ခ်န္ပီယံလိဂ္အိပ္မက္အတြက္ မန္စီးတီး လုပ္ရမယ့္အရာကို အသင္းတာဝန္ရွိသူ သတိေပး

[Zawgyi] မန္ခ်က္စတာစီးတီးရဲ႕ ေဘာလုံးဒါ႐ိုက္တာက မန္စီးတီးဟာ ခ်န္ပီယံလိဂ္ဖလား အႏိုင္ရဖို႔ ေမွ်ာ္လင့္ေနတဲ့ အသင္းျဖစ္သလို ကလပ္အေနနဲ႔ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ဖို႔ ဘာလုပ္ဖို႔လိုသလဲဆိုတာကို သတိေပးစကား ေျပာဆိုလိုက္ပါတယ္။

အျပာေရာင္ မန္ခ်က္စတာအသင္းဟာ ၁၆ သင္း အဆင့္မွာ ဂ်ာမန္ကလပ္ ေရွာ္ေကးနဲ႔ ေတြ႕ဆုံမွာျဖစ္ၿပီး ေဖေဖာ္ဝါရီ နဲ႔ မတ္လအတြင္း ကစားရမွာျဖစ္ပါတယ္။ ပထမအေက်ာ့ကို အေဝးကြင္းမွာ သြားေရာက္ယွဥ္ျပိဳင္ျပီး အိမ္ကြင္း အီးသီဟတ္မွာေတာ့ ဒုတိယအေက်ာ့ကို လက္ခံယွဥ္ၿပိဳင္ရမွာပါ။

ေနယြန္ရဲ႕ ခ်န္ပီယံလိဂ္ မဲခြဲပြဲမွာ မန္ခ်က္စတာစီးတီးကို ကိုယ္စားျပဳၿပီး လာေရာက္ခဲ့တဲ့ အားကစားဒါ႐ိုက္တာ ခ်ီကီ ဘီဂ်ီရစ္စတိန္းက ေရွာ္ေကးရဲ႕ အင္အားက သူ႔ကစားသမားေတြကို အႏၱရာယ္မျဖစ္ေစဘူးလို႔ ယူဆထားတယ္။ အုပ္စုအဆင့္မွာ ေဟာ့ဖန္ဟိန္းနဲ႔ ေတြ႕ဆုံခဲ့ၿပီး အိမ္ကြင္းေရာ အေဝးကြင္းမွာပါ ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တာက စီးတီးအတြက္ အက်ိဳးျဖစ္ေစလိမ့္မယ္လို႔ သူက ဆိုပါတယ္။

” ဂ်ာမန္ကလပ္ေတြဟာ box to box ကစားတဲ့အခါ အရမ္းအင္အားေတာင့္ပါတယ္။ က်ေနာ္တို႔က ပိုၿပီးအင္အားႀကီးဖို႔ လိုပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔ေျပးရင္ သူတို႔ႏိုင္သြားလိမ့္မယ္။ ဒါေၾကာင့္ က်ေနာ္တို႔ဟာ ေဘာလုံးကိုကိုင္ၿပီး ပြဲကိုထိန္းသိမ္းဖို႔လုပ္ရမွာပါ။ က်ေနာ္တို႔အေနနဲ႔ box to box ကေန ေျပးတာကို ေရွာင္ရပါမယ္။ ဘာလို႔လဲဆိုေတာ့ အဲ့ဒီ့္ေနရာမွာ သူတို႔ဟာ အေကာင္းဆုံးအသင္းျဖစ္လို႔ပါ။

ဒီၿပိဳင္ပြဲက ခက္ခဲပါတယ္။ ခ်န္ပီယံလိဂ္မွာ ပြဲႀကီးပြဲေကာင္းေတြကို လာဖို႔ရွိတယ္။ ေရွာ္ေကးဟာ သူတို႔လိဂ္မွာ အနည္းငယ္ ႐ုန္းကန္ေနရေပမယ့္ ခ်န္ပီယံလိဂ္မွာ ေကာင္းေကာင္းကစားထားပါတယ္။ ေဆာင္းရာသီ အားလပ္ရက္ေတြနဲ႔အတူ ႏွစ္လ ၿပီးသြားတဲ့အခါ ဂ်ာမန္ကလပ္ေတြက အၿမဲတမ္း ေတာ္ေတာ္ အႏၲရာယ္ ေပးပါတယ္။ ”

ႏွစ္သင္းၾကား အဆင့္ကြာတယ္ဆိုေပမယ့္ ေဆာင္းရာသီအားလပ္ရက္က စီးတီးအတြက္ ျပသနာျဖစ္ႏိုင္ပါတယ္။ ဘြန္ဒက္စ္လီဂါဟာ ေနာက္တပတ္ ပြဲစဥ္ေတြၿပီးရင္ အနားရမွာပါ။ အခုကစၿပီး ခ်န္ပီယံလိဂ္ မကစားခင္ၾကား ေဆာင္းရာသီ ကာလအတြင္းမွာ စီးတီးကေတာ့ ၁၄ ပြဲကစားရမွာျဖစ္ၿပီး ေရွာ္ေကးကေတာ့ စီးတီးကစားရတဲ့ ပမဏရဲ႕ တဝက္ေလာက္သာ ကစားရမွာျဖစ္ပါတယ္။

မဲခြဲပြဲမွာ အဂၤလန္ကလပ္သုံးသင္းကေတာ့ ဂ်ာမန္ကလပ္ သံုးသင္းနဲ႔ ေတြ႕ဆုံေနတယ္။ လီဗာပူးက ဘိုင္ယန္ျမဴးနစ္နဲ႔ ကစားရမွာျဖစ္ၿပီး ေတာ့တင္ဟမ္ေဟာ့စပါး ကေတာ့ ေဒါ့မြန္နဲ႔ေတြ႕ဆုံရမွာပါ။ ခ်ီကီ ဘီဂ်ီရစ္စတိန္းက အုပ္စုဗိုလ္ျဖစ္ျခင္းရဲ႕ အက်ိဳးဟာ ဘြန္ဒက္စ္လီဂါမွာ တန္းဆင္းဇုန္နဲ႔ နီးကပ္ေနတဲ့ ေရွာ္ေကးအသင္းကနဲ႔ ထိပ္တိုက္ေတြ႔ဖို႔ျဖစ္လာရတယ္လို႔ ဆိုပါတယ္။

” အုပ္စုဗိုလ္ျဖစ္တာက အၿမဲတမ္း အေရးပါပါတယ္။ ျပီးေတာ့ ဒုတိယအေက်ာ့ကို အိမ္ကြင္းမွာ ကစားရတာကလဲ အရမ္းေကာင္းပါတယ္။ အေရးအႀကီးဆုံးက အာ႐ုံစိုက္ၿပီး ေကာင္းေကာင္းလုပ္ေဆာင္တာက ၿပိဳင္ပြဲမွာ ေတာင့္တင္းတဲ့ အသင္းတသင္းျဖစ္ေစပါတယ္။ ဒါေပမယ့္ ဂ်ဴဗင္တပ္နဲ႔ အက္သလက္တီကို မက္ဒရစ္ ပြဲကို ၾကည့္လိုက္။ ဒါက အံ့ၾသစရာ ေကာင္းတဲ့ ပြဲေတြျဖစ္လာလိမ့္မယ္။

က်ေနာ္တို႔အတြက္ ပရီးမီးယားလိဂ္က အၿမဲတမ္း အေရးအရမ္းႀကီးတယ္။ ဒါေပမယ့္ ခ်န္ပီယံလိဂ္မွာ ေက်ာ္ျဖတ္ႏိုင္ဖို႔ကလည္း မန္စီးတီးလို အသင္းမ်ိဳးအတြက္ အိမ္မက္တခုပါပဲ။ က်ေနာ္တို႔ဟာ ဆီမီးဖိုင္နယ္ကို တႀကိမ္ေရာက္ခဲ့ဖူးတယ္။ အခုလဲ အဲ့လိုမ်ိဳး ျဖစ္ခ်င္ပါတယ္။ ပရီးမီးယားလိဂ္မွာ ေအာင္ျမင္ၿပီး ခ်န္ပီယံလိဂ္မွာ တိုက္ပြဲဝင္ဖို႔ ျပီးေတာ့ တေန႔မွာ ခ်န္ပီယံလိဂ္ဆုဖလားနဲ႔ နီးစပ္လာမယ္ဆိုတာ က်ေနာ္တို႔သိပါတယ္ ” လို႔ ေျပာခဲ့ပါတယ္။

Sports Home Time

[Unicode] မန်ချက်စတာစီးတီးရဲ့ ဘောလုံးဒါရိုက်တာက မန်စီးတီးဟာ ချန်ပီယံလိဂ်ဖလား အနိုင်ရဖို့ မျှော်လင့်နေတဲ့ အသင်းဖြစ်သလို ကလပ်အနေနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ ဘာလုပ်ဖို့လိုသလဲဆိုတာကို သတိပေးစကား ပြောဆိုလိုက်ပါတယ်။

အပြာရောင် မန်ချက်စတာအသင်းဟာ ၁၆ သင်း အဆင့်မှာ ဂျာမန်ကလပ် ရှော်ကေးနဲ့ တွေ့ဆုံမှာဖြစ်ပြီး ဖေဖော်ဝါရီ နဲ့ မတ်လအတွင်း ကစားရမှာဖြစ်ပါတယ်။ ပထမအကျော့ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ပြီး အိမ်ကွင်း အီးသီဟတ်မှာတော့ ဒုတိယအကျော့ကို လက်ခံယှဉ်ပြိုင်ရမှာပါ။

နေယွန်ရဲ့ ချန်ပီယံလိဂ် မဲခွဲပွဲမှာ မန်ချက်စတာစီးတီးကို ကိုယ်စားပြုပြီး လာရောက်ခဲ့တဲ့ အားကစားဒါရိုက်တာ ချီကီ ဘီဂျီရစ်စတိန်းက ရှော်ကေးရဲ့ အင်အားက သူ့ကစားသမားတွေကို အန္တရာယ်မဖြစ်စေဘူးလို့ ယူဆထားတယ်။ အုပ်စုအဆင့်မှာ ဟော့ဖန်ဟိန်းနဲ့ တွေ့ဆုံခဲ့ပြီး အိမ်ကွင်းရော အဝေးကွင်းမှာပါ ၂-၁ နဲ့ အနိုင်ရရှိခဲ့တာက စီးတီးအတွက် အကျိုးဖြစ်စေလိမ့်မယ်လို့ သူက ဆိုပါတယ်။

” ဂျာမန်ကလပ်တွေဟာ box to box ကစားတဲ့အခါ အရမ်းအင်အားတောင့်ပါတယ်။ ကျနော်တို့က ပိုပြီးအင်အားကြီးဖို့ လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ပြေးရင် သူတို့နိုင်သွားလိမ့်မယ်။ ဒါကြောင့် ကျနော်တို့ဟာ ဘောလုံးကိုကိုင်ပြီး ပွဲကိုထိန်းသိမ်းဖို့လုပ်ရမှာပါ။ ကျနော်တို့အနေနဲ့ box to box ကနေ ပြေးတာကို ရှောင်ရပါမယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီ့်နေရာမှာ သူတို့ဟာ အကောင်းဆုံးအသင်းဖြစ်လို့ပါ။

ဒီပြိုင်ပွဲက ခက်ခဲပါတယ်။ ချန်ပီယံလိဂ်မှာ ပွဲကြီးပွဲကောင်းတွေကို လာဖို့ရှိတယ်။ ရှော်ကေးဟာ သူတို့လိဂ်မှာ အနည်းငယ် ရုန်းကန်နေရပေမယ့် ချန်ပီယံလိဂ်မှာ ကောင်းကောင်းကစားထားပါတယ်။ ဆောင်းရာသီ အားလပ်ရက်တွေနဲ့အတူ နှစ်လ ပြီးသွားတဲ့အခါ ဂျာမန်ကလပ်တွေက အမြဲတမ်း တော်တော် အန္တရာယ် ပေးပါတယ်။ ”

နှစ်သင်းကြား အဆင့်ကွာတယ်ဆိုပေမယ့် ဆောင်းရာသီအားလပ်ရက်က စီးတီးအတွက် ပြသနာဖြစ်နိုင်ပါတယ်။ ဘွန်ဒက်စ်လီဂါဟာ နောက်တပတ် ပွဲစဉ်တွေပြီးရင် အနားရမှာပါ။ အခုကစပြီး ချန်ပီယံလိဂ် မကစားခင်ကြား ဆောင်းရာသီ ကာလအတွင်းမှာ စီးတီးကတော့ ၁၄ ပွဲကစားရမှာဖြစ်ပြီး ရှော်ကေးကတော့ စီးတီးကစားရတဲ့ ပမဏရဲ့ တဝက်လောက်သာ ကစားရမှာဖြစ်ပါတယ်။

မဲခွဲပွဲမှာ အင်္ဂလန်ကလပ်သုံးသင်းကတော့ ဂျာမန်ကလပ် သုံးသင်းနဲ့ တွေ့ဆုံနေတယ်။ လီဗာပူးက ဘိုင်ယန်မြူးနစ်နဲ့ ကစားရမှာဖြစ်ပြီး တော့တင်ဟမ်ဟော့စပါး ကတော့ ဒေါ့မွန်နဲ့တွေ့ဆုံရမှာပါ။ ချီကီ ဘီဂျီရစ်စတိန်းက အုပ်စုဗိုလ်ဖြစ်ခြင်းရဲ့ အကျိုးဟာ ဘွန်ဒက်စ်လီဂါမှာ တန်းဆင်းဇုန်နဲ့ နီးကပ်နေတဲ့ ရှော်ကေးအသင်းကနဲ့ ထိပ်တိုက်တွေ့ဖို့ဖြစ်လာရတယ်လို့ ဆိုပါတယ်။

” အုပ်စုဗိုလ်ဖြစ်တာက အမြဲတမ်း အရေးပါပါတယ်။ ပြီးတော့ ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရတာကလဲ အရမ်းကောင်းပါတယ်။ အရေးအကြီးဆုံးက အာရုံစိုက်ပြီး ကောင်းကောင်းလုပ်ဆောင်တာက ပြိုင်ပွဲမှာ တောင့်တင်းတဲ့ အသင်းတသင်းဖြစ်စေပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်နဲ့ အက်သလက်တီကို မက်ဒရစ် ပွဲကို ကြည့်လိုက်။ ဒါက အံ့သြစရာ ကောင်းတဲ့ ပွဲတွေဖြစ်လာလိမ့်မယ်။

ကျနော်တို့အတွက် ပရီးမီးယားလိဂ်က အမြဲတမ်း အရေးအရမ်းကြီးတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာ ကျော်ဖြတ်နိုင်ဖို့ကလည်း မန်စီးတီးလို အသင်းမျိုးအတွက် အိမ်မက်တခုပါပဲ။ ကျနော်တို့ဟာ ဆီမီးဖိုင်နယ်ကို တကြိမ်ရောက်ခဲ့ဖူးတယ်။ အခုလဲ အဲ့လိုမျိုး ဖြစ်ချင်ပါတယ်။ ပရီးမီးယားလိဂ်မှာ အောင်မြင်ပြီး ချန်ပီယံလိဂ်မှာ တိုက်ပွဲဝင်ဖို့ ပြီးတော့ တနေ့မှာ ချန်ပီယံလိဂ်ဆုဖလားနဲ့ နီးစပ်လာမယ်ဆိုတာ ကျနော်တို့သိပါတယ် ” လို့ ပြောခဲ့ပါတယ်။

Sports Home Time