ဒဏ္ရာရွိထားရက္ ကစားေနတဲ့ ကိတ္တာကို လီဗာပူးပရိသတ္မ်ား စိတ္ပူေနၾက

[Zawgyi] လီဗာပူးပရိသတ္မ်ားဟာ ဂူနီယာအသင္းနဲ႕အတူ အာဖရိကဖလား ျပိဳင္ပြဲမွာ ၀င္ေရာက္ ကစားေနတဲ့ ကြင္းလယ္ကစားသမား နာေဘကိတ္တာကို ေစာင့္ၾကည့္ေနၾကျပီး ၄င္းရဲ႕ ရုန္းကန္မႈမ်ား ျမင္ေနရတာေၾကာင့္ စိုးရိမ္ပူပန္မႈေတြ ရွိေနၾကပါတယ္။

ကိတ္တာက လီဗာပူးနဲ႕ ဘာစီလိုနာရဲ႕ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ ပထမအေက်ာ့မွာတင္ ေပါင္ျခံဒဏ္ရာ ရခဲ့တာေၾကာင့္ ထိုတည္းက အနားယူ ကုသမႈ ခံယူခဲ့သူပါ။ လိုက္ပ္ဇစ္ ကစားသမားေဟာင္းဟာ မက္ဒရစ္မွာ ကန္တဲ့ ဗိုလ္လုပြဲကိုလည္း လြဲေခ်ာ္ခဲ့ရပါတယ္။ လီဗာပူးအသင္းက ကိတ္တာကို လအတန္ၾကာ အနားယူရမယ္ စစ္ေဆး ခန္႔မွန္းထားေပမယ့္ ဂူနီယာအသင္းဘက္က လီဗာပူးအသင္း ကစားသမားကို တမင္ ဆြဲထားတယ္လို႔ စြပ္စြဲမႈေတြ ျပဳလုပ္ကာ လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ခဲ့ပါတယ္။

အသက္ ၂၄ နွစ္ အရြယ္ ကြင္းလယ္သမားဟာ တနလၤာေန႕တည္းက အာဖရိကဖလားမွာ ဂူနီယာအသင္းရဲ႕ အဖြင့္ပဲြစဥ္ မက္ဒါဂတ္စကာနဲ႕ ပြဲမွာ ပါ၀င္ခဲ့ျပီး ၄င္းဟာ ကစားနိုင္စြမး္ ရွိတယ္ ယူဆတဲ့အတြက္ ဗုဒၶဟူးေန႕ နိုင္ဂ်ီးရီးယားနဲ႕ ပြဲမွာလည္း ဆက္လက္ ထည့္သြင္း ကစားေစခဲ့ပါတယ္။

ထိုပြဲ မတိုင္ခင္မွာပဲ ဂူနီယာအသင္း မန္ေနဂ်ာ Paul Put က – ” နာေဘက ၁၀၀% ျပည့္ အဆင္သင့္ ျဖစ္ေနရင္ သူ႔ကို ပြဲစတည္းက ထုတ္သံုးဖို႔ က်ေနာ္တို႔ တြန္႔ဆုတ္ ေနမွာ မဟုတ္ဘူး။ သူ႔အေပၚမွာလည္း မူတည္တာေပါ့။ သူ႔မွာ ဒဏ္ရာ ရွိခဲ့တယ္ဆိုတာ က်ေန္ာတို႔ သိပါတယ္။ ဒါေပမယ့္ အာဖရိကဖလားမွာ ပါ၀င္ကစားရမယ္ဆိုတာ ၾကိဳတင္ အသိေပးခဲ့တယ္.. နာေဘ ကစားနုိင္ဖို႔ ျပင္ဆင္နုိင္သမွ် အကုန္ ျပင္ဆင္ေပးခဲ့တယ္။”

” သူ ပြဲကစားဖို႔ ၂၀၀% ေတာင္ ေလ့က်င့္ခဲ့တာပါ။ ဒါေၾကာင့္ ၾကံ႕ခိုင္မႈအပိုင္းအရ လံုး၀ အသင့္ျဖစ္ေနျပီ က်ေနာ္ ထင္ပါတယ္။ စိတ္ဓာတ္ပိုင္း အရပါ အသင့္ ျဖစ္ေနရင္ သူ ပြဲထြက္ ကစားနုိင္မယ္ ထင္ပါတယ္။” လို႔ ေျပာၾကားခဲ့ပါတယ္။

နိုင္ဂ်ီးရီးယားနဲ႕ ပြဲမွာ ျပိဳင္ဘက္ေတြနဲ႕ ယွဥ္ကစားရင္း အၾကိမ္ၾကိမ္ ထိခိုက္ လဲက်ေနခဲ့တဲ့ ကိတ္တာကို လီဗာပူး ပရိသတ္ေတြကေတာ့ စိုးရိမ္တၾကီး ျဖစ္ေနခဲ့ပါတယ္။ ကိတ္တာဟာ အၾကိမ္ၾကိမ္ လဲက်မႈေတြ ၾကံဳခဲ့ျပီး လက္စတာ ကြင္းလယ္ Wilfried Ndidi နဲ႕ ျငိမ္ိတဲ့ အၾကိမ္လည္း ပါ၀င္ပါတယ္။

ကိတ္တာဆီမွာ ေနာက္ဆက္တြဲ တံေကာက္ေၾကာ ျပႆနာ ရွိတယ္လို႔လည္း သတင္းထြက္ေနေပမယ့္ ၄င္းကေတာ့ အသင္းအတြက္ ၇၁ မိနစ္ ပါ၀င္ကစားေပးရင္ ထပ္မံ ကုန္ဆံုးခဲ့ပါတယ္။ အေလာတၾကီး ကိတ္တာကို ျပန္ကစားေစတာက ကစားသမားရဲ႕ ဒဏ္ရာ အေျခအေနကို ပိုဆိုးသြားမွာ လီဗာပူးဘက္ကလည္း စိုးရိမ္မႈေတြ ရွိေနပါတယ္။

Sports Home Time

[Unicode] လီဗာပူးပရိသတ်များဟာ ဂူနီယာအသင်းနဲ့အတူ အာဖရိကဖလား ပြိုင်ပွဲမှာ ဝင်ရောက် ကစားနေတဲ့ ကွင်းလယ်ကစားသမား နာဘေကိတ်တာကို စောင့်ကြည့်နေကြပြီး ၎င်းရဲ့ ရုန်းကန်မှုများ မြင်နေရတာကြောင့် စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။

ကိတ်တာက လီဗာပူးနဲ့ ဘာစီလိုနာရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့မှာတင် ပေါင်ခြံဒဏ်ရာ ရခဲ့တာကြောင့် ထိုတည်းက အနားယူ ကုသမှု ခံယူခဲ့သူပါ။ လိုက်ပ်ဇစ် ကစားသမားဟောင်းဟာ မက်ဒရစ်မှာ ကန်တဲ့ ဗိုလ်လုပွဲကိုလည်း လွဲချော်ခဲ့ရပါတယ်။ လီဗာပူးအသင်းက ကိတ်တာကို လအတန်ကြာ အနားယူရမယ် စစ်ဆေး ခန့်မှန်းထားပေမယ့် ဂူနီယာအသင်းဘက်က လီဗာပူးအသင်း ကစားသမားကို တမင် ဆွဲထားတယ်လို့ စွပ်စွဲမှုတွေ ပြုလုပ်ကာ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခဲ့ပါတယ်။

အသက် ၂၄ နှစ် အရွယ် ကွင်းလယ်သမားဟာ တနင်္လာနေ့တည်းက အာဖရိကဖလားမှာ ဂူနီယာအသင်းရဲ့ အဖွင့်ပွဲစဉ် မက်ဒါဂတ်စကာနဲ့ ပွဲမှာ ပါဝင်ခဲ့ပြီး ၎င်းဟာ ကစားနိုင်စွမ်း ရှိတယ် ယူဆတဲ့အတွက် ဗုဒ္ဓဟူးနေ့ နိုင်ဂျီးရီးယားနဲ့ ပွဲမှာလည်း ဆက်လက် ထည့်သွင်း ကစားစေခဲ့ပါတယ်။

ထိုပွဲ မတိုင်ခင်မှာပဲ ဂူနီယာအသင်း မန်နေဂျာ Paul Put က – ” နာဘေက ၁၀၀% ပြည့် အဆင်သင့် ဖြစ်နေရင် သူ့ကို ပွဲစတည်းက ထုတ်သုံးဖို့ ကျနော်တို့ တွန့်ဆုတ် နေမှာ မဟုတ်ဘူး။ သူ့အပေါ်မှာလည်း မူတည်တာပေါ့။ သူ့မှာ ဒဏ်ရာ ရှိခဲ့တယ်ဆိုတာ ကျနေ်ာတို့ သိပါတယ်။ ဒါပေမယ့် အာဖရိကဖလားမှာ ပါဝင်ကစားရမယ်ဆိုတာ ကြိုတင် အသိပေးခဲ့တယ်.. နာဘေ ကစားနိုင်ဖို့ ပြင်ဆင်နိုင်သမျှ အကုန် ပြင်ဆင်ပေးခဲ့တယ်။”

” သူ ပွဲကစားဖို့ ၂၀၀% တောင် လေ့ကျင့်ခဲ့တာပါ။ ဒါကြောင့် ကြံ့ခိုင်မှုအပိုင်းအရ လုံး၀ အသင့်ဖြစ်နေပြီ ကျနော် ထင်ပါတယ်။ စိတ်ဓာတ်ပိုင်းအရပါ အသင့် ဖြစ်နေရင် သူ ပွဲထွက် ကစားနိုင်မယ် ထင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

နိုင်ဂျီးရီးယားနဲ့ ပွဲမှာ ပြိုင်ဘက်တွေနဲ့ ယှဉ်ကစားရင်း အကြိမ်ကြိမ် ထိခိုက် လဲကျနေခဲ့တဲ့ ကိတ်တာကို လီဗာပူး ပရိသတ်တွေကတော့ စိုးရိမ်တကြီး ဖြစ်နေခဲ့ပါတယ်။ ကိတ်တာဟာ အကြိမ်ကြိမ် လဲကျမှုတွေ ကြုံခဲ့ပြီး လက်စတာ ကွင်းလယ် Wilfried Ndidi နဲ့ ငြိမိတဲ့ အကြိမ်လည်း ပါဝင်ပါတယ်။

ကိတ်တာဆီမှာ နောက်ဆက်တွဲ တံကောက်ကြော ပြဿနာ ရှိတယ်လို့လည်း သတင်းထွက်နေပေမယ့် ၎င်းကတော့ အသင်းအတွက် ၇၁ မိနစ် ပါဝင်ကစားပေးရင် ထပ်မံ ကုန်ဆုံးခဲ့ပါတယ်။ အလောတကြီး ကိတ်တာကို ပြန်ကစားစေတာက ကစားသမားရဲ့ ဒဏ်ရာ အခြေအနေကို ပိုဆိုးသွားမှာ လီဗာပူးဘက်ကလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

Sports Home Time