ပရီးမီးယားလိဂ္ Vs ဘြန္ဒက္လီဂါ အားျပိဳင္မႈမွာ ဘယ္လိဂ္က အသာရမလဲ

[Zawgyi] ဂ်ာမနီမွာေတာ့ ၾကားရက္ပြဲစဥ္ဇယားေတြကို ‘အဂၤလန္သီတင္းပတ္’ လို႔ လူသိမ်ားပါတယ္။ တနလၤာေန႔ မဲခြဲမႈမွာေတာ့ ဂ်ာမနီသံုးသင္းနဲ႔ အဂၤလန္သံုးသင္းတို႔ ထိပ္တိုက္ေတြ႔ၾကျပီး လီဗာပူး-ဘိုင္ယန္၊ စပါး-ေဒါ့မြန္ အတြဲေတြက လိုက္ဖက္ညီတဲ့ ခ်န္ပီယံလိဂ္ အတြဲေကာင္းေတြ ျဖစ္လာဖို႔ရွိတယ္။

မန္စီးတီးက ဘြန္ဒက္လီဂါမွာ ရုန္းကန္ေနရတဲ့ ေရွာ္ေကးကို ရင္ဆိုင္ရမွာ ရလဒ္ေကာင္းထြက္မယ္ ေမွ်ာ္လင့္ႏိုင္တယ္။ ဒါေပမယ့္လို႔ လီဗာပူး-ဘိုင္ယန္၊ စပါး-ေဒါ့မြန္မွာ ဘယ္အသင္းေတြ အသာရမလဲကေတာ့ က်ိန္းေသေပါက္ေျပာဖို႔ ခက္လွပါတယ္။ ဂ်ာမနီမွာေတာ့ ဒီတြဲလံုးေတြကို အေတာ္စိတ္လႈပ္ရွားေနပါတယ္။ ကေလာ့ပ္အေနနဲ႔ ဇာတိေျမကို ျပန္မွာျဖစ္ျပီး ဆာေနးကလည္း အသင္းေဟာင္းကို ျပန္ရင္ဆိုင္မယ့္ ထိုနည္းတူ ဆန္ခ်ိဳကလည္း အဂၤလန္ေျမကို ျပန္နင္းမွာ ျဖစ္ပါတယ္။

ေဒါ့မြန္အၾကီးအကဲ Hans-Joachim Watzke က ‘ ေဘာလံုးပြဲေတာ္ ျဖစ္လာပါလိမ့္မယ္။ ဘိုင္ယန္နဲ႔ ေဒါ့မြန္ဟာ အဂၤလန္ျပိဳင္ဘက္ေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ဖို႔ 50-50 ပဲျဖစ္တယ္’ လို႔ဆိုတယ္။ ဘိုင္ယန္ဒါရိုက္တာ Hasan Salihamidzic က ခက္ခဲတဲ့ ထိပ္တိုက္ေတြ႔မႈေတြျဖစ္ျပီး ကစားသမားေတြ အာရံုစိုက္ကစားလိုတဲ့ ပြဲေကာင္းေတြပါ ‘ လို႔ ေျပာဆိုပါတယ္။

အဂၤလန္ V ဂ်ာမာန္ ထိပ္တိုက္ေတြ႔တဲ့ သံုးပြဲကို ဘြန္ဒက္လီဂါဘက္က အျမင္ေတြအျဖစ္ ေမးလ္းစေပါ့ကေတာ့ ဂ်ာမနီကလပ္ေတြကို ဒီလို သံုးသပ္ထားပါတယ္။

Schalke vs Manchester City

မႏွစ္ကရာသီ ဒုတိယေနရာက ရာသီသိမ္းခဲ့ေပမယ့္ ဒီရာသီမွာေတာ့ တန္းဆင္းဇံုနားေတာင္ ရုန္းကန္ေနရတယ္။ ေနာက္ဆံုး 5 ပြဲမွာ 1 ပြဲပဲ အႏိုင္ရလို႔ အားကစားဒါရိုက္တာေကာ၊ အသင္းမန္ေနဂ်ာပါ ဖိအားေတြေအာက္ ေရာက္ေနတယ္။ ဂိုးသြင္းႏႈန္းလည္းနည္းတယ္၊ ေပးဂိုးကလည္းမ်ားတယ္။ မန္စီးတီးလိုအသင္းနဲ႔ ႏိႈင္းယွဥ္ႏိုင္မွာမ်ိဳး အားသာခ်က္ တစ္ခုေတာင္မွ ထြက္က်မလာဘူး။ ေရွာ္ေကးက ခ်န္ပီယံလိဂ္မွာ ကစားပံုမဆိုပါဘူး။ ဒါေပမယ့္ မန္စီးတီးကို ဂိုးျပတ္မႏိုင္ရင္ပဲ ေတာ္ေလာက္ေနပါျပီ။

Tottenham Hotspur v Borussia Dortmund

လိဂ္ႏွစ္ခု ထိပ္တိုက္ေတြ႔မႈမွာ ဘက္အညီဆံုး အတြဲျဖစ္တယ္။ စပါးအေနနဲ႔ ဘြန္ဒက္လီဂါကို ဦးေဆာင္ထားတဲ့ ေဒါ့မြန္ကို အသာရဖို႔ ပံုစံေကာင္းဖို႔ေကာ၊ ကံေကာင္းဖို႔ပါလိုတယ္။ အေတာ္မ်ားမ်ားကေတာ့ ေဒါ့မြန္က အေလးသာမယ္လို႔ ယူဆေနၾကတယ္။ ျပီးခဲ့တဲ့ 6 လအတြင္း Lucien Favre က ေဒါ့မြန္ကို ဥေရာပရဲ႕ စိတ္လႈပ္ရွားစရာ အေကာင္းဆံုးအသင္း ျဖစ္လာေအာင္ ေျပာင္းလဲထားေပးႏိုင္တယ္။

ဒီရာသီ အမွတ္ေပးလိဂ္မွာ ရံွဴးပြဲမရွိထားဘူး။ 2012 ခုႏွစ္ေနာက္ပိုင္း ပထမဆံုးအၾကိမ္ အမွတ္ေပးဖလားကို အႏုိင္ရႏိုင္တဲ့ အေနအထားအျဖစ္ အမွတ္ေပးဇယားကို 9 မွတ္ျဖတ္ထားတယ္။ စေနေန႔က ဝါတာဘရီမင္ကို အႏုိင္ရလိုက္တာက ေဒါ့မြန္အေနနဲ႔ ရာသီဝက္ခ်န္ပီယံျဖစ္ခဲ့တာပါပဲ။ Jadon Sancho အေတြ႔အၾကံဳေကာင္းစြာ ေတာက္ပလာေနသလို လက္မွတ္ထိုးေခၚထားတဲ့ Axel Witsel ကလည္း ေဒါ့မြန္ကို ေၾကာက္စရာေကာင္းတဲ့ အသင္းျဖစ္လာဖို႔ ကူညီေပးထားတယ္။

ေဒါ့မြန္ရဲ႕ လွ်ိဳ႕ဝွက္လက္နက္ကေတာ့ တုိက္စစ္မွဴးသစ္ Paco Alcacer ပါပဲ။ ဒီရာသီ အရန္ခံုကထလာတိုင္းလည္း ဂိုးသြင္းႏိုင္ျပီး လိဂ္ပြဲ 10 ပြဲအတြင္း မိနစ္ 40 တိုင္းမွာ တစ္ဂိုးႏႈန္းေလာက္ သြင္းထားႏိုင္တယ္။ ေဒါ့မြန္ကို ယွဥ္ျပိဳင္ဖုိ႔က စပါးက အသင့္ေတာ္ဆံုးကလပ္ပါ။ ႏွစ္သင္းလံုးက ငယ္ရြယ္တယ္။ ျပိဳင္ဘက္ေကာင္းေတြနဲ႔ေတြ႔ရင္ ပိုေကာင္းလာတတ္တယ္။ ဘယ္အသင္းကမ်ား ေနာက္တစ္ဆင့္ကို ေက်ာ္ျဖတ္သြားမလဲ?

Liverpool v Bayern Munich

လီဗာပူးနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ ထိပ္တိုက္ေတြ႔တာက ဥေရာပရဲ႕ အင္အားၾကီးႏွစ္သင္း ထိပ္တိုက္ေတြ႔တာပါပဲ။ ဘိုင္ယန္ဒါရိုက္တာက 16 သင္းအဆင့္ကို အာရံုစိုက္ေနတယ္လို႔ ေျပာခဲ့တယ္။ တကယ္တမ္းက ဘိုင္ယန္ဟာ လီဗာပူးထက္စာရင္ အျခားအသင္းေတြနဲ႔ပဲ ေတြ႔လိုပါလိမ့္မယ္။ လက္ရွိ ေျခစြမ္းေတြအရ ဘြန္ဒက္လီဂါ ခ်န္ပီယံထက္စာရင္ ယာဂင္ကေလာ့ပ္ရဲ႕အသင္းက ေရပန္းစားအသင္းလည္းျဖစ္ေနခဲ့တယ္။

မန္ေနဂ်ာသစ္ Niko Kovac လက္ေအာက္မွာ ဆယ္ဆုႏွစ္အတြင္း အညံ့ဖ်င္းဆံုး တာထြက္မႈကို ပိုင္ဆိုင္ခဲ့တယ္။ ကစားကြက္ အေျပာင္းအလဲမွာ ဘိုတန္၊ မူလာ၊ ေရာ္ဘင္နဲ႔ ဝါရင့္ အသင္းေဖာ္ေတြကို လူငယ္ကစားသမားေတြနဲ႔ တြဲဘက္ေစမႈအပိုင္းမွာ ဘိုင္ယန္က ရုန္းကန္ေနရတယ္။ အဓိက ကစားသမား ကိုးမန္းျပန္လာႏိုင္တာက ဘိုင္နယ္အတြက္ အားသာခ်က္လည္း ျဖစ္လာေစပါတယ္။

ဆာလက္၊ မာေနးနဲ႔ ဖာမင္ႏိုတို႔ ဦးေဆာင္တဲ့ လီဗာပူးအသင္းဟာ ဘိုင္ယန္ခံစစ္ကို ေက်ာ္ျဖတ္ဖို႔ဆိုတာက စိတ္လႈပ္ရွားစရာျဖစ္ေပမယ့္ ဘိုင္ယန္ကို အထင္ေသးျပီး ကစားခြင့္ေတာ့ မရွိပါဘူး။ ဘိုင္ယန္က ဘိုင္ယန္ပါ။ ဖိအားေတြ ရွိေနတယ္ဆိုေပမယ့္ ဘိုင္ယန္ဟာ ဥေရာပရဲ႕ အသင္းေကာင္းတစ္သင္းျဖစ္ပါတယ္။

Sports Home Time

[Unicode] ဂျာမနီမှာတော့ ကြားရက်ပွဲစဉ်ဇယားတွေကို ‘အင်္ဂလန်သီတင်းပတ်’ လို့ လူသိများပါတယ်။ တနင်္လာနေ့ မဲခွဲမှုမှာတော့ ဂျာမနီသုံးသင်းနဲ့ အင်္ဂလန်သုံးသင်းတို့ ထိပ်တိုက်တွေ့ကြပြီး လီဗာပူး-ဘိုင်ယန်၊ စပါး-ဒေါ့မွန် အတွဲတွေက လိုက်ဖက်ညီတဲ့ ချန်ပီယံလိဂ် အတွဲကောင်းတွေ ဖြစ်လာဖို့ရှိတယ်။

မန်စီးတီးက ဘွန်ဒက်လီဂါမှာ ရုန်းကန်နေရတဲ့ ရှော်ကေးကို ရင်ဆိုင်ရမှာ ရလဒ်ကောင်းထွက်မယ် မျှော်လင့်နိုင်တယ်။ ဒါပေမယ့်လို့ လီဗာပူး-ဘိုင်ယန်၊ စပါး-ဒေါ့မွန်မှာ ဘယ်အသင်းတွေ အသာရမလဲကတော့ ကျိန်းသေပေါက်ပြောဖို့ ခက်လှပါတယ်။ ဂျာမနီမှာတော့ ဒီတွဲလုံးတွေကို အတော်စိတ်လှုပ်ရှားနေပါတယ်။ ကလော့ပ်အနေနဲ့ ဇာတိမြေကို ပြန်မှာဖြစ်ပြီး ဆာနေးကလည်း အသင်းဟောင်းကို ပြန်ရင်ဆိုင်မယ့် ထိုနည်းတူ ဆန်ချိုကလည်း အင်္ဂလန်မြေကို ပြန်နင်းမှာ ဖြစ်ပါတယ်။

ဒေါ့မွန်အကြီးအကဲ Hans-Joachim Watzke က ‘ ဘောလုံးပွဲတော် ဖြစ်လာပါလိမ့်မယ်။ ဘိုင်ယန်နဲ့ ဒေါ့မွန်ဟာ အင်္ဂလန်ပြိုင်ဘက်တွေကို ရင်ဆိုင်ကျော်ဖြတ်ဖို့ 50-50 ပဲဖြစ်တယ်’ လို့ဆိုတယ်။ ဘိုင်ယန်ဒါရိုက်တာ Hasan Salihamidzic က ခက်ခဲတဲ့ ထိပ်တိုက်တွေ့မှုတွေဖြစ်ပြီး ကစားသမားတွေ အာရုံစိုက်ကစားလိုတဲ့ ပွဲကောင်းတွေပါ ‘ လို့ ပြောဆိုပါတယ်။

အင်္ဂလန် V ဂျာမာန် ထိပ်တိုက်တွေ့တဲ့ သုံးပွဲကို ဘွန်ဒက်လီဂါဘက်က အမြင်တွေအဖြစ် မေးလ်းစပေါ့ကတော့ ဂျာမနီကလပ်တွေကို ဒီလို သုံးသပ်ထားပါတယ်။

Schalke vs Manchester City

မနှစ်ကရာသီ ဒုတိယနေရာက ရာသီသိမ်းခဲ့ပေမယ့် ဒီရာသီမှာတော့ တန်းဆင်းဇုံနားတောင် ရုန်းကန်နေရတယ်။ နောက်ဆုံး 5 ပွဲမှာ 1 ပွဲပဲ အနိုင်ရလို့ အားကစားဒါရိုက်တာကော၊ အသင်းမန်နေဂျာပါ ဖိအားတွေအောက် ရောက်နေတယ်။ ဂိုးသွင်းနှုန်းလည်းနည်းတယ်၊ ပေးဂိုးကလည်းများတယ်။ မန်စီးတီးလိုအသင်းနဲ့ နှိုင်းယှဉ်နိုင်မှာမျိုး အားသာချက် တစ်ခုတောင်မှ ထွက်ကျမလာဘူး။ ရှော်ကေးက ချန်ပီယံလိဂ်မှာ ကစားပုံမဆိုပါဘူး။ ဒါပေမယ့် မန်စီးတီးကို ဂိုးပြတ်မနိုင်ရင်ပဲ တော်လောက်နေပါပြီ။

Tottenham Hotspur v Borussia Dortmund

လိဂ်နှစ်ခု ထိပ်တိုက်တွေ့မှုမှာ ဘက်အညီဆုံး အတွဲဖြစ်တယ်။ စပါးအနေနဲ့ ဘွန်ဒက်လီဂါကို ဦးဆောင်ထားတဲ့ ဒေါ့မွန်ကို အသာရဖို့ ပုံစံကောင်းဖို့ကော၊ ကံကောင်းဖို့ပါလိုတယ်။ အတော်များများကတော့ ဒေါ့မွန်က အလေးသာမယ်လို့ ယူဆနေကြတယ်။ ပြီးခဲ့တဲ့ 6 လအတွင်း Lucien Favre က ဒေါ့မွန်ကို ဥရောပရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအသင်း ဖြစ်လာအောင် ပြောင်းလဲထားပေးနိုင်တယ်။

ဒီရာသီ အမှတ်ပေးလိဂ်မှာ ရံှူးပွဲမရှိထားဘူး။ 2012 ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလားကို အနိုင်ရနိုင်တဲ့ အနေအထားအဖြစ် အမှတ်ပေးဇယားကို 9 မှတ်ဖြတ်ထားတယ်။ စနေနေ့က ဝါတာဘရီမင်ကို အနိုင်ရလိုက်တာက ဒေါ့မွန်အနေနဲ့ ရာသီဝက်ချန်ပီယံဖြစ်ခဲ့တာပါပဲ။ Jadon Sancho အတွေ့အကြုံကောင်းစွာ တောက်ပလာနေသလို လက်မှတ်ထိုးခေါ်ထားတဲ့ Axel Witsel ကလည်း ဒေါ့မွန်ကို ကြောက်စရာကောင်းတဲ့ အသင်းဖြစ်လာဖို့ ကူညီပေးထားတယ်။

ဒေါ့မွန်ရဲ့ လျှို့ဝှက်လက်နက်ကတော့ တိုက်စစ်မှူးသစ် Paco Alcacer ပါပဲ။ ဒီရာသီ အရန်ခုံကထလာတိုင်းလည်း ဂိုးသွင်းနိုင်ပြီး လိဂ်ပွဲ 10 ပွဲအတွင်း မိနစ် 40 တိုင်းမှာ တစ်ဂိုးနှုန်းလောက် သွင်းထားနိုင်တယ်။ ဒေါ့မွန်ကို ယှဉ်ပြိုင်ဖို့က စပါးက အသင့်တော်ဆုံးကလပ်ပါ။ နှစ်သင်းလုံးက ငယ်ရွယ်တယ်။ ပြိုင်ဘက်ကောင်းတွေနဲ့တွေ့ရင် ပိုကောင်းလာတတ်တယ်။ ဘယ်အသင်းကများ နောက်တစ်ဆင့်ကို ကျော်ဖြတ်သွားမလဲ?

Liverpool v Bayern Munich

လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ ထိပ်တိုက်တွေ့တာက ဥရောပရဲ့ အင်အားကြီးနှစ်သင်း ထိပ်တိုက်တွေ့တာပါပဲ။ ဘိုင်ယန်ဒါရိုက်တာက 16 သင်းအဆင့်ကို အာရုံစိုက်နေတယ်လို့ ပြောခဲ့တယ်။ တကယ်တမ်းက ဘိုင်ယန်ဟာ လီဗာပူးထက်စာရင် အခြားအသင်းတွေနဲ့ပဲ တွေ့လိုပါလိမ့်မယ်။ လက်ရှိ ခြေစွမ်းတွေအရ ဘွန်ဒက်လီဂါ ချန်ပီယံထက်စာရင် ယာဂင်ကလော့ပ်ရဲ့အသင်းက ရေပန်းစားအသင်းလည်းဖြစ်နေခဲ့တယ်။

မန်နေဂျာသစ် Niko Kovac လက်အောက်မှာ ဆယ်ဆုနှစ်အတွင်း အညံ့ဖျင်းဆုံး တာထွက်မှုကို ပိုင်ဆိုင်ခဲ့တယ်။ ကစားကွက် အပြောင်းအလဲမှာ ဘိုတန်၊ မူလာ၊ ရော်ဘင်နဲ့ ဝါရင့် အသင်းဖော်တွေကို လူငယ်ကစားသမားတွေနဲ့ တွဲဘက်စေမှုအပိုင်းမှာ ဘိုင်ယန်က ရုန်းကန်နေရတယ်။ အဓိက ကစားသမား ကိုးမန်းပြန်လာနိုင်တာက ဘိုင်နယ်အတွက် အားသာချက်လည်း ဖြစ်လာစေပါတယ်။

ဆာလက်၊ မာနေးနဲ့ ဖာမင်နိုတို့ ဦးဆောင်တဲ့ လီဗာပူးအသင်းဟာ ဘိုင်ယန်ခံစစ်ကို ကျော်ဖြတ်ဖို့ဆိုတာက စိတ်လှုပ်ရှားစရာဖြစ်ပေမယ့် ဘိုင်ယန်ကို အထင်သေးပြီး ကစားခွင့်တော့ မရှိပါဘူး။ ဘိုင်ယန်က ဘိုင်ယန်ပါ။ ဖိအားတွေ ရှိနေတယ်ဆိုပေမယ့် ဘိုင်ယန်ဟာ ဥရောပရဲ့ အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။

Sports Home Time