အာဂ်င္တီးနားကို ဂိုးျပတ္အႏိုင္ရျပီးေနာက္ ဘရာဇီးဆိုတာ ဒီလိုအသင္းပဲလို႔ ေၾကြးေၾကာ္တဲ့ ဂ်ီးဆု

မန္စီးတီးအသင္းတိုက္စစ္မွဴး ဂ်ီးဆုကေတာ့ ခ်ိန္သားကိုက္ သြင္းဂိုးနဲ႔အတူ လက္ေရြးစင္အသင္း ကိုပါအေမရိက ဗိုလ္လုပြဲ ေရာက္ရွိေစဖို႔ တစ္ဘက္တစ္လွမ္းက ကူညီေပးႏုိင္ခဲ့ျပီျဖစ္ပါတယ္။

ကိုပါအေမရိက ျပိဳင္ပြဲမွာ ေတာက္ပတဲ့ တိုက္စစ္သမားဆိုတာ ျပသဖို႔ ရုန္းကန္ေနရတဲ့ ဂ်ီးဆုဟာ ဆီမီးဖိုင္နယ္ပြဲအျဖစ္ ရင္ဆိုင္ကစားရတဲ့ အာဂ်င္တီးနားနဲ႔ပြဲမွာ ဖာမင္ႏိုရဲ႕ ဖန္တီးေပးမႈကေန သြင္းဂိုး တစ္ဂိုး ရယူခဲ့သလို လီဗာပူး တိုက္စစ္သမားအတြက္လည္း ဂိုးဖန္တီးမႈ တစ္ၾကိမ္ ျပဳလုပ္ေပးႏုိင္ခဲ့တယ္။

မန္စီးတီးတိုက္စစ္သမား ဂ်ီးဆုဟာ အိမ္ကြင္းပရိသတ္ေတြေရွ႔ ကစားရတဲ့ လက္ေရြးစင္ပြဲ ေလးပြဲမွာ သြင္းဂိုးရဖို႔ ရုန္းကန္ေနရခဲ့ရေပမယ့္ အလိုအပ္ဆံုး အခ်ိန္မွာေတာ့ သြင္းဂိုး ရယူႏုိင္ခဲ့တာ ျဖစ္ပါတယ္။

ဂ်ီးဆုက ေျပာရာမွာ ” က်ေနာ္ ေျပာဖို႔ရာ စကားေတာင္မွ မရွိေတာ့ပါဘူး။ က်ေနာ္ ေကာင္းေကာင္း ေျခစြမ္းမျပႏုိင္ရင္ေတာင္မွ ပြဲတိုင္းက အေရးၾကီးတယ္လို႔ စဥ္းစားခဲ့တယ္။ ဘာလို႔လည္းဆိုေတာ့ အဲ့သည္ပြဲေတြကေန သင္ခန္းစားေတြ ရတတ္ပါတယ္။ ဒီေန႔ေတာ့ ဂိုးသြင္းမယ္လို႔ ဆံုးျဖတ္ခဲ့ျပီး ေဘာလံုး စကန္ကတည္းက ယံုၾကည္မႈ ရွိေနခဲ့တယ္။

အခြင့္အေရးေတြ က်ေနာ္ လြဲခဲ့ပါတယ္။ အဲ့သည္ေနာက္ ဂိုးရေအာင္ သြင္းယူႏုိင္ခဲ့တယ္။ ဖာမင္ႏိုကလည္း က်ေနာ္ ဂိုးသြင္းႏုိင္ဖို႔ ကူညီေပးခဲ့တယ္။ အဲ့တာက က်ေနာ္ကို ယံုၾကည္မႈ ေပးပါတယ္ ” လို႔ ျဖစ္ပါတယ္။

ဘရာဇီးဟာ ကိုပါအေမရိကဖလား ဗိုလ္လုပြဲမွာေတာ့ ခ်ီလီနဲ႔ ပီရူးအသင္းေတြထဲက အႏုိင္ရတဲ့အသင္းနဲ႔ ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။ ငယ္ငယ္ရြယ္ရြယ္နဲ႔တင္ ဘရာဇီးအသင္းရဲ႕ အဓိက ကစားသမားတစ္ဦး ျဖစ္လာခဲ့သူ ဂ်ီးဆုဟာ ၂၀၁၆ ခုႏွစ္တုန္းက အီေကြေဒါကို ရင္ဆုိင္ကစားစဥ္ သြင္းယူခဲ့တဲ့ သြင္းဂိုး ႏွစ္ဂိုးအပါအဝင္ ဒီကေန႔မွာ ဘရာဇီးအတြက္ သြင္းဂိုး ၁၇ ဂိုးထိ သြင္းယူထားႏုိင္ခဲ့ျပီ ျဖစ္ပါတယ္။

ဂ်ီးဆုကပဲ ” ဂိုးအတြက္ေၾကာင့္တင္ မဟုတ္ပါဘူး။ အသင္းရဲ႕ စြမ္းေဆာင္ရည္ကိုလည္း ေက်နပ္မိပါတယ္။ က်ေန္ာတို႔ ကစားတဲ့ ပြဲနဲ႔ပက္သက္ျပီး အားလံုးက ေက်နပ္သင့္ပါတယ္။ ဒါက ဘရာဇီးပါ။ ကစားရမယ့္ ပြဲတိုင္းကို တူညီတဲ့ စိတ္ဓါတ္နဲ႔ ကစားရပါမယ္။ ဒါကပဲ က်ေန္ာတုိ႔ရဲ႕ ရည္မွန္းခ်က္ကို ျပည့္ဝေစပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ဘရာဇီးဟာ ကိုပါအေမရိကကို ၂၀၀၇ ခုႏွစ္တုန္းက ေနာက္ဆံုး အႏုိင္ရခဲ့တာျဖစ္ျပီး ဒီတစ္ၾကိမ္မွာလည္း ဗိုလ္ဆြဲဖို႔ ေရပန္းစားေနခဲ့ျပီ ျဖစ္ပါတယ္။

Sports Home Time

[Unicode] မန်စီးတီးအသင်းတိုက်စစ်မှူး ဂျီးဆုကတော့ ချိန်သားကိုက် သွင်းဂိုးနဲ့အတူ လက်ရွေးစင်အသင်း ကိုပါအမေရိက ဗိုလ်လုပွဲ ရောက်ရှိစေဖို့ တစ်ဘက်တစ်လှမ်းက ကူညီပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ကိုပါအမေရိက ပြိုင်ပွဲမှာ တောက်ပတဲ့ တိုက်စစ်သမားဆိုတာ ပြသဖို့ ရုန်းကန်နေရတဲ့ ဂျီးဆုဟာ ဆီမီးဖိုင်နယ်ပွဲအဖြစ် ရင်ဆိုင်ကစားရတဲ့ အာဂျင်တီးနားနဲ့ပွဲမှာ ဖာမင်နိုရဲ့ ဖန်တီးပေးမှုကနေ သွင်းဂိုး တစ်ဂိုး ရယူခဲ့သလို လီဗာပူး တိုက်စစ်သမားအတွက်လည်း ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တယ်။

မန်စီးတီးတိုက်စစ်သမား ဂျီးဆုဟာ အိမ်ကွင်းပရိသတ်တွေရှေ့ ကစားရတဲ့ လက်ရွေးစင်ပွဲ လေးပွဲမှာ သွင်းဂိုးရဖို့ ရုန်းကန်နေရခဲ့ရပေမယ့် အလိုအပ်ဆုံး အချိန်မှာတော့ သွင်းဂိုး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂျီးဆုက ပြောရာမှာ ” ကျနော် ပြောဖို့ရာ စကားတောင်မှ မရှိတော့ပါဘူး။ ကျနော် ကောင်းကောင်း ခြေစွမ်းမပြနိုင်ရင်တောင်မှ ပွဲတိုင်းက အရေးကြီးတယ်လို့ စဉ်းစားခဲ့တယ်။ ဘာလို့လည်းဆိုတော့ အဲ့သည်ပွဲတွေကနေ သင်ခန်းစားတွေ ရတတ်ပါတယ်။ ဒီနေ့တော့ ဂိုးသွင်းမယ်လို့ ဆုံးဖြတ်ခဲ့ပြီး ဘောလုံး စကန်ကတည်းက ယုံကြည်မှု ရှိနေခဲ့တယ်။

အခွင့်အရေးတွေ ကျနော် လွဲခဲ့ပါတယ်။ အဲ့သည်နောက် ဂိုးရအောင် သွင်းယူနိုင်ခဲ့တယ်။ ဖာမင်နိုကလည်း ကျနော် ဂိုးသွင်းနိုင်ဖို့ ကူညီပေးခဲ့တယ်။ အဲ့တာက ကျနော်ကို ယုံကြည်မှု ပေးပါတယ် ” လို့ ဖြစ်ပါတယ်။

ဘရာဇီးဟာ ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာတော့ ချီလီနဲ့ ပီရူးအသင်းတွေထဲက အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့တင် ဘရာဇီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့သူ ဂျီးဆုဟာ ၂၀၁၆ ခုနှစ်တုန်းက အီကွေဒေါကို ရင်ဆိုင်ကစားစဉ် သွင်းယူခဲ့တဲ့ သွင်းဂိုး နှစ်ဂိုးအပါအဝင် ဒီကနေ့မှာ ဘရာဇီးအတွက် သွင်းဂိုး ၁၇ ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဂျီးဆုကပဲ ” ဂိုးအတွက်ကြောင့်တင် မဟုတ်ပါဘူး။ အသင်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျေနပ်မိပါတယ်။ ကျနေ်ာတို့ ကစားတဲ့ ပွဲနဲ့ပက်သက်ပြီး အားလုံးက ကျေနပ်သင့်ပါတယ်။ ဒါက ဘရာဇီးပါ။ ကစားရမယ့် ပွဲတိုင်းကို တူညီတဲ့ စိတ်ဓါတ်နဲ့ ကစားရပါမယ်။ ဒါကပဲ ကျနေ်ာတို့ရဲ့ ရည်မှန်းချက်ကို ပြည့်ဝစေပါလိမ့်မယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးဟာ ကိုပါအမေရိကကို ၂၀၀၇ ခုနှစ်တုန်းက နောက်ဆုံး အနိုင်ရခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း ဗိုလ်ဆွဲဖို့ ရေပန်းစားနေခဲ့ပြီ ဖြစ်ပါတယ်။

Sports Home Time