ဖရန္​႔လမ္​းပတ္​ ေနာက္​ရာသီမွာ ျပန္​ေခၚနိုင္ဖြယ္ ရွိသည့္ အငွားခ်ကစားသမား (၅)ေယာက္​

[Zawgyi] ဒီတစ္​ပတ္​အတြင္​းမွာ ေမာ္​ရီဇီယုိဆာရီရဲ႕ ေနရာမွာ ဖရန္​႔လမ္​းပတ္​ဟာ ေရာက္​ရွိလာေတာ့မွာ ျဖစ္​ပါတယ္​။ ခ်ယ္ဆီးအသင္းရဲ႕ ဂႏၶဝင္​ ကြင္​းလယ္​ ကစားသမားႀကီးဟာ နည္​းျပဘဝမွာ တစ္​နွစ္​သာျဖတ္​သန္​းခဲ့ၿပီး ဒါဘီ ေကာင္​တီအသင္​းကို Play-off ဗိုလ္​လုပြဲအထိ ပို႔ေဆာင္ ​ေပးခဲ့ကာ အက္​စ္​တြန္​ဗီလာအသင္​းကို နွစ္​ဂိုး တစ္​ဂိုးျဖင္​့ ရွံဳးနိမ္​့ခဲ့လို႔သာ ခ်န္ပီယံရွစ္မွာ ဆက္ က်န္ရွိခဲ့တာပါ။

ယခုနွစ္​ေႏြရာသီမွာ နွစ္​ရာသီအေျပာင္​းအေ႐ႊ႕ ပိတ္​ပင္​ခံထားရတာေၾကာင္​့ ကစားသမားအသစ္​ ေခၚယူႏိုင္​ဖို႔  မျဖစ္​နိုင္​တဲ့ အေနအထားမွာ ခ်ဲလ္​ဆီးအသင္​းရဲ႕တုိက္​စစ္​ ကစားသမားေဟာင္​း ခေရ႕ဘာေလနွင္​့ ေတြ႕ဆံုၿပီး လာမည္​့ရာသီ ဖရန္​႔လမ္​းပတ္​ ျပန္​ေခၚနို္​င္​မည္​့ အငွားခ် ကစားသမား ေတြကို ေမးျမန္​းခဲ့ပါတယ္​။

ခေရ႕ဘာေလက လမ္​းပတ္​ျပန္​လည္​ အသံုးခ်နိုင္​မယ့္ ေအာက္​ပါ ကစားသမား(၅)ေယာက္​တို႔ကို ESPN ကေန ေျပာျပခဲ့ပါတယ္​။

အယ္​ဗာရို မိုရာတာ

မည္​သည့္​ကစားသမားကိုမွ မေခၚယူနိုင္​ခဲ့ပါက ျဖစ္​လာနို္​င္​တဲ့ အေျခအေနေတြကို သံုးသပ္​ၾကည္​့ရင္​ ပထမဦးစားေပးျပန္​ေခၚမယ္​့ ကစားသမားက အယ္​ဗာရိုမိုရာတာပါ။ ယခုအခ်ိန္​မွာ အက္​သလက္​တီကိုမက္​ထရစ္​နွင္​့ ကစားသမားဟာ ေပ်ာ္​႐ႊင္​ေနၿပီး လန္​ဒန္​ကုိ ျပန္​မလာခ်င္​ဘူးဆိုတာ ကြၽန္​ေတာ္​တုိ႔ သိပါတယ္​။

ဟီဂြာအင္​ဟာ သူ႔ရဲ႕အသင္​းေဟာင္​းကို ျပန္​သြားေတာ့မယ္​့အခ်ိန္​ အသင္​းမွာ ေ႐ြးခ်ယ္​စရာ တစ္​ခုဘဲရွိပါေတာ့တယ္​။ သူက အိုလီဗာဂ်ရူးပါ။ဒါေပမယ္​့ ရီးရဲမက္​ထရစ္​ ဂ်ဴဗင္​တပ္​စ္​အသင္​းတို႔နဲ႔ ခ်န္​ပီယံလိဂ္​ဗိုလ္​လုပြဲ ကစားခဲ့ဖူးတဲ့ စပိန္​အသင္​းရဲ႕တိုက္​စစ္​ကို ဦးေဆာင္​ေနတဲ့ အယ္​ဗာရိုကို ျပန္​ၾကည္​့ရမွာပါ။ ကြၽန္​ေတာ္​တို႔ ျမင္​ေတြ႕ခဲ့ရတာထက္​ သူက ပိုေကာင္​းေနပါတယ္​။ လံုးဝ  ၁၀၀ ရာခိုင္​နႈန္​းပါ။

တန္​မီယို ဘာကာယိုကို

ခ်ဲလ္​ဆီးမွာ စိတ္​ပ်က္​စရာေျခစြမ္​းေတြ ႀကံဳေနရခ်ိန္​ ေအစီမီလန္​အသင္​းမွာေတာ့ သူ႔ကိုေထာက္​ခံ အားေပး ရမွာပါ။ ဒါေပမယ္​့ ေဘာလံုးကသူ႔ရဲ႕ ဦးေခါင္​းထက္​မွာ ရွိေနခ်ိန္​ ၿပိဳင္​ပြဲတြင္​းမွာ b,f ကစားသမားကိုမဆို ကာကြယ္​နိုင္​စြမ္​း ရွိတယ္​ ဆိုတာ ကြၽန္​ေတာ္​တို႔သိပါတယ္​။

မန္​ေနဂ်ာ တစ္​ေယာက္​ေနရာက ၾကည္​့ရင္​ ဒီအခ်က္​ကို ေစာင္​့ၾကည္​့ရမွာပါ။ သူဟာ ပရီးမီးယားလိဂ္​မွာ ကစားနိုင္​တယ္​ဆိုတာ ကြၽန္​ေတာ္​တို႔သိပါတယ္​။ ဒါေပမယ္​့ ကြၽန္​ေတာ္​တို႔ ေသခ်ာမေတြ႕ရျခင္​းေတာ့ မရွိေသးပါဘူး။

ဖက္​ကီယို တိုမိုရီ

ကတ္​ဇူးမားရဲ႕ အဲဗာတန္​ကို အငွား ထြက္​ကစားျခင္​းက အခြင္​့အေရးတစ္​ခုလို႔ပဲ ေျပာရမလား။ကြၽန္​ေတာ္​ တိုမိုရီကို ေသခ်ာေစာင္​့ၾကည္​့ေနပါတယ္​။ ဘာေၾကာင္​့လဲဆိုေတာ့ သူဟာ ဒါဘီရဲ႕ တစ္​နွစ္​တာ အေကာင္​းဆံုး ကစားသမား ျဖစ္​တာေၾကာင္​့ပါ။

ကြၽန္​ေတာ္​ သူ႔ကိုေကာင္​းေကာင္​းသိပါတယ္​။ ဖရန္​႔လမ္​းပတ္​ရဲ႕ လက္​ေအာက္​မွာ ေကာင္​းစြာ အလုပ္​လုပ္​ခဲ့သူ တစ္​ေယာက္​ျဖစ္​ပါတယ္​။ ကြၽန္​ေတာ္​မွန္​းဆၾကည္​့ရရင္​ ပြဲထြက္​ခြင္​့မရခဲ့ရင္​ေတာင္​ လူစာရင္​းမွာ သူ ပါဝင္​လာဖို႔ရွိပါတယ္​။ ဒီနွစ္​ထဲမွာ လူငယ္​ကစားသမားေတြရဲ႕ အခြင္​့အေရးေတြ တစ္​ခ်ိန္​တည္​းမွာ ရရွိၾကပါလိမ္​့မယ္​။

ေမဆြန္​ေမာင့္​

ကြၽန္​ေတာ္​ေမဆြန္​ေမာက္​ကို တိုမိုရီကဲ့သို႔ပဲ တူညီတဲ့အေၾကာင္​းျပခ်က္​ေတြနဲ႔ ၫႊန္​ျပခ်င္​ပါတယ္​။ ဖရန္​႔ လမ္​းပတ္​နဲ႔ ေဂ်ာ္​ဒီေမာရစ္​တို႔ လက္​ေအာက္​မွာႀကီးျပင္​းခဲ့တဲ့ ဒါဘီအသင္​းမွာ အရမ္​းေကာင္​းခဲ့ၿပီး အလားအလာ ေကာင္​းေတြ ပိုင္ဆိုင္​ထားတဲ့ လူငယ္​ကစားသမားေလးကို ေကာင္​းေကာင္​းသိပါတယ္​။

အေျပာင္​းအေ႐ႊ႕ကိစၥေၾကာင္​့ ပြဲထြက္​ဆယ္​့တစ္​ေယာက္​စာရင္​းမွာ မပါဝင္​လာနိုင္​ေတာင္​ လူငယ္​ေတြ အခြင္​့အေရး ရလာနိုင္​ပါတယ္​။ လမ္​းပတ္​အတြက္​ ေ႐ြးခ်ယ္​ခြင္​့လည္​း ရွိပါတယ္​။

မစ္​ခ်ီဘက္​ရွဴ၀ါရီ

တန္​မီေအဘရာဟမ္​ ထက္​ ပိုၿပီးအေတြ႕အႀကံဳ ရွိတယ္​ဆိုတာ အခ်က္​အလက္​ေတြက ၫႊန္​ျပေနပါတယ္​။ တန္​မီက ခ်န္​ပီယံရွစ္​မွာ ေကာင္​းေကာင္​း ေျခစြမ္​းျပခဲ့တယ္​။ဘက္​ရွဴ၀ါရီက သူ အငွားသြားကစားခဲ့တဲ့ ေနရာတိုင္​းမွာ ပိုၿပီး လုပ္​ျပနိင္​ခဲ့ပါတယ္​။

Sports Home Time

[Unicode] ဒီတစ်ပတ်အတွင်းမှာ မော်ရီဇီယိုဆာရီရဲ့ နေရာမှာ ဖရန့်လမ်းပတ်ဟာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းရဲ့ ဂန္ဓဝင် ကွင်းလယ် ကစားသမားကြီးဟာ နည်းပြဘဝမှာ တစ်နှစ်သာဖြတ်သန်းခဲ့ပြီး ဒါဘီ ကောင်တီအသင်းကို Play-off ဗိုလ်လုပွဲအထိ ပို့ဆောင် ပေးခဲ့ကာ အက်စ်တွန်ဗီလာအသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့လို့သာ ချန်ပီယံရှစ်မှာ ဆက် ကျန်ရှိခဲ့တာပါ။

ယခုနှစ်နွေရာသီမှာ နှစ်ရာသီအပြောင်းအရွှေ့ ပိတ်ပင်ခံထားရတာကြောင့် ကစားသမားအသစ် ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်တဲ့ အနေအထားမှာ ချဲလ်ဆီးအသင်းရဲ့တိုက်စစ် ကစားသမားဟောင်း ခရေ့ဘာလေနှင့် တွေ့ဆုံပြီး လာမည့်ရာသီ ဖရန့်လမ်းပတ် ပြန်ခေါ်နိုင်မည့် အငှားချ ကစားသမား တွေကို မေးမြန်းခဲ့ပါတယ်။

ခရေ့ဘာလေက လမ်းပတ်ပြန်လည် အသုံးချနိုင်မယ့် အောက်ပါ ကစားသမား(၅)ယောက်တို့ကို ESPN ကနေ ပြောပြခဲ့ပါတယ်။

အယ်ဗာရို မိုရာတာ

မည်သည့်ကစားသမားကိုမှ မခေါ်ယူနိုင်ခဲ့ပါက ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို သုံးသပ်ကြည့်ရင် ပထမဦးစားပေးပြန်ခေါ်မယ့် ကစားသမားက အယ်ဗာရိုမိုရာတာပါ။ ယခုအချိန်မှာ အက်သလက်တီကိုမက်ထရစ်နှင့် ကစားသမားဟာ ပျော်ရွှင်နေပြီး လန်ဒန်ကို ပြန်မလာချင်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။

ဟီဂွာအင်ဟာ သူ့ရဲ့အသင်းဟောင်းကို ပြန်သွားတော့မယ့်အချိန် အသင်းမှာ ရွေးချယ်စရာ တစ်ခုဘဲရှိပါတော့တယ်။ သူက အိုလီဗာဂျရူးပါ။ဒါပေမယ့် ရီးရဲမက်ထရစ် ဂျူဗင်တပ်စ်အသင်းတို့နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားခဲ့ဖူးတဲ့ စပိန်အသင်းရဲ့တိုက်စစ်ကို ဦးဆောင်နေတဲ့ အယ်ဗာရိုကို ပြန်ကြည့်ရမှာပါ။ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတာထက် သူက ပိုကောင်းနေပါတယ်။ လုံးဝ ၁၀၀ ရာခိုင်နှုန်းပါ။

တန်မီယို ဘာကာယိုကို

ချဲလ်ဆီးမှာ စိတ်ပျက်စရာခြေစွမ်းတွေ ကြုံနေရချိန် အေစီမီလန်အသင်းမှာတော့ သူ့ကိုထောက်ခံ အားပေး ရမှာပါ။ ဒါပေမယ့် ဘောလုံးကသူ့ရဲ့ ဦးခေါင်းထက်မှာ ရှိနေချိန် ပြိုင်ပွဲတွင်းမှာ b,f ကစားသမားကိုမဆို ကာကွယ်နိုင်စွမ်း ရှိတယ် ဆိုတာ ကျွန်တော်တို့သိပါတယ်။

မန်နေဂျာ တစ်ယောက်နေရာက ကြည့်ရင် ဒီအချက်ကို စောင့်ကြည့်ရမှာပါ။ သူဟာ ပရီးမီးယားလိဂ်မှာ ကစားနိုင်တယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သေချာမတွေ့ရခြင်းတော့ မရှိသေးပါဘူး။

ဖက်ကီယို တိုမိုရီ

ကတ်ဇူးမားရဲ့ အဲဗာတန်ကို အငှား ထွက်ကစားခြင်းက အခွင့်အရေးတစ်ခုလို့ပဲ ပြောရမလား။ကျွန်တော် တိုမိုရီကို သေချာစောင့်ကြည့်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ဒါဘီရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်တာကြောင့်ပါ။

ကျွန်တော် သူ့ကိုကောင်းကောင်းသိပါတယ်။ ဖရန့်လမ်းပတ်ရဲ့ လက်အောက်မှာ ကောင်းစွာ အလုပ်လုပ်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်မှန်းဆကြည့်ရရင် ပွဲထွက်ခွင့်မရခဲ့ရင်တောင် လူစာရင်းမှာ သူ ပါဝင်လာဖို့ရှိပါတယ်။ ဒီနှစ်ထဲမှာ လူငယ်ကစားသမားတွေရဲ့ အခွင့်အရေးတွေ တစ်ချိန်တည်းမှာ ရရှိကြပါလိမ့်မယ်။

မေဆွန်မောင့်

ကျွန်တော်မေဆွန်မောက်ကို တိုမိုရီကဲ့သို့ပဲ တူညီတဲ့အကြောင်းပြချက်တွေနဲ့ ညွှန်ပြချင်ပါတယ်။ ဖရန့် လမ်းပတ်နဲ့ ဂျော်ဒီမောရစ်တို့ လက်အောက်မှာကြီးပြင်းခဲ့တဲ့ ဒါဘီအသင်းမှာ အရမ်းကောင်းခဲ့ပြီး အလားအလာ ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ်ကစားသမားလေးကို ကောင်းကောင်းသိပါတယ်။

အပြောင်းအရွှေ့ကိစ္စကြောင့် ပွဲထွက်ဆယ့်တစ်ယောက်စာရင်းမှာ မပါဝင်လာနိုင်တောင် လူငယ်တွေ အခွင့်အရေး ရလာနိုင်ပါတယ်။ လမ်းပတ်အတွက် ရွေးချယ်ခွင့်လည်း ရှိပါတယ်။

မစ်ချီဘက်ရှူဝါရီ

တန်မီအေဘရာဟမ် ထက် ပိုပြီးအတွေ့အကြုံ ရှိတယ်ဆိုတာ အချက်အလက်တွေက ညွှန်ပြနေပါတယ်။ တန်မီက ချန်ပီယံရှစ်မှာ ကောင်းကောင်း ခြေစွမ်းပြခဲ့တယ်။ဘက်ရှူဝါရီက သူ အငှားသွားကစားခဲ့တဲ့ နေရာတိုင်းမှာ ပိုပြီး လုပ်ပြနိင်ခဲ့ပါတယ်။

Sports Home Timed