အိုးလ္ထရက္ဖို႔ဒ္မွာ အႏိုင္ယူဖို႔ ယံုၾကည္ခ်က္ရွိတယ္လို႔ ပီအက္စ္ဂ်ီ နည္းျပတူခ်ယ္ ေျပာဆို

[Zawgyi] ပီအက္စ္ဂ်ီ အသင္း နည္းျပ ေသာမတ္စ္တူခ်ယ္က ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ဆိုလိုက္ပါတယ္။ ျပင္သစ္လီဂူးဝမ္းမွာ တဟုန္ထိုး ေျပးေနတဲ့ ပီအက္စ္ဂ်ီအသင္းနဲ႔ ေတြ႕ဆုံရတာဟာ ဖိအားေတြေအာက္ ေရာက္ေနရတဲ့ ဟိုေဆးေမာ္ရင္ညိဳအတြက္ သက္ညႇာမႈမရွိတဲ့ပြဲလို႔ ဆိုရမွာပါ။

တနလၤာေန႔က ရွဴံးထြက္အဆင့္အတြက္ မဲခြဲမႈေတြအၿပီးမွာေတာ့ သရဲနီေတြဟာ အခက္ခဲဆုံး စမ္းသပ္မႈပြဲႀကီးအျဖစ္ ျပင္သစ္ခ်န္ပီယံနဲ႔ ထိပ္တိုက္ေတြ႔ေနသလို တျခားအဂၤလန္ကလပ္ သုံးသင္းကေတာ့ ဂ်ာမန္ၿပိဳင္ဘက္သုံးသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ လီဂူးဝမ္းမွာ ရွံးပြဲမရွိေသးပဲ ၁၆ ပြဲကစား ၄၄ မွတ္ရရွိထားတဲ့ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီ နဲ႔ ယူႏိုက္တက္တို႔ရဲ႕ပြဲဟာ ေစာင့္ၾကည့္ခ်င္စရာေကာင္းပါတယ္။ ယူႏိုက္တက္ဟာ အရင္က ပီအက္စ္ဂ်ီ အသင္းနဲ႔ တခါမွ ရင္ဆိုင္ခဲ့ဖူးျခင္း မရွိပါဘူး။ မန္ခ်က္စတာကလပ္ဟာ သရဲနီကြင္းလယ္လူေဟာင္း အိန္ဂ်ယ္ ဒီမာရီယာနဲ႔အတူ ကမာၻ႔ ေဈးအႀကီးဆုံး ကစားသမား ေနမာနဲ႔ ကမာၻ႔ဖလား ပိုင္ရွင္ အမ္ဘတ္ပီတို႔နဲ႔ ရင္ဆိုင္ရဖို႔ရွိပါတယ္။

” အိုးလ္ထရက္ဖို႔ဒ္မွာ အႏိုင္ယူဖို႔ က်ေနာ္တို႔မွာ အရည္အခ်င္း ေတြရွိပါတယ္။ က်ေနာ့္အသင္းအတြက္ ယုံၾကည္မႈ ရွိတယ္။ ဒါေပမယ့္ အဲ့ဒါက ႀကီးမားတဲ့ စမ္းသပ္မႈ၊ စိန္ေခၚမႈတစ္ခု ျဖစ္ပါတယ္။ က်ေနာ္သာ ပြဲၾကည့္ပရိသတ္တစ္ေယာက္ ျဖစ္မယ္ဆိုရင္ က်ေနာ္ဒီပြဲကို တီဗီမွာ ၾကည့္မွာပါ။ ရံွဴးထြက္ ၁၆ သင္းအဆင့္က အၿမဲတမ္းခက္ခဲပါတယ္။ က်ေနာ္တို႔က ႏိုင္ဖို႔ ေရပန္းစားတယ္လို႔ မထင္ပါဘူး။

မန္ခ်က္စတာယူႏိုက္တက္လိုမ်ိဳး ခ်န္ပီယံလိဂ္မွာ အဓိက ေတြ႕ဆုံမႈေတြရဲ႕ အေတြ႕အႀကဳံေတြရွိတဲ့ ကလပ္ေတြကို က်ေနာ္တို႔ေလးစားရပါမယ္။ သူတို႔ဟာ ဒီၿပိဳင္ပြဲမွာ အႀကိမ္မ်ားစြာ ေအာင္ျမင္ခဲ့တာပါ။ က်ေနာ္တို႔ဟာ အႏိုင္ရဖို႔ ဆုံးျဖတ္ထားတယ္ဆိုတာ ျပသဖို႔ အေရးႀကီးပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ ပြဲေတြအားလုံး ကုန္ေအာင္ မကစားရေသးခင္ ႏွစ္လအတြင္းမွာလဲ အေရးႀကီးပါတယ္။ အခုခ််ိန္မွာ ခ်န္ပီယံလိဂ္ ပြဲကိုပဲ အာ႐ုံစိုက္လိုက္ရင္ အရမ္းမွားသြားလိမ့္မယ္ ” လို႔ တူခ်ယ္က ေအာ္လီယန္ အသင္းနဲ႔ လီဂူးဝမ္း ပြဲစဥ္မတိုင္ခင္ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

နည္းျပ တူခ်ယ္ရဲ႕ ပီအက္စ္ဂ်ီဟာ အုပ္စု C မွာ ၁၇ ဂိုး သြင္းယူၿပီး လီဗာပူးကို ေက်ာ္ျဖတ္ကာ အုပ္စုဗိုလ္ အျဖစ္ တက္လာတာျဖစ္ပါတယ္။ ဒါေပမယ့္ စက္တင္ဘာလတုန္းကေတာ့ အန္ဖီးလ္ကြင္းမွာ ႀကိဳးၾကာနီတို႔ ကို ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ ၁၆ သင္းရံွဴးထြက္အဆင့္ ပထမအေက်ာ့ကို ေဖေဖာ္ဝါရီ ၁၃ ရက္ အဂၤလန္မွာ ကစားရမွာျဖစ္ၿပီး ဒုတိယအေက်ာ့ကို မတ္လ ၇ ရက္ေန႔ ပဲရစ္မွာ ကစားရမွာပါ။

Sports Home Time

[Unicode] ပီအက်စ်ဂျီ အသင်း နည်းပြ သောမတ်စ်တူချယ်က ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုလိုက်ပါတယ်။ ပြင်သစ်လီဂူးဝမ်းမှာ တဟုန်ထိုး ပြေးနေတဲ့ ပီအက်စ်ဂျီအသင်းနဲ့ တွေ့ဆုံရတာဟာ ဖိအားတွေအောက် ရောက်နေရတဲ့ ဟိုဆေးမော်ရင်ညိုအတွက် သက်ညှာမှုမရှိတဲ့ပွဲလို့ ဆိုရမှာပါ။

တနင်္လာနေ့က ရှူံးထွက်အဆင့်အတွက် မဲခွဲမှုတွေအပြီးမှာတော့ သရဲနီတွေဟာ အခက်ခဲဆုံး စမ်းသပ်မှုပွဲကြီးအဖြစ် ပြင်သစ်ချန်ပီယံနဲ့ ထိပ်တိုက်တွေ့နေသလို တခြားအင်္ဂလန်ကလပ် သုံးသင်းကတော့ ဂျာမန်ပြိုင်ဘက်သုံးသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လီဂူးဝမ်းမှာ ရှံးပွဲမရှိသေးပဲ ၁၆ ပွဲကစား ၄၄ မှတ်ရရှိထားတဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီ နဲ့ ယူနိုက်တက်တို့ရဲ့ပွဲဟာ စောင့်ကြည့်ချင်စရာကောင်းပါတယ်။ ယူနိုက်တက်ဟာ အရင်က ပီအက်စ်ဂျီ အသင်းနဲ့ တခါမှ ရင်ဆိုင်ခဲ့ဖူးခြင်း မရှိပါဘူး။ မန်ချက်စတာကလပ်ဟာ သရဲနီကွင်းလယ်လူဟောင်း အိန်ဂျယ် ဒီမာရီယာနဲ့အတူ ကမ္ဘာ့ ဈေးအကြီးဆုံး ကစားသမား နေမာနဲ့ ကမ္ဘာ့ဖလား ပိုင်ရှင် အမ်ဘတ်ပီတို့နဲ့ ရင်ဆိုင်ရဖို့ရှိပါတယ်။

” အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ယူဖို့ ကျနော်တို့မှာ အရည်အချင်း တွေရှိပါတယ်။ ကျနော့်အသင်းအတွက် ယုံကြည်မှု ရှိတယ်။ ဒါပေမယ့် အဲ့ဒါက ကြီးမားတဲ့ စမ်းသပ်မှု၊ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ ကျနော်သာ ပွဲကြည့်ပရိသတ်တစ်ယောက် ဖြစ်မယ်ဆိုရင် ကျနော်ဒီပွဲကို တီဗီမှာ ကြည့်မှာပါ။ ရံှူးထွက် ၁၆ သင်းအဆင့်က အမြဲတမ်းခက်ခဲပါတယ်။ ကျနော်တို့က နိုင်ဖို့ ရေပန်းစားတယ်လို့ မထင်ပါဘူး။

မန်ချက်စတာယူနိုက်တက်လိုမျိုး ချန်ပီယံလိဂ်မှာ အဓိက တွေ့ဆုံမှုတွေရဲ့ အတွေ့အကြုံတွေရှိတဲ့ ကလပ်တွေကို ကျနော်တို့လေးစားရပါမယ်။ သူတို့ဟာ ဒီပြိုင်ပွဲမှာ အကြိမ်များစွာ အောင်မြင်ခဲ့တာပါ။ ကျနော်တို့ဟာ အနိုင်ရဖို့ ဆုံးဖြတ်ထားတယ်ဆိုတာ ပြသဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကျနော်တို့ ပွဲတွေအားလုံး ကုန်အောင် မကစားရသေးခင် နှစ်လအတွင်းမှာလဲ အရေးကြီးပါတယ်။ အခုချျိန်မှာ ချန်ပီယံလိဂ် ပွဲကိုပဲ အာရုံစိုက်လိုက်ရင် အရမ်းမှားသွားလိမ့်မယ် ” လို့ တူချယ်က အော်လီယန် အသင်းနဲ့ လီဂူးဝမ်း ပွဲစဉ်မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

နည်းပြ တူချယ်ရဲ့ ပီအက်စ်ဂျီဟာ အုပ်စု C မှာ ၁၇ ဂိုး သွင်းယူပြီး လီဗာပူးကို ကျော်ဖြတ်ကာ အုပ်စုဗိုလ် အဖြစ် တက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် စက်တင်ဘာလတုန်းကတော့ အန်ဖီးလ်ကွင်းမှာ ကြိုးကြာနီတို့ ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းရံှူးထွက်အဆင့် ပထမအကျော့ကို ဖေဖော်ဝါရီ ၁၃ ရက် အင်္ဂလန်မှာ ကစားရမှာဖြစ်ပြီး ဒုတိယအကျော့ကို မတ်လ ၇ ရက်နေ့ ပဲရစ်မှာ ကစားရမှာပါ။

Sports Home Time