ဆရာေဟာင္းနဲ႔ ျပန္ဆံုရမွာအတြက္ ဘိုင္ယန္ၾကယ္ပြင့္ေတြရဲ႕ အေၾကာင္းၾကားစာမ်ား

[Zawgyi] ယာဂင္ကေလာ့ပ္ကေတာ့ ခ်န္ပီယံလိဂ္ 16 သင္းအဆင့္ ရံွဴးထြက္မွာ ျပိဳင္ဘက္ေဟာင္း ဘိုင္ယန္ျမဴနစ္နဲ႔ ျပန္လည္ရင္ဆိုင္ဖုိ႔ ဂ်ာမနီျပန္ရမွာကို ေက်နပ္ေနပါတယ္။ ကေလာ့ပ္ဟာ 2008 မွ 2015 ထိ ေဒါ့မြန္အသင္းကို ကိုင္တြယ္ခဲ့ျပီး ဘိုင္ယန္ရဲ႕ အဓိက ျပိဳင္ဘက္အျဖစ္ ရပ္တည္ခဲ့သူျဖစ္တယ္။

ခ်န္ပီယံလိဂ္ မဲခြဲမႈအျပီးမွာ ကေလာ့ပ္က ‘ ခက္ခဲမယ့္ပြဲျဖစ္ေပမယ့္ တြဲဘက္ေကာင္းပါ။ ဘိုင္နယ္က အသင္းေကာင္းျဖစ္လို႔ ခက္ခဲမယ့္ပြဲျဖစ္လာမွာျဖစ္တယ္။ ဒါေပမယ့္ က်ေနာ္အတြက္ေတာ့ ဂ်ာမနီကို ျပန္သြားျပီး ယွဥ္ျပိဳင္ရမွာက ေကာင္းပါတယ္။ က်ေနာ္တို႔ ခ်န္ပီယံလိဂ္ပြဲအတြက္ စတင္ျပင္ဆင္ရမွာျဖစ္ျပီး အဲ့သည္ပြဲအတြက္ အသင္းသားအားလံုးကို ရဖို႔ ေမွ်ာ္လင့္ပါတယ္။

ဘိုင္ယန္ရဲ႕အိမ္ကြင္းနဲ႔ အားေပးမႈ အေငြ႔အသက္ေတြအေၾကာင္း က်ေနာ္တုိ႔သိတယ္။ လီဗာပူး ပရိသတ္ေတြအတြက္ ေကာင္းမြန္တဲ့ ခရီးလည္းျဖစ္ပါလိမ့္မယ္။ ဘိုင္ယန္က အံ့ၾသဖို႔ေကာင္းတဲ့ ျမိဳ႕ပါ။ ဒီေတာ့ ဒါက သိပ္ေကာင္းပါတယ္။ ေလယာဥ္ခရီးက သိပ္ၾကာမွာ မဟုတ္ဘူး။ ဂ်ာမာန္ေဘာလံုးအေၾကာင္းကို အျခားလိဂ္ေတြထက္လည္း က်ေနာ္တို႔ ပိုသိပါတယ္ ‘ လို႔ ကေလာ့ပ္က ဆိုခဲ့ပါတယ္။

လီဗာပူးဟာ ခ်န္ပီယံလိဂ္အုပ္စုတြင္းမွာ ပီအက္ဂ်ီ၊ နာပိုလီအသင္းေတြနဲ႔အတူ ရင္ဆိုင္ခဲ့ရျပီး ပီအက္ဂ်ီေနာက္ ႏွစ္မွတ္အကြာကေန အုပ္စုဒုတိယအျဖစ္ ရံွဴးထြက္အဆင့္ကို တက္ေရာက္လာခဲ့တာပါ။ ေဖေဖာ္ဝါရီမွာ ယွဥ္ျပိဳင္ရမယ့္ ႏွစ္ေက်ာ့အတြက္ လီဗာပူးနည္းတူ လက္ရွိ ဘိုင္ယန္အသင္းသားေတြျဖစ္သလို ကေလာ့ပ္ တပည့္ေဟာင္းေတြျဖစ္တဲ့ ဟမ္းမဲလ္နဲ႔ လီဝမ္ေဒါ့စကီးတို႔ကလည္း စိတ္လႈပ္ရွားေနပါတယ္။

တနလၤာေန႔ညက မဲခြဲမႈအျပီးမွာ သူတို႔ႏွစ္ဦးက တြစ္တာလူမႈကြန္ယက္ကေန မန္ေနဂ်ာေဟာင္းနဲ႔ ျပန္ရင္ဆိုင္ရမယ့္အေပၚ သူတို႔ရဲ႕ အျမင္ေတြကို ေဖာ္ျပသြားခဲ့ပါေသးတယ္။

ဂ်ာမနီအသင္းနဲ႔ ကမၻာဖလားအႏိုင္ရဖူးတဲ့ ဟမ္းမဲလ္က ‘ မန္ေနဂ်ာေဟာင္းနဲ႔ ျပန္ေတြ႔ရေတာ့မယ္’ လို႔ ေဖာ္ျပခဲ့တာျဖစ္ျပီး လီဝမ္ေဒါ့စကီးကေတာ့ ‘ သိပ္ေကာင္းတဲ့ပြဲျဖစ္လာလိမ္မယ္။ ၾကိဳးစားလိုက္ရေအာင္ ဘိုင္ယန္ေရ..။ ငါတုိ႔လုပ္ႏုိင္ပါတယ္ ‘ လို႔ ေဖာ္ျပသြားပါတယ္။

ႏွစ္ေက်ာ့ယွဥ္ျပိဳင္မႈမွာ ပထမအေက်ာ့ကိုေတာ့ လီဗာပူးအိမ္ကြင္းမွာ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ဒုတိယအေက်ာ့ကိုေတာ့ ဘိုင္ယန္ အိမ္ကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။ အေလးေပးမႈေတြမွာေတာ့ လီဗာပူးက ေရပန္းစားသလို၊ ဘိုင္ယန္က အားသာတယ္လို႔ ယူဆေၾကမႈေတြလည္း ရွိထားပါတယ္။

Sports Home Time

[Unicode] ယာဂင်ကလော့ပ်ကတော့ ချန်ပီယံလိဂ် 16 သင်းအဆင့် ရံှူးထွက်မှာ ပြိုင်ဘက်ဟောင်း ဘိုင်ယန်မြူနစ်နဲ့ ပြန်လည်ရင်ဆိုင်ဖို့ ဂျာမနီပြန်ရမှာကို ကျေနပ်နေပါတယ်။ ကလော့ပ်ဟာ 2008 မှ 2015 ထိ ဒေါ့မွန်အသင်းကို ကိုင်တွယ်ခဲ့ပြီး ဘိုင်ယန်ရဲ့ အဓိက ပြိုင်ဘက်အဖြစ် ရပ်တည်ခဲ့သူဖြစ်တယ်။

ချန်ပီယံလိဂ် မဲခွဲမှုအပြီးမှာ ကလော့ပ်က ‘ ခက်ခဲမယ့်ပွဲဖြစ်ပေမယ့် တွဲဘက်ကောင်းပါ။ ဘိုင်နယ်က အသင်းကောင်းဖြစ်လို့ ခက်ခဲမယ့်ပွဲဖြစ်လာမှာဖြစ်တယ်။ ဒါပေမယ့် ကျနော်အတွက်တော့ ဂျာမနီကို ပြန်သွားပြီး ယှဉ်ပြိုင်ရမှာက ကောင်းပါတယ်။ ကျနော်တို့ ချန်ပီယံလိဂ်ပွဲအတွက် စတင်ပြင်ဆင်ရမှာဖြစ်ပြီး အဲ့သည်ပွဲအတွက် အသင်းသားအားလုံးကို ရဖို့ မျှော်လင့်ပါတယ်။

ဘိုင်ယန်ရဲ့အိမ်ကွင်းနဲ့ အားပေးမှု အငွေ့အသက်တွေအကြောင်း ကျနော်တို့သိတယ်။ လီဗာပူး ပရိသတ်တွေအတွက် ကောင်းမွန်တဲ့ ခရီးလည်းဖြစ်ပါလိမ့်မယ်။ ဘိုင်ယန်က အံ့သြဖို့ကောင်းတဲ့ မြို့ပါ။ ဒီတော့ ဒါက သိပ်ကောင်းပါတယ်။ လေယာဉ်ခရီးက သိပ်ကြာမှာ မဟုတ်ဘူး။ ဂျာမာန်ဘောလုံးအကြောင်းကို အခြားလိဂ်တွေထက်လည်း ကျနော်တို့ ပိုသိပါတယ် ‘ လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ်အုပ်စုတွင်းမှာ ပီအက်ဂျီ၊ နာပိုလီအသင်းတွေနဲ့အတူ ရင်ဆိုင်ခဲ့ရပြီး ပီအက်ဂျီနောက် နှစ်မှတ်အကွာကနေ အုပ်စုဒုတိယအဖြစ် ရံှူးထွက်အဆင့်ကို တက်ရောက်လာခဲ့တာပါ။ ဖေဖော်ဝါရီမှာ ယှဉ်ပြိုင်ရမယ့် နှစ်ကျော့အတွက် လီဗာပူးနည်းတူ လက်ရှိ ဘိုင်ယန်အသင်းသားတွေဖြစ်သလို ကလော့ပ် တပည့်ဟောင်းတွေဖြစ်တဲ့ ဟမ်းမဲလ်နဲ့ လီဝမ်ဒေါ့စကီးတို့ကလည်း စိတ်လှုပ်ရှားနေပါတယ်။

တနင်္လာနေ့ညက မဲခွဲမှုအပြီးမှာ သူတို့နှစ်ဦးက တွစ်တာလူမှုကွန်ယက်ကနေ မန်နေဂျာဟောင်းနဲ့ ပြန်ရင်ဆိုင်ရမယ့်အပေါ် သူတို့ရဲ့ အမြင်တွေကို ဖော်ပြသွားခဲ့ပါသေးတယ်။

ဂျာမနီအသင်းနဲ့ ကမ္ဘာဖလားအနိုင်ရဖူးတဲ့ ဟမ်းမဲလ်က ‘ မန်နေဂျာဟောင်းနဲ့ ပြန်တွေ့ရတော့မယ်’ လို့ ဖော်ပြခဲ့တာဖြစ်ပြီး လီဝမ်ဒေါ့စကီးကတော့ ‘ သိပ်ကောင်းတဲ့ပွဲဖြစ်လာလိမ်မယ်။ ကြိုးစားလိုက်ရအောင် ဘိုင်ယန်ရေ..။ ငါတို့လုပ်နိုင်ပါတယ် ‘ လို့ ဖော်ပြသွားပါတယ်။

နှစ်ကျော့ယှဉ်ပြိုင်မှုမှာ ပထမအကျော့ကိုတော့ လီဗာပူးအိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ ဘိုင်ယန် အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အလေးပေးမှုတွေမှာတော့ လီဗာပူးက ရေပန်းစားသလို၊ ဘိုင်ယန်က အားသာတယ်လို့ ယူဆကြေမှုတွေလည်း ရှိထားပါတယ်။

Sports Home Time