အယ္လီဆန္ ဘက္ကာဆိုတာ မက္ဆီေတာင္ ႏွစ္ခါ အခ်ဥ္ဖမ္းလို႔မရတဲ့ ဂိုးသမားပါ

ကိုပါအေမရိကဖလား ဆီမီးဖိုင္နယ္မွာ ဘရာဇီးအသင္း ဗိုလ္လုပြဲကို တက္ေရာက္သြားျပီး အာဂ်င္တီးနားအသင္း ထြက္ခြာသြားရတဲ့ေနာက္ ဘရာဇီးနဲ႔ စပိန္အေျခစိုက္ သတင္းဌာနေတြက အယ္လီဆန္နဲ႔ မက္ဆီၾကား ျပိဳင္ဆိုင္မႈေတြကို ေထာက္ျပမႈေတြ ရွိလာခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္မွာ မက္ဆီဟာ အယ္လီဆန္ကို ေက်ာ္ျဖတ္ျပီး ၂၅ ကိုက္အကြာကေန တည္ကန္ေဘာကို ဂိုးရယူမႈက ၂၀၁၈-၂၀၁၉ ေဘာလံုးရာသီ အေကာင္းဆံုးေသာ ခ်န္ပီယံလိဂ္သြင္းဂိုးထဲက တစ္ဂိုးအျဖစ္ ပါဝင္ခဲ့ပါေသးတယ္။ အဆိုပါ သြင္းဂိုးဟာ မက္ဆီရဲ႕ ကစားသမားဘဝ သြင္းဂိုး ၆၀၀ ျပည့္ အမွတ္တရဂိုးလည္း ျဖစ္ခဲ့ေသးတာပါ။

ကိုပါအေမရိက ဆီမီးဖိုင္နယ္မွာ မက္ဆီက တူညီတဲ့ အေနအထားနဲ႔ တည္ကန္ေဘာ ရခဲ့ေပမယ့္ ဒီတစ္ၾကိမ္မွာေတာ့ အယ္လီဆန္က ကာကြယ္သြားႏုိင္ခဲ့ပါတယ္။ ဘရာဇီးရဲ႕ ၁-၀ ဦးေဆာင္ထားမႈကို အေျပာင္းအလဲ ျဖစ္ေစႏုိင္တဲ့ အဆိုပါ တည္ကန္ေဘာကို အေကာင္းဆံုး ကာကြယ္ႏုိင္ခဲ့တဲ့ေနာက္ ဘရာဇီး ပရိသတ္ေတြက အယ္လီဆန္ ဘက္ကာဆိုတာ မက္ဆီေတာင္ ႏွစ္ခါ အခ်ဥ္ဖမ္းလို႔မရတဲ့ ဂိုးသမားဆိုျပီး မွတ္ခ်က္ေပးမႈေတြ လုပ္ခဲ့ၾကတာျဖစ္တယ္။

အသက္ ၃၂ ႏွစ္အရြယ္ အာဂ်င္တီးနား အသင္းေခါင္းေဆာင္ဟာ အယ္လီဆန္နဲ႔ ေနာက္ဆံုး ႏွစ္ႏွစ္အတြင္း ကလပ္နဲ႔ ႏုိင္ငံအသင္းအတြက္ အဓိက ဆုဖလားျပိဳင္ပြဲေတြမွာ သံုးၾကိမ္ ေတြ႔ဆံုထားခဲ့ဖူးျပီး သံုးၾကိမ္လံုး ဆီမီးအဆင့္ကို မေက်ာ္ႏုိင္ခဲ့ပဲ အရံွဴးနဲ႔ လွည့္ျပန္ခဲ့ရတာျဖစ္တယ္။

ဘရာဇီးမီဒီယာေတြကေတာ့ ဒီရာသီ ကလပ္နဲ႔ လက္ေရြးစင္အသင္းအတြက္ clean sheet ၃၉ ပြဲ ရယူထားတဲ့ အယ္လီဆန္ဟာ ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္၊ ကိုပါအေမရိကျပိဳင္ပြဲေတြမွာ ေရႊလက္အိတ္ဆု ရယူႏုိင္ခဲ့သူျဖစ္လို႔ ၂၀၁၉ ခုႏွစ္ရဲ႕ Ballon d’Or ဆု ထိပ္ဆံုး ငါးဦးစာရင္းထဲမွာ ပါဝင္ခြင့္ရသင့္တယ္လို႔ ေဖာ္ျပေနခဲ့ၾကတယ္။ အယ္လီဆန္ဟာ ဗိုလ္လုပြဲ မပါဝင္ပါပဲ ကိုပါအေမရိကဖလားမွာ ေရႊလက္အိတ္ဆုရဖို႔ ေသခ်ာေနခဲ့ျပီလို႔လည္း သိရပါတယ္။

၂၀၁၈ ေႏြအေျပာင္းအေရႊ႔မွာ ရိုးမားကေန လီဗာပူးကို ေပါင္ ၆၅ သန္းနဲ႔ ေျပာင္းေရႊ႔ခဲ့တဲ့ေနာက္ ဥေရာပ ေဘာလံုးေလာကမွာ လူသိမ်ားလာတဲ့ အယ္လီဆန္ဟာ လက္ေရြးစင္အသင္းမွာေတာ့ အထင္ၾကီးျခင္း ခံရတဲ့ ဂိုးသမားျဖစ္ျပီး မန္စီးတီးဂိုးသမား အီဒါဆန္၊ ဝါရင့္ဂိုးသမားၾကီး ကာဆီယိုတို႔ကို ေက်ာ္လြန္ျပီး နံပါတ္တစ္ ဂိုးသမားအျဖစ္ ပြဲထြက္ခြင့္ေတြ ရေနတာျဖစ္တယ္။

Sports Home Time

[Unicode] ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်မှာ ဘရာဇီးအသင်း ဗိုလ်လုပွဲကို တက်ရောက်သွားပြီး အာဂျင်တီးနားအသင်း ထွက်ခွာသွားရတဲ့နောက် ဘရာဇီးနဲ့ စပိန်အခြေစိုက် သတင်းဌာနတွေက အယ်လီဆန်နဲ့ မက်ဆီကြား ပြိုင်ဆိုင်မှုတွေကို ထောက်ပြမှုတွေ ရှိလာခဲ့ပါတယ်။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ မက်ဆီဟာ အယ်လီဆန်ကို ကျော်ဖြတ်ပြီး ၂၅ ကိုက်အကွာကနေ တည်ကန်ဘောကို ဂိုးရယူမှုက ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ အကောင်းဆုံးသော ချန်ပီယံလိဂ်သွင်းဂိုးထဲက တစ်ဂိုးအဖြစ် ပါဝင်ခဲ့ပါသေးတယ်။ အဆိုပါ သွင်းဂိုးဟာ မက်ဆီရဲ့ ကစားသမားဘဝ သွင်းဂိုး ၆၀၀ ပြည့် အမှတ်တရဂိုးလည်း ဖြစ်ခဲ့သေးတာပါ။

ကိုပါအမေရိက ဆီမီးဖိုင်နယ်မှာ မက်ဆီက တူညီတဲ့ အနေအထားနဲ့ တည်ကန်ဘော ရခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အယ်လီဆန်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဘရာဇီးရဲ့ ၁-၀ ဦးဆောင်ထားမှုကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ အဆိုပါ တည်ကန်ဘောကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့တဲ့နောက် ဘရာဇီး ပရိသတ်တွေက အယ်လီဆန် ဘက်ကာဆိုတာ မက်ဆီတောင် နှစ်ခါ အချဉ်ဖမ်းလို့မရတဲ့ ဂိုးသမားဆိုပြီး မှတ်ချက်ပေးမှုတွေ လုပ်ခဲ့ကြတာဖြစ်တယ်။

အသက် ၃၂ နှစ်အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ အယ်လီဆန်နဲ့ နောက်ဆုံး နှစ်နှစ်အတွင်း ကလပ်နဲ့ နိုင်ငံအသင်းအတွက် အဓိက ဆုဖလားပြိုင်ပွဲတွေမှာ သုံးကြိမ် တွေ့ဆုံထားခဲ့ဖူးပြီး သုံးကြိမ်လုံး ဆီမီးအဆင့်ကို မကျော်နိုင်ခဲ့ပဲ အရံှူးနဲ့ လှည့်ပြန်ခဲ့ရတာဖြစ်တယ်။

ဘရာဇီးမီဒီယာတွေကတော့ ဒီရာသီ ကလပ်နဲ့ လက်ရွေးစင်အသင်းအတွက် clean sheet ၃၉ ပွဲ ရယူထားတဲ့ အယ်လီဆန်ဟာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ ကိုပါအမေရိကပြိုင်ပွဲတွေမှာ ရွှေလက်အိတ်ဆု ရယူနိုင်ခဲ့သူဖြစ်လို့ ၂၀၁၉ ခုနှစ်ရဲ့ Ballon d’Or ဆု ထိပ်ဆုံး ငါးဦးစာရင်းထဲမှာ ပါဝင်ခွင့်ရသင့်တယ်လို့ ဖော်ပြနေခဲ့ကြတယ်။ အယ်လီဆန်ဟာ ဗိုလ်လုပွဲ မပါဝင်ပါပဲ ကိုပါအမေရိကဖလားမှာ ရွှေလက်အိတ်ဆုရဖို့ သေချာနေခဲ့ပြီလို့လည်း သိရပါတယ်။

၂၀၁၈ နွေအပြောင်းအရွှေ့မှာ ရိုးမားကနေ လီဗာပူးကို ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့နောက် ဥရောပ ဘောလုံးလောကမှာ လူသိများလာတဲ့ အယ်လီဆန်ဟာ လက်ရွေးစင်အသင်းမှာတော့ အထင်ကြီးခြင်း ခံရတဲ့ ဂိုးသမားဖြစ်ပြီး မန်စီးတီးဂိုးသမား အီဒါဆန်၊ ဝါရင့်ဂိုးသမားကြီး ကာဆီယိုတို့ကို ကျော်လွန်ပြီး နံပါတ်တစ် ဂိုးသမားအဖြစ် ပွဲထွက်ခွင့်တွေ ရနေတာဖြစ်တယ်။

Sports Home Time