အဖြဲ႔ ၁၆ ဖြဲ႔ စုေပါင္းျပီး အသင္းပိုင္ရွင္ ခရြန္ကီနဲ႔ တိုက္ပြဲသစ္ စတင္လိုက္တဲ့ ဂန္းနားမ်ား

အာဆင္နယ္အသင္း အားေပးသူ ပရိသတ္ေတြဟာ ကလပ္အသင္း အနာဂတ္အတြက္ ေပါင္းစုမႈေတြ ျပဳလုပ္လာျပီျဖစ္ျပီး အသင္းပိုင္ရွင္ထံ ပရိသတ္ေတြထံက တိုက္ပြဲေခၚစာကို ေပးပို႔ခဲ့ျပီျဖစ္ပါတယ္။

နာမည္ရ အာဆင္နယ္ အားေပးသူ အစုအဖြဲ႔ေတြနဲ႔ ဘေလာ့ဂါအဖြဲ႔ေတြ စုစုေပါင္း ၁၆ ဖြဲ႔ စုေပါင္းထားတဲ့ အဆိုပါအဖြဲ႔ဟာ #WeCareDoYou ဆိုတဲ့ ေဆာင္ပုဒ္နဲ႔ အဆိုပါ သတိေပးစာကို စတင္လိုက္တာပါ။ ဒီလုပ္ေဆာင္မႈဟာ အဂၤလန္နဲ႔ ဥေရာပမွာ ဂုဏ္အရွိန္အဝါ က်ဆင္းေနတဲ့ အာဆင္နယ္အသင္းကို ဂရုစိုက္ေပးဖို႔ တိုက္တြန္းလုိျခင္းလည္း ျဖစ္ပါတယ္။

ဂန္းနားတို႔ ေတာင္းဆိုတဲ့စာမွာေတာ့ အဓိကအားျဖင့္ ကလပ္အသင္း ေအာင္ျမင္မႈေတြ ျပန္ရေအာင္ လမ္းညႊန္မႈအသစ္ေတြနဲ႔ စုေပါင္းလုပ္ေဆာင္ၾကဖို႔နဲ႔ အမ္းမရိတ္ကြင္းအတြင္း ပရိသတ္ ဝင္ေရာက္အားေပးမႈမွာ လက္မွတ္ပိုင္းဆိုင္ရာ ကိစၥေတြကို ေျဖရွင္းေပးဖို႔ တိုက္တြန္းျခင္းေတြ ပါဝင္ထားတာျဖစ္တယ္။

ခရြန္ကီ အာဆင္နယ္ကို စတင္ပိုင္ဆုိင္ခ်ိန္မွာ ကလပ္အသင္းဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ပါဝင္ကစားေနရတဲ့ အသင္းျဖစ္ေပမယ့္ ဆယ္ဆုႏွစ္ေက်ာ္ ၾကာျမင့္လာခ်ိန္မွာ ကလပ္အသင္းဟာ ယူရိုပါလိဂ္ျပိဳင္ပြဲကို သံုးႏွစ္ဆက္ ပါဝင္ရမယ့္ ကလပ္အသင္းအဆင့္ကို က်ဆင္းေနတာက ကလပ္အသင္း ဦးေဆာင္သူေတြရဲ႕ လိုအပ္ခ်က္ေၾကာင့္လို႔ အသင္းပရိသတ္ေတြက ရႈျမင္ထားတာျဖစ္တယ္။

ခရြန္ကီဟာ အာဆင္နယ္ကို ပရီးမီးယားလိဂ္ အႏုိင္ရဖို႔နဲ႔ ခ်န္ပီယံလိဂ္မွာ အျမဲတမ္း ပါဝင္ယွဥ္ျပိဳင္ႏုိင္ဖုိ႔ ကတိေပးမႈေတြ လုပ္ခဲ့ေပမယ့္ လက္ရွိ အေနအထားဟာ ဝမ္းနည္းစရာ အေျခအေနကို ေရာက္ေနျပီး Arsenal DNA ကို ျပန္လည္ရွာေဖြဖို႔ လိုေနျပီလို႔ ေထာက္ျပမႈလည္း ပါဝင္ထားတယ္။

ဂ်ဴလိုင္လ ၂၅ ရက္မွာေတာ့ ကလပ္အသင္း အားကစားဒါရိုက္တာ၊ အၾကီးတန္း ေျပာေရးဆိုခြင့္ရပုဂၢိဳလ္နဲ႔ အာဆင္နယ္ပရိသတ္ေတြ ေတြ႔ဆံုမႈ ျပဳလုပ္မွာျဖစ္ျပီး အဆုိပါ ကိစၥရပ္ေတြကို ေဆြးေႏြးႏုိင္ဖုိ႔ ေမွ်ာ္လင့္ပါတယ္လို႔ စာထုတ္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဒီေႏြမွာ ကစားသမားေခၚယူမႈ တစ္ခုမွ မလုပ္ထားႏုိင္ပဲ တရားဝင္ ျပဳလုပ္ထားတဲ့ အေျပာင္းအေရႊ႔ကေတာ့ ဘရာဇီး စတုတၳတန္းက လူငယ္တုိက္စစ္သမားကို ေခၚယူမႈပဲျဖစ္ပါတယ္။

Sports Home Time

[Unicode] အာဆင်နယ်အသင်း အားပေးသူ ပရိသတ်တွေဟာ ကလပ်အသင်း အနာဂတ်အတွက် ပေါင်းစုမှုတွေ ပြုလုပ်လာပြီဖြစ်ပြီး အသင်းပိုင်ရှင်ထံ ပရိသတ်တွေထံက တိုက်ပွဲခေါ်စာကို ပေးပို့ခဲ့ပြီဖြစ်ပါတယ်။

နာမည်ရ အာဆင်နယ် အားပေးသူ အစုအဖွဲ့တွေနဲ့ ဘလော့ဂါအဖွဲ့တွေ စုစုပေါင်း ၁၆ ဖွဲ့ စုပေါင်းထားတဲ့ အဆိုပါအဖွဲ့ဟာ #WeCareDoYou ဆိုတဲ့ ဆောင်ပုဒ်နဲ့ အဆိုပါ သတိပေးစာကို စတင်လိုက်တာပါ။ ဒီလုပ်ဆောင်မှုဟာ အင်္ဂလန်နဲ့ ဥရောပမှာ ဂုဏ်အရှိန်အဝါ ကျဆင်းနေတဲ့ အာဆင်နယ်အသင်းကို ဂရုစိုက်ပေးဖို့ တိုက်တွန်းလိုခြင်းလည်း ဖြစ်ပါတယ်။

ဂန်းနားတို့ တောင်းဆိုတဲ့စာမှာတော့ အဓိကအားဖြင့် ကလပ်အသင်း အောင်မြင်မှုတွေ ပြန်ရအောင် လမ်းညွှန်မှုအသစ်တွေနဲ့ စုပေါင်းလုပ်ဆောင်ကြဖို့နဲ့ အမ်းမရိတ်ကွင်းအတွင်း ပရိသတ် ဝင်ရောက်အားပေးမှုမှာ လက်မှတ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ဖြေရှင်းပေးဖို့ တိုက်တွန်းခြင်းတွေ ပါဝင်ထားတာဖြစ်တယ်။

ခရွန်ကီ အာဆင်နယ်ကို စတင်ပိုင်ဆိုင်ချိန်မှာ ကလပ်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပါဝင်ကစားနေရတဲ့ အသင်းဖြစ်ပေမယ့် ဆယ်ဆုနှစ်ကျော် ကြာမြင့်လာချိန်မှာ ကလပ်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲကို သုံးနှစ်ဆက် ပါဝင်ရမယ့် ကလပ်အသင်းအဆင့်ကို ကျဆင်းနေတာက ကလပ်အသင်း ဦးဆောင်သူတွေရဲ့ လိုအပ်ချက်ကြောင့်လို့ အသင်းပရိသတ်တွေက ရှုမြင်ထားတာဖြစ်တယ်။

ခရွန်ကီဟာ အာဆင်နယ်ကို ပရီးမီးယားလိဂ် အနိုင်ရဖို့နဲ့ ချန်ပီယံလိဂ်မှာ အမြဲတမ်း ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ကတိပေးမှုတွေ လုပ်ခဲ့ပေမယ့် လက်ရှိ အနေအထားဟာ ဝမ်းနည်းစရာ အခြေအနေကို ရောက်နေပြီး Arsenal DNA ကို ပြန်လည်ရှာဖွေဖို့ လိုနေပြီလို့ ထောက်ပြမှုလည်း ပါဝင်ထားတယ်။

ဂျူလိုင်လ ၂၅ ရက်မှာတော့ ကလပ်အသင်း အားကစားဒါရိုက်တာ၊ အကြီးတန်း ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်နဲ့ အာဆင်နယ်ပရိသတ်တွေ တွေ့ဆုံမှု ပြုလုပ်မှာဖြစ်ပြီး အဆိုပါ ကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ မျှော်လင့်ပါတယ်လို့ စာထုတ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီနွေမှာ ကစားသမားခေါ်ယူမှု တစ်ခုမှ မလုပ်ထားနိုင်ပဲ တရားဝင် ပြုလုပ်ထားတဲ့ အပြောင်းအရွှေ့ကတော့ ဘရာဇီး စတုတ္ထတန်းက လူငယ်တိုက်စစ်သမားကို ခေါ်ယူမှုပဲဖြစ်ပါတယ်။

Sports Home Time