ်ဂျီးရီးယား အသင်းခေါင်းဆောင် မာရက်ဇ်က အင်္ဂလန်သမိုင်းမှာ ပထမဆုံး ပြည်တွင်းဖလား သုံးလုံး အောင်မြင်ခဲ့တဲ့ မန်ချက်စတာ စီးတီးရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့ပါတယ်။

နှစ်ယောက်လုံးက ပြိုင်ပွဲမှာ သုံးဂိုးစီ သွင်းယူထားပါတယ်။ မာရက်ဇ်ရဲ့ နောက်ဆုံး ဖရီးကစ်ဂိုးက အယ်ဂျီးရီးယားကို ဖိုင်နယ် တက်စေခဲ့ပြီး မာနေးကလဲ ၁၆သင်းအဆင့် ယူဂန်ဒါနဲ့ပွဲမှာ အနိုင်ဂိုး သွင်းခဲ့ပါတယ်။

သောကြာနေ့ ဖိုင်နယ်ပွဲဟာ အုပ်စု C မှာ အတူကျခဲ့တဲ့ ဆီနီဂေါနဲ့ အယ်ဂျီးရီးယား အတွက် ဒီနှစ်အတွင်း ဒုတိယမြောက် တွေ့ဆုံမှု ဖြစ်ပါလိမ့်မယ်။ အုပ်စုတွင်း တွေ့ဆုံမှုမှာ အယ်ဂျီးရီးယားက ယူဆက်ဖ် ဘယ်လိုင်လီရဲ့ ၄၉ မိနစ် သွင်းဂိုးကြောင့် အနိူင်ရခဲ့ပါတယ်။ ဒါဟာ ဆီနီဂေါ အတွက် ပြိုင်ပွဲအတွင်း တစ်လုံးတည်းသော ပေးဂိုး ဖြစ်သလို သူတို့ရဲ့ ဖိုင်နယ် ပြိုင်ဘက် အယ်ဂျီးရီးယားရဲ့နောက် အုပ်စု ဒုတိယ ဖြစ်စေခဲ့တာပါ။

ဖိုင်နယ်မှာ ဆီနီဂေါက အဓိက ဗဟိုနောက်ခံလူ ကူလီဘာလီ မပါပဲ ကစားရမှာ ဖြစ်ပါတယ်။ နာပိုလီ နောက်ခံလူက ဆီမီးဖိုင်နယ် အတွင်း သုံးပွဲမှာ ဒုတိယ အဝါကဒ် ရရှိခဲ့ပြီး အခုချိန်မှာ ပွဲပယ်ခံရမှာ ဖြစ်ပါတယ်။ ဒါကလွဲရင် နှစ်သင်းလုံးဟာ ရွေးချယ်စရာ ကစားသမားအားလုံး ကြံ့ခိုင်မှူ ပြည့်ဝနေတာ ဖြစ်ပါတယ်။

ဆီနီဂေါ နည်းပြ ဆစ်စီက ၂၀၀၂ခုနစ် အာဖရိက နေးရှင်းဖလား ဒုတိယနေရာ ရခဲ့စဉ် သူဟာ နိုင်ငံအသင်းခေါင်းဆောင် ဖြစ်ခဲ့ပြီး ကင်မရွန်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဘာမင်ဂမ်စီးတီးနဲ့ ပို့စ်မောက် ကွင်းလယ်လူဟောင်းက သူ့ရဲ့ လက်ရှိအသင်းဟာ ၂၀၀၂ကထက် ပိုကောင်းတဲ့ အသင်း အဖြစ်နဲ့ ပြိုင်ပွဲကို အနိုင်ရနိူင်တယ်လို့ မျှော်လင့်နေတာပါ။

“ဗိုလ်လုပွဲ တက်နိုင်တာ ဂုဏ်ယူစရာပါ။ ကျနော်တို့ ၂၀၀၂ မျိုးဆက် ကတည်းကဆိုရင် ၁၇နှစ်တောင် ကြာခဲ့ပြီ။ ကျနော်တို့ရဲ့ စိတ်ကူးက ဒီပွဲကို ကစားပြီး ၂၀၀၂က စိတ်ပျက်စရာကို ပြန်ချေဖျက်နိူင်အောင် အကောင်းဆုံး ကြိုးစားဖို့ပါ။ ဖလားအောင်မြင်ဖို့က ကျနော်ရော ဆီနီဂေါ နိုင်ငံသား အားလုံးအတွက် အိမ်မက်တစ်ခုပါပဲ။ ကျနော်တို့ဟာ ၂၀၀၂တုန်းက မအောင်မြင်ခဲ့တဲ့ ဒီအိမ်မက်ကို အကောင်အထည် ဖော်နိုင်ဖို့ နီးစပ်နေပါပြီ။ ” လို့ ဆစ်စီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Sports Home Time