ခ်န္ပီယံလိဂ္မွာ ကြာတားတက္ေရာက္ႏိုင္မယ့္ (၈) သင္းကို ၾကိဳတင္ခန္႔မွန္းျခင္း

[Zawgyi] ၂၀၁၈-၂၀၁၉ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ ၁၆ သင္း ရံွဴးထြက္အဆင့္မွာေတာ့ အဂၤလန္သုံးသင္းဟာ ဂ်ာမန္သုံးသင္းနဲ႔ ထိပ္တိုက္ ေတြ႕ဆုံရမွာ ျဖစ္ပါတယ္။ ဒီေန႔ မဲခြဲပြဲရလဒ္အရ ပရီးမီးယားလိဂ္ ဦးေဆာင္သူ လီဗာပူးဟာ ဘိုင္ယန္ျမဴးနစ္နဲ႔ ေတြ႕ဆုံမွာျဖစ္ၿပီး မန္စီးတီက ေရွာ္ေကးနဲ႔ စပါးက ဘြန္ဒက္လီဂါ ဦးေဆာင္သူ ေဒါ့မြန္နဲ႔ အသီးသီး ေတြ႕ဆုံယွဥ္ၿပိဳင္ၾကမွာပါ။

ခ်န္ပီယံလိဂ္ သုံးႏွစ္ဆက္ ပိုင္ရွင္ ဥေရာပဘုရင္ ရီးရဲလ္မက္ဒရစ္က ေအဂ်က္ အသင္းနဲ႔ ပထမအေက်ာ့ကို နယ္သာလန္ေျမမွာ ေတြ႕ဆုံရမွာျဖစ္ၿပီး လာလီဂါဘီလူး ဘာစီလိုနာကေတာ့ လိုင္ယြန္နဲ႔ ကစားရမွာျဖစ္ပါတယ္။ တျခားပြဲေတြအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ဟာ ျပင္သစ္လီဂူးဝမ္း ဦးေဆာင္သူ ပီအက္စ္ဂ်ီနဲ႔ ဂ်ဳဗင္တပ္က အက္သလက္တီကို မက္ဒရစ္ နဲ႔ ေပၚတိုက ႐ိုးမားနဲ႔ အသီးသီး ယွဥ္ၿပိဳင္ၾကမွာပါ။

ဒါေပမယ့္ ဘယ္သူေတြက ကြာတားဖိုင္နယ္ကို တက္လွမ္းသြားႏိုင္မလဲ? ဒီေမးခြန္းက အေတာ္ေလး စိတ္လႈပ္ရွားစရာမဟုတ္လား။ အခုေဖာ္ျပမွာကေတာ့ တယ္လီဂရပ္သတင္းဌာနရဲ႕ ကြာတားရွစ္သင္း ခန္႔မွန္းခ်က္ေတြျဖစ္ပါတယ္။

Schalke v Manchester City

အုပ္စုဗိုလ္ ျဖစ္ခဲ့တဲ့ မန္စီးတီး အတြက္ ႀကီးမားတဲ့ ဆုလဒ္ကေတာ့ ဘြန္ဒက္စ္လီဂါမွာ လက္ရွိ အဆင့္ ၁၃ မွာ ေရာက္ေနတဲ့ ဂ်ာမန္ကလပ္ နဲ႔ ေတြ႕ဆုံရမွာပါပဲ။ ခ်န္ပီယံလိဂ္ ၃၂ သင္း အဆင့္မွာ ေရွာ္ေကးဟာ အင္အားနည္းတဲ့ အုပ္စုအတြင္း ေပၚတိုရဲ႕ေနာက္ ဒုတိယေနရာ ရခဲ့တာျဖစ္ၿပီး မန္စီးတီးအေနနဲ႔ ဒါေလးကို မေက်ာ္ျဖတ္ႏိုင္ရင္ ေတာ္ေတာ္အံ့ၾသစရာျဖစ္သြားမွာပါ။

Winner: Manchester City

Atletico Madrid v Juventus

ခ်န္ပီယံလိဂ္ ၁၆ သင္း အဆင့္မွာ ေတြ႔ဆံုၾကမယ္ဆိုရင္ အေတာ္ၾကည့္ေကာင္းမယ့္ ပြဲႀကီးတစ္ပြဲ ျဖစ္ပါတယ္။ ဥေရာပရဲ႕ ဟယ္ဗီးဝိတ္ ႏွစ္သင္းလုံးကေတာ့ ဒီထိပ္တိုက္ေတြ႕ဆုံမႈကို ဘယ္ဘက္ကမွ ေက်နပ္ေနဖို႔ မရွိဘူး။ ခံစစ္အေကာင္းဆုံးႏွစ္သင္း ယွဥ္ၿပိဳင္ၾကမွာျဖစ္လို႔ ဒီပြဲက လုံးဝ အႀကိတ္အနယ္ျဖစ္မွာ အေသအခ်ာပါပဲ။ ဒီထဲက ေ႐ြးရမယ္ဆိုရင္ေတာ့ ခရစ္စတီယာႏို ေရာ္နယ္ဒို ရွိေနတဲ့ ဂ်ဴဗင္တပ္က ပိုသာေနတယ္လို႔ ဆိုရမွာပါ။

Winner: Juventus

Manchester United v Paris Saint-Germain

ယူႏိုက္တက္တို႔ အႀကိဳက္ေတြ႕မယ့္ မဲခြဲရလဒ္မဟုတ္ပါဘူး။ အုပ္စုအဆင့္မွာ ပီအက္စ္ဂ်ီဟာ လီဗာပူးကို ေက်ာ္ျဖတ္ၿပီး ပထမေနရာရခဲ့တာ ျဖစ္ပါတယ္။ ၿပီးေတာ့ က်န္ခဲ့တဲ့အပတ္ကလဲ ယူႏိုက္တက္ကို လီဗာပူး ဘယ္လို အျပတ္ျဖဳတ္ခဲ့တယ္ဆိုတာ က်ေနာ္တို႔ ေတြ႕ခဲ့ရပါတယ္။ ပီအက္စ္ဂ်ီ တိုက္စစ္ကို ယူႏိုက္တက္ ဟန္႔တားႏိုင္ဖို႔ဆိုတာ အရမ္းခက္ခဲပါတယ္။ သူတို႔အေနနဲ႔ ၿပိဳင္ပြဲကထြက္ခြာခဲ့ရၿပီး ဟိုေဆးေမာ္ရင္ညိဳကို လက္ျပႏႈတ္ဆက္ဖို႔ ျဖစ္လာေတာ့မွာလား?

Winner: Paris Saint-Germain

Tottenham Hotspur v Borussia Dortmund

ဒါကလဲ လုံးဝၾကည့္ေကာင္းမယ့္ပြဲပါ။ ႏွစ္သင္းစလုံးဟာ ျမန္ဆန္တဲ့ ကစားပုံနဲ႔ လုံးဝေကာင္းမြန္တဲ့ တိုက္စစ္ေတြမွာ ထိပ္တန္းအဆင့္ ရွိပါတယ္။ ဘြန္ဒက္စ္လီဂါမွာ ထိပ္ဆုံးက ေျပးေနတဲ့ ေဒါ့မြန္ကို အႏိုင္ယူဖို႔ဆိုတာ ခက္ခဲပါတယ္။ တကယ္ကို 50-50 အေျခအေနပါပဲ။ ဒါေပမယ့္ စပါးဟာ ခက္ခဲတဲ့တိုက္ပြဲေတြနဲ႔ အသားက်လာေနပါျပီ။ ဒီတကြက္မွာ ေတာ့တင္ဟမ္တို႔ အသာရသြားႏိုင္ပါတယ္။

Verdict: Tottenham Hotspur

Lyon v Barcelona

လိုင္ယြန္ဟာ အႏၲရာယ္ရွိတဲ့ အသင္းဆိုတာ အုပ္စုအဆင့္မွာ မန္စီးတီးတို႔ ႀကဳံခဲ့ရၿပီးပါၿပီ။ ခံစစ္အေကာင္းဆုံးပုံစံမွာ ရွိမေနတဲ့ ဘာစီလိုနာအသင္းကို သူတို႔က ေကာင္းေကာင္းၾကီး ဒုကၡေပးႏိုင္ပါလိမ့္မယ္။ ဒါေပမယ့္ ဘာစီလိုနာမွာ လီယြန္နယ္ မက္ဆီရွိေနတာက အားသာမႈ ျဖစ္ေစပါတယ္။

Verdict: Barcelona

Roma v Porto

ခ်န္ပီယံလိဂ္ ၁၆ သင္း အဆင့္မွာ အားအနည္းဆုံးအတြဲျဖစ္ျပီး မႏွစ္က ဆီမီးဖိုင္နယ္ ထိေရာက္ခဲ့တဲ့ ႐ိုးမားဟာ ဒီရာသီမွာေတာ့ ဘာမွမဟုတ္ပါဘူး။ ေပၚတိုဟာ ၃၂ သင္းအဆင့္မွာ ငါးပြဲအႏိုင္ရခဲ့ၿပီး အုပ္စုဗိုလ္ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီႏွစ္သင္းဟာ လူတိုင္း မဲက်ေစခ်င္တဲ့ အသင္းေတြျဖစ္ပါတယ္။

Verdict: Porto

Ajax v Real Madrid

ႀကီးက်ယ္တဲ့ ဥေရာပေအာင္ျမင္မႈ သမိုင္းေတြရွိခဲ့တဲ့ ဒီႏွစ္သင္း လာေတြ႕တာက လုံးဝ အမွတ္တရပါပဲ။ ႏွစ္သင္းၾကားမွာ ဥေရာပဖလား ၁၅ ႀကိမ္ေတာင္ ရခဲ့တာျဖစ္ပါတယ္။ ေအဂ်က္မွာ ငယ္႐ြယ္ၿပီး အႏၲရယ္ေပးႏိုင္တဲ့ စိတ္လႈပ္ရွားစရာေကာင္းတဲ့ ကစားသမားေတြရွိပါတယ္။ ဒါေပမယ့္ ဥေရာပဘုရင္ ရီးရဲလ္မက္ဒရစ္ရဲ႕ အေတြ႕အႀကဳံနဲ႔ သမာၻကိုေတာ့ ယွဥ္ႏိုင္မွာ မဟုတ္ပါဘူး။

Verdict: Real Madrid

Liverpool v Bayern Munich

ေနာက္ထပ္ၾကည့္ေကာင္းမယ့္ ပြဲတပြဲပါ။ ဘိုင္ယန္ျမဴးနစ္ဟာ အရင္လို စြမ္းအားေတြ မရွိေနပါဘူး။ သူတို႔ရဲ႕ နည္းျပ နီကို ကိုဗတ္စ္နဲ႔ ပတ္သက္ၿပီး ေမးခြန္းႀကီးေတြ ရွိေနတာနဲ႔အတူ ဂ်ာမနီလိဂ္မွာ ႐ုန္းကန္ေနရပါတယ္။ တခ်ိန္တုန္းက ဘိုင္ယန္ျမဴးနစ္တို႔ အသည္းအသန္ လိုခ်င္ေနခဲ့တဲ့ နည္းျပ ယာဂန္ကေလာ့ပ္ဟာ ယခု ၿပိဳင္ဘက္ လီဗာပူးမွာပါ။ ကေလာ့ပ္အေနနဲ႔ ေတာင့္တင္းတဲ့ကစားပုံနဲ႔ ေပါက္ကြဲအားေကာင္းေကာင္း ကစားသင့္ပါတယ္။ ဒုတိယအေက်ာ့က အေဝးကြင္းျဖစ္လို႔ ႀကိဳးၾကာနီတို႔ဟာ ပိုၿပီးေတာ့ေကာင္းေအာင္ ႀကိဳးစားကစားဖို႔ လိုပါတယ္။

Verdict: Liverpool

Sports Home Time

[Unicode] ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ ချန်ပီယံလိဂ် ၁၆ သင်း ရံှူးထွက်အဆင့်မှာတော့ အင်္ဂလန်သုံးသင်းဟာ ဂျာမန်သုံးသင်းနဲ့ ထိပ်တိုက် တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ဒီနေ့ မဲခွဲပွဲရလဒ်အရ ပရီးမီးယားလိဂ် ဦးဆောင်သူ လီဗာပူးဟာ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံမှာဖြစ်ပြီး မန်စီးတီက ရှော်ကေးနဲ့ စပါးက ဘွန်ဒက်လီဂါ ဦးဆောင်သူ ဒေါ့မွန်နဲ့ အသီးသီး တွေ့ဆုံယှဉ်ပြိုင်ကြမှာပါ။

ချန်ပီယံလိဂ် သုံးနှစ်ဆက် ပိုင်ရှင် ဥရောပဘုရင် ရီးရဲလ်မက်ဒရစ်က အေဂျက် အသင်းနဲ့ ပထမအကျော့ကို နယ်သာလန်မြေမှာ တွေ့ဆုံရမှာဖြစ်ပြီး လာလီဂါဘီလူး ဘာစီလိုနာကတော့ လိုင်ယွန်နဲ့ ကစားရမှာဖြစ်ပါတယ်။ တခြားပွဲတွေအနေနဲ့ မန်ချက်စတာယူနိုက်တက်ဟာ ပြင်သစ်လီဂူးဝမ်း ဦးဆောင်သူ ပီအက်စ်ဂျီနဲ့ ဂျုဗင်တပ်က အက်သလက်တီကို မက်ဒရစ် နဲ့ ပေါ်တိုက ရိုးမားနဲ့ အသီးသီး ယှဉ်ပြိုင်ကြမှာပါ။

ဒါပေမယ့် ဘယ်သူတွေက ကွာတားဖိုင်နယ်ကို တက်လှမ်းသွားနိုင်မလဲ? ဒီမေးခွန်းက အတော်လေး စိတ်လှုပ်ရှားစရာမဟုတ်လား။ အခုဖော်ပြမှာကတော့ တယ်လီဂရပ်သတင်းဌာနရဲ့ ကွာတားရှစ်သင်း ခန့်မှန်းချက်တွေဖြစ်ပါတယ်။

Schalke v Manchester City

အုပ်စုဗိုလ် ဖြစ်ခဲ့တဲ့ မန်စီးတီး အတွက် ကြီးမားတဲ့ ဆုလဒ်ကတော့ ဘွန်ဒက်စ်လီဂါမှာ လက်ရှိ အဆင့် ၁၃ မှာ ရောက်နေတဲ့ ဂျာမန်ကလပ် နဲ့ တွေ့ဆုံရမှာပါပဲ။ ချန်ပီယံလိဂ် ၃၂ သင်း အဆင့်မှာ ရှော်ကေးဟာ အင်အားနည်းတဲ့ အုပ်စုအတွင်း ပေါ်တိုရဲ့နောက် ဒုတိယနေရာ ရခဲ့တာဖြစ်ပြီး မန်စီးတီးအနေနဲ့ ဒါလေးကို မကျော်ဖြတ်နိုင်ရင် တော်တော်အံ့သြစရာဖြစ်သွားမှာပါ။

Winner: Manchester City

Atletico Madrid v Juventus

ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ တွေ့ဆုံကြမယ်ဆိုရင် အတော်ကြည့်ကောင်းမယ့် ပွဲကြီးတစ်ပွဲ ဖြစ်ပါတယ်။ ဥရောပရဲ့ ဟယ်ဗီးဝိတ် နှစ်သင်းလုံးကတော့ ဒီထိပ်တိုက်တွေ့ဆုံမှုကို ဘယ်ဘက်ကမှ ကျေနပ်နေဖို့ မရှိဘူး။ ခံစစ်အကောင်းဆုံးနှစ်သင်း ယှဉ်ပြိုင်ကြမှာဖြစ်လို့ ဒီပွဲက လုံးဝ အကြိတ်အနယ်ဖြစ်မှာ အသေအချာပါပဲ။ ဒီထဲက ရွေးရမယ်ဆိုရင်တော့ ခရစ်စတီယာနို ရော်နယ်ဒို ရှိနေတဲ့ ဂျူဗင်တပ်က ပိုသာနေတယ်လို့ ဆိုရမှာပါ။

Winner: Juventus

Manchester United v Paris Saint-Germain

ယူနိုက်တက်တို့ အကြိုက်တွေ့မယ့် မဲခွဲရလဒ်မဟုတ်ပါဘူး။ အုပ်စုအဆင့်မှာ ပီအက်စ်ဂျီဟာ လီဗာပူးကို ကျော်ဖြတ်ပြီး ပထမနေရာရခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ကျန်ခဲ့တဲ့အပတ်ကလဲ ယူနိုက်တက်ကို လီဗာပူး ဘယ်လို အပြတ်ဖြုတ်ခဲ့တယ်ဆိုတာ ကျနော်တို့ တွေ့ခဲ့ရပါတယ်။ ပီအက်စ်ဂျီ တိုက်စစ်ကို ယူနိုက်တက် ဟန့်တားနိုင်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ သူတို့အနေနဲ့ ပြိုင်ပွဲကထွက်ခွာခဲ့ရပြီး ဟိုဆေးမော်ရင်ညိုကို လက်ပြနှုတ်ဆက်ဖို့ ဖြစ်လာတော့မှာလား?

Winner: Paris Saint-Germain

Tottenham Hotspur v Borussia Dortmund

ဒါကလဲ လုံးဝကြည့်ကောင်းမယ့်ပွဲပါ။ နှစ်သင်းစလုံးဟာ မြန်ဆန်တဲ့ ကစားပုံနဲ့ လုံးဝကောင်းမွန်တဲ့ တိုက်စစ်တွေမှာ ထိပ်တန်းအဆင့် ရှိပါတယ်။ ဘွန်ဒက်စ်လီဂါမှာ ထိပ်ဆုံးက ပြေးနေတဲ့ ဒေါ့မွန်ကို အနိုင်ယူဖို့ဆိုတာ ခက်ခဲပါတယ်။ တကယ်ကို 50-50 အခြေအနေပါပဲ။ ဒါပေမယ့် စပါးဟာ ခက်ခဲတဲ့တိုက်ပွဲတွေနဲ့ အသားကျလာနေပါပြီ။ ဒီတကွက်မှာ တော့တင်ဟမ်တို့ အသာရသွားနိုင်ပါတယ်။

Verdict: Tottenham Hotspur

Lyon v Barcelona

လိုင်ယွန်ဟာ အန္တရာယ်ရှိတဲ့ အသင်းဆိုတာ အုပ်စုအဆင့်မှာ မန်စီးတီးတို့ ကြုံခဲ့ရပြီးပါပြီ။ ခံစစ်အကောင်းဆုံးပုံစံမှာ ရှိမနေတဲ့ ဘာစီလိုနာအသင်းကို သူတို့က ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဘာစီလိုနာမှာ လီယွန်နယ် မက်ဆီရှိနေတာက အားသာမှု ဖြစ်စေပါတယ်။

Verdict: Barcelona

Roma v Porto

ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ အားအနည်းဆုံးအတွဲဖြစ်ပြီး မနှစ်က ဆီမီးဖိုင်နယ် ထိရောက်ခဲ့တဲ့ ရိုးမားဟာ ဒီရာသီမှာတော့ ဘာမှမဟုတ်ပါဘူး။ ပေါ်တိုဟာ ၃၂ သင်းအဆင့်မှာ ငါးပွဲအနိုင်ရခဲ့ပြီး အုပ်စုဗိုလ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်သင်းဟာ လူတိုင်း မဲကျစေချင်တဲ့ အသင်းတွေဖြစ်ပါတယ်။

Verdict: Porto

Ajax v Real Madrid

ကြီးကျယ်တဲ့ ဥရောပအောင်မြင်မှု သမိုင်းတွေရှိခဲ့တဲ့ ဒီနှစ်သင်း လာတွေ့တာက လုံးဝ အမှတ်တရပါပဲ။ နှစ်သင်းကြားမှာ ဥရောပဖလား ၁၅ ကြိမ်တောင် ရခဲ့တာဖြစ်ပါတယ်။ အေဂျက်မှာ ငယ်ရွယ်ပြီး အန္တရယ်ပေးနိုင်တဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားတွေရှိပါတယ်။ ဒါပေမယ့် ဥရောပဘုရင် ရီးရဲလ်မက်ဒရစ်ရဲ့ အတွေ့အကြုံနဲ့ သမ္ဘာကိုတော့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

Verdict: Real Madrid

Liverpool v Bayern Munich

နောက်ထပ်ကြည့်ကောင်းမယ့် ပွဲတပွဲပါ။ ဘိုင်ယန်မြူးနစ်ဟာ အရင်လို စွမ်းအားတွေ မရှိနေပါဘူး။ သူတို့ရဲ့ နည်းပြ နီကို ကိုဗတ်စ်နဲ့ ပတ်သက်ပြီး မေးခွန်းကြီးတွေ ရှိနေတာနဲ့အတူ ဂျာမနီလိဂ်မှာ ရုန်းကန်နေရပါတယ်။ တချိန်တုန်းက ဘိုင်ယန်မြူးနစ်တို့ အသည်းအသန် လိုချင်နေခဲ့တဲ့ နည်းပြ ယာဂန်ကလော့ပ်ဟာ ယခု ပြိုင်ဘက် လီဗာပူးမှာပါ။ ကလော့ပ်အနေနဲ့ တောင့်တင်းတဲ့ကစားပုံနဲ့ ပေါက်ကွဲအားကောင်းကောင်း ကစားသင့်ပါတယ်။ ဒုတိယအကျော့က အဝေးကွင်းဖြစ်လို့ ကြိုးကြာနီတို့ဟာ ပိုပြီးတော့ကောင်းအောင် ကြိုးစားကစားဖို့ လိုပါတယ်။

Verdict: Liverpool

Sports Home Time