ဇာဟာကို ေခၚယူႏုိင္ဖို႔ တိုက္စစ္သမားတစ္ဦးကို ေရာင္းထုတ္ရေတာ့မယ့္ အာဆင္နယ္

အူႏုိင္းအမ္မရီဟာ ေႏြအေျပာင္းအေရႊ႔မွာ ကစားသမား ေခၚယူမႈေတြ ျပဳလုပ္ဖို႔အတြက္ ကလပ္အသင္း တာဝန္ရွိသူေတြကို ေမးျမန္းထားသလို ေတာင္ပံသမား ဇာဟာအတြက္ အသံုးစရိတ္ ထုတ္ေပးဖို႔ ေတာင္းခံထားတယ္လို႔ သိထားရတယ္။

The Times သတင္းက ေဖာ္ျပမႈအရေတာ့ ကလပ္အသင္း တာဝန္ရွိသူေတြက အသံုးစရိတ္ ထုတ္မေပးဘူးဆိုရင္ အမ္မရီဟာ ပဲေလစ့္တိုက္စစ္သမားကို ေခၚယူဖို႔ ကလပ္အသင္းရဲ႕ တိုက္စစ္သမား တစ္ဦးကို ရွင္းထုတ္ရဖို႔ ရွိေနတယ္လို႔ ဆိုပါတယ္။

ဇာဟာအတြက္ ေျပာင္းေရႊ႔ေၾကးအျဖစ္ ဂန္းနားေတြဘက္က ေပါင္ ၅၅ သန္း က်သင့္မယ္လို႔ ခန္႔မွန္းထားေပမယ့္ ပဲေလစ့္ဘက္ကေတာ့ ေပါင္ သန္း ၈၀ ထိ ေစ်းခၚထားတာျဖစ္တယ္။ ပဲေလစ့္ဟာ ဇာဟာကို ေရာင္းထုတ္ဖို႔ ရွိေပမယ့္လည္း သူ႔အတြက္ သက္မွတ္ေျပာင္းေရႊ႔ေၾကး မရရင္ ထြက္ခြင့္ေပးမွာေတာ့ မဟုတ္ပါဘူး။

အာဆင္နယ္ဟာ အသက္ ၂၆ ႏွစ္အရြယ္ တိုက္စစ္သမားကို ေခၚယူလိုေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ မရထားတာက အတားအဆီးျဖစ္ေနခဲ့တယ္။ ဇာဟာအတြက္ ပဲေလစ့္ဘက္က ေစ်းတင္ထားျပီး တစ္ပတ္လုပ္ခအားျဖင့္လည္း ၁၃၀၀၀၀ ေပးေခ်ေနတာျဖစ္တယ္။ အာဆင္နယ္ဟာ ဇာဟာကို ေခၚယူလိုတယ္ဆိုရင္ မီခီတာရန္ကို ေရာင္းထုတ္ျပီး လုပ္ခနဲ႔ အသံုးစရိတ္ ရွာေဖြဖို႔ လိုအပ္တယ္လို႔ သိရပါတယ္။

အသက္ ၃၀ အရြယ္ မီခီတာရန္ဟာ အာဆင္နယ္နဲ႔ ၂၀၂၁ ခုႏွစ္ထိ စာခ်ဳပ္ရွိသူျဖစ္ျပီး မႏွစ္တုန္းက ပရီးမီးယားလိဂ္ပြဲ ၂၅ ပြဲမွာ ကိုယ္တိုင္ ၆ ဂိုးသြင္းယူကာ ဂိုးေထာက္ပံ့မႈ ၄ ၾကိမ္ ျပဳလုပ္ထားႏုိင္သူျဖစ္တယ္။ သူ႔အတြက္ ေပးေခ်ရတဲ့ လုပ္ခနဲ႔ ဇာဟာအတြက္ ေပးေခ်ရမယ့္ လုပ္ခဟာ တုိက္ရိုက္ အက်ိဳးသက္ေရာက္မွာျဖစ္တယ္။

Sports Home Time

[Unicode] အူနိုင်းအမ်မရီဟာ နွေအပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ဖို့အတွက် ကလပ်အသင်း တာဝန်ရှိသူတွေကို မေးမြန်းထားသလို တောင်ပံသမား ဇာဟာအတွက် အသုံးစရိတ် ထုတ်ပေးဖို့ တောင်းခံထားတယ်လို့ သိထားရတယ်။

The Times သတင်းက ဖော်ပြမှုအရတော့ ကလပ်အသင်း တာဝန်ရှိသူတွေက အသုံးစရိတ် ထုတ်မပေးဘူးဆိုရင် အမ်မရီဟာ ပဲလေစ့်တိုက်စစ်သမားကို ခေါ်ယူဖို့ ကလပ်အသင်းရဲ့ တိုက်စစ်သမား တစ်ဦးကို ရှင်းထုတ်ရဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ဇာဟာအတွက် ပြောင်းရွှေ့ကြေးအဖြစ် ဂန်းနားတွေဘက်က ပေါင် ၅၅ သန်း ကျသင့်မယ်လို့ ခန့်မှန်းထားပေမယ့် ပဲလေစ့်ဘက်ကတော့ ပေါင် သန်း ၈၀ ထိ ဈေးခါ်ထားတာဖြစ်တယ်။ ပဲလေစ့်ဟာ ဇာဟာကို ရောင်းထုတ်ဖို့ ရှိပေမယ့်လည်း သူ့အတွက် သက်မှတ်ပြောင်းရွှေ့ကြေး မရရင် ထွက်ခွင့်ပေးမှာတော့ မဟုတ်ပါဘူး။

အာဆင်နယ်ဟာ အသက် ၂၆ နှစ်အရွယ် တိုက်စစ်သမားကို ခေါ်ယူလိုပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် မရထားတာက အတားအဆီးဖြစ်နေခဲ့တယ်။ ဇာဟာအတွက် ပဲလေစ့်ဘက်က ဈေးတင်ထားပြီး တစ်ပတ်လုပ်ခအားဖြင့်လည်း ၁၃၀၀၀၀ ပေးချေနေတာဖြစ်တယ်။ အာဆင်နယ်ဟာ ဇာဟာကို ခေါ်ယူလိုတယ်ဆိုရင် မီခီတာရန်ကို ရောင်းထုတ်ပြီး လုပ်ခနဲ့ အသုံးစရိတ် ရှာဖွေဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ် မီခီတာရန်ဟာ အာဆင်နယ်နဲ့ ၂၀၂၁ ခုနှစ်ထိ စာချုပ်ရှိသူဖြစ်ပြီး မနှစ်တုန်းက ပရီးမီးယားလိဂ်ပွဲ ၂၅ ပွဲမှာ ကိုယ်တိုင် ၆ ဂိုးသွင်းယူကာ ဂိုးထောက်ပံ့မှု ၄ ကြိမ် ပြုလုပ်ထားနိုင်သူဖြစ်တယ်။ သူ့အတွက် ပေးချေရတဲ့ လုပ်ခနဲ့ ဇာဟာအတွက် ပေးချေရမယ့် လုပ်ခဟာ တိုက်ရိုက် အကျိုးသက်ရောက်မှာဖြစ်တယ်။

Sports Home Time