PL ကလပ္ေတြရဲ႕ ခ်န္ပီယံလိဂ္ ရံွဴးထြက္ ႏွစ္ေက်ာ့ အတည္ျပဳ ရက္စြဲႏွင့္ အမွတ္ေပဇယား ရိုက္ခတ္ႏိုင္မႈ

[Zawgyi] အဂၤလန္ကလပ္ေတြရဲ႕ ခ်န္ပီယံလိဂ္ 16 သင္းအဆင့္ ႏွစ္ေက်ာ့အတြက္ အတည္ျပဳ ရက္စြဲမ်ားကို ေဖာ္ျပတာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ ႏွစ္ေက်ာ့ၾကားမွာ ပရီးမီးယားလိဂ္ပြဲအျပင္ အက္ဖ္ေအဖလားပြဲ ပါဝင္လာဖို႔လည္းရွိလို႔ အမွတ္ေပးဇယားအတြက္ အဆင့္ရပ္တည္မႈပိုင္းမွာ အေျပာင္းအလဲ ျဖစ္လာႏုိင္ပါတယ္။

အဂၤလန္နဲ႔ ဥေရာပ ပြဲစဥ္ဇယားေတြအရ မန္စီးတီးက ဥေရာပပြဲ ေခ်ာင္ေပမယ့္ အမွတ္ေပးပြဲ ၾကပ္ျပီး၊ လီဗာပူးက အမွတ္ေပးပြဲေခ်ာင္ကာ ခ်န္ပီယံလိဂ္ကုိ ပိုမိုအာရံုစိုက္ခြင့္ရမယ့္ အေနအထားျဖစ္ေပမယ့္ ယူႏိုက္တက္၊ စပါးတို႔ကေတာ့ မေခ်ာင္ပါဘူး။

ခ်န္ပီယံလိဂ္ ရက္စြဲမ်ား

2019 ခုႏွစ္ ေဖေဖာ္ဝါရီလ 13 ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္ (2း15) နာရီမွာ ပထမအေက်ာ့ကို လီဗာပူး၊ ယူႏုိက္တက္တို႔နဲ႔ စပါးတို႔က ဘိုင္ယန္၊ ပီအက္ဂ်ီ၊ ေဒါ့မြန္အသင္းေတြကို အိမ္ကြင္းေတြမွာ လက္ခံကစားမွာျဖစ္ျပီး မန္စီးတီးကေတာ့ ဂ်ာမနီကလပ္ ေရွာ္ေကးအသင္းနဲ႔ အေဝးကြင္း သြားေရာက္ကစားရမွာျဖစ္တယ္။

2019 ခုႏွစ္ မတ္လ 6 ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္ (2း15) နာရီမွာ ဒုတိယအေက်ာ့အျဖစ္ မန္စီးတီးက အိမ္ကြင္းမွာ ေရွာ္ေကးကို ဧည့္ခံမွာျဖစ္ျပီး လီဗာပူး၊ ယူႏုိက္တက္တို႔နဲ႔ စပါးတို႔က ဘိုင္ယန္၊ ပီအက္ဂ်ီ၊ ေဒါ့မြန္အသင္းတို႔နဲ႔ အေဝးကြင္းပြဲ သြားေရာက္ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

ထူးျခားမႈ

  • ေဖေဖာ္ဝါရီလ 9 ရက္ေန႔မွာ မန္စီးတီးဟာ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ ခ်ယ္ဆီးအသင္းကို အိမ္ကြင္းမွာ ဧည့္ခံယွဥ္ျပိဳင္ျပီး 3 ရက္အၾကာမွာ ခ်န္ပီယံလိဂ္ ပထမအေက်ာ့ အေဝးကြင္းပြဲကို ေရွာ္ေကးနဲ႔ သြားေရာက္ယွဥ္ျပိဳင္ရမွာျဖစ္တယ္။
  • လီဗာပူးနဲ႔ ယူႏိုက္တက္တို႔ဟာ ခ်န္ပီယံလိဂ္ အိမ္ကြင္းပြဲေတြအျပီး ေနာက္အပတ္မွာေတာ့ အိုထရတ္ဖိုဒ့္မွာ ထိပ္တိုက္ေတြ႔ၾကမွာျဖစ္တယ္။ ၾကားရက္မွာ ျပည့္ျပည့္ဝဝ အနားယူခြင့္ေတြ ရွိေနေပမယ့္ အက္ဖ္ေအဖလားျပိဳင္ပြဲ ဝင္ေရာက္လာဖို႔ ရွိပါတယ္။
  • စပါးဟာ ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့ အေဝးကြင္းပြဲအျဖစ္ ေဒါ့မြန္အသင္း အိမ္ကြင္းထံ သြားေရာက္မယွဥ္ျပိဳင္ခင္ ေဖေဖာ္ဝါရီလ 28 ရက္ေန႔မွာေတာ့ ခ်ယ္ဆီးအသင္းဟာ ေတာ္တင္ဟမ္ကို စတမ္းဖိုဒ့္ဘရစ္ခ်္မွာ ဧည့္ခံရမွာျဖစ္တယ္။
  • ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့အျပီး သီတင္းပတ္အကုန္ မတ္လ 9 ရက္ေန႔မွာ ယူႏိုက္တက္ဟာ အာဆင္နယ္ကို အိမ္ကြင္း အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္ကစားရဖို႔ရွိေနပါတယ္။
  • ႏွစ္ေက်ာ့လံုးမွာ VAR စနစ္ကို အသံုးျပဳသြားမွာျဖစ္တယ္။

အထက္ပါ ထူးျခားမႈေတြအရ ခ်န္ပီယံလိဂ္ မတိုင္ခင္နဲ႔ အျပီးေတြမွာ မန္စီးတီး၊ ယူႏုိက္တက္၊ စပါးတို႔က ပြဲၾကပ္ေတြ ကစားရဖို႔ရွိေပမယ့္ လီဗာပူးက ထိပ္သီး 6 သင္းေတြနဲ႔ ေတြ႔ဆံုဖို႔မရွိပဲ ထိပ္သီး 6 သင္းျပင္ပ အသင္းေတြနဲ႔ပဲ ေတြ႔ဖို႔ရွိတဲ့ အားသာခ်က္ကို ပိုင္ဆိုင္ထားပါတယ္။ ဒါေပမယ့္ ပထမအေက်ာ့ အန္ဖီးကြင္းမွာ ဗန္ဒိုက္ ပါဝင္ရဖို႔ မရွိပါဘူး။

Sports Home Time

[Unicode] အင်္ဂလန်ကလပ်တွေရဲ့ ချန်ပီယံလိဂ် 16 သင်းအဆင့် နှစ်ကျော့အတွက် အတည်ပြု ရက်စွဲများကို ဖော်ပြတာဖြစ်ပါတယ်။ ချန်ပီယံလိဂ် နှစ်ကျော့ကြားမှာ ပရီးမီးယားလိဂ်ပွဲအပြင် အက်ဖ်အေဖလားပွဲ ပါဝင်လာဖို့လည်းရှိလို့ အမှတ်ပေးဇယားအတွက် အဆင့်ရပ်တည်မှုပိုင်းမှာ အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။

အင်္ဂလန်နဲ့ ဥရောပ ပွဲစဉ်ဇယားတွေအရ မန်စီးတီးက ဥရောပပွဲ ချောင်ပေမယ့် အမှတ်ပေးပွဲ ကြပ်ပြီး၊ လီဗာပူးက အမှတ်ပေးပွဲချောင်ကာ ချန်ပီယံလိဂ်ကို ပိုမိုအာရုံစိုက်ခွင့်ရမယ့် အနေအထားဖြစ်ပေမယ့် ယူနိုက်တက်၊ စပါးတို့ကတော့ မချောင်ပါဘူး။

ခ်န္ပီယံလိဂ္ ရက္စြဲမ်ား

2019 ခုနှစ် ဖေဖော်ဝါရီလ 13 ရက်နေ့ မြန်မာစံတော်ချိန် နံနက် (2း15) နာရီမှာ ပထမအကျော့ကို လီဗာပူး၊ ယူနိုက်တက်တို့နဲ့ စပါးတို့က ဘိုင်ယန်၊ ပီအက်ဂျီ၊ ဒေါ့မွန်အသင်းတွေကို အိမ်ကွင်းတွေမှာ လက်ခံကစားမှာဖြစ်ပြီး မန်စီးတီးကတော့ ဂျာမနီကလပ် ရှော်ကေးအသင်းနဲ့ အဝေးကွင်း သွားရောက်ကစားရမှာဖြစ်တယ်။

2019 ခုနှစ် မတ်လ 6 ရက်နေ့ မြန်မာစံတော်ချိန် နံနက် (2း15) နာရီမှာ ဒုတိယအကျော့အဖြစ် မန်စီးတီးက အိမ်ကွင်းမှာ ရှော်ကေးကို ဧည့်ခံမှာဖြစ်ပြီး လီဗာပူး၊ ယူနိုက်တက်တို့နဲ့ စပါးတို့က ဘိုင်ယန်၊ ပီအက်ဂျီ၊ ဒေါ့မွန်အသင်းတို့နဲ့ အဝေးကွင်းပွဲ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ထူးခြားမှု

  • ဖေဖော်ဝါရီလ 9 ရက်နေ့မှာ မန်စီးတီးဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချယ်ဆီးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ပြီး 3 ရက်အကြာမှာ ချန်ပီယံလိဂ် ပထမအကျော့ အဝေးကွင်းပွဲကို ရှော်ကေးနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တယ်။
  • လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ ချန်ပီယံလိဂ် အိမ်ကွင်းပွဲတွေအပြီး နောက်အပတ်မှာတော့ အိုထရတ်ဖိုဒ့်မှာ ထိပ်တိုက်တွေ့ကြမှာဖြစ်တယ်။ ကြားရက်မှာ ပြည့်ပြည့်ဝဝ အနားယူခွင့်တွေ ရှိနေပေမယ့် အက်ဖ်အေဖလားပြိုင်ပွဲ ဝင်ရောက်လာဖို့ ရှိပါတယ်။
  • စပါးဟာ ချန်ပီယံလိဂ် ဒုတိယအကျော့ အဝေးကွင်းပွဲအဖြစ် ဒေါ့မွန်အသင်း အိမ်ကွင်းထံ သွားရောက်မယှဉ်ပြိုင်ခင် ဖေဖော်ဝါရီလ 28 ရက်နေ့မှာတော့ ချယ်ဆီးအသင်းဟာ တော်တင်ဟမ်ကို စတမ်းဖိုဒ့်ဘရစ်ချ်မှာ ဧည့်ခံရမှာဖြစ်တယ်။
  • ချန်ပီယံလိဂ် ဒုတိယအကျော့အပြီး သီတင်းပတ်အကုန် မတ်လ 9 ရက်နေ့မှာ ယူနိုက်တက်ဟာ အာဆင်နယ်ကို အိမ်ကွင်း အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားရဖို့ရှိနေပါတယ်။
  • နှစ်ကျော့လုံးမှာ VAR စနစ်ကို အသုံးပြုသွားမှာဖြစ်တယ်။

အထက်ပါ ထူးခြားမှုတွေအရ ချန်ပီယံလိဂ် မတိုင်ခင်နဲ့ အပြီးတွေမှာ မန်စီးတီး၊ ယူနိုက်တက်၊ စပါးတို့က ပွဲကြပ်တွေ ကစားရဖို့ရှိပေမယ့် လီဗာပူးက ထိပ်သီး 6 သင်းတွေနဲ့ တွေ့ဆုံဖို့မရှိပဲ ထိပ်သီး 6 သင်းပြင်ပ အသင်းတွေနဲ့ပဲ တွေ့ဖို့ရှိတဲ့ အားသာချက်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် ပထမအကျော့ အန်ဖီးကွင်းမှာ ဗန်ဒိုက် ပါဝင်ရဖို့ မရှိပါဘူး။

Sports Home Time