Player Scout | အာဆင္နယ္ တိုက္စစ္မွဴးသစ္ မာတီနယ္လီ အေၾကာင္း တေစ့တေစာင္း

[Zawgyi] အူႏိုင္းအမ္မရီဟာ မႏွစ္က အမ္းမရိတ္စ္ကို စတင္ ေရာက္ရွိခဲ့ခ်ိန္မွာ သူ စတင္ခဲ့တဲ့ အသင္း ျပန္လည္တည္ေဆာက္ေရးကို ဆက္လုပ္ဖို႔ စိတ္အားထက္သန္ေနတာနဲ႔အတူ အာဆင္နယ္မွာ ေနာက္ထပ္ အလုပ္မ်ားတဲ့ ေႏြရာသီ ျဖစ္လာဖို႔ ရွိေနပါတယ္။

ဝယ္မယ့္သူရွိရင္ အမ္မရီရဲ႕ လက္ရွိ အသင္းသား မ်ားစြာကို ေရာင္းထုတ္ဖို႔ ရွိေနသလို ေျမာက္လန္ဒန္ အသင္းထံ ကစားသမားသစ္ေတြ ေရာက္လာဖို႔ ေမွ်ာ္လင့္ရပါတယ္။ ရမ္ေဆးဟာ အလြတ္ ေျပာင္းေ႐ႊ႕ေၾကး နဲ႔ ဂ်ဴဗင္တပ္ထံ ေျပာင္းဖို႔ ေၾကညာခဲ့ၿပီးျဖစ္ၿပီး မီခီတာရန္၊ အယ္နီနီ၊ ဂ်န္ကင္ဆန္၊ ဝဲဘက္နဲ႔ လစ္ခ်္စတိန္နာတို႔ အားလုံးလဲ ထြက္ခြာႏိုင္ေျခ ရွိပါတယ္။

အမ္မရီက ေတာင္ပံတစ္ေယာက္၊ ဘယ္ေနာက္ခံလူ တစ္ေယာက္ ၊ ဗဟိုကြင္းလယ္ တစ္ေယာက္နဲ႔ ရမ္ေဆးအတြက္ အစားထိုးဖို႔ သူေတြ ရွာေဖြေနတာနဲ႔အတူ ထြက္ခြာမယ့္သူေတြထက္ ေရာက္လာမယ့္ သူေတြကို လူအမ်ားက စိတ္ဝင္စားေနၾကတာပါ။

အာဆင္နယ္က Ituano FC နဲ႔ စာခ်ဳပ္သေဘာတူညီမႈ ရခဲ့ၿပီးေနာက္ ေရာက္လာဖို႔ ေသခ်ာတဲ့ ကစားသမား တစ္ေယာက္က ဘရာဇီး ဆယ္ေက်ာ္သက္ ဂါဘရီရယ္ မာတီနယ္လီ ျဖစ္ပါတယ္။ ဇြန္လမွာ အသက္ ၁၈ ျပည့္ေတာ့မယ္ မာတီနယ္လီ အတြက္ ဂန္းနားေတြက ေပါင္ ၆သန္းဝ န္းက်င္ ေပးေခ်ရမွာ ျဖစ္ပါတယ္။

ဂါဘရီရယ္ မာတီနယ္လီဆိုတာ ဘယ္သူလဲ

၂၀၁၅ မွာ ကိုရင္သီယန္ ဖူဆယ္ကလပ္ကေန Ituano အသင္းကို ပထမဆုံး ေျပာင္းေ႐ႊ႕ခဲ့တဲ့ မာတီနယ္လီ ဟာ ၂၀၁၈ မတ္လမွာ စီနီယာ ပြဲဦးထြက္ ကစားခဲ့ရပါတယ္။ Taboao de Sarra နဲ႔ ပြဲမွာ လူစားဝင္ကစားၿပီး ၁၆ႏွစ္နဲ႔ ကိုးလသာ ရွိေသးတဲ့ သူက အဲ့တုန္းက ကလပ္ရဲ႕ အသက္အငယ္ဆုံး ပြဲဦးထြက္ ကစားသူ ျဖစ္ခဲ့ပါတယ္။

စက္တင္ဘာ ၂၀၁၈ Taboao အသင္းနဲ႔ပဲ ပထမဆုံး စီနီယာ ဂိုးကို ရရွိခဲ့ၿပီး ဆာပိုလို ျပည္နယ္ ခ်န္ပီယံရွစ္ ၂၀၁၉ မတိုင္ခင္ စီနီယာ အသင္းမွာ အၿမဲတမ္း ကစားခြင့္ ရခဲ့တာပါ။ Ithaca က ကြာတားဖိုင္နယ္ ေရာက္ခဲ့ၿပီး မာတီနယ္လီကလဲ ေျခာက္ဂိုးသြင္းကာ ကလပ္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ ျဖစ္ခဲ့ပါတယ္။

ၿပိဳင္ပြဲအၿပီးမွာ သူက အေကာင္းဆုံး လူသစ္ကစားသမား၊ ေဒသရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမား ျဖစ္ခဲ့ၿပီး တစ္ႏွစ္တာ အေကာင္းဆုံး အသင္းမွာလဲ ပါဝင္ခဲ့ပါတယ္။

အာဆင္နယ္က သူ႔ကို လိုခ်င္ခဲ့တာ ဘယ္ေလာက္ၾကာၿပီလဲ

အာဆင္နယ္ဟာ သူ႔ရဲ႕ အေသးစိတ္ အခ်က္အလက္ေတြကို စုေဆာင္းခဲ့ၿပီး လြန္ခဲ့တဲ့ လမ်ားစြာထဲက သူ႔ကို ကင္းေထာက္ေနခဲ့တာပါ။ ယူႏိုက္တက္၊ ရီးရဲလ္နဲ႔ ဘာစီလိုနာ တို႔က သူ႔ကို ေစာင့္ၾကည့္ခဲ့တာ ျဖစ္သလို ဘာစီလိုနာဆိုရင္ စပိန္မွာ သူတို႔နဲ႔ တစ္ခါတစ္ေလ ေလ့က်င့္ေရး လာဆင္းဖို႔ လူငယ္ တိုက္စစ္ ကစားသမားကို ဖိတ္ေခၚခဲ့တာပါ။

“ဒါက ေဘာလုံးေလာကမွာ က်ေနာ္ႀကဳံခဲ့ရတဲ့ အေကာင္းဆုံး အေတြ႕အႀကဳံ တစ္ခု ျဖစ္ခဲ့တယ္။ ကမာၻ႔ အႀကီးဆုံး ကလပ္ ျဖစ္တဲ့အျပင္ သူတို႔ရဲ႕ ေလ့က်င့္မႈ အဆင့္အတန္းက အရမ္းျမင့္မားၿပီး အဲ့ဒါက က်ေနာ့္ကို အမ်ားႀကီး တိုးတက္ေစခဲ့တယ္။ ” လို႔ မာတီနယ္လီက ဆိုခဲ့ပါတယ္။

ဒီအေျပာင္းအေ႐ႊ႕ ေနာက္ကြယ္မွာ ႏိုင္ငံတကာ ကစားသမားသစ္ ေခၚယူမႈ ေခါင္းေဆာင္ Francis Cagigao ရွိေနတာနဲ႔အတူ အာဆင္နယ္ က မာတီနယ္လီဟာ ထိပ္တန္းကစားသမား ျဖစ္ဖို႔ အလားအလာ ရွိတယ္လို႔ ယုံၾကည္ေနတာပါ။ အေျပာင္းအေ႐ႊ အၿပီးမသတ္ခင္ Cagigaoက ဘရာဇီးကို သြားခဲ့ၿပီး လူငယ္ကစားသမားရဲ႕ ပြဲေတြကို ေစာင့္ၾကည့္ခဲ့တာ ျဖစ္ပါတယ္။

သူ႔ရဲ႕ အားသာခ်က္ေတြ

သူက ဗဟိုတိုက္စစ္အေနနဲ႔ေတာင္ ေရွ႕တန္းေနရာအစုံမွာ ကစားႏိူင္တဲ့ လွ်င္ျမန္တဲ့ တိုက္စစ္ ကစားသမားပါ။ ဒါေပမယ့္ သူ႔အႀကိဳက္ေနရာက ဘယ္ေတာင္ပံ ျဖစ္ပါတယ္။

မွတ္တမ္းေတြအရ သူက ဂိုးအတြက္ အျမင္ရွိသူ ျဖစ္ၿပီး သူ႔ရဲ႕ တည္ၿငိမ္မႈေတြက အာဆင္နယ္ကို အထင္ႀကီးေစခဲ့တာပါ။ သူဟာ အာဆင္နယ္ မွာ ရွားပါးေနတဲ့ ေဘာလုံးသယ္ေဆာင္သူ ျဖစ္ပါတယ္။ ကြင္းထဲက အေျခအေနကို ေျပာင္းလဲေပးႏိုင္တဲ့ အထင္ႀကီးေလာက္စရာ စြမ္းရည္နဲ႔အတူ သူ႔ရဲ႕ အရည္အေသြး အဆင့္အတန္းက အာဆင္နယ္ကို မ်က္စိက်ေစခဲ့တာပါ။

ထင္ျမင္ခ်က္

မာတီနယ္လီမွာ ထိပ္တန္းျဖစ္ေစမယ့္ အရာ ရွိတယ္လို႔ အာဆင္နယ္က ယုံၾကည္ေနၿပီး သူ႔ အေျပာင္း အေ႐ႊ႕ အတြက္ အမ္းမရိတ္စ္မွာ အေတာ္ေလး စိတ္လႈပ္ရွားေနမွာပါ။ သူဟာ ေႏြရာသီမွာ စီနီယာ အသင္းနဲ႔ ေလ့က်င့္ဖို႔ အခြင့္အေရး ရမွာျဖစ္ေပမယ့္ အေမရိကန္ ရာသီႀကိဳခရီးကို ပါရမလား မပါရ ဘူးလား ဆိုတာကေတာ့ သူဘယ္လို ေနသားက်မလဲ၊ လန္ဒန္မွာ အထင္ႀကီးေလာက္စရာ ရွိလား ဆိုတဲ့အေပၚ မူတည္ပါတယ္။

မႏွစ္က အမ္မရီ လက္ေအာက္မွာ ပရီးမီးယားလိဂ္ ကစားခြင့္ ရရွိခဲ့ၿပီး ထူးျခားတဲ့ ပါရမီရွင္ ေနာက္ တစ္ေယာက္ ျဖစ္တဲ့ ယူ၂၃က ဘူကာယို ဆာကာတို႔လို ကစားသမားေတြနဲ႔ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူ႔အေနနဲ႔ ေျမာက္လန္ဒန္မွာ ခ်က္ခ်င္း အထင္ႀကီးစရာ ျဖစ္ေအာင္ လုပ္ျပခ်င္ရင္ ႀကိဳးစားဖို႔ လိုအပ္ပါလိမ့္မယ္။

Sports Home Time

[Unicode] အူနိုင်းအမ်မရီဟာ မနှစ်က အမ်းမရိတ်စ်ကို စတင် ရောက်ရှိခဲ့ချိန်မှာ သူ စတင်ခဲ့တဲ့ အသင်း ပြန်လည်တည်ဆောက်ရေးကို ဆက်လုပ်ဖို့ စိတ်အားထက်သန်နေတာနဲ့အတူ အာဆင်နယ်မှာ နောက်ထပ် အလုပ်များတဲ့ နွေရာသီ ဖြစ်လာဖို့ ရှိနေပါတယ်။

ဝယ်မယ့်သူရှိရင် အမ်မရီရဲ့ လက်ရှိ အသင်းသား များစွာကို ရောင်းထုတ်ဖို့ ရှိနေသလို မြောက်လန်ဒန် အသင်းထံ ကစားသမားသစ်တွေ ရောက်လာဖို့ မျှော်လင့်ရပါတယ်။ ရမ်ဆေးဟာ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ဂျူဗင်တပ်ထံ ပြောင်းဖို့ ကြေညာခဲ့ပြီးဖြစ်ပြီး မီခီတာရန်၊ အယ်နီနီ၊ ဂျန်ကင်ဆန်၊ ဝဲဘက်နဲ့ လစ်ချ်စတိန်နာတို့ အားလုံးလဲ ထွက်ခွာနိုင်ခြေ ရှိပါတယ်။

အမ်မရီက တောင်ပံတစ်ယောက်၊ ဘယ်နောက်ခံလူ တစ်ယောက် ၊ ဗဟိုကွင်းလယ် တစ်ယောက်နဲ့ ရမ်ဆေးအတွက် အစားထိုးဖို့ သူတွေ ရှာဖွေနေတာနဲ့အတူ ထွက်ခွာမယ့်သူတွေထက် ရောက်လာမယ့် သူတွေကို လူအများက စိတ်ဝင်စားနေကြတာပါ။

အာဆင်နယ်က Ituano FC နဲ့ စာချုပ်သဘောတူညီမှု ရခဲ့ပြီးနောက် ရောက်လာဖို့ သေချာတဲ့ ကစားသမား တစ်ယောက်က ဘရာဇီး ဆယ်ကျော်သက် ဂါဘရီရယ် မာတီနယ်လီ ဖြစ်ပါတယ်။ ဇွန်လမှာ အသက် ၁၈ ပြည့်တော့မယ် မာတီနယ်လီ အတွက် ဂန်းနားတွေက ပေါင် ၆သန်းဝ န်းကျင် ပေးချေရမှာ ဖြစ်ပါတယ်။

ဂါဘရီရယ် မာတီနယ်လီဆိုတာ ဘယ်သူလဲ

၂၀၁၅ မှာ ကိုရင်သီယန် ဖူဆယ်ကလပ်ကနေ Ituano အသင်းကို ပထမဆုံး ပြောင်းရွှေ့ခဲ့တဲ့ မာတီနယ်လီ ဟာ ၂၀၁၈ မတ်လမှာ စီနီယာ ပွဲဦးထွက် ကစားခဲ့ရပါတယ်။ Taboao de Sarra နဲ့ ပွဲမှာ လူစားဝင်ကစားပြီး ၁၆နှစ်နဲ့ ကိုးလသာ ရှိသေးတဲ့ သူက အဲ့တုန်းက ကလပ်ရဲ့ အသက်အငယ်ဆုံး ပွဲဦးထွက် ကစားသူ ဖြစ်ခဲ့ပါတယ်။

စက်တင်ဘာ ၂၀၁၈ Taboao အသင်းနဲ့ပဲ ပထမဆုံး စီနီယာ ဂိုးကို ရရှိခဲ့ပြီး ဆာပိုလို ပြည်နယ် ချန်ပီယံရှစ် ၂၀၁၉ မတိုင်ခင် စီနီယာ အသင်းမှာ အမြဲတမ်း ကစားခွင့် ရခဲ့တာပါ။ Ithaca က ကွာတားဖိုင်နယ် ရောက်ခဲ့ပြီး မာတီနယ်လီကလဲ ခြောက်ဂိုးသွင်းကာ ကလပ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲအပြီးမှာ သူက အကောင်းဆုံး လူသစ်ကစားသမား၊ ဒေသရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံး အသင်းမှာလဲ ပါဝင်ခဲ့ပါတယ်။

အာဆင်နယ်က သူ့ကို လိုချင်ခဲ့တာ ဘယ်လောက်ကြာပြီလဲ

အာဆင်နယ်ဟာ သူ့ရဲ့ အသေးစိတ် အချက်အလက်တွေကို စုဆောင်းခဲ့ပြီး လွန်ခဲ့တဲ့ လများစွာထဲက သူ့ကို ကင်းထောက်နေခဲ့တာပါ။ ယူနိုက်တက်၊ ရီးရဲလ်နဲ့ ဘာစီလိုနာ တို့က သူ့ကို စောင့်ကြည့်ခဲ့တာ ဖြစ်သလို ဘာစီလိုနာဆိုရင် စပိန်မှာ သူတို့နဲ့ တစ်ခါတစ်လေ လေ့ကျင့်ရေး လာဆင်းဖို့ လူငယ် တိုက်စစ် ကစားသမားကို ဖိတ်ခေါ်ခဲ့တာပါ။

“ဒါက ဘောလုံးလောကမှာ ကျနော်ကြုံခဲ့ရတဲ့ အကောင်းဆုံး အတွေ့အကြုံ တစ်ခု ဖြစ်ခဲ့တယ်။ ကမ္ဘာ့ အကြီးဆုံး ကလပ် ဖြစ်တဲ့အပြင် သူတို့ရဲ့ လေ့ကျင့်မှု အဆင့်အတန်းက အရမ်းမြင့်မားပြီး အဲ့ဒါက ကျနော့်ကို အများကြီး တိုးတက်စေခဲ့တယ်။ ” လို့ မာတီနယ်လီက ဆိုခဲ့ပါတယ်။

ဒီအပြောင်းအရွှေ့ နောက်ကွယ်မှာ နိုင်ငံတကာ ကစားသမားသစ် ခေါ်ယူမှု ခေါင်းဆောင် Francis Cagigao ရှိနေတာနဲ့အတူ အာဆင်နယ် က မာတီနယ်လီဟာ ထိပ်တန်းကစားသမား ဖြစ်ဖို့ အလားအလာ ရှိတယ်လို့ ယုံကြည်နေတာပါ။ အပြောင်းအရွှေ အပြီးမသတ်ခင် Cagigaoက ဘရာဇီးကို သွားခဲ့ပြီး လူငယ်ကစားသမားရဲ့ ပွဲတွေကို စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ အားသာချက်တွေ

သူက ဗဟိုတိုက်စစ်အနေနဲ့တောင် ရှေ့တန်းနေရာအစုံမှာ ကစားနိူင်တဲ့ လျှင်မြန်တဲ့ တိုက်စစ် ကစားသမားပါ။ ဒါပေမယ့် သူ့အကြိုက်နေရာက ဘယ်တောင်ပံ ဖြစ်ပါတယ်။

မှတ်တမ်းတွေအရ သူက ဂိုးအတွက် အမြင်ရှိသူ ဖြစ်ပြီး သူ့ရဲ့ တည်ငြိမ်မှုတွေက အာဆင်နယ်ကို အထင်ကြီးစေခဲ့တာပါ။ သူဟာ အာဆင်နယ် မှာ ရှားပါးနေတဲ့ ဘောလုံးသယ်ဆောင်သူ ဖြစ်ပါတယ်။ ကွင်းထဲက အခြေအနေကို ပြောင်းလဲပေးနိုင်တဲ့ အထင်ကြီးလောက်စရာ စွမ်းရည်နဲ့အတူ သူ့ရဲ့ အရည်အသွေး အဆင့်အတန်းက အာဆင်နယ်ကို မျက်စိကျစေခဲ့တာပါ။

ထင်မြင်ချက်

မာတီနယ်လီမှာ ထိပ်တန်းဖြစ်စေမယ့် အရာ ရှိတယ်လို့ အာဆင်နယ်က ယုံကြည်နေပြီး သူ့ အပြောင်း အရွှေ့ အတွက် အမ်းမရိတ်စ်မှာ အတော်လေး စိတ်လှုပ်ရှားနေမှာပါ။ သူဟာ နွေရာသီမှာ စီနီယာ အသင်းနဲ့ လေ့ကျင့်ဖို့ အခွင့်အရေး ရမှာဖြစ်ပေမယ့် အမေရိကန် ရာသီကြိုခရီးကို ပါရမလား မပါရ ဘူးလား ဆိုတာကတော့ သူဘယ်လို နေသားကျမလဲ၊ လန်ဒန်မှာ အထင်ကြီးလောက်စရာ ရှိလား ဆိုတဲ့အပေါ် မူတည်ပါတယ်။

မနှစ်က အမ်မရီ လက်အောက်မှာ ပရီးမီးယားလိဂ် ကစားခွင့် ရရှိခဲ့ပြီး ထူးခြားတဲ့ ပါရမီရှင် နောက် တစ်ယောက် ဖြစ်တဲ့ ယူ၂၃က ဘူကာယို ဆာကာတို့လို ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ မြောက်လန်ဒန်မှာ ချက်ချင်း အထင်ကြီးစရာ ဖြစ်အောင် လုပ်ပြချင်ရင် ကြိုးစားဖို့ လိုအပ်ပါလိမ့်မယ်။

Sports Home Time