ခံစစ္မွဴးသစ္ ေခၚယူဖို႔အတြက္ ပစ္မွတ္ေျပာင္းျပီး ခ်ိန္ရြယ္လာျပန္တဲ့ အာဆင္နယ္

အာဆင္နယ္ဟာ ဒီေႏြမွာ ခံစစ္မွဴးသစ္ ေခၚယူအားျဖည့္ဖို႔ ၾကိဳးစားေနျပီး အဆင္ျပျခင္း မရွိေသးတာေၾကာင့္ ေဒါ့မြန္အသင္း ခံစစ္သမား Dan-Axel Zagadou ကို ေျပာင္းလဲ ခ်ိန္ရြယ္လာတယ္လုိ႔ ေဒးလီးေမလ္းက ေဖာ္ျပသြားပါတယ္။

အသက္ ၂၀ အရြယ္ ျပင္သစ္သားဟာ ပိုလန္မွာ က်င္းပခဲ့တဲ့ ယူ-၂၀ ကမၻာဖလားျပိဳင္ပြဲမွာ ေတာက္ပတဲ့ ေျခစြမ္းေတြ ထုတ္ျပႏုိင္ခဲ့သူျဖစ္ျပီး ဂန္းနားကင္းေထာက္ေတါက သူ႔ရဲ႕ေျခစြမ္းကို တက္ေရာက္ၾကည့္မႈေတြ လုပ္ထားခဲ့ဖူးပါတယ္။ အာဆင္နယ္ဟာ ဆယ္ေက်ာ္သက္ ခံစစ္မွဴး ဆာလီဘာကို ေခၚယူဖို႔ စိတ္ဝင္စားေနေပမယ့္ မေအာင္ျမင္ခဲ့ရင္ဆိုျပီး Zagadou ကို ၾကိဳတင္လ်ာထားခဲ့တာပါ။

ပိုလန္မွာ က်င္းပခဲ့တဲ့ လူငယ္ျပိဳင္ပြဲမွာ Zagadou ဟာ လက္ေရြးစင္အသင္းရဲ႕ အသင္းေခါင္းေဆာင္ လက္ပတ္ကို ဝတ္ဆင္ခဲ့ျပီး ထူးခၽြန္တဲ့ ေျခစြမ္းေတြ ျပသထားပါတယ္။ ေဒါ့မြန္က လူငယ္ေသြးသစ္ေတြ အမ်ားအျပားကို စုေဆာင္းထားလို႔ ကလပ္အသင္းနဲ႔ သံုးႏွစ္စာခ်ဳပ္ က်န္ရွိေနေသးတဲ့ သူ႔ကို ေရာင္းထုတ္ရဖို႔ ျပႆနာမရွိဘူးလို႔ သိထားရတယ္။

Zagadou ဟာ လူငယ္ကစားသမား ျဖစ္ေပမယ့္လည္း ေဒါ့မြန္စီနီယာအသင္းအတြက္ ပြဲေပါင္း ၃၅ ပြဲ ပါဝင္ကစားေပးထားႏုိင္သူ ျဖစ္ပါတယ္။ သို႔ေပမယ့္ လာမယ့္ရာသီမွာ အသင္းေခါင္းေဆာင္ေဟာင္း ဟမ္းမဲလ္ ေဒါ့မြန္ကို ျပန္လာျပီျဖစ္လို႔ ပြဲထြက္ခြင့္နဲ႔ ပက္သက္ျပီး ပိုျပီး သံသယရွိစရာ အေနအထားကို ေရာက္ရွိေနတာျဖစ္တယ္။

အမ္မရီဟာ ခံစစ္မွာ ကိုစီရယ္နီနဲ႔ မူစတာဖီတို႔ထံက လႊမ္းမိုးႏုိင္စြမ္းေတြ မရသလို ရုန္းကန္ရတဲ့ အေနအထားေတြေၾကာင့္ ခံစစ္မွဴးသစ္ကို အင္အားျဖည့္ဖို႔ လိုအပ္ေနတာျဖစ္တယ္။ အာဆင္နယ္အသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ လြဲေခ်ာ္ထားတာက Zagadou ကို ေခၚယူဖို႔ရာ မက္လံုးတစ္ခုကို အားနည္းေစမွာျဖစ္ေပမယ့္ ပရီးမီးယားလိဂ္မွာ ပံုမွန္ပြဲထြက္ခြင့္မ်ိဳးနဲ႔ ျပင္သစ္သားကို စည္းရံုးသြားမယ္လို႔ သိရပါတယ္။

Sports Home Time

[Unicode] အာဆင်နယ်ဟာ ဒီနွေမှာ ခံစစ်မှူးသစ် ခေါ်ယူအားဖြည့်ဖို့ ကြိုးစားနေပြီး အဆင်ပြခြင်း မရှိသေးတာကြောင့် ဒေါ့မွန်အသင်း ခံစစ်သမား Dan-Axel Zagadou ကို ပြောင်းလဲ ချိန်ရွယ်လာတယ်လို့ ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။

အသက် ၂၀ အရွယ် ပြင်သစ်သားဟာ ပိုလန်မှာ ကျင်းပခဲ့တဲ့ ယူ-၂၀ ကမ္ဘာဖလားပြိုင်ပွဲမှာ တောက်ပတဲ့ ခြေစွမ်းတွေ ထုတ်ပြနိုင်ခဲ့သူဖြစ်ပြီး ဂန်းနားကင်းထောက်တေါက သူ့ရဲ့ခြေစွမ်းကို တက်ရောက်ကြည့်မှုတွေ လုပ်ထားခဲ့ဖူးပါတယ်။ အာဆင်နယ်ဟာ ဆယ်ကျော်သက် ခံစစ်မှူး ဆာလီဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် မအောင်မြင်ခဲ့ရင်ဆိုပြီး Zagadou ကို ကြိုတင်လျာထားခဲ့တာပါ။

ပိုလန်မှာ ကျင်းပခဲ့တဲ့ လူငယ်ပြိုင်ပွဲမှာ Zagadou ဟာ လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခဲ့ပြီး ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသထားပါတယ်။ ဒေါ့မွန်က လူငယ်သွေးသစ်တွေ အများအပြားကို စုဆောင်းထားလို့ ကလပ်အသင်းနဲ့ သုံးနှစ်စာချုပ် ကျန်ရှိနေသေးတဲ့ သူ့ကို ရောင်းထုတ်ရဖို့ ပြဿနာမရှိဘူးလို့ သိထားရတယ်။

Zagadou ဟာ လူငယ်ကစားသမား ဖြစ်ပေမယ့်လည်း ဒေါ့မွန်စီနီယာအသင်းအတွက် ပွဲပေါင်း ၃၅ ပွဲ ပါဝင်ကစားပေးထားနိုင်သူ ဖြစ်ပါတယ်။ သို့ပေမယ့် လာမယ့်ရာသီမှာ အသင်းခေါင်းဆောင်ဟောင်း ဟမ်းမဲလ် ဒေါ့မွန်ကို ပြန်လာပြီဖြစ်လို့ ပွဲထွက်ခွင့်နဲ့ ပက်သက်ပြီး ပိုပြီး သံသယရှိစရာ အနေအထားကို ရောက်ရှိနေတာဖြစ်တယ်။

အမ်မရီဟာ ခံစစ်မှာ ကိုစီရယ်နီနဲ့ မူစတာဖီတို့ထံက လွှမ်းမိုးနိုင်စွမ်းတွေ မရသလို ရုန်းကန်ရတဲ့ အနေအထားတွေကြောင့် ခံစစ်မှူးသစ်ကို အင်အားဖြည့်ဖို့ လိုအပ်နေတာဖြစ်တယ်။ အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ထားတာက Zagadou ကို ခေါ်ယူဖို့ရာ မက်လုံးတစ်ခုကို အားနည်းစေမှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ ပုံမှန်ပွဲထွက်ခွင့်မျိုးနဲ့ ပြင်သစ်သားကို စည်းရုံးသွားမယ်လို့ သိရပါတယ်။

Sports Home Time