ဆီမီးဖိုင္နယ္အတြက္ အာရံုစိုက္ထားဖို႔ ဘရာဇီး အသင္းေဖာ္မ်ားအား အယ္လီဆန္ တိုက္တြန္း

[Zawgyi] ပါရာေဂြး အသင္းကို ပင္နယ္တီနဲ႔ အႏိုင္ရ႐ွိခဲ့ၿပီးေနာက္ ကိုပါအေမရိက ဆီမီးဖိုင္နယ္အတြက္ အာရံုစိုက္ၾကဖို႔ ဘရာဇီးအသင္းကို ဂိုးသမား အယ္လီဆန္က တိုက္တြန္းခဲ့ပါတယ္။

ဘရာဇီးဟာ ပါရာေဂြးနဲ႔ ကြာတားဖိုင္နယ္မွာ မိနစ္ကိုးဆယ္အတြင္း ဂိုးမ႐ွိ သေရက်ခဲ့ၿပီး ပင္နယ္တီက်မွ ၄-၃ နဲ႔ အႏိူင္ရကာ ေနာက္ဆံုး ေလးသင္းအဆင့္ကို ေရာက္႐ွိခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးရဲ႕ အယ္လီဆန္ဟာ ပထမဆံုး ဂူစတာဗို ဂိုမက္ရဲ႕ ကန္ခ်က္ကို ကာကြယ္ခဲ့ၿပီး ေနာက္ဆံုး ကန္ရတဲ့ ဒါလစ္ ဂြန္ဇာလက္ဇ္ကလဲ ဂုိးေပါက္မတည့္ခဲ့တာပါ။တကယ္လို႔ လီယြန္နယ္မက္ဆီရဲ႕ အာဂ်င္တီးနားဟာ ယေန႔ည ဗင္နီဇြဲလားကို ႏိူုင္ရင္ ဆီမီးမွာ အိမ္႐ွင္ ဘရာဇီးတို႔နဲ႔ ေတြ႔ရမွာ ျဖစ္ပါတယ္။

“က်ေနာ့္ အသင္းေဖာ္ေတြက သူတို႔တာဝန္ကို သူတို႔လုပ္ခဲ့တယ္။ အဲ့ဒါက အေရးအႀကီးဆံုး အပိုင္း ျဖစ္ခဲ့တာပါ။ က်ေနာ္တို႔ဟာ သိပ္ကို ယံုၾကည္မႈ ႐ွိခဲ့တယ္။ အသင္းက အႏိူင္ရဖို႔ ထိုက္တန္ခဲ့ပါတယ္။ ရလဒ္က သေရ ျဖစ္ခဲ့ေပမယ့္ တစ္သင္းတည္းကပဲ ဆီမီး တက္ရမွာမို႔ပါ။ ”

“အခု က်ေနာ္တို႔ ဆက္ႁပီး ႀကိဳးစားလုပ္ရမယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပထမ တစ္ဆင့္ကေတာ့ ၿပီးသြားၿပီ။ က်ေနာ္တို႔ရဲ႕ အဓိက ရည္မွန္းခ်က္ ျဖစ္တဲ့ ခ်န္ပီယံ ျဖစ္ဖို႔အတြက္ ေနာက္တစ္ဆင့္ ဆက္သြားရမယ္။ ” လို႔ ပြဲအၿပီးမွာ အယ္လီဆန္က ေျပာဆိုခဲ့ပါတယ္။

ဘရာဇီးအတြက္ စတုတၳေျမာက္ ပင္နယ္တီကို ေရာဘတ္တို ဖာမီႏိုက လြဲေခ်ာ္ခဲ့ေပမယ့္ ဂါဘရီရယ္ ဂ်ီဆုက အေရးပါတဲ့ ေနာက္ဆံုးပင္နယ္တီကို အႏိုင္ကန္သြင္းခဲ့ၿပီး အုပ္စုအဆင့္အတြင္း ပီ႐ူးနဲ႔ပြဲမွာ သူလြဲေခ်ာ္ခဲ့တာအတြက္ ေခ်ပေပးခဲ့ပါတယ္။

“က်ေနာ္ ယံုၾကည္မႈ ႐ွိခဲ့တယ္။ က်ေနာ္ ယံုၾကည္မႈ႐ွိ႐ွိနဲ႔ ဂိုးဝင္ေအာင္သြင္းခဲ့ပါတယ္။ ၿပီးခဲ့တဲ့ပြဲမွာေတာ့ စိတ္ပ်က္ခဲ့ရတာေလ။ ဘာေၾကာင့္လဲဆိုေတာ့ ယံုၾကည္မႈမ႐ွိခဲ့ဘူး။ အနည္းငယ္ စိုးရိမ္ခဲ့တယ္လို႔ ထင္တယ္။ ”

“ေဘာလံုး ကစားဖို႔၊ ဂိုးေတြသြင္းဖို႔က က်ေနာ့္ အလုပ္ပါ။ အဲ့အခ်ိန္မွာ စိုးရိမ္မႈက က်ေနာ့္ကို ေႏွာင့္ယွက္ခဲ့တယ္။ ဒီေန႔ေတာ့ က်ေနာ္ တည္တည္ၿငိမ္ၿငိမ္ ၊ ယံုၾကည္မႈ ႐ွိ႐ွိနဲ႔ ေအးေဆး လုပ္ေဆာင္ခဲ့ပါတယ္။ ဂိုးသမားက ဘယ္ဘက္ကို သြားတာ ျမင္ေတာ့ က်ေနာ္ တျခားတဖက္ကို ကန္ခဲ့တာပါ။ ” လို႔ ဂ်ီဆုက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ပါရာဂွေး အသင်းကို ပင်နယ်တီနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကိုပါအမေရိက ဆီမီးဖိုင်နယ်အတွက် အာရုံစိုက်ကြဖို့ ဘရာဇီးအသင်းကို ဂိုးသမား အယ်လီဆန်က တိုက်တွန်းခဲ့ပါတယ်။

ဘရာဇီးဟာ ပါရာဂွေးနဲ့ ကွာတားဖိုင်နယ်မှာ မိနစ်ကိုးဆယ်အတွင်း ဂိုးမရှိ သရေကျခဲ့ပြီး ပင်နယ်တီကျမှ ၄-၃ နဲ့ အနိူင်ရကာ နောက်ဆုံး လေးသင်းအဆင့်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ အယ်လီဆန်ဟာ ပထမဆုံး ဂူစတာဗို ဂိုမက်ရဲ့ ကန်ချက်ကို ကာကွယ်ခဲ့ပြီး နောက်ဆုံး ကန်ရတဲ့ ဒါလစ် ဂွန်ဇာလက်ဇ်ကလဲ ဂိုးပေါက်မတည့်ခဲ့တာပါ။တကယ်လို့ လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားဟာ ယနေ့ည ဗင်နီဇွဲလားကို နိူုင်ရင် ဆီမီးမှာ အိမ်ရှင် ဘရာဇီးတို့နဲ့ တွေ့ရမှာ ဖြစ်ပါတယ်။

“ကျနော့် အသင်းဖော်တွေက သူတို့တာဝန်ကို သူတို့လုပ်ခဲ့တယ်။ အဲ့ဒါက အရေးအကြီးဆုံး အပိုင်း ဖြစ်ခဲ့တာပါ။ ကျနော်တို့ဟာ သိပ်ကို ယုံကြည်မှု ရှိခဲ့တယ်။ အသင်းက အနိူင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။ ရလဒ်က သရေ ဖြစ်ခဲ့ပေမယ့် တစ်သင်းတည်းကပဲ ဆီမီး တက်ရမှာမို့ပါ။ ”

“အခု ကျနော်တို့ ဆက်ပြီး ကြိုးစားလုပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ ပထမ တစ်ဆင့်ကတော့ ပြီးသွားပြီ။ ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက် ဖြစ်တဲ့ ချန်ပီယံ ဖြစ်ဖို့အတွက် နောက်တစ်ဆင့် ဆက်သွားရမယ်။ ” လို့ ပွဲအပြီးမှာ အယ်လီဆန်က ပြောဆိုခဲ့ပါတယ်။

ဘရာဇီးအတွက် စတုတ္ထမြောက် ပင်နယ်တီကို ရောဘတ်တို ဖာမီနိုက လွဲချော်ခဲ့ပေမယ့် ဂါဘရီရယ် ဂျီဆုက အရေးပါတဲ့ နောက်ဆုံးပင်နယ်တီကို အနိုင်ကန်သွင်းခဲ့ပြီး အုပ်စုအဆင့်အတွင်း ပီရူးနဲ့ပွဲမှာ သူလွဲချော်ခဲ့တာအတွက် ချေပပေးခဲ့ပါတယ်။

“ကျနော် ယုံကြည်မှု ရှိခဲ့တယ်။ ကျနော် ယုံကြည်မှုရှိရှိနဲ့ ဂိုးဝင်အောင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲမှာတော့ စိတ်ပျက်ခဲ့ရတာလေ။ ဘာကြောင့်လဲဆိုတော့ ယုံကြည်မှုမရှိခဲ့ဘူး။ အနည်းငယ် စိုးရိမ်ခဲ့တယ်လို့ ထင်တယ်။ ”

“ဘောလုံး ကစားဖို့၊ ဂိုးတွေသွင်းဖို့က ကျနော့် အလုပ်ပါ။ အဲ့အချိန်မှာ စိုးရိမ်မှုက ကျနော့်ကို နှောင့်ယှက်ခဲ့တယ်။ ဒီနေ့တော့ ကျနော် တည်တည်ငြိမ်ငြိမ် ၊ ယုံကြည်မှု ရှိရှိနဲ့ အေးဆေး လုပ်ဆောင်ခဲ့ပါတယ်။ ဂိုးသမားက ဘယ်ဘက်ကို သွားတာ မြင်တော့ ကျနော် တခြားတဖက်ကို ကန်ခဲ့တာပါ။ ” လို့ ဂျီဆုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Sports Home Time