လက္ေရြးစင္ကစားသမားဘဝက အနားယူမလားဆိုတဲ့ ေမးခြန္းကို တုန္႔ျပန္လုိက္တဲ့ မက္ဆီ

ကိုပါအေမရိကျပိဳင္ပြဲကေန ထြက္ခြာခဲ့ရတဲ့ေနာက္ အာဂ်င္တီးနား လက္ေရြးစင္ ကစားသမားအျဖစ္ကေန အနယူမလားဆိုတဲ့ ေမးခြန္းေတြကို အသင္းေခါင္းေဆာင္ မက္ဆီက တုန္႔ျပန္မႈေတြ ျပဳလုပ္ေပးလာခဲ့ျပီျဖစ္ပါတယ္။

အာဂ်င္တီးနားဟာ ကိုပါအေမရိကဖလား ဆီမီးဖိုင္နယ္မွာ အိမ္ရွင္ ဘရာဇီးအသင္းကို ၂-၀ နဲ႔ အေရးနိမ့္ခဲ့တာျဖစ္ျပီး ဘလြန္းဒီေအာ့ဆု ငါးၾကိမ္အႏုိင္ရ တိုက္စစ္သမားဟာ ေတာင္အေမရိကတိုက္ရဲ႕ အဆင့္အျမင့္ဆံုး ဖလားျပိဳင္ပြဲမွာ ပါဝင္ယွဥ္ျပိဳင္ရတဲ့ အၾကိမ္တိုင္း တစ္ၾကိမ္မွ အႏုိင္မရဖူးတဲ့ မွတ္တမ္းကို ပိုင္ဆုိင္ခဲ့ျပီျဖစ္ပါတယ္။

မက္ဆီဟာ ကစားသမားအေနနဲ႔ ေနာက္ဆံုး ပါဝင္ယွဥ္ျပိဳင္မယ့္ ျပိဳင္ပြဲၾကီးက ၂၀၂၂ ခုႏွစ္ ကာတာကမၻာဖလားျပိဳင္ပြဲျဖစ္ျပီး သူ႔အသက္က ၃၄ ႏွစ္ကို ေရာက္ရွိေနမွာျဖစ္ပါတယ္။ လက္ေရြးစင္အဆင့္မွာ စိတ္ပ်က္စရာ အေနအထားကို ထပ္မံကာ ပိုင္ဆိုင္ခဲ့တဲ့ေနာက္ ဘာစီလိုနာ တုိက္စစ္သမားက ႏုိင္ငံအသင္းနဲ႔ သံေဃာဇဥ္ျဖတ္ဖို႔ အခ်ိန္တန္ျပီးလားဆိုတဲ့ ေမးခြန္းေတြကို အခုလိုပဲ ေျဖဆိုေပးခဲ့ပါတယ္။

” တစ္ခုခုကေတာ့ အသစ္ေတြ ေပၚထြက္လာရမွာပဲ ” ဆိုျပီး မက္ဆီက အနာဂတ္မွာ လက္ေရြးစင္အသင္းကို ကိုယ္စားျပဳမယ့္ အသင္းသားေတြကိုလည္း အာဂ်င္တီးနား ပရိသတ္ေတြက အားေပးမႈေတြလုပ္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာျပပါတယ္။

” က်ေနာ္တို႔ေတြ ေဝဖန္မႈေတြထက္ ေလးစားခံရမႈေတြ ရဖို႔ ေမွ်ာ္လင့္ပါတယ္။ သူတို႔က အာဂ်င္တီးနားအသင္းကို ၾကီးထြားလာဖို႔ ခြင့္ျပဳေပးႏုိင္သင့္တယ္။ အရမ္းေကာင္းတဲ့ ကစားသမားေတြနဲ႔ က်ေနာ္ ကစားခြင့္ရခဲ့ျပီး ကူညီႏုိင္မယ္ဆိုရင္ သူတို႔ကို ကူညီသြားပါဦးမယ္။ ဒီအသင္းက အရမ္းေကာင္းတဲ့ အစုအဖြဲ႔အျဖစ္ ဖြ႔ံျဖိဳးလာေနခဲ့ျပီး က်ေနာ္ ပူးေပါင္းႏုိင္ရင္ ဆက္ျပီး ပူးေပါင္းမွာပါ ” လို႔ ေျပာပါတယ္။

မက္ဆီဟာ ၂၀၁၆ ခုႏွစ္တုန္းက ကိုပါအေမရိကျပိဳင္ပြဲ ဗိုလ္လုပြဲမွာ ပင္နယ္တီလြဲေခ်ာ္မႈနဲ႔အတူ ခ်ီလီအသင္းကို အေရးနိမ့္ခဲ့တဲ့ေနာက္ လက္ေရြးစင္ ကစားသမားဘဝကေန တစ္ၾကိမ္ အနားယူခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ၂၀၁၈ ကမၻာဖလား ျပိဳင္ပြဲဝင္ အာဂ်င္တီးနားအတြက္ ျပန္ကစားေပးခဲ့ျပီး အဲ့သည္ေနာက္ လက္ေရြးစင္ကေန အနားယူဖို႔ ဆံုးျဖတ္မႈေတြ မၾကာခဏ ျပဳလုပ္ခဲ့ေသးတာျဖစ္ပါတယ္။

Sports Home Time

[Unicode] ကိုပါအမေရိကပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့နောက် အာဂျင်တီးနား လက်ရွေးစင် ကစားသမားအဖြစ်ကနေ အနယူမလားဆိုတဲ့ မေးခွန်းတွေကို အသင်းခေါင်းဆောင် မက်ဆီက တုန့်ပြန်မှုတွေ ပြုလုပ်ပေးလာခဲ့ပြီဖြစ်ပါတယ်။

အာဂျင်တီးနားဟာ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်မှာ အိမ်ရှင် ဘရာဇီးအသင်းကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ဘလွန်းဒီအော့ဆု ငါးကြိမ်အနိုင်ရ တိုက်စစ်သမားဟာ တောင်အမေရိကတိုက်ရဲ့ အဆင့်အမြင့်ဆုံး ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရတဲ့ အကြိမ်တိုင်း တစ်ကြိမ်မှ အနိုင်မရဖူးတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။

မက်ဆီဟာ ကစားသမားအနေနဲ့ နောက်ဆုံး ပါဝင်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲကြီးက ၂၀၂၂ ခုနှစ် ကာတာကမ္ဘာဖလားပြိုင်ပွဲဖြစ်ပြီး သူ့အသက်က ၃၄ နှစ်ကို ရောက်ရှိနေမှာဖြစ်ပါတယ်။ လက်ရွေးစင်အဆင့်မှာ စိတ်ပျက်စရာ အနေအထားကို ထပ်မံကာ ပိုင်ဆိုင်ခဲ့တဲ့နောက် ဘာစီလိုနာ တိုက်စစ်သမားက နိုင်ငံအသင်းနဲ့ သံဃောဇဉ်ဖြတ်ဖို့ အချိန်တန်ပြီးလားဆိုတဲ့ မေးခွန်းတွေကို အခုလိုပဲ ဖြေဆိုပေးခဲ့ပါတယ်။

” တစ်ခုခုကတော့ အသစ်တွေ ပေါ်ထွက်လာရမှာပဲ ” ဆိုပြီး မက်ဆီက အနာဂတ်မှာ လက်ရွေးစင်အသင်းကို ကိုယ်စားပြုမယ့် အသင်းသားတွေကိုလည်း အာဂျင်တီးနား ပရိသတ်တွေက အားပေးမှုတွေလုပ်ဖို့ မျှော်လင့်ကြောင်း ပြောပြပါတယ်။

” ကျနော်တို့တွေ ဝေဖန်မှုတွေထက် လေးစားခံရမှုတွေ ရဖို့ မျှော်လင့်ပါတယ်။ သူတို့က အာဂျင်တီးနားအသင်းကို ကြီးထွားလာဖို့ ခွင့်ပြုပေးနိုင်သင့်တယ်။ အရမ်းကောင်းတဲ့ ကစားသမားတွေနဲ့ ကျနော် ကစားခွင့်ရခဲ့ပြီး ကူညီနိုင်မယ်ဆိုရင် သူတို့ကို ကူညီသွားပါဦးမယ်။ ဒီအသင်းက အရမ်းကောင်းတဲ့ အစုအဖွဲ့အဖြစ် ဖွံ့ဖြိုးလာနေခဲ့ပြီး ကျနော် ပူးပေါင်းနိုင်ရင် ဆက်ပြီး ပူးပေါင်းမှာပါ ” လို့ ပြောပါတယ်။

မက်ဆီဟာ ၂၀၁၆ ခုနှစ်တုန်းက ကိုပါအမေရိကပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်မှုနဲ့အတူ ချီလီအသင်းကို အရေးနိမ့်ခဲ့တဲ့နောက် လက်ရွေးစင် ကစားသမားဘဝကနေ တစ်ကြိမ် အနားယူခဲ့ပါတယ်။ နောက်ပိုင်းမှာ ၂၀၁၈ ကမ္ဘာဖလား ပြိုင်ပွဲဝင် အာဂျင်တီးနားအတွက် ပြန်ကစားပေးခဲ့ပြီး အဲ့သည်နောက် လက်ရွေးစင်ကနေ အနားယူဖို့ ဆုံးဖြတ်မှုတွေ မကြာခဏ ပြုလုပ်ခဲ့သေးတာဖြစ်ပါတယ်။

Sports Home Time