ကိုပါအေမရိကျပိဳင္ပြဲအေပၚ ေ၀ဖန္ခဲ့တဲ့ မက္ဆီ နိုင္ငံပြဲ ကစားခြင့္ ပိတ္ပင္ခံရဖြယ္ ရွိလာ

[Zawgyi] အာဂ်င္တီးနား ၾကယ္ပြင့္ကစားသမား လီယြန္နယ္ မက္ဆီဟာ ကိုပါအေမရိကဖလား ျပိဳင္ပြဲက ၾကိဳတင္စီစဥ္မႈေတြ အက်င့္ပ်က္ ျခစားမႈေတြ ပါ၀င္ေနတယ္လို႔ ေ၀ဖန္မႈ ျပဳလုပ္လိုက္တာေၾကာင့္ နုိင္ငံအသင္းအတြက္ ပြဲကစားခြင့္ ၂နွစ္ထိ ပိတ္ပင္ခံရမယ့္ အေရး ရင္ဆိုင္လာရပါတယ္။ မက္ဆီက ခ်ီလီကို နုိင္ျပီး အာဂ်င္တီးနား တတိယ ရခဲ့တဲ့ ပြဲမွာလည္း ပြဲခ်ိန္ ၃၇ မိနစ္မွာတင္ အနီကတ္နဲ႕ ထုတ္ပယ္ ခံခဲ့ရပါတယ္။

အာဂ်င္တီးနားဟာ ဆီမီးဖိုင္နယ္မွာ ခက္ခဲတဲ့ အိမ္ရွင္အသင္း ဘရာဇီးကို ျပိဳင္ဘက္အျဖစ္ ရင္ဆိုင္ ရွံဳးနိမ့္ခဲ့ရကာ ဘရာဇီးကေတာ့ ဗိုလ္လုပြဲမွာ ပီရူးကို အနိုင္ယူျပီး ဗိုလ္စြဲသြားခဲ့ျပီ ျဖစ္ပါတယ္။ မက္ဆီက ဒီျပိဳင္ပြဲဟာ ဘရာဇီးအသင္း ဗိုလ္စြဲဖို႔ ၾကိဳတင္ စီစဥ္ထားတယ္လို႔ စြပ္စြဲမႈ ျပဳလုပ္ခဲ့ပါတယ္။

” သံသယကို ရွိေနရမွာ မဟုတ္ဘူး.. ျပိဳင္ပြဲ တစ္ခုလံုးက ဘရာဇီးအတြက္ စီစဥ္ထားတာၾကီးပါ။ VAR နဲ႕ ဒိုင္လူၾကီးေတြက ဗိုလ္လုပြဲမွာ ပါ၀င္ လႈပ္ရွားမႈေတြ မလုပ္ဖို႔ က်ေနာ္ ေမွ်ာ္လင့္ထားပါတယ္။ က်ေနာ္ကေတာ့ ဒီအက်င့္ပ်က္ျခစားထားတဲ့ စီစဥ္မႈၾကီးထဲ မပါ၀င္ခ်င္ခဲ့ဘူး။ ဒီ က်က္သေရကင္းမဲ့မႈၾကီးထဲ က်ေနာ္တို႔ တစိတ္တပိုင္းအျဖစ္ မပါ၀င္ခဲ့သင့္ဘူး။ ”

” က်ေနာ္တို႔ ဒီအဆင့္ထက္ ျမင့္ျမင့္ ေရာက္သင့္ခဲ့ေပမယ့္ ဗိုလ္လုပြဲ တက္ခြင့္ မရခဲ့ဘူး။ ၾကိဳတင္ၾကံစည္မႈေတြ၊ ဒိုင္လူၾကီးေတြနဲ႕ အျခား အက်င့္ပ်က္မႈေတြက လူေတြ ေဘာလံုးအားကစားအေပၚ ေက်နပ္ေပ်ာ္ရႊင္ေနမႈကေန ရပ္တန္႕ေစခဲ့တယ္။ က်ေနာ္ အျမဲ အမွန္ကိုပဲ ေျပာတာပါ။ က်ေနာ္က ရိုးသားတယ္ ဒါေၾကာင့္ တည္တည္ျငိမ္ျငိမ္ပဲ ရွိေနနိုင္တယ္။ က်ေနာ္ အခုလို ေျပာလိုက္တဲ့ ေနာက္ဆက္တြဲ အျဖစ္ အေရြ႕ တစ္ခု ျဖစ္သြားနုိင္မလား က်ေနာ္လည္း မသိဘူး.. က်ေနာ့္ ကိစၥလည္း မဟုတ္ေတာ့ဘူး။” လို႔ မက္ဆီက ထုတ္ေဖာ္ ေျပာၾကားခဲ့တာပါ။

ကိုပါအေမရိက အဖြဲ႕အစည္းဘက္ကေတာ့ မက္ဆီရဲ႕ မွတ္ခ်က္ေတြဟာ လက္မခံနိုင္စရာ ျဖစ္ေၾကာင္း ေၾကျငာခ်က္ ထုတ္ျပန္ထားျပီး ဒီလို စြပ္စြဲမႈက မ်ားစြာေသာ ေဘာလံုးသမားေတြ ပေရာ္ဖက္ရွင္နယ္ေတြအေပၚ ေလးစားမႈ မရွိျခင္း ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

ကိုပါအေမရိကရဲ စည္းမ်ဥ္းေတြမွာ ျပိဳင္ပြဲကိစၥရပ္ေတြကို ထိခိုက္ေစတဲ့ အျပဳအမူ အေျပာအဆိုေတြ ျပဳလုပ္ပါက နွစ္နွစ္အထိ ပြဲပယ္ ျပစ္ဒဏ္ ခ်မွတ္နိုင္ခြင့္ ရွိေနပါတယ္။ မက္ဆီသာ ၂နွစ္ နုိင္ငံပြဲေတြမွာ ပါ၀င္ကစားခြင့္ ရပ္ဆိုင္းခံရရင္ ၂၀၂၂ ကမၻာ့ဖလားနဲ႕ ေနာက္နွစ္ အာဂ်င္တီးနားနဲ႕ ကိုလံဘီယာမွာ က်င္းပမယ့္ ကိုပါအေမရိကဖလားကိုပါ လြဲေခ်ာ္မွာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] အာဂျင်တီးနား ကြယ်ပွင့်ကစားသမား လီယွန်နယ် မက်ဆီဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲက ကြိုတင်စီစဉ်မှုတွေ အကျင့်ပျက် ခြစားမှုတွေ ပါဝင်နေတယ်လို့ ဝေဖန်မှု ပြုလုပ်လိုက်တာကြောင့် နိုင်ငံအသင်းအတွက် ပွဲကစားခွင့် ၂နှစ်ထိ ပိတ်ပင်ခံရမယ့် အရေး ရင်ဆိုင်လာရပါတယ်။ မက်ဆီက ချီလီကို နိုင်ပြီး အာဂျင်တီးနား တတိယ ရခဲ့တဲ့ ပွဲမှာလည်း ပွဲချိန် ၃၇ မိနစ်မှာတင် အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရပါတယ်။

အာဂျင်တီးနားဟာ ဆီမီးဖိုင်နယ်မှာ ခက်ခဲတဲ့ အိမ်ရှင်အသင်း ဘရာဇီးကို ပြိုင်ဘက်အဖြစ် ရင်ဆိုင် ရှုံးနိမ့်ခဲ့ရကာ ဘရာဇီးကတော့ ဗိုလ်လုပွဲမှာ ပီရူးကို အနိုင်ယူပြီး ဗိုလ်စွဲသွားခဲ့ပြီ ဖြစ်ပါတယ်။ မက်ဆီက ဒီပြိုင်ပွဲဟာ ဘရာဇီးအသင်း ဗိုလ်စွဲဖို့ ကြိုတင် စီစဉ်ထားတယ်လို့ စွပ်စွဲမှု ပြုလုပ်ခဲ့ပါတယ်။

” သံသယကို ရှိနေရမှာ မဟုတ်ဘူး.. ပြိုင်ပွဲ တစ်ခုလုံးက ဘရာဇီးအတွက် စီစဉ်ထားတာကြီးပါ။ VAR နဲ့ ဒိုင်လူကြီးတွေက ဗိုလ်လုပွဲမှာ ပါဝင် လှုပ်ရှားမှုတွေ မလုပ်ဖို့ ကျနော် မျှော်လင့်ထားပါတယ်။ ကျနော်ကတော့ ဒီအကျင့်ပျက်ခြစားထားတဲ့ စီစဉ်မှုကြီးထဲ မပါဝင်ချင်ခဲ့ဘူး။ ဒီ ကျက်သရေကင်းမဲ့မှုကြီးထဲ ကျနော်တို့ တစိတ်တပိုင်းအဖြစ် မပါဝင်ခဲ့သင့်ဘူး။ ”

” ကျနော်တို့ ဒီအဆင့်ထက် မြင့်မြင့် ရောက်သင့်ခဲ့ပေမယ့် ဗိုလ်လုပွဲ တက်ခွင့် မရခဲ့ဘူး။ ကြိုတင်ကြံစည်မှုတွေ၊ ဒိုင်လူကြီးတွေနဲ့ အခြား အကျင့်ပျက်မှုတွေက လူတွေ ဘောလုံးအားကစားအပေါ် ကျေနပ်ပျော်ရွှင်နေမှုကနေ ရပ်တန့်စေခဲ့တယ်။ ကျနော် အမြဲ အမှန်ကိုပဲ ပြောတာပါ။ ကျနော်က ရိုးသားတယ် ဒါကြောင့် တည်တည်ငြိမ်ငြိမ်ပဲ ရှိနေနိုင်တယ်။ ကျနော် အခုလို ပြောလိုက်တဲ့ နောက်ဆက်တွဲ အဖြစ် အရွေ့ တစ်ခု ဖြစ်သွားနိုင်မလား ကျနော်လည်း မသိဘူး.. ကျနော့် ကိစ္စလည်း မဟုတ်တော့ဘူး။” လို့ မက်ဆီက ထုတ်ဖော် ပြောကြားခဲ့တာပါ။

ကိုပါအမေရိက အဖွဲ့အစည်းဘက်ကတော့ မက်ဆီရဲ့ မှတ်ချက်တွေဟာ လက်မခံနိုင်စရာ ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်ထားပြီး ဒီလို စွပ်စွဲမှုက များစွာသော ဘောလုံးသမားတွေ ပရော်ဖက်ရှင်နယ်တွေအပေါ် လေးစားမှု မရှိခြင်း ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကိုပါအမေရိကရဲ စည်းမျဉ်းတွေမှာ ပြိုင်ပွဲကိစ္စရပ်တွေကို ထိခိုက်စေတဲ့ အပြုအမူ အပြောအဆိုတွေ ပြုလုပ်ပါက နှစ်နှစ်အထိ ပွဲပယ် ပြစ်ဒဏ် ချမှတ်နိုင်ခွင့် ရှိနေပါတယ်။ မက်ဆီသာ ၂နှစ် နိုင်ငံပွဲတွေမှာ ပါဝင်ကစားခွင့် ရပ်ဆိုင်းခံရရင် ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ နောက်နှစ် အာဂျင်တီးနားနဲ့ ကိုလံဘီယာမှာ ကျင်းပမယ့် ကိုပါအမေရိကဖလားကိုပါ လွဲချော်မှာ ဖြစ်ပါတယ်။

Sports Home Time