ခ်န္ပီယံလိဂ္ ဗိုလ္စြဲတာကို အာဖရိကဖလား နဲ႕ လဲလို႔ ရရင္ လဲခ်င္တယ္လို႔ မာေနး ဆို

[Zawgyi] လီဗာပူးတိုက္စစ္သမား ဆာဒီယို မာေနးဟာ ကလပ္အသင္းကို ၂၀၁၈-၁၉ ေဘာလံုးရာသီမွာ ဥေရာပ ခ်န္ပီယံလိဂ္ဖလား ဗိုလ္စြဲေအာင္ အဓိက ကစားသမားတစ္ဦး အျဖစ္ ပါ၀င္ကူညီခဲ့သူပါ။ ဒါေပမယ့္ ၄င္းက အဆိုပါ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈကို နုိင္ငံအသင္း ဆီနီေဂါအတြက္ အာဖရိကဖလား ခ်န္ပီယံဆုနဲ႕ လဲလို႔ရရင္ လဲခ်င္ေၾကာင္း ဖြင့္ဟ ေျပာဆိုသြားပါတယ္။

အသက္ ၂၇ နွစ္ အရြယ္ ဆီနီေဂါသားဟာ ျပီးခဲ့တဲ့ ရာသီမွာ ေျခစြမ္း ပိုမို ေတာက္ပလာျပီး ပရီးမီးယားလိဂ္မွာ ၂၂ ဂိုး သြင္းကာ ဆာလက္၊ အူဘာမီးယန္းတို႔နဲ႕ အတူ ပူးတြဲ ရရွိခဲ့ပါတယ္။ မာေနးကေတာ့ တကိုယ္စာနဲ႕ကလပ္အသင္း ေအာင္ျမင္မႈထက္ နုိင္ငံအသင္း ေအာင္ျမင္မႈ ပို ေစခ်င္ေနတာပါ။

မာေနးက ေလာေလာဆယ္ အီဂ်စ္မွာ က်င္းပေနတဲ့ အာဖရိကေနးရွင္းလိဂ္ ဖလားျပိဳင္ပြဲမွာ ပါ၀င္ကစားေနျပီး ဆီနီေဂါ ဗိုလ္စြဲေစလိုေနပါတယ္။

” တကယ့္ ဂရိတ္ တစ္ခုခု ေအာင္ျမင္မႈ ရဖို႔ဆိုတာ က်ေနာ္တုိ႔ အေပၚ မူတည္ပါတယ္။ က်ေနာ္တို႔က ဗိုလ္စြဲဖို႔ ေရပန္းစားတဲ့ အသင္းထဲ ပါတယ္ ဆိုတာ မွန္ပါတယ္။ ဒါက ဖုံးကြယ္ထားစရာ မဟုတ္ပါဘူး။ ဒါေပမယ့္ ေရပန္းစားတာနဲ႕ပဲ ဗိုလ္စြဲတဲ့ဆီအထိ ေရာက္ဖို႔ မလံုေလာက္ပါဘူး။”

” တစ္ခါမွ မရဖူးေသးတဲ့ အာဖရိကဖလား ျပိဳင္ပြဲ ခ်န္ပီယံဆုကို နုိင္ငံအသင္းနဲ႕ အတူ ရမယ္ဆိုရင္ သိပ္ကို ေကာင္းမြန္လြန္းတဲ့ အခိုက္အတန္႕ ျဖစ္မွာပါ.. က်ေနာ္ကေတာ့ အာဖရိကဖလားမွာ ဗိုလ္စြဲဖို႔ဆို ခ်န္ပီယံလိဂ္ ဆုနဲ႕ေတာင္ လဲဆို လဲနုိင္ပါတယ္။ ဒါကာကို ေအာင္ျမင္မႈေတြနဲ႕ ျပန္ရတာ သိပ္ကို ထူးျခားေကာင္းမြန္ေနမွာပါ.. ဒါက က်ေနာ့္ရဲ႕ အၾကီးမားဆံုး အရူးသြပ္ဆံုး စိတ္ကူး အိပ္မက္ပါပဲ။” လို ဆာဒီယို မာေနးက ဖြင့္ဟ သြားခဲ့ပါတယ္။

မာေနးဟာ ေျခစစ္ပြဲ အဆင့္မွာ ရွိထားတဲ့ အ၀ါကတ္ေတြေၾကာင့္ အာဖရိက ဖလားျပိဳင္ပြဲ အဖြင့္ပြဲစဥ္ တန္ေဇးတီးယားနဲ႕ပြဲ မွာလည္း အရန္ခံုတန္းမွာသာ ထိုင္ေနခဲ့ရပါတယ္။

Sports Home Time

[Unicode] လီဗာပူးတိုက်စစ်သမား ဆာဒီယို မာနေးဟာ ကလပ်အသင်းကို ၂၀၁၈-၁၉ ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ဖလား ဗိုလ်စွဲအောင် အဓိက ကစားသမားတစ်ဦး အဖြစ် ပါဝင်ကူညီခဲ့သူပါ။ ဒါပေမယ့် ၎င်းက အဆိုပါ ချန်ပီယံလိဂ် အောင်မြင်မှုကို နိုင်ငံအသင်း ဆီနီဂေါအတွက် အာဖရိကဖလား ချန်ပီယံဆုနဲ့ လဲလို့ရရင် လဲချင်ကြောင်း ဖွင့်ဟ ပြောဆိုသွားပါတယ်။

အသက် ၂၇ နှစ် အရွယ် ဆီနီဂေါသားဟာ ပြီးခဲ့တဲ့ ရာသီမှာ ခြေစွမ်း ပိုမို တောက်ပလာပြီး ပရီးမီးယားလိဂ်မှာ ၂၂ ဂိုး သွင်းကာ ဆာလက်၊ အူဘာမီးယန်းတို့နဲ့ အတူ ပူးတွဲ ရရှိခဲ့ပါတယ်။ မာနေးကတော့ တကိုယ်စာနဲ့ကလပ်အသင်း အောင်မြင်မှုထက် နိုင်ငံအသင်း အောင်မြင်မှု ပို စေချင်နေတာပါ။

မာနေးက လောလောဆယ် အီဂျစ်မှာ ကျင်းပနေတဲ့ အာဖရိကနေးရှင်းလိဂ် ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနေပြီး ဆီနီဂေါ ဗိုလ်စွဲစေလိုနေပါတယ်။

” တကယ့် ဂရိတ် တစ်ခုခု အောင်မြင်မှု ရဖို့ဆိုတာ ကျနော်တို့ အပေါ် မူတည်ပါတယ်။ ကျနော်တို့က ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းထဲ ပါတယ် ဆိုတာ မှန်ပါတယ်။ ဒါက ဖုံးကွယ်ထားစရာ မဟုတ်ပါဘူး။ ဒါပေမယ့် ရေပန်းစားတာနဲ့ပဲ ဗိုလ်စွဲတဲ့ဆီအထိ ရောက်ဖို့ မလုံလောက်ပါဘူး။”

” တစ်ခါမှ မရဖူးသေးတဲ့ အာဖရိကဖလား ပြိုင်ပွဲ ချန်ပီယံဆုကို နိုင်ငံအသင်းနဲ့ အတူ ရမယ်ဆိုရင် သိပ်ကို ကောင်းမွန်လွန်းတဲ့ အခိုက်အတန့် ဖြစ်မှာပါ.. ကျနော်ကတော့ အာဖရိကဖလားမှာ ဗိုလ်စွဲဖို့ဆို ချန်ပီယံလိဂ် ဆုနဲ့တောင် လဲဆို လဲနိုင်ပါတယ်။ ဒါကာကို အောင်မြင်မှုတွေနဲ့ ပြန်ရတာ သိပ်ကို ထူးခြားကောင်းမွန်နေမှာပါ.. ဒါက ကျနော့်ရဲ့ အကြီးမားဆုံး အရူးသွပ်ဆုံး စိတ်ကူး အိပ်မက်ပါပဲ။” လို ဆာဒီယို မာနေးက ဖွင့်ဟ သွားခဲ့ပါတယ်။

မာနေးဟာ ခြေစစ်ပွဲ အဆင့်မှာ ရှိထားတဲ့ အဝါကတ်တွေကြောင့် အာဖရိက ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ် တန်ဇေးတီးယားနဲ့ပွဲ မှာလည်း အရန်ခုံတန်းမှာသာ ထိုင်နေခဲ့ရပါတယ်။

Sports Home Time